မြန်မာနိုင်ငံ၏ လယ်ယာကဏ္ဍနှင့်ဆန် စပါးလုပ်ငန်းကဏ္ဍ ဖွံ့ဖြိုးတိုး တက်ေ ရးအတွက် ရင်းနှီးမြှုပ်နှံမှုများ ၀င်ရောက်လာစေရန် ရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားေ ရး လုပ်ငန်းများအပေါ် ဆန်းစစ်တွက်ချက်မှုများ လေးလအတွင်း အပြီးဆောင် ရွက် သွားမည်ဖြစ်ပြီး တွေ့ရှိချက်များကို မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC) သို့ တင်ပြမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ သိရ သည်။
တရုတ်နိုင်ငံ နိုင်ငံပိုင်စီးပွားရေး လုပ်ငန်းဖြစ်သည့် CITIC Construction Group နှင့် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် မြန်မာနိုင်ငံ လယ်ယာစီး ပွားရေး အများပိုင် ကော်ပိုရေးရှင်း လီမိတက် (MAPCO) တို့ သုံးပွင့်ဆိုင် ပူးပေါင်းဆောင်ရွက်မည့် MoU ကို ဇူလိုင် ၂၁ ရက်က လက်မှတ်ရေး ထိုးခဲ့ သည်။
မြန်မာနိုင်ငံ၏ လယ်ယာကဏ္ဍနှင့် ဆန်စပါးလုပ်ငန်းကဏ္ဍ ဖွံ့ဖြိုးရေးအတွက် လိုအပ်သော ရင်းနှီးမြှုပ်နှံမှုများ စီးဝင်ရရှိရန်၊ တောင်သူလယ်သမားများအား ၀န်ဆောင်မှုပေးသည့် စက်မှုလယ်ယာ ၀န်ဆောင်မှုလုပ်ငန်းနှင့် သိုလှောင်မှု၊ အခြောက်ခံမှုစသော ၀န်ဆောင်မှုလုပ်ငန်းများကို ပြည်နယ်နှင့် တိုင်းဒေသ ကြီး ၁၀ ခုရှိ မြို့နယ်၃၃ မြို့နယ်တွင် ဆောင်ရွက်ရန်အတွက် ရည်ရွယ် ၍ ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။
MoU ရေးထိုးပြီးပါက အဆိုပါလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် နေရာ ၃၃ နေရာတွင် ဖြစ်မြောက်နိုင်စွမ်း လေ့လာမှု ဆောင်ရွက်ခြင်း၊ ရင်းနှီးမြှုပ်နှံ မှုနှင့် စီးပွားရေး လုပ်ငန်းအပေါ် ဆန်းစစ်တွက်ချက်မှုများကို လေးလအတွင်း ပြီးစီးအောင်ဆောင်ရွက်ပြီး တွေ့ရှိချက်များအပေါ် အခြေခံ၍ ရင်းနှီးမြှုပ်နှံ မှုများကို MIC သို့ တင်ပြဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။
ယခု စီစဉ်ဆောင်ရွက်မှုဖြင့် ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံသူများအား နည်းပညာနှ င့် ငွေကြေးအကူအညီ ရရှိစေရန်၊ နိုင်ငံတကာ ဈေးကွက်ဝေစု ပိုမိုရရှိစေရန်နှ င့် လယ်ယာပို့ကုန်များ တန်ဖိုးမြှင့် ထုတ်လုပ်နိုင်ပြီး ကုန်သွယ်မှု တိုးမြှင့်စေရန်အ တွက် အကျိုးပြုမည်ဟု မျှော်လင့်ထားကြောင်း သိရသည်။
မြန်မာနိုင်ငံ၏ စိုက်ပျိုးရေးကဏ္ဍတွင် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် ဧပြီလမှ လက်ရှိအချိန်အထိ ရင်းနှီးမြှုပ်နှံမှု ပမာဏ ဒေါ်လာ ၁၅ သန်းကျော် ၀င်ေ ရာက်ထားကြောင်း ရင်း နှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။
စိုက်ပျိုးရေးကဏ္ဍတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုဖြင့် ၀င်ရောက်လုပ် ကိုင်မှုေ လျာ့နည်းနေခြင်းနှင့် ပတ်သက်ပြီး “မြန်မာနိုင်ငံမှာလာပြီးတော့ လုပ်တယ်ဆို ရင် လက်ရှိဘဏ်တိုးနှုန်းနဲ့ ကိုက်လား၊ မကိုက်ဘူးလားဆိုတာ ရှိတယ်။ေ နာက်ပြီး Pay back Period ဆိုတာ ရှိတယ်။ စောစော အရင်းကျေမလား ဆိုတာရှိတယ်။ စိုက်ပျိုးရေး ကဏ္ဍတွေမှာ Pay back Period က သိပ်ရှည် တယ်။ ဒါကြောင့် ရင်းနှီးမြှုပ်နှံသူတွေက သေချာစဉ်းစားပြီးမှ ရင်းနှီးမြှုပ်နှံ တာ ဖြစ်တဲ့အတွက် နည်းနေတာပါ” ဟု ဦးဆန်းမြင့်က သုံးသပ်ပြော ကြား သည်။
ထို့ကြောင့် မြန်မာ့စိုက်ပျိုးရေးကဏ္ဍအတွင်း ၀င်ရောက်လုပ်ကိုင်ရန် အဓိက အခက်အခဲနှစ်ခုမှာ နံပါတ်တစ် အနေဖြင့် မြေယာရရှိမှု အခက်အခဲနှင့် နံပါ တ်နှစ် အနေဖြင့် Return of Investment နှင့် ယင်း၏ Pay back Period အရင်းကျေနိုင်မည့် အချိန်ကာလ စသည်တို့ဖြစ်ကြောင်း သိရသည်။
စိုက်ပျိုးရေးကဏ္ဍတွင် လုပ်ကိုင်ရန် တင်ပြလာသည့် ရင်းနှီးမြှုပ်နှံမှု အဆိုပြု လွှာများရှိပါက မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် အနေဖြင့် လုပ်ကိုင်ခွင့် အမြန်ဆုံး ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
Credit: Eleven Media Group