စီးပွားရေးလုပ်ငန်းရှင်များ မိမိတို့၏ စီမံကိန်းများကိုကိုယ်တိုင်စောင့်ကြည့်စစ်ဆေးပြီး ခြောက်လတကြိမ် အစီရင်ခံစာထုတ်ပြန်သင့်သည်ဟု သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်ပြော

စီးပွားရေးလုပ်ငန်းရှင်များ မိမိတို့၏ စီမံကိန်းများကိုကိုယ်တိုင်စောင့်ကြည့်စစ်ဆေးပြီး ခြောက်လတကြိမ် အစီရင်ခံစာထုတ်ပြန်သင့်သည်ဟု သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်ပြော - Property News in Myanmar from iMyanmarHouse.com
26 Jul 2017 10:29 am တွင် တင်ခဲ့သည်
776 ကြိမ် ကြည့်ရှု့ပြီး
စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် စီမံကိန်းများ လုပ်ကိုင်ဆောင်ရွက်ရာတွင် ပတ်ဝန်းကျင်ထိခိုက်စေမှုစစ်ဆေးခြင်းလုပ်ငန်းစဉ်ကို အဆင့်ဆင့်လိုက်နာဆောင်ရွက်ပြီး တွေ့ရှိချက်များကို အများပြည်သူထံ အသိပေးရမည်ဖြစ်ကြောင်း သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးခင်မောင်ရီက ပြောသည်။

နေပြည်တော်သင်္ဂတဟိုတယ်တွင် ဇူလိုင် ၂၀ ရက်က ပတ်ဝန်းကျင် ထိခိုက်မှုစစ်ဆေးခြင်းဆိုင်ရာ အကြံပြုဆွေးနွေးပွဲ ကျင်းပပြုလုပ်ရာတွင် ဦးခင်မောင်ရီက ''စီမံကိန်းဆောင်ရွက်တဲ့ လုပ်ငန်းရှင်တွေအနေနဲ့ မိမိစီမံကိန်းလုပ်ငန်းနဲ့ သက်ဆိုင်တဲ့ သတင်းအချက်အလက်တွေကို အများပြည်သူသိရှိအောင် အချိန်နဲ့တပြေးညီ ဖော်ထုတ်တင်ပြဖို့ လိုအပ်သလို စီမံကိန်းတွေ အကောင်အထည်ဖော်ဆောင်ရွက်ရာမှာ လည်း သက်ဆိုင်ရာပြည်သူရဲ့သဘောတူညီမှု၊ ပြည်သူတွေပါဝင်မှု ရရှိစေဖို့အတွက် ဆန်းစစ်ခြင်း လုပ်ငန်းအဆင့်တိုင်းမှာ အများပြည်သူနဲ့ သင့်လျော်တဲ့ တိုင်ပင်ဆွေးနွေးမှုတွေ ဆောင်ရွက်ဖို့ လိုပါတယ်'' ဟု ပြောသည်။

ထို့ပြင် စီးပွားရေးလုပ်ငန်းရှင်များကိုယ်တိုင် မိမိတို့၏ စီမံကိန်းများကို စောင့်ကြပ်စစ်ဆေးပြီး စောင့်ကြပ်စစ်ဆေးမှုအစီရင်ခံစာကိုလည်း ခြောက်လတကြိမ် တင်ပြပေးရန် လိုအပ်ကြောင်း၊ ပတ်ဝန်းကျင် ထိခိုက်မှုစစ်ဆေးခြင်းကို ဆောင်ရွက်ရာတွင် အခြေခံမူ ၈ ရပ်ဖြစ်သည့် ပွင့်လင်းမြင် သာရှိရန်၊ သက်ဆိုင်ရာ ပုဂ္ဂိုလ်အားလုံး၏ ကျေနပ်မှု၊ ယုံကြည်မှုရရှိရန် ပါဝင်ပတ်သက်သူအားလုံးမှ သင့်လျော်သည့် ပူးပေါင်း ဆောင်ရွက်ခွင့်ရရှိရန်၊ လက်တွေ့အသုံးဝင်မှု အသုံးကျမှုရရှိရန်၊ လိုက်လျောညီထွေရှိရန်၊ ကုန်ကျစရိတ်သက်သာစွာဖြင့် ပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်ရေးကို သေချာခိုင်မာစေရန်၊ ဆန်းစစ်ခြင်းကို ကျွမ်းကျင် စွာနှင့် ဘက်လိုက်မှုကင်းစွာဆောင်ရွက်ရန်၊ ဆုံးဖြတ်ချက်များအတွက် သက်ဆိုင်သူများ၏ တာဝန်ခံမှုရှိရန် ဆိုသည့်အချက်များကို အလေးထားဆောင်ရွက်ရန် လိုအပ်ကြောင်း ၎င်းက ပြောသည်။

