သဘာဝဘေးဒဏ်တွေ၊ နျူကလီး ယားဒဏ်တွေကို ခံနိုင်ရည်ရှိစေပြီး ဇိမ်ကျကျနေထိုင်နိုင်မယ့် ၁၅ထပ်ပါရှိတဲ့ မြေအောက်ဇိမ်ခံက
တုတ်ကျင်းတွေကို အမေရိကန်အခြေစိုက် Survival Condo ကုမ္ပဏီက
ဆောက်လုပ်ရောင်း ချနေတယ်လို့သိရပါတယ်။
၂၀၀၈ခုနှစ် မှာ ကန်းဆက်ပြည်နယ်က ဒုံးပျံပစ် လွှတ် ဖို့အမေရိကန်အင်ဂျင်နီယာတပ်ဖွဲ့က တည်ဆောက်ထားခဲ့တဲ့ မြေအောက်ကျီ နေရာကို ပိတ်ပင်ထားခဲ့တာကို Survival Condo ကုမ္ပဏီဦးဆောင်သူ လာရီဟော က ပြန်လည်ဝယ်ယူခဲ့ပြီး ဘေးဒဏ်အမျိုး မျိုးခံနိုင်ရည်ရှိစေတဲ့ ၁၅ထပ်ပါမြေ အောက်ကတုတ်ကျင်းအဆောက်အအုံအဖြစ် ပြောင်းလဲဖန်တီးခဲ့တာဖြစ်ပါ တယ်။
ဒေါ်လာ သန်း၂၀အကုန်အကျခံ တည်ဆောက်ထားခဲ့တာဖြစ်ပြီး လူကုန် ထံတွေအနေနဲ့ မြေအောက်ဇိမ်ခံက တုတ်ကျင်းတိုက်ခန်းတွေအဖြစ် ဝယ်ယူ နေထိုင်နိုင်တယ်လို့သိရပါတယ်။ မြေ အောက်ကတုတ်ကျင်းအဆောက်အအုံ ရဲ့နံရံအထူကပဲ ကိုးပေရှိပြီး ကတုတ် ကျင်းရဲ့အဖုံးတံခါးကလည်း တစ်နာရီကို မိုင်၅၀၀နှုန်းနဲ့တိုက်ခတ်တဲ့လေပြင်းကို တောင်ခံနိုင်ရည်ရှိပါတယ်။
ဒါက တစ် နာရီကို မိုင်၃၀၀ကျော်တိုက်ခတ်တဲ့ F-၅ လေဆင်နှာမောင်းထက် ပိုများတဲ့ အရှိန် ဖြစ်ပြီး နျူကလီးယားဒဏ်ကိုလည်း ခံနိုင် ရည်ရှိပါတယ်။ အတွင်းပိုင်း အပြင်အဆင် အနေနဲ့ တန်ဖိုးဖြင့် ဇိမ်ခံတိုက်ခန်းတွေ အတိုင်း အရည်အသွေး ကောင်းမွန်တဲ့ဖန် တီးမှုတွေနဲ့ ပေါင်းစပ်ထားသလို လူနေ တိုက်ခန်းတွေအပြင် အားကစားခန်းမ၊ ရေကူးကန်၊ ဆေးကုသ ရေးစင်တာ၊ ဘား၊ စာကြည့်တိုက်၊ တောင်တက်နံရံနဲ့ အတွင