ကျပ်သန်းခြောက်ထောင်အထိ ရင်းနှီးမြှပ်နှံမှုကို တိုင်းအဆင့်က ခွင့်ပြုပေးမည်

ကျပ်သန်းခြောက်ထောင်အထိ ရင်းနှီးမြှပ်နှံမှုကို တိုင်းအဆင့်က ခွင့်ပြုပေးမည် - Property News in Myanmar from iMyanmarHouse.com
24 Jul 2017 9:46 am တွင် တင်ခဲ့သည်
1309 ကြိမ် ကြည့်ရှု့ပြီး
ငွေကျပ် သန်းပေါင်းခြောက်ထောင်အထိ ရင်းနှီးမြှပ်နှံမှုများကို ခွင့်ပြုနိုင်သည့် တိုင်းဒေသကြီး ရင်းနှီးမြှပ်နှံမှုကော်မတီ (RIC) ကို ဇူလိုင်လ ၇ ရက်က ဖွဲ့စည်းလိုက်ကြောင်း တနင်္သာရီတိုင်းဒေသကြီး ရင်းနှီးမြှပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန (DICA) ထံမှ သိရသည်။

တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဆောင်သည့် ယင်းကော်မတီတွင် အမေရိကန်ဒေါ်လာ ၅ သန်း (သို့မဟုတ်)
ကျပ်ငွေသန်းပေါင်း ၆၀၀၀ အထိ ရင်းနှီးလုပ်ကိုင်မည့် လုပ်ငန်းများ လာလျှောက်နိုင်မည် ဖြစ်သည်။

ယခင်က ရင်းနှီးမြှပ်နှံမှုလုပ်ငန်းများ လုပ်ကိုင်ရန် ခွင့်ပြုမိန့်အတွက် မြန်မာနိုင်ငံ
ရင်းနှီးမြှပ်နှံမှုကော်မရှင် (MIC) တွင် လျှောက်ထားရပြီး ယခုအခါတွင် အဆိုပါ တိုင်းဒေသကြီးကော်မတီတွင်
လျှောက်ထားနိုင်မည် ဖြစ်သည်။

လျှောက်ထားမှု အချက်အလက် ပြည့်စုံပါက ရက်ပေါင်း ၆၀ အတွင်း လုပ်ငန်းလုပ်ကိုင်ခွင့်ပြုမည် ဖြစ်ပြီး
လက်ရှိအချိန်တွင် စုံစမ်းမေးမြန်းသူ၊ လျှောက်ထားရန် ပြင်ဆင်သူများ ရှိနေပြီဖြစ်ကြောင်း ရင်းနှီးမြှပ်နှံမှုနှင့်
ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူးက ဆိုသည်။

“မြိတ်၊ ကော့သောင်းမှာ ရင်းနှီးမြှပ်နှံမယ့် လုပ်ငန်းရှင်တွေလည်း ဒီမှာ လာလျှောက်နိုင်တယ်” ဟု
တိုင်းဦးစီးမှူး ဒေါက်တာထွန်းထွန်းက ပြောသည်။

တိုင်းအတွင်း လုပ်ကိုင်နေကြသည့် အသေးစား၊ အလတ်စား လုပ်ငန်းများလည်း လုပ်ကိုင်ခွင့် အတည်ပြုမိန်
့ လျှောက်ထားနိုင်ပြီး RIC တွင် ရင်းနှီးမြှပ်နှံခွင့် အတည်ပြုမိန့်ဖြင့် လုပ်ငန်းလုပ်ကိုင်ပါက စီးပွားဖြစ်လုပ်ငန်း စတင်လည်ပတ်ချိန်မှ ၅ နှစ်မှ ၇ နှစ်အထိ ဝင်ငွေခွန် ကင်းလွတ်ခွင့်၊ လုပ်ငန်းတွင် နိုင်ငံခြားသားများ ရှယ်ယာဝင်ခွင့် အစရှိသည့် အကျိုးများ ရရှိမည်ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

တိုင်းဒေသကြီးအဆင့် ကော်မတီတွင် ယင်းကဲ့သို့ ရင်းနှီးမြှပ်နှံခွင့် လျှောက်နိုင်သည့်အတွက် ပိုမိုမြန်ဆန်လာမည်
ဖြစ်သော်လည်း အချက်အလက်ပြည့်စုံစေရန် မြေယာနှင့် ပတ်သက်သည့် ဖြေလျော့မှုများလည်း လိုအပ်ကြောင်း တနင်္သာရီတိုင်းဒေသကြီး ကုန်သည်နှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း အတွင်းရေးမှူးက ဆိုသည်။

“ဘာလုပ်ငန်းပဲလုပ်လုပ် မြေကြီးပေါ်မှာ လုပ်ရတာဆိုတော့ အချက်အလက်ပြည်ဖို့ဆိုရင် ပုံစံ ၇ လို ဟာမျိုး
မြန်မြန်ထွက်အောင် ဖြေလျော့ဖို့လိုတယ်” ဟု တိုင်းကုန်သည်နှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း အတွင်းရေးမှူး ဦးကျော်ကျော်ဦးက ပြောသည်။

