လယ်ယာမြေကို အခြားနည်း အသုံးပြုလိုသူများ ဝမ်းမြောက်ဖွယ်သတင်း

လယ်ယာမြေကို အခြားနည်း အသုံးပြုလိုသူများ ဝမ်းမြောက်ဖွယ်သတင်း - Property News in Myanmar from iMyanmarHouse.com
27 Jul 2017 11:06 am တွင် တင်ခဲ့သည်
6354 ကြိမ် ကြည့်ရှု့ပြီး
ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် အစိုးရ၊ ဗဟိုလယ်ယာမြေ စီမံခန့်ခွဲမှု အဖွဲ့သည် နေပြည်တော်ကောင်စီ အပါအဝင် တိုင်းဒေသကြီး၊ ပြည်နယ် အ သီးသီး၌ လယ်ယာမြေကို အခြားနည်း အသုံးပြုရန် လျှောက်ထားခြင်း ကိစ္စ ရပ်နှင့် ပတ်သက်၍ နိုင်ငံနှင့် တစ်ဝန်း ပုံစံအမျိုးမျိုးဖြင့် ဆောင်ရွက်နေကြခြင်း
အပေါ် တစ်နိုင်ငံလုံး တစ်ပြေးညီဖြစ်စေရေး အတွက် ပြည်ထောင်စု အစိုးရ အဖွဲ့၏ သဘောတူ အကြောင်းကြားချက်အရ ၂၀၁၇ ခုနှစ်၊ မတ်လ အတွင်း ကပင် ညွှန်ကြားချက်အသစ် ထုတ်ပြန်ခဲ့ပါသည်။

ရှေးယခင်က ဆောင်ရွက်ခဲ့သည့် နည်းလမ်း

တချို့သော တိုင်းဒေသကြီး၊ ပြည်နယ်များတွင် လယ်ယာမြေကို အခြားနည်း အသုံးပြုရန် ကိစ္စရပ်အတွက် မြေစာရင်းပုံစံ (၁၀၅) ရေးကူးခွင့်အတွက် တစ် ကြိမ်၊ လုပ်ငန်းစာတွဲ တည်ဆောက်ခြင်းအတွက် တစ်ကြိမ်၊ စုစုပေါင်း နှစ်ကြိမ် တင်ပြနေရသောကြောင့် လုပ်ငန်းဆောင်ရွက်လိုသူ ကာယကံရှင်များ အဖို့
မလိုအပ်သော အချိန်ကြန့်ကြာမှုများ ဖြစ်ပေါ်ခဲ့ရသည်။ ထိုသို့ကြန့်ကြာမှု အ တွက် ပြည်သူလူထုမှ ဌာနအပေါ် အထင်အမြင် လွဲမှားခြင်း၊ ထိုသို့ အဆင့် ဆင့် နှစ်ကြိမ်တိုင်အောင် အထက်၊ အောက် တင်ပြရမှုကြောင့် ဆောင် ရွက် ရသည့် အဆင့်အပေါ် မူတည်လျက် မသမာသော ဝန်ထမ်း အများအနေဖြင့် လုပ်ပိုင်ခွင့်ကို အကြောင်းပြု၍ အဂတိ လိုက်စားမှုများနှင့် ရုံးဌာန၊ အဖွဲ့အ စည်းများသို့ ကိုယ်တိုင် မသွားရောက်နိုင်သောသူများအတွက်လည်း အမှုပွဲ စားများကို ငွေကြေး ပိုမိုပေးရခြင်း စသည့် ဆိုးကျိုးများ ဖြစ်ပေါ်ခဲ့ပါသည်။

