တရုတ်ပြည်ရှန်းဇန် တစ်မြို့တည်း၏ မိုးမျှော်တိုက်ဆောက်လုပ်မှု ပမာဏမှာ အမေရိကန်တစ်နိုင်ငံလုံးထက် ကျော်လွန်

တရုတ်ပြည်ရှန်းဇန် တစ်မြို့တည်း၏ မိုးမျှော်တိုက်ဆောက်လုပ်မှု ပမာဏမှာ အမေရိကန်တစ်နိုင်ငံလုံးထက် ကျော်လွန် - Property News in Myanmar from iMyanmarHouse.com
26 Jul 2017 11:31 am တွင် တင်ခဲ့သည်
1236 ကြိမ် ကြည့်ရှု့ပြီး
တရုတ်နိုင်ငံ၊ ကွမ်တုံပြည်နယ်၏ အဓိကမြို့ကြီးတစ်မြို့ဖြစ်ပြီး တရုတ်ပြည်တွင် အကြီးမားဆုံးနှင့် ချမ်းသာကြွယ်ဝမှုအရှိဆုံး မြို့ကြီး ၄ ခုအနက် တစ်ခုအပါအဝင်ဖြစ်သော ရှန်းဇန်မြို့ပြင်တွင် ဖုန်းဆိုးတောများ၊
ငါးကန်များကို ဖြတ်ကျော်ကာ ကြည့်မည်ဆိုလျှင် အဝေးဆီ၌ မိုးမျှော်တိုက်များကို တမျှော်တခေါ်တွေ့ရမည် ဖြစ်သည်။

ရှန်းဇန်သည် နှစ်ပေါင်း ၄၀ အတွင်း မူလက တံငါရွာကလေးအဖြစ်မှ ယနေ့အခါတွင်ကား ဘဏ္ဍာရေးနှင့် နည်းပညာဗဟိုချက်တစ်ခု ဖြစ်လာခဲ့ပြီ ဖြစ်သည်။

လွန်ခဲ့သောနှစ်အတွင်း တစ်ကမ္ဘာလုံးအတိုင်းအတာအားဖြင့် မီတာ ၂၀၀ နှင့်အထက် အမြင့်ရှိသော အဆောက်အအုံပေါင်း ၁၂၈ လုံး ဆောက်လုပ်ခဲ့ကြပြီး ယင်းအနက်မှ ၇၀ ရာခိုင်နှုန်းမှာ တရုတ်နိုင်ငံတွင် ဆောက်လုပ်ခဲ့ခြင်းဖြစ်ကြောင်း “အထပ်မြင့် အဆောက်အအုံ များနှင့် မြို့ပြဒေသကောင်စီ (CTBUH)” ၏ ထုတ်ပြန်ချက်တစ်ရပ်တွင် ဖော်ပြသည်။

ထိုပမာဏအနက် ၁၁ ရာခိုင်နှုန်းမှာ ရှန်းဇန်တွင် ဆောက်လုပ်ခဲ့ခြင်းဖြစ်ရာ အမေရိကန်ပြည်ထောင်စု တစ်ခုလုံးတွင် မိုးမျှော်တိုက် ဆောက်လုပ်မှုပမာဏထက် ကျော်လွန်လျက်ရှိသည်။
ရှန်းဇန်တွင် အထပ်မြင့်များ ဆောက်လုပ်ခဲ့မှု သမိုင်းကို ပြန်ကြည့်မည်ဆိုလျှင် ၁၉၈၀ ပြည့်လွန်ကာလများတစ်ဝိုက်ကို ပြန်လည်ကြည့်ရှုရမည် ဖြစ်သည်။

ထိုစဉ်က တရုတ်ခေါင်းဆောင် တိန့်ရှောင်ဖိန်က ကြေညာခဲ့သည်မှာ ဟောင်ကောင်နှင့်ထိစပ်လျက်ရှိသော နယ်ပယ်တစ်လျှောက်ကို အထူးစီးပွားရေးဇုန်တည်ဆောက်ရမည်ဟု ဖြစ်သည်။

“၁၉၈၀ ပြည့်လွန် အစောပိုင်းကာလတွေနဲ့ ၁၉၉၀ အစောပိုင်းကာလတွေကြားကတည်းက ရှန်းဇန်ဟာ တရုတ်နိုင်ငံတွင်းမှာရှိတဲ့ တခြားမြို့ကြီးတွေထက် အထပ်မြင့်အဆောက်အအုံတွေ ပိုများခဲ့ပါတယ်” ဟု ဟောင်ကောင်တက္ကသိုလ်မှ ဗိသုကာပညာ ပါမောက္ခ ဂျူအန်ဒျူက ပြောကြားသည်။

