ဆောက်လုပ်ရေးကုမ္ပဏီများ စည်းကမ်းချက်နှင့် မညီပါက အမည်ပျက်စာရင်း သွင်းမည်

ဆောက်လုပ်ရေးကုမ္ပဏီများ စည်းကမ်းချက်နှင့် မညီပါက အမည်ပျက်စာရင်း သွင်းမည် - Property News in Myanmar from iMyanmarHouse.com
25 Jul 2017 9:40 am တွင် တင်ခဲ့သည်
913 ကြိမ် ကြည့်ရှု့ပြီး
ကရင်ပြည်နယ်ရှိ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများကို ဆောင်ရွက်ရာတွင် ဆောက်လုပ်ရေး ကုမ္ပဏီများအနေနှင့် တင်ဒါစည်းကမ်းချက်နှင့် မကိုက်ညီပါက အမည်ပျက်စာရင်း(Black List)သွင်းကာ တည်ဆဲဥပဒေနှင့် အရေးယူမည်ဖြစ်ကြောင်း ကရင်ပြည်နယ် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ သစ်တော၊ သတ္တု၊ သယံဇာတနှင့် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဦးစောပြည်သာက ပြောကြားသည်။

ဇူလိုင်လ ၂၄ ရက်က ကျင်းပသော ဒုတိယအကြိမ် ကရင်ပြည်နယ်လွှတ်တော် ပဉ္စမ ပုံမှန် အစည်းအဝေးတွင် ကော့ကရိတ်မြို့နယ် မဲဆန္ဒနယ် အမှတ် (၁)မှ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းသူဇာဝင်းက ကရင်ပြည်နယ် ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်အတွင်း ဒေသဖွံ့ဖြိုးရေး အဆောက်အအုံများ ဆောက်လုပ်ရာတွင် တင်ဒါအောင် ကုမ္ပဏီများ၏ စံချိန်စံညွှန်းနှင့် မညီမှုများအပေါ် မေးခွန်းမေးမြန်းရာ ဝန်ကြီးက အထက်ပါအတိုင်း ပြောကြားသည်။

စံချိန်စံညွန်းနှင့် ကိုက်ညီစွာ မဆောင်ရွက်နိုင်သော ကုမ္ပဏီများကို ပြည်နယ်ရှိ တင်ဒါခေါ်ယူမှုများတွင် ပါဝင်မယှဉ်ပြိုင် နိုင်စေရန် Black List (အမည်ပျက်) စာရင်းတွင် သတ်မှတ်သွားမည် ဖြစ်ကြောင်း၊ ယင်းအပြင် စစ်ဆေးတွေ့ရှိချက်များအပေါ် မူတည်ပြီး တင်ဒါစည်းကမ်းများနှင့် မကိုက်ညီပါက သက်ဆိုင်ရာ ဌာနမှ တည်ဆဲ ဥပဒေနှင့်အညီ အရေးယူမည်ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

“အဆောက်အအုံတွေကို သွားစစ်တဲ့အခါမှာ နံရံတွေ အက်ကွဲတာ၊ ခေါင်မိုး မလုံတာတွေ၊ မျက်နှာကြက်များ ပြိုကျတဲ့အတွက် အဆောက်အအုံတွေကို ပြိုကျတဲ့အတွက် ထီးဆောင်း စစ်ဆေးရတာတွေလည်း ရှိပါတယ်၊ သက်ဆိုင်ရာ အစိုးရကို အစီရင်ခံစာ တင်ပြပေမယ့်လည်း ကုမ္ပဏီတွေက မပြင်ဆင်တာတွေလည်း ရှိတာကို တွေ့ရတယ်”ဟု ကော့ကရိတ်မြို့နယ် မဲဆန္ဒနယ် အမှတ် ၁ မှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဒေါ်နန်းသူဇာဝင်းက ပြောကြားသည်။

ဒေသအတွင်း စာသင်ကျောင်းများ၊ ကျေးလက် ဆေးပေးခန်းများ၊ ဝန်ထမ်းအိမ်ရာများ ဆောက်လုပ်ရာတွင် တင်ဒါစည်းကမ်းပါ စံချိန်စံညွှန်းများအတိုင်း ဆောက်လုပ်ခဲ့ခြင်း မရှိသဖြင့် ဆောက်လုပ်မှု မပြီးခင်တွင် ပျက်စီးနေသည်များကိုလည်း တွေ့ရကြောင်း ၎င်းထံမှ သိရသည်။

Credit: The Voice

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဘရူနိုင်းဘုရင်က နယူးယောက်မြို့၏ နာမည်ကျော် Pierre ဟိုတယ်ကြီးကို ဝယ်ယူရန် ညှိနှိုင်းနေကြောင်း သတင်းများထွက်ပေါ်လာ...

လက်ပွားမင်းသားဟု လူသိများသော ဘောလိဝုဒ်ကြယ်ပွင့် ရီသစ်ရိုရှန်နှင့် ဖခင်ဖြစ်သူ ရုပ်ရှင်ဒါရိုက်တာ ရာကက်ရှ် ရိုရှန်တို့က မွမ်ဘိုင်းမှ တိုက်ခန်း ၃ ခန်းကို ရောင်းချ...

[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရောင်းချကာ သမီးအား ဒေါ်လာ ၁ သန်းပေးခဲ့ပုံ...

ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယူမွမ်းမံလျက်ရှိပုံ...

ပြင်သစ်နိုင်ငံ၊ Amboise မြို့ရှိ စားသောက်ဆိုင်တစ်ခုမှာ ကြိုတင်စာရင်းပေးထားသည့် လူဦးရေအတိုင်း မရောက်လာပါက တစ်ဦးလျှင် ၁၅ ယူရို (၁၇ ဒသမ ၂၇ ဒေါ်လာ) ဒဏ်ကြေးကောက်ခံမှု လူမှုကွန်ရက်တွင် နာမည်ကြီး...

မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး သေဆုံးပေးရ...

တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီး လူမှုကွန်ရက်သုံးစွဲသူများ များစွာသဘောကျလျက်ရှိ...

အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြောင်း လတ်တလောတွင် သတင်းကြီးနေ...

တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက မိန်းကလေးများ မိမိကို စိတ်ဝင်စားစေရန်အတွက် အိမ် ၂ လုံးပိုင်ကြောင်း လည်ပင်းတွင် ဆိုင်းဘုတ်ဆွဲကာ လူစည်ကားသည့် ပွဲတော်သို့ သွားခဲ့ပုံမှာ ပြည်မကြီးတွင် သတင်းကြီးနေ...

စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင့် နှစ်ဦးသဘောတူ လဲလှယ်ရန် စီစဉ်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက

အိန္ဒိယတွင် နေအိမ်ဧည့်ခန်းမှ ရူပီး ၂ သိန်းတန်ကြေးရှိ Smart TV ပေါ်၌ နားနေသော ခြင်တစ်ကောင်ကို ကြက်တောင်ရိုက် ဘတ်တံဖြင့် ရ

မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု

ဗြိတိန်ဝန်ကြီးချုပ် ဝင်စတန်ချာချီမွေးဖွားခဲ့သော အိမ်တော်တွင် ထားရှိသည့် ဒေါ်လာ ၆ ဒသမ ၄ သန်းတန် ဘိုထိုင်ရွှေအိမ်သာကြီး ခိ

တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ

ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား

အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု

ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ

အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး

ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service