ဆိုးကျိုးများကို ဖြေလျှော့သည့် နည်းလမ်း

အထက်ပါ ဆိုးကျိုးများကို ရှောင်ရှားနိုင်ရန်အတွက် ယခုအခါ လယ်ယာမြေကို အခြားနည်း အသုံးပြုခွင့် လျှောက်ထားသည့် ကိစ္စရပ်များနှင့် ပတ်သက်၍
မြေစာရင်းပုံစံ (၁၀၅) တည်းဟူသော သက်သေခံမြေပုံ၊ မြေစာရင်းပုံစံ (၁၀၆) တည်းဟူသော မြေရာဇဝင် ရေကူးခြင်းအား သက်ဆိုင်ရာ လယ် ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၏ လုပ်ထုံးလုပ်နည်းများ အ တိုင်း ရေးကူးစေပြီးနောက် လယ်ယာမြေကို အခြားနည်းအသုံးပြုခွင့် လုပ်ငန်း စာတွဲဖြင့် ပူးတွဲ၍ သက်ဆိုင်ရာ အစိုးရအဖွဲ့ တစ်ကြိမ်တည်း စိစစ်ခွင့်ပြုခြင်း လုပ်ငန်းကို တစ်နိုင်ငံလုံး တစ်ပြေးညီ ကျင့်သုံး ဆောင်ရွက်နိုင်စေရေး အ တွက် ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှု အဖွဲ့မှ ပြည်ထောင်စုအစိုးရအဖွဲ့သို့ တင်ြ ပခဲ့ခြင်း အပေါ် တင်ပြသည့် အတိုင်းဆောင်ရွက်ရန် သဘောတူခွင့်ပြုခြဲ့ ခင်း ဖြစ်ပါသည်။

လယ်ယာမြေကို အခြားနည်းအသုံးပြုရန် လျှောက်ထားခြင်း

သို့ဖြစ်ပေရာ လယ်ယာမြေကို အခြားနည်း အသုံးပြုလိုသူများအတွက် ယခင် ကလို နှောင့်နှေးကြန့်ကြာခြင်းမရှိတော့ဘဲ သက်ဆိုင်ရာ လယ်ယာမြေ စီမံ ခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနတွင် မြေစာရင်းပုံစံ (၁၀၅)၊ (၁၀၆) ရေး ကူး၍ လယ်ယာမြေ ဥပဒေ ပုဒ်မ ၂၉ /၃၀(က) / ၃၀(ခ) အရ လုပ်ငန်းစာတွဲ ဖွင့်လှစ်တည်ဆောက်ရန်ပင် ရှိပါတော့သည်။

သို့သော် မြို့နယ်၊ ခရိုင်၊ တိုင်းဒေသကြီး၊ ပြည်နယ်၏ အဆင့်ဆင့် ထောက် ခံမှုအရ
- လယ်မြေဖြစ်ပါက ဗဟိုလယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့၊
- အခြား လယ်ယာမြေ ဖြစ်ပါက နေပြည်တော်ကောင်စီ သို့မဟုတ်၊ တိုင်းဒေ သကြီး၊ ပြည်နယ်အစိုးရအဖွဲ့၏ ခွင့်ပြုချက်ကို ရယူရန်သာ လိုအပ်ပါသည်။

လယ်ယာမြေဥပဒေပုဒ်မ -၂၉ / ၃၀ (က) / ၃၀(ခ) အရ လုပ်ငန်းစာတွဲ ဖွင့် လှစ်သည့် အခါတွင်မူ လျှောက်ထားသူများ အနေဖြင့် အောက်ပါ စာရွက်စာ တမ်း အထောက် အထားများအား ပြည့်စုံစွာ ပူးတွဲ တင်ပြရန် လိုအပ်မည်ဖြစ် ပါသည်။
(က) လယ်ယာမြေကို အခြားနည်း အသုံးပြုခွင့်ပြုရန် လျှောက်လွှာပုံစံ - ၁၄၊
(ခ) မြေစာရင်းပုံစံ (၁၀၅)၊ (၁၀၆)၊
(ဂ) ပတ်ဝန်းကျင်ပြ မြေပုံ၊
(ဃ) မြေတည်ရှိရာ အခြေပြမြေပုံ (Location Map) ၊
(င) ဆိုက်ပလင်(Site Plan) ၊
(စ) ဓာတ်ပုံမှတ်တမ်းများ၊
(ဆ) လယ်ယာမြေ လုပ်ပိုင်ခွင့်ပြု လက်မှတ်(ပုံစံ-၇) မိတ္တူ၊
(ဇ) ရပ်ကွက်၊ ကျေးရွာ အုပ်စု လယ်ယာမြေ စီမံခန့်ခွဲမှု အဖွဲ့၏ ထောက်ခံ ချက်၊
(ဈ) လျှောက်ထားသူ၏ ဝန်ခံချက်၊
(ည) ဘေးပတ်ဝန်းကျင် လယ်သမားနှစ်ဦး၏ ထွက်ဆိုချက်၊
(ဋ) လျှောက်ထားသူ၏ မှတ်ပုံတင် (မိတ္တူ )

