ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်တို့တွင် ကျပ်သိန်း ထောင်ကျော်တန်ဖိုးရှိ အိမ်ခြံမြေ အများစု ပြန်လည်အရောင်းအဝယ်ဖြစ်ပေါ်နေကြောင်း အိမ်ခြံမြေအကျိုးဆောင်များထံမှ သတင်းရရှိသည်။
အထူးသဖြင့် နိုင်ငံခြားရင်း နှီးမြှုပ်နှံသူများက စီးပွားရေးလုပ် ငန်းများအတွက် ရုံးခန်းများဖွင့် လှစ်ရန် အဓိကအရောင်းအဝယ် ဖြစ်နေသည်ဟု အိမ်ခြံမြေအကျိုးဆောင်များက ဆိုသည်။
‘‘အခြေအနေက ရွှေဈေး တက်၊ ဒေါ်လာဈေးတက်၊ ကားဈေးတွေပါ တက်တဲ့အတွက် အိမ်ခြံမြေဘက်ကို ပိုစိတ်ဝင်စားလာကြပါတယ်။ အရောင်းအဝယ်အ ဖြစ်များတဲ့ ဈေးနှုန်းတွေကတော့ ကျပ်သိန်းတစ်သောင်းအောက် ပေါ့။ သိန်းသုံးထောင်ကနေပြီး သိန်းခြောက်ထောင်နဲ့ ရှစ်ထောင် ကြားတန်ဖိုးရှိတဲ့ အိမ်ခြံမြေတွေ အဝယ် လိုက်နေပါတယ်။ အ ရောင်းအဝယ်အဖြစ်များတဲ့နေရာ တွေကတော့ မြို့အနောက်ပိုင်းက လွဲပြီး ၇၈ လမ်းနဲ့ ၆၂ လမ်းကြား၊ ၁၉ လမ်းနဲ့ မနော်ဟရီလမ်းဘက် တွေမှာ အရောင်းအဝယ်အဖြစ် များနေပါတယ်’’ဟု မန္တလေးမြို့ အခြေစိုက်ဟိန်းထက်စိုး အိမ်ခြံ မြေအကျိုးဆောင်လုပ်ငန်းရှင်က ပြောသည်။
၂၀၁၆ တွင် ကာလကြာရှည် အရောင်းအဝယ် အေးနေသော အိမ်ခြံမြေဈေးကွက်မှာ နှစ်သစ်၌ စီးပွားရေး လုပ်ငန်းများအတွက် ကုမ္ပဏီများ ဖွင့်လှစ်ရန်၊ ရုံးခန်းများဖွင့်လှစ်ရန် လိုက်လံငှားရမ်းခြင်း၊ ဝယ်ယူခြင်းများ ပြုလုပ်နေကြောင်း ၇န်ကုန် အခြေစိုက် အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းရှင်တစ်ဦးကဆိုသည်။
အထူးသဖြင့် ဆောက်လုပ်ဆဲကွန်ဒိုများ အရောင်းအဝယ် ကျဆင်းနေရာမှ လျှော့ဈေးအချို့ ဖြင့် ရောင်းချခြင်း၊ အရစ်ကျဖြင့် ရောင်းချခြင်းတို့ကြောင့် အရောင်းအဝယ်ပြန်ဖြစ်နေရသည်ဟု ဆို သည်။
ယခု ရက်ပိုင်းအတွင်း ထူး ခြားမှုအဖြစ် နေပြည်တော် အိမ်ခြံမြေဈေးကွက်မှာ ပိုမိုလှုပ်ရှားနေကြောင်း အိမ်ခြံမြေအကျိုးဆောင်များက ဆိုသည်။
နေးရှင်းမြန်မာ မှ iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com