စနစ်ပြောင်းပေမယ့် မပြောင်းနိုင်သေးတာက ရုံးအလှူငွေ

စနစ်ပြောင်းပေမယ့် မပြောင်းနိုင်သေးတာက ရုံးအလှူငွေ - Property News in Myanmar from iMyanmarHouse.com
27 Jul 2017 10:26 am တွင် တင်ခဲ့သည်
826 ကြိမ် ကြည့်ရှု့ပြီး
"အာဇာနည်နေ့ကိုဖြင့် တစ်သတ်မမေ့နိုင်ပါ" ဆိုသလို ထိုနေ့မှာ ကျွန်ုပ်အ တွက်လည်း မမေ့နိုင်စရာ ကြုံခဲ့ရတဲ့ အိမ်ခြံမြေ အရောင်းအဝယ်တစ်ခု ဖြစ် ခဲ့ပါတယ်။

အာဇာနည်နေ့မှာမှ အိမ်ခြံမြေ အရောင်းအဝယ် လုပ်ရခြင်းက ကျွန်ုပ်ရဲ့
ပယောဂလည်းပါနေပါတယ်။ တောင်ဒဂုံရပ်ကွက်တစ်ခုမှာ မြေကွက်တစ်ကွက်ဝယ်ဖို့ လွန်ခဲ့တဲ့လက စရန်ငွေ ပေးထားခဲ့ပါတယ်။ အပြီးငွေချေရမယ့် ရက်က (၅) ရက်ခန့် လိုပါသေးတယ်။

ငွေလိုသူ ငွေစောရလေ ကြိုက်လေ

ဒါပေမယ့် ခရီးသွားစရာရှိလို့ ငွေချေမယ့်ရက်မှာ စာချုပ်ပေးဖို့ အချိန်နောက် ကျလိမ့်မယ်လို့ ကျွန်တော်က ဝယ်သူကို ကြိုတင်အကြောင်းကြားလိုက်တယ်။ ဝယ်သူလည်း စိတ်ပူသွားပုံ ပေါ်ပါတယ်။ ဒါဆိုရင် ရှေ့နေ ခရီးမထွက်မီ အာ ဇာနည်နေ့ ရုံပိတ်ရက်မှာ စာချုပ်ချင်တာနဲ့ ဝယ်သူက ရောင်းသူကို ထပ်မံ အကြောင်းကြားလိုက်ပြန်တယ်။ သတ်မှတ်ရက် မတိုင်မီ စောပြီး ငွေချေမယ် လို့ သိရတော့ ရောင်းသူကတော့ ပျော်သွားတာပေါ့။

ရောင်းသူက အပူသည် ဝယ်သူက မလယ်မဝယ်

ပျော်ရတဲ့ အကြောင်းကတော့ ရောင်းသူမှာ သူရဲ့ မြေကွက် ပိုင်ဆိုင်မှု မြေချ ပါမစ် စာရွက်စာတမ်းတွေကို သိန်းတစ်ရာနဲ့ ပေါင်ထားတာ တစ်လ အတိုး ၅% ပေးရပြီး အတိုးမသတ်နိုင်တာ (၄)လ ရှိသွားပြီလို့ ပြောတယ်။ ဒါကြောင့် အာဇာနည်နေ့မှာ အတိုးသတ်နိုင်ရင် တစ်လစာ အတိုး (၅)သိန်း သက်သာ မယ်လို့ သိရပြန်တယ်။