အထွေထွေ

လယ်ယာမြေကို အခြားနည်းအသုံးပြုရန် လျှောက်ထားသည့် ကိစ္စရပ်များ အနက်
- လယ်မြေကို အခြားနည်း အသုံးပြုရန် ခွင့်ပြုမိန့် ပုံစံ(၁၅) ကို ရရှိရေးအ တွက် ဗဟိုလယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့အထိ လုပ်ငန်းစာတွဲ ပေးပို့ တင်ပြကြ ရပြီး
- လယ်မြေမဟုတ်သောအခြား လယ်ယာမြေကို အခြားနည်းအသုံးပြုရန် ခွင့်ပြုမိန့်ပုံစံ (၁၅-က) ကိုသာ နေပြည်တော်ကောင်စီ (သို့) တိုင်းဒေသ ကြီး ၊ ပြည်နယ် အစိုးရ အဖွဲ့များက ထုတ်ပေးပိုင်ခွင့် ရှိသည်။

ယခုအခါ တချို့သောတိုင်း ဒေသကြီး အစိုးရအဖွဲ့ (ဥပမာ- ရန်ကုန် တိုင်းဒေ သကြီး) များက လယ်မြေကို အခြားနည်း အသုံးပြုခွင့် လျှောက်ထားမှုကို တားမြစ် ပိတ်ပင်လိုက်သည်ဟု ကြားသိရပါသည်။

အချုပ်ဆိုသော် လယ်ယာမြေကို အခြားနည်းအသုံးပြုခွင့် လျှောက်ထား လိုသော လူပုဂ္ဂိုလ် (သို့) အဖွဲ့အစည်းများ အနေနှင့် လယ်မြေဖြစ်စေ၊ လယ်မြေမဟုတ်သော အခြားလယ်ယာမြေကိုဖြစ်စေ၊ သက်ဆိုင်ရာ မြို့နယ် လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်း ဦးစီးဌာနရုံးများတွင် မြေစာရင်း ပုံစံ (၁၀၅)၊ (၁၀၆) လုပ်ငန်းစာတွဲနှင့် အတူ ပူးတွဲလျှောက်ထားကြရုံသာ ရှိတော့သဖြင့် ယခင်ကထက် ပိုမို အဆင်ပြေ ချောမွေ့ လွယ်ကူလာနိုင် မည်ဖြစ်ကြောင်း အသိပေးရေးသား တင်ပြလိုက်ရပါတော့သည်။