နိုင်ငံခြားသား ရင်းနှီးမြှပ်နှံမှုကို ဟိုတယ်လုပ်ငန်းများတွင် နိုင်ငံသား ၄၀ ရာခိုင်နှုန်းနှင့် နိုင်ငံခြားသား ၆၀ ရာခိုင်နှုန်း၊
ပို့ဆောင်ရေး လုပ်ငန်းများတွင် နိုင်ငံသား ၅၁ ရာခိုင်နှုန်းနှင့် နိုင်ငံခြားသား ၄၉ ရာခိုင်နှုန်း စသဖြင့် လုပ်ငန်းအမျိုးအစားအလိုက် သတ်မှတ်ထားသည်။

တနင်္သာရီတိုင်းအတွင်း ၂၀၁၇ ခုနှစ် ဇူလိုင်လအထိ မြန်မာနိုင်ငံသား ရင်းနှီးမြှပ်နှံမှု ဥပဒေအရ ခွင့်ပြုမိန့်
ရရှိထားသည့် လုပ်ငန်း ၄၂ ခုမှ ရင်းနှီးမြှပ်နှံမှု ပမာဏ ငွေကျပ်သန်းပေါင်း ၁၉၉၀၄၆ ဒသမ ၄၄၀ ရှိသည်။

နိုင်ငံခြားရင်းနှီးမြှပ်နှံမှု ဥပဒေအရ ခွင့်ပြုမိန့် ရရှိထားသည့် လုပ်ငန်းအရေအတွက် ၃၈ ခုမှ ရင်းနှီးမြှပ်နှံမှု ပမာဏ အမေရိကန်ဒေါ်လာ သန်းပေါင်း ၂၂၈၆ ဒသမ ၃၁၀ ရှိကြောင်း တနင်္သာရီတိုင်းဒေသကြီး ရင်းနှီးမြှပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနထံမှ သိရသည်။

Credit: The Voice

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဘရူနိုင်းဘုရင်က နယူးယောက်မြို့၏ နာမည်ကျော် Pierre ဟိုတယ်ကြီးကို ဝယ်ယူရန် ညှိနှိုင်းနေကြောင်း သတင်းများထွက်ပေါ်လာ...

လက်ပွားမင်းသားဟု လူသိများသော ဘောလိဝုဒ်ကြယ်ပွင့် ရီသစ်ရိုရှန်နှင့် ဖခင်ဖြစ်သူ ရုပ်ရှင်ဒါရိုက်တာ ရာကက်ရှ် ရိုရှန်တို့က မွမ်ဘိုင်းမှ တိုက်ခန်း ၃ ခန်းကို ရောင်းချ...

[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရောင်းချကာ သမီးအား ဒေါ်လာ ၁ သန်းပေးခဲ့ပုံ...

ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယူမွမ်းမံလျက်ရှိပုံ...

ပြင်သစ်နိုင်ငံ၊ Amboise မြို့ရှိ စားသောက်ဆိုင်တစ်ခုမှာ ကြိုတင်စာရင်းပေးထားသည့် လူဦးရေအတိုင်း မရောက်လာပါက တစ်ဦးလျှင် ၁၅ ယူရို (၁၇ ဒသမ ၂၇ ဒေါ်လာ) ဒဏ်ကြေးကောက်ခံမှု လူမှုကွန်ရက်တွင် နာမည်ကြီး...

မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး သေဆုံးပေးရ...

တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီး လူမှုကွန်ရက်သုံးစွဲသူများ များစွာသဘောကျလျက်ရှိ...

အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြောင်း လတ်တလောတွင် သတင်းကြီးနေ...

တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက မိန်းကလေးများ မိမိကို စိတ်ဝင်စားစေရန်အတွက် အိမ် ၂ လုံးပိုင်ကြောင်း လည်ပင်းတွင် ဆိုင်းဘုတ်ဆွဲကာ လူစည်ကားသည့် ပွဲတော်သို့ သွားခဲ့ပုံမှာ ပြည်မကြီးတွင် သတင်းကြီးနေ...

စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင့် နှစ်ဦးသဘောတူ လဲလှယ်ရန် စီစဉ်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန

အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ

တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ

တရုတ်ပြည်တွင် ပလုံကောက်သူ ဘဝမှ PhD ကျောင်းသားဖြစ်လာသော လူငယ်လေးတစ်ဦးအကြောင်း

တရုတ်ပြည်တွင် စူပါမာ့ကက်အုပ်စုကြီး၏ ပိုင်ရှင်က ယွမ် ၁၀ သန်းနီးပါး (ဒေါ်လာ ၁ ဒသမ ၄ သန်း) ကို ဝန်ထမ်းများအား ခွဲဝေပေးမှု န

ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်

မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး

တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ

iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ

အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service