မန္တလေးတိုင်း၌ ကျပ် သန်းခြောက်ထောင်အောက် မြန်မာနိုင်ငံသား ရင်းနှီးမြှ ပ်နှံမှုများ ကို အသစ်ဖွဲ့စည်းလိုက်သည့် မန္တလေးတိုင်းဒေသကြီး ရင်းနှီး မြှုပ်နှံ မှုကော်မတီက တိုက်ရိုက် စိစစ်ကာ ခွင့်ပြုပေးမည်ဖြစ် ကြောင်း သတင်းရ ရှိသည်။
‘‘အရင်တုန်းက ပြည်နယ် တိုင်းဒေသကြီးတွေကို ဒီလိုလုပ် ပိုင်ခွင့်ပေးမထား ဘူး။ လုပ်ငန်း ကြီးသည်ဖြစ်စေ၊ ငယ်သည်ဖြစ် စေ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံ မှု ကော်မရှင် (MIC)ခွင့်ပြုချက်ဆို တာ အဆိုပြုချက် တင်ကိုတင်ရ တယ်။ အခုကျတော့ နိုင်ငံခြားရင်း နှီးမြှုပ်နှံမှုဆိုရင် ဒေါ်လာငါးသန်း နဲ့ နိုင်ငံသား ဆိုရင် ကျပ်သန်း ခြောက်ထောင်အထိကို တိုင်း ဒေသကြီးမှာတင် လျှောက် လို့ရ မှာ ဖြစ်ပါတယ်’’ဟု မန္တလေးတိုင်း ဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော် မတီ အတွင်းရေးမှူး ဒေါ်နွယ်နီဦး က ပြောသည်။
မန္တလေးတိုင်း ဝန်ကြီးချုပ် ဦးဆောင်သည့် မန္တလေးတိုင်း ဒေသကြီး ရင်းနှီြး မှုပ်နှံမှု ကော် မတီကို ယခုနှစ် ဇူလိုင် ၁၈ ရက် တွင် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံ မှု ကော်မရှင်က တရားဝင်ကြေညာ ချက်ထုတ်ပြန်ကာ ဖွဲ့စည်းခဲ့ခြင်း ဖြစ် သည်။
အဆိုပါ ကော်မတီအနေဖြင့် မန္တလေးတိုင်းရှိ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများကို အဆိုပါခွင့်ပြုချက် လျှောက်လွှာများ စိစစ်ခြင်း၊ ခွင့်ပြုပြီး လုပ်ငန်းများကို ဥပဒေ စည်း မျဉ်းစည်းကမ်းများနှင့်အညီ စိစစ် ကြပ်မတ်ခြင်း၊ မြေအ သုံးပြုခွင့်ေ လျှာက်လွှာများ စိစစ်ခွင့်ပြု ပေးခြင်း စသည့်လုပ်ငန်းများ ဆောင်ရွက်မည်ြ ဖစ်ကြောင်း ဒေါ်နွယ်နီဦးက ရှင်းပြသည်။
မန္တလေးတိုင်း၌ လက်ရှိအ ချိန်ထိ မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှု လုပ်ငန်း ၁၅၂ ခုနှင့် ရင်းနှီးမြှုပ်နှံမှုပမာဏ ကျပ်ဘီလီယံ ၃,၁၀၀ ကျော် ခွင့်ပြုပေးထား ပြီး နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု လုပ်ငန်း ၄၂ ခုနှင့်ရင်းနှီးမြှုပ်နှံမှုပမာဏ ကန်ဒေါ် လာ ၂ ဒသမ ၂ ဘီလီယံခန့် ခွင့်ပြုပေးထားကြောင်း မန္တလေးတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီမှ သိရသည်။
Credit: 7DayDaily