တိန့်ရှောင်ဖိန်သည် ရှန်းဇန်သို့ ပထမဆုံးအကြိမ်လာရောက် စစ်ဆေးကြည့်ရှုစဉ် အထပ်မြင့်အဆောက်အအုံ များစွာလျင်မြန်စွာ ဆောက်လုပ်ပြီးစီးနေမှုကို များစွာအံ့အားသင့်စိတ်လှုပ်ရှားခဲ့ရသည်ဟုလည်း ဂျူအန်ဒျူက ဆက်လက်ပြောကြားသည်။

တစ်ချိန်က တံငါရွာငယ်ကလေးတစ်ခုသာဖြစ်ခဲ့သော ရှန်းဇန်မှာ ယနေ့အခါတွင်ကား နည်းပညာဗဟိုချက်တစ်ခုဖြစ်နေပြီဖြစ်ပြီး တရုတ်ပြည်၏ ဆီလီကွန်တောင်ကြားဟုပင် တင်စားခေါ်ဝေါ်လျက်ရှိကြသည်။

လွန်ခဲ့သောနှစ်အတွင်း ရှန်းဇန်၏ အိမ်ခြံမြေဈေးကွက်မှာ ပြည်မကြီးတွင် ဈေးအကြီးဆုံးအဖြစ် စံချိန်တင်ခဲ့ပြီး တစ်စတုရန်းမီတာလျှင် ကန်ဒေါ်လာ ၆၅၀၀ အထိ ဈေးပေါက်ခဲ့ကြောင်း တရုတ်မြို့ကြီးပေါင်း ၁၀၀ ၏ အိမ်ခြံမြေဈေးနှုန်းများကို လေ့လာနေသည့် SouFun ၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
တရုတ်ပြည်ရှန်းဇန် တစ်မြို့တည်း၏ မိုးမျှော်တိုက်ဆောက်လုပ်မှု ပမာဏမှာ အမေရိကန်တစ်နိုင်ငံလုံးထက် ကျော်လွန် - Property News in Myanmar from iMyanmarHouse.com
တရုတ်ပြည်ရှန်းဇန် တစ်မြို့တည်း၏ မိုးမျှော်တိုက်ဆောက်လုပ်မှု ပမာဏမှာ အမေရိကန်တစ်နိုင်ငံလုံးထက် ကျော်လွန် - Property News in Myanmar from iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဘရူနိုင်းဘုရင်က နယူးယောက်မြို့၏ နာမည်ကျော် Pierre ဟိုတယ်ကြီးကို ဝယ်ယူရန် ညှိနှိုင်းနေကြောင်း သတင်းများထွက်ပေါ်လာ...

လက်ပွားမင်းသားဟု လူသိများသော ဘောလိဝုဒ်ကြယ်ပွင့် ရီသစ်ရိုရှန်နှင့် ဖခင်ဖြစ်သူ ရုပ်ရှင်ဒါရိုက်တာ ရာကက်ရှ် ရိုရှန်တို့က မွမ်ဘိုင်းမှ တိုက်ခန်း ၃ ခန်းကို ရောင်းချ...

[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရောင်းချကာ သမီးအား ဒေါ်လာ ၁ သန်းပေးခဲ့ပုံ...

ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယူမွမ်းမံလျက်ရှိပုံ...

ပြင်သစ်နိုင်ငံ၊ Amboise မြို့ရှိ စားသောက်ဆိုင်တစ်ခုမှာ ကြိုတင်စာရင်းပေးထားသည့် လူဦးရေအတိုင်း မရောက်လာပါက တစ်ဦးလျှင် ၁၅ ယူရို (၁၇ ဒသမ ၂၇ ဒေါ်လာ) ဒဏ်ကြေးကောက်ခံမှု လူမှုကွန်ရက်တွင် နာမည်ကြီး...

မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး သေဆုံးပေးရ...

တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီး လူမှုကွန်ရက်သုံးစွဲသူများ များစွာသဘောကျလျက်ရှိ...

အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြောင်း လတ်တလောတွင် သတင်းကြီးနေ...

တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက မိန်းကလေးများ မိမိကို စိတ်ဝင်စားစေရန်အတွက် အိမ် ၂ လုံးပိုင်ကြောင်း လည်ပင်းတွင် ဆိုင်းဘုတ်ဆွဲကာ လူစည်ကားသည့် ပွဲတော်သို့ သွားခဲ့ပုံမှာ ပြည်မကြီးတွင် သတင်းကြီးနေ...

စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင့် နှစ်ဦးသဘောတူ လဲလှယ်ရန် စီစဉ်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု

[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ

အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ

အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ

တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ

iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ

တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ

ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက

တရုတ်ပြည်တွင် ပလုံကောက်သူ ဘဝမှ PhD ကျောင်းသားဖြစ်လာသော လူငယ်လေးတစ်ဦးအကြောင်း

ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service