ရောင်းမည့်အိမ်ကလဲ မရှင်းမရှင်း၊ အိမ်ငှားတွေကလည်း မဆင်းသေးပါလား

ကျွန်ုပ်တို့ ငွေချေဖို့ သွားတဲ့ နေ့မှာ ရောင်းသူဟာ အဲဒီအတိုးတွေအပြင်
တခြားကြွေးပူတွေကလည်း ရှိပုံရတယ်။ သူ့ကြည့်ရတာ အရမ်းစိတ်လှုပ်ရှားေ နပြီး၊ စိတ်ဂဏာမငြိမ် ဖြစ်နေတာကို တွေ့ရတယ်။ ဒါနဲ့ ဝယ်သူက ကျန်ငွေ မချေမီ ဝယ်ထားတဲ့ အိမ်ကို လိုက်ကြည့်ပါဦးလို့ ပြောပြီး ကျွန်ုပ်အား ဝယ်မဲ့ြေ မကွက်နဲ့ အိမ်ကို လိုက်ပြတယ်။ မြေကွက်ရှေ့ရောက်ဖို့ ကြည့်လိုက်တော့ေ ထာင့်ကွက်ဖြစ်ပြီး အိမ်တွင်းဘက်မှာ ပိုင်ရှင်မိသားစု နေတယ်။ ပတ်ပတ် လည်မှာ ဆိုင်ခန်း(၆)ခန်း ဆောက်ပြီး ငှားစားထားတာ တွေ့မြင်ရတယ်။

စာချုပ်ရုံးနဲ့ မပြီးပါ၊ အုပ်ချုပ်ရေးမှူးရဲ့ အကူအညီ လိုအပ်လား

ဒါပေမယ့် ဒီကနေ့ ငွေချေတဲ့နေ့မှာ ဆိုင်ခန်းအငှားတွေ အားလုံး ရှင်းထား တယ် ပြောပေမယ့်၊ ဆိုင်ခန်း(၂)ခန်းက လူမဆင်းသေးတာ တွေ့ရတယ်။ အဲ့ဒါ ဘယ်လို လုပ်ပေးမှာလည်း ပြောတော့ နောက်(၅) က်ပြည့်တဲ့နေ့မှာ အပြီး ဆင်းခိုင်းမယ်လို့ အာမခံတယ်။ ဒီလိုဆိုရင်တော့ ရှေ့နေပေးတဲ့ စာချုပ် နဲ့တောင် မလုံလောက်တော့ဘူး။

လက်ကျန် အိမ်ငှားတွေကို သတ်မှတ်ရက်မှာ အပြီးဆင်းခိုင်းပါ့မယ်ဆိုတာ
ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှာ ခံဝန်လက်မှတ် ထိုးခိုင်းမှ ဖြစ်မယ်လို့ ပြောရ တယ်။

လုံခြုံတဲ့ နေရာဆိုတာ အပေါင်ခံတဲ့ အိမ်ကို ပြောတာ

ဒီအချက်ကို ရောင်းသူကလည်း သဘောတူလို့ ကဲ..ငွေချေမယ် မြေချပါမစ်
စာရွက်စတမ်းပြပါလို့ တောင်းလိုက်တဲ့အခါ ဝယ်သူထံကရတဲ့ ငွေနဲ့ ရွေး ယူရ မှာလို့ ပြောတယ်။ ဒီတော့လည်း ရောင်းသူ ဝယ်သူအားလုံး အပေါင်ခံတဲ့ အိ မ်ကို အပြေးသွားကြရပြန်ပါတယ်။

အဲဒီအိမ် ရောက်တော့ ပေါင်ထားတဲ့ မြေချပါမစ် စာရွက်စာတမ်းတွေကိုေ တာင်းယူစစ်ကြည့်ပြီး ပြည့်စုံ မှန်ကန်တာနဲ့ ငွေချေစာချုပ်ချုပ်လိုက်တယ်။

မြေချပါမစ်ရတာနဲ့ မပြီးသေး၊ အုပ်ချုပ်ရေးမှူးရုံးကို ခရီးဆက်ကြ မနှေး
ရောင်းသူလည်း အတိုးအရင်းပေါင်း သိန်းတစ်ရာနှစ်ဆယ်နဲ့ ရွေးလိုက်တာ
တွေ့ရတယ်။ ကဲ..ကဲ..ရှေ့နေကြီးရေ အိမ်ပိုင်ဆိုင်မှု စာရွက်စာတမ်းတွေက
လက်ရောက်ရပါပြီ။ ဒါပေမယ့် အိမ်ငှားတွေ ခေါ်ပြီး ခံဝန်ထိုးဖို့ ရပ်ကွက် အုပ် ချုပ်ရေးမှူးရုံး လိုက်ခဲ့ပါဦးဆိုလို့ ရပ်ကွက်ရုံးကို လိုက်ခဲ့ရပြန်တာပေါ့။