ရေနံနှင့်သဘာဝဓာတ်ငွေ့ကဏ္ဍ၊ ဟိုတယ်နှင့် ခရီးသွားလာရေးကဏ္ဍ၊ ရေအား လျှပ်စစ်ကဏ္ဍအစရှိသည့် ကဏ္ဍများအတွက် သဘာဝပတ်ဝန်းကျင်ထိခိုက်မှု စစ် ဆေးခြင်းဆိုင်ရာ လမ်းညွှန်ချက်များကို အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများ၏ အကူအညီဖြင့် ရေးဆွဲလျက်ရှိကြောင်း ၎င်းက ပြောကြားခဲ့သည်။

Credit: News Watch

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဘရူနိုင်းဘုရင်က နယူးယောက်မြို့၏ နာမည်ကျော် Pierre ဟိုတယ်ကြီးကို ဝယ်ယူရန် ညှိနှိုင်းနေကြောင်း သတင်းများထွက်ပေါ်လာ...

လက်ပွားမင်းသားဟု လူသိများသော ဘောလိဝုဒ်ကြယ်ပွင့် ရီသစ်ရိုရှန်နှင့် ဖခင်ဖြစ်သူ ရုပ်ရှင်ဒါရိုက်တာ ရာကက်ရှ် ရိုရှန်တို့က မွမ်ဘိုင်းမှ တိုက်ခန်း ၃ ခန်းကို ရောင်းချ...

[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရောင်းချကာ သမီးအား ဒေါ်လာ ၁ သန်းပေးခဲ့ပုံ...

ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယူမွမ်းမံလျက်ရှိပုံ...

ပြင်သစ်နိုင်ငံ၊ Amboise မြို့ရှိ စားသောက်ဆိုင်တစ်ခုမှာ ကြိုတင်စာရင်းပေးထားသည့် လူဦးရေအတိုင်း မရောက်လာပါက တစ်ဦးလျှင် ၁၅ ယူရို (၁၇ ဒသမ ၂၇ ဒေါ်လာ) ဒဏ်ကြေးကောက်ခံမှု လူမှုကွန်ရက်တွင် နာမည်ကြီး...

မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး သေဆုံးပေးရ...

တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီး လူမှုကွန်ရက်သုံးစွဲသူများ များစွာသဘောကျလျက်ရှိ...

အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြောင်း လတ်တလောတွင် သတင်းကြီးနေ...

တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက မိန်းကလေးများ မိမိကို စိတ်ဝင်စားစေရန်အတွက် အိမ် ၂ လုံးပိုင်ကြောင်း လည်ပင်းတွင် ဆိုင်းဘုတ်ဆွဲကာ လူစည်ကားသည့် ပွဲတော်သို့ သွားခဲ့ပုံမှာ ပြည်မကြီးတွင် သတင်းကြီးနေ...

စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင့် နှစ်ဦးသဘောတူ လဲလှယ်ရန် စီစဉ်...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ

ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်

လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်

တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ

ထရမ့်က အခွန်တိုးမြှင့်ကောက်ခံနေမှုများကြောင့် ကမ္ဘာ့စီးပွားရေး ကသောင်းကနင်းဖြစ်နေချိန်တွင် အမေရိကန်မှ နေအိမ်ဝယ်လက်တို့က

ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ

တရုတ်ပြည်တွင် ပလုံကောက်သူ ဘဝမှ PhD ကျောင်းသားဖြစ်လာသော လူငယ်လေးတစ်ဦးအကြောင်း

iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ

တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ

ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service