Credit - မြန်မာတောင်သူကြီးများ ဂျာနယ်

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

တေလာဆွစ်က ချစ်သူ ထရာဗစ် ကယ်လ်စီ ငှားရမ်းနေထိုင်သော ဖလော်ရီဒါမှ စံအိမ်ကြီးတွင် သွားရောက် နေထိုင်...
တေလာဆွစ်က ချစ်သူ ထရာဗစ် ကယ်လ်စီ ငှားရမ်းနေထိုင်သော ဖလော်ရီဒါမှ စံအိမ်ကြီးတွင် သွားရောက် နေထိုင်...
ကမ္ဘာ့အပူပြင်းဆုံး သဲကန္တာရကြီးအလယ်က အမြဲအေးနေတဲ့ ထူးဆန်းသော ပန်းရောင်ရေခဲသေတ္တာ တစ်လုံးအကြောင်း...
ကမ္ဘာ့အပူပြင်းဆုံး သဲကန္တာရကြီးအလယ်က အမြဲအေးနေတဲ့ ထူးဆန်းသော ပန်းရောင်ရေခဲသေတ္တာ တစ်လုံးအကြောင်း...
ဘရူနိုင်းဘုရင်က နယူးယောက်မြို့၏ နာမည်ကျော် Pierre ဟိုတယ်ကြီးကို ဝယ်ယူရန် ညှိနှိုင်းနေကြောင်း သတင်းများထွက်ပေါ်လာ...
ဘရူနိုင်းဘုရင်က နယူးယောက်မြို့၏ နာမည်ကျော် Pierre ဟိုတယ်ကြီးကို ဝယ်ယူရန် ညှိနှိုင်းနေကြောင်း သတင်းများထွက်ပေါ်လာ...
လက်ပွားမင်းသားဟု လူသိများသော ဘောလိဝုဒ်ကြယ်ပွင့် ရီသစ်ရိုရှန်နှင့် ဖခင်ဖြစ်သူ ရုပ်ရှင်ဒါရိုက်တာ ရာကက်ရှ် ရိုရှန်တို့က မွမ်ဘိုင်းမှ တိုက်ခန်း ၃ ခန်းကို ရောင်းချ...
လက်ပွားမင်းသားဟု လူသိများသော ဘောလိဝုဒ်ကြယ်ပွင့် ရီသစ်ရိုရှန်နှင့် ဖခင်ဖြစ်သူ ရုပ်ရှင်ဒါရိုက်တာ ရာကက်ရှ် ရိုရှန်တို့က မွမ်ဘိုင်းမှ တိုက်ခန်း ၃ ခန်းကို ရောင်းချ...
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရောင်းချကာ သမီးအား ဒေါ်လာ ၁ သန်းပေးခဲ့ပုံ...
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရောင်းချကာ သမီးအား ဒေါ်လာ ၁ သန်းပေးခဲ့ပုံ...
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယူမွမ်းမံလျက်ရှိပုံ...
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယူမွမ်းမံလျက်ရှိပုံ...
ပြင်သစ်နိုင်ငံ၊ Amboise မြို့ရှိ စားသောက်ဆိုင်တစ်ခုမှာ ကြိုတင်စာရင်းပေးထားသည့် လူဦးရေအတိုင်း မရောက်လာပါက တစ်ဦးလျှင် ၁၅ ယူရို (၁၇ ဒသမ ၂၇ ဒေါ်လာ) ဒဏ်ကြေးကောက်ခံမှု လူမှုကွန်ရက်တွင် နာမည်ကြီး...
ပြင်သစ်နိုင်ငံ၊ Amboise မြို့ရှိ စားသောက်ဆိုင်တစ်ခုမှာ ကြိုတင်စာရင်းပေးထားသည့် လူဦးရေအတိုင်း မရောက်လာပါက တစ်ဦးလျှင် ၁၅ ယူရို (၁၇ ဒသမ ၂၇ ဒေါ်လာ) ဒဏ်ကြေးကောက်ခံမှု လူမှုကွန်ရက်တွင် နာမည်ကြီး...
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး သေဆုံးပေးရ...
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး သေဆုံးပေးရ...
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီး လူမှုကွန်ရက်သုံးစွဲသူများ များစွာသဘောကျလျက်ရှိ...
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီး လူမှုကွန်ရက်သုံးစွဲသူများ များစွာသဘောကျလျက်ရှိ...
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြောင်း လတ်တလောတွင် သတင်းကြီးနေ...
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြောင်း လတ်တလောတွင် သတင်းကြီးနေ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဥရောပသားတွေ ဘာကြောင့် ကြောင်အိမ်ထဲမှာ အိပ်ခဲ့ကြတာလဲ
ဥရောပသားတွေ ဘာကြောင့် ကြောင်အိမ်ထဲမှာ အိပ်ခဲ့ကြတာလဲ
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်
လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
စီရော်နယ်ဒိုကို ဖြတ်ကျော်ကာ သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံလိုက်ရသူ လီယိုနယ် မက်ဆီ၏ M ပုံသဏ္ဍာ
စီရော်နယ်ဒိုကို ဖြတ်ကျော်ကာ သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံလိုက်ရသူ လီယိုနယ် မက်ဆီ၏ M ပုံသဏ္ဍာ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Pan Swal Taw Condominium

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service