လူဦးရေ ၁၁၀၀ ခန့်ရှိသော အငြင်းပွားကျွန်းတွင် နည်းပညာမြင့်ရုပ်ရှင်ရုံ တရုတ်တည်ဆောက်

လူဦးရေ ၁၁၀၀ ခန့်ရှိသော အငြင်းပွားကျွန်းတွင် နည်းပညာမြင့်ရုပ်ရှင်ရုံ တရုတ်တည်ဆောက် - Property News in Myanmar from iMyanmarHouse.com
26 Jul 2017 9:46 am တွင် တင်ခဲ့သည်
997 ကြိမ် ကြည့်ရှု့ပြီး
တောင်တရုတ်ပင်လယ်အတွင်းရှိ အငြင်းပွားကျွန်းငယ်တစ်ခုပေါ်တွင် နည်းပညာမြင့် ရုပ်ရှင်ရုံတစ်ခုကို တရုတ်နိုင်ငံက ဆောက်လုပ်ခဲ့ကြောင်း၊ ယင်းသည် ဒေသတွင်း နယ်မြေပိုင်ဆိုင်မှုအတွက် တိုက်တွန်းလုပ်ဆောင် နိုင်ရန်အတွက် တရုတ်နိုင်ငံ၏ နောက်ဆုံး လုပ်ဆောင်ချက်ဖြစ်ကြောင်း သိရသည်။

တရားဝင်သတင်းအေဂျင်စီ ဆင်ဟွာ၏ အဆိုအရ ပါရာဆဲကျွန်းစုရှိ တရုတ်တို့က ယောင်ရှင်းကျွန်းဟု ခေါ်သော Woody ကျွန်းတွင် 4K ပရိုဂျက်တာများနှင့် ထိုင်ခုံနှစ်ရာကျော်ရှိသော Sansha Yinlong ရုပ်ရှင်ရုံသည် တရုတ်နိုင်ငံ၏ တောင်ဘက်အကျဆုံး ရုပ်ရှင်ရုံဖြစ်ကြောင်း သိရသည်။

တရုတ်နိုင်ငံ၏ ဟိုင်နန်ပြည်နယ်မှ မိုင် ၂၀၀ ပတ်ဝန်းကျင်ခန့်တွင် တည်ရှိသော နယ်မြေသည် အကျယ် တစ်စတုရန်းမိုင်ရှိပြီး ၄င်းနေရာကို ထိုင်ဝမ်နှင့် ဗီယက်နမ်နိုင်ငံတို့ကလည်း ၄င်းတို့ပိုင်ဆိုင်ကြောင်း ပြောကြားထားသည်။

ဟိုင်နန် မီဒီယာဂရုမှ အထွေထွေမန်နေဂျာ ဂူရှောင်ကျင်းက "အဆိုပါ ရုပ်ရှင်ရုံသည် နေ့တိုင်း အနည်းဆုံးရုပ်ရှင်တစ်ကား ကိုပြသပြီးတော့ ယုံရှင်းကျွန်းပေါ်မှာရှိတဲ့ ဒေသခံတွေနဲ့ စစ်သားတွေက တစ်နိုင်ငံလုံးက ရုပ်ရှင်ဝါသနာအိုးတွေနဲ့အတူ ရုပ်ရှင်တွေကို ခံစားနိုင်ကြပြီဖြစ်ပါတယ်" ဟု ဆင်ဟွာ သတင်းဌာနကို ပြောကြားခဲ့သည်။

အဆိုပါကုမ္ပဏီက ကျွန်းပတ်လည်တွင် ရုပ်ရှင်ရုံများ ဖွင့်လှစ်ပြသနိုင်ရန်အတွင် ရွေ့လျား ပရိုဂျက်တာနှစ်ခုကို ဝယ်ယူထားကြောင်း သိရသည်။ တရုတ်နိုင်ငံပိုင်မီဒီယာ၏ အဆိုအရ Woody ကျွန်းပေါ်တွင် လူ ၁၁၀၀ ခန့်နေထိုင်ကြောင်း သိရသည်။

Credit: Democracytoday

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဘရူနိုင်းဘုရင်က နယူးယောက်မြို့၏ နာမည်ကျော် Pierre ဟိုတယ်ကြီးကို ဝယ်ယူရန် ညှိနှိုင်းနေကြောင်း သတင်းများထွက်ပေါ်လာ...

လက်ပွားမင်းသားဟု လူသိများသော ဘောလိဝုဒ်ကြယ်ပွင့် ရီသစ်ရိုရှန်နှင့် ဖခင်ဖြစ်သူ ရုပ်ရှင်ဒါရိုက်တာ ရာကက်ရှ် ရိုရှန်တို့က မွမ်ဘိုင်းမှ တိုက်ခန်း ၃ ခန်းကို ရောင်းချ...

[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရောင်းချကာ သမီးအား ဒေါ်လာ ၁ သန်းပေးခဲ့ပုံ...

ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယူမွမ်းမံလျက်ရှိပုံ...

ပြင်သစ်နိုင်ငံ၊ Amboise မြို့ရှိ စားသောက်ဆိုင်တစ်ခုမှာ ကြိုတင်စာရင်းပေးထားသည့် လူဦးရေအတိုင်း မရောက်လာပါက တစ်ဦးလျှင် ၁၅ ယူရို (၁၇ ဒသမ ၂၇ ဒေါ်လာ) ဒဏ်ကြေးကောက်ခံမှု လူမှုကွန်ရက်တွင် နာမည်ကြီး...

မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး သေဆုံးပေးရ...

တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီး လူမှုကွန်ရက်သုံးစွဲသူများ များစွာသဘောကျလျက်ရှိ...

အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြောင်း လတ်တလောတွင် သတင်းကြီးနေ...

တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက မိန်းကလေးများ မိမိကို စိတ်ဝင်စားစေရန်အတွက် အိမ် ၂ လုံးပိုင်ကြောင်း လည်ပင်းတွင် ဆိုင်းဘုတ်ဆွဲကာ လူစည်ကားသည့် ပွဲတော်သို့ သွားခဲ့ပုံမှာ ပြည်မကြီးတွင် သတင်းကြီးနေ...

စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင့် နှစ်ဦးသဘောတူ လဲလှယ်ရန် စီစဉ်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ

တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ

[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန

အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ

နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြေ

တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင

အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ

ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်

စင်္ကာပူတွင် ချမ်းသာသော အဘိုးတစ်ဦးက အစားအသောက်များ အလဟဿ မဖြစ်စေရန်ဟုဆိုကာ စားသောက်ဆိုင်တစ်ခု၌ စားကြွင်းစားကျန်များ လိုက်

ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Myanmar's No. 1 Car Portal
Myanmar's No. 1 C2C E-commerce Portal

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service