ရပ်ကွက်ရုံးရောက်တဲ့အခါ အုပ်ချုပ်ရေးမှူးနဲ့ ရာအိမ်မှူး(၄) ယောက်က အ သင့်စောင့်ကြိုနေတယ်။ အခန်းက ဖယ်မပေးသေးတဲ့ အိမ်ငှား(၂)ဦးလည်း
ရောက်နေတာပေါ့။

အိမ်ငှားတွေ မဆင်းရခြင်းကလည်း အကြောင်းရှိသတဲ့

ဧကန္တ ဝယ်သူဘက်က စိတ်ချရအောင် ရောင်းသူက အိမ်ငှား(၂)ဦးကို ခေါ်ေ ပးတာ ထင်ပါရဲ့ဆိုပြီး ဝယ်သူကလည်း ဝမ်းသာနေတာပေါ့။ ဒါပေမယ့် အိမ် ငှား(၂)ဦးကို အခန်းက ဖယ်မပေးရသေးခြင်းအကြောင်း မေးကြည့် လိုက်တဲ့ အခါမှာတော့ "ကျွန်တော်က အိမ်ရှင်ထံက သိန်းငါးဆယ် ရဖို့ ရှိတယ်။ သူ့ အမေ လေဖြတ်နေတယ်၊ ဒါကြောင့် စပေါ်များများပေးပါ။ အိမ်လခ ငါးထောင် ပဲ ယူပါ့မယ်ဆိုလို့ ရှိစုမဲ့စု ရွှေတွေရောင်းချပြီး ပေးထားတာ။ အခု အိမ်ရောင်း တဲ့ အထိ မပေးသေူးး။ ဒါကြောင့် ဒီနေ့ ရှင်းပေးဖို့ ရုံးကနေ စောင့်နေတာ" လို့ အိမ်ငှားတစ်ဦးက ပြောတယ်။

အုပ်ချုပ်ရေးမှူးအိမ်မှာ ခံဝန်ထိုးပေးလို့ ဝယ်သူ စိတ်အေး

နောက်တစ်ဦးကတော့ "ကျွန်တော်က အိမ်ရှင်ထံမှာ စပေါ်(၃)သိန်း တင် ထားတာ ပြန်မပေးသေးလို့ မဆင်းတာ၊ ဒီနေ့ရတာနဲ့ (၅) ရက်အတွင်း အိမ် ရှာပြီး ဆင်းပေးမယ်"လို့ ပြောကြတယ်။

ဒီအိမ်ငှား(၂)ဦး ပေးရမယ့် ငွေတွေကို အိမ်ရှင်ရောင်းသူကို ပေးခိုင်းလိုက်ရ တယ်။ ငွေရတာနဲ့ အိမ်ငှား(၂)ဦးကလည်း သတ်မှတ်ရက်မှာ ဆင်းပေးပါမယ် လို့ ခံဝန်ထိုးပေးကြတယ်။ ဒီတော့မှပဲ ဝယ်သူလည်း စိတ်အေးသွားတာပေါ့။

ခေတ်ဟောင်းကို စနစ်ပြောင်းပေမယ့် မပြောင်းနိုင်သေးတာက ရုံးဖန်ငွေ

အိမ်ငှား(၂)ဦး ငွေရလို့ ပြန်သွားကြတဲ့ အချိန်မှာ ရောင်းသူနဲ့ ဝယ်သူတို့ပဲ ကျန် ခဲ့တာပေါ့။ အုပ်ချုပ်ရေးမှူးက အဆင်ပြေသွားအောင် ကူညီရှင်းပေးလို့ အ လှူငွေလေး ထည့်ချင်ပါတယ်လို့ စကားကမ်းလှမ်းကြည့်လိုက်တဲ့အခါမှာတော့
"ခင်းဗျားတို့က အရှုပ်ထုတ်ကြီး ရှင်းပေးရတာဖြစ်လို့ တစ်ဖက် တစ်သိန်းစီေ လာက်တော့ ပေးခဲ့ကြပါတဲ့" ကျွန်ုပ်လည်း ဒီအသံကြားလိုက်ရအောင့် အံ့သြ သွားတာပေါ့။ ရုံးဖန်ငွေပေးတာပဲ တစ်ဖက်နှစ်သောင်းလောက်ဆို သင့်ပါ တယ်လို့ ထင်ထားခဲ့တာလေ။

အကူအညီပေးလို့ ကျေးဇူးဆပ်တယ်လို့ မှတ်ပါတယ်

တကယ်တော့ ရောင်းသူကလည်း ကြွေးထူနေတဲ့ အမှုသည်၊ ဝယ်သူကလည်း
ငွေပိုငွေလျှံရှိလို့ ဝယ်တာမဟုတ်။ နေစရာမရှိလို့ ဝယ်တာ။ ဒါပေမယ့် ဝယ်သူ ဘက်ကကြည့်ရင် အရှုပ်ထုတ်ကြီး ဝယ်မိလျက်ဖြစ်နေတဲ့ အချိန်မှာ "ကျားေ ကြာက်လို့ ရှင်ကြီးကိုး၊ ရှင်ကြီး ကျားထက်ဆိုး" ဖြစ်နေတယ်။ နောက်ဆုံးေ တာ့လည်း နှစ်ဘက်ပေါင်း တစ်သိန်းခွဲထားပါဆိုပြီး တောင်းတောင်း ပန်ပန် နဲ့ ပေးခဲ့ရတယ်။

မေးပါများ စကားရ၊ မောင်ပေါက်ကျိုင်းထုံး နှလုံးမူကြ

ဒါကြောင့် စည်ကားနေတဲ့ လူနေရပ်ကွက်အတွင်းက အိမ်ခြံမြေနှင့် အိမ်တို့ကို
ဝယ်ကြမယ်ဆိုရင် အဝယ်မစောလိုက်ကြပါနဲ့၊ မဝယ်မီ အနီးအနား ပတ်ဝန်း ကျင်နဲ့ ရာအိမ်မှူး၊ (၁၀)အိမ်မှူးတို့ထံမှာ သေချာစုံစမ်းပြီးမှ ဝယ်ယူကြပါလို့
အကြံပေးချင်ပါတယ်။ "အိမ် အမြန် ရောင်းမည်" ဆိုတိုင်း ဈေးနှုန်း သက်သာ တယ် ဆိုတိုင်း ယုံကြည့်မိခဲ့ကြရင် အခုလို အမွှေအိမ်မျိုးနဲ့ ကြုံတတ်ပါတယ် ဆိုတာ အသိပေးလိုက်ရပါတယ်။

"လူအချင်းချင်း လှည့်ပတ်ခြင်း ကင်းရှင်းကြပါစေ" "ဆင်းရဲလိုခြင်း အချင်းချင်း
ကင်းရှင်းကြပါစေ"

လွှတ်တော်ရှေ့နေ မောင်ကောင်းဖေ မှ iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဘရူနိုင်းဘုရင်က နယူးယောက်မြို့၏ နာမည်ကျော် Pierre ဟိုတယ်ကြီးကို ဝယ်ယူရန် ညှိနှိုင်းနေကြောင်း သတင်းများထွက်ပေါ်လာ...
ဘရူနိုင်းဘုရင်က နယူးယောက်မြို့၏ နာမည်ကျော် Pierre ဟိုတယ်ကြီးကို ဝယ်ယူရန် ညှိနှိုင်းနေကြောင်း သတင်းများထွက်ပေါ်လာ...
လက်ပွားမင်းသားဟု လူသိများသော ဘောလိဝုဒ်ကြယ်ပွင့် ရီသစ်ရိုရှန်နှင့် ဖခင်ဖြစ်သူ ရုပ်ရှင်ဒါရိုက်တာ ရာကက်ရှ် ရိုရှန်တို့က မွမ်ဘိုင်းမှ တိုက်ခန်း ၃ ခန်းကို ရောင်းချ...
လက်ပွားမင်းသားဟု လူသိများသော ဘောလိဝုဒ်ကြယ်ပွင့် ရီသစ်ရိုရှန်နှင့် ဖခင်ဖြစ်သူ ရုပ်ရှင်ဒါရိုက်တာ ရာကက်ရှ် ရိုရှန်တို့က မွမ်ဘိုင်းမှ တိုက်ခန်း ၃ ခန်းကို ရောင်းချ...
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရောင်းချကာ သမီးအား ဒေါ်လာ ၁ သန်းပေးခဲ့ပုံ...
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရောင်းချကာ သမီးအား ဒေါ်လာ ၁ သန်းပေးခဲ့ပုံ...
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယူမွမ်းမံလျက်ရှိပုံ...
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယူမွမ်းမံလျက်ရှိပုံ...
ပြင်သစ်နိုင်ငံ၊ Amboise မြို့ရှိ စားသောက်ဆိုင်တစ်ခုမှာ ကြိုတင်စာရင်းပေးထားသည့် လူဦးရေအတိုင်း မရောက်လာပါက တစ်ဦးလျှင် ၁၅ ယူရို (၁၇ ဒသမ ၂၇ ဒေါ်လာ) ဒဏ်ကြေးကောက်ခံမှု လူမှုကွန်ရက်တွင် နာမည်ကြီး...
ပြင်သစ်နိုင်ငံ၊ Amboise မြို့ရှိ စားသောက်ဆိုင်တစ်ခုမှာ ကြိုတင်စာရင်းပေးထားသည့် လူဦးရေအတိုင်း မရောက်လာပါက တစ်ဦးလျှင် ၁၅ ယူရို (၁၇ ဒသမ ၂၇ ဒေါ်လာ) ဒဏ်ကြေးကောက်ခံမှု လူမှုကွန်ရက်တွင် နာမည်ကြီး...
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး သေဆုံးပေးရ...
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး သေဆုံးပေးရ...
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီး လူမှုကွန်ရက်သုံးစွဲသူများ များစွာသဘောကျလျက်ရှိ...
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီး လူမှုကွန်ရက်သုံးစွဲသူများ များစွာသဘောကျလျက်ရှိ...
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြောင်း လတ်တလောတွင် သတင်းကြီးနေ...
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြောင်း လတ်တလောတွင် သတင်းကြီးနေ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက မိန်းကလေးများ မိမိကို စိတ်ဝင်စားစေရန်အတွက် အိမ် ၂ လုံးပိုင်ကြောင်း လည်ပင်းတွင် ဆိုင်းဘုတ်ဆွဲကာ လူစည်ကားသည့် ပွဲတော်သို့ သွားခဲ့ပုံမှာ ပြည်မကြီးတွင် သတင်းကြီးနေ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက မိန်းကလေးများ မိမိကို စိတ်ဝင်စားစေရန်အတွက် အိမ် ၂ လုံးပိုင်ကြောင်း လည်ပင်းတွင် ဆိုင်းဘုတ်ဆွဲကာ လူစည်ကားသည့် ပွဲတော်သို့ သွားခဲ့ပုံမှာ ပြည်မကြီးတွင် သတင်းကြီးနေ...
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင့် နှစ်ဦးသဘောတူ လဲလှယ်ရန် စီစဉ်...
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင့် နှစ်ဦးသဘောတူ လဲလှယ်ရန် စီစဉ်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်
လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်
ထရမ့်က အခွန်တိုးမြှင့်ကောက်ခံနေမှုများကြောင့် ကမ္ဘာ့စီးပွားရေး ကသောင်းကနင်းဖြစ်နေချိန်တွင် အမေရိကန်မှ နေအိမ်ဝယ်လက်တို့က
ထရမ့်က အခွန်တိုးမြှင့်ကောက်ခံနေမှုများကြောင့် ကမ္ဘာ့စီးပွားရေး ကသောင်းကနင်းဖြစ်နေချိန်တွင် အမေရိကန်မှ နေအိမ်ဝယ်လက်တို့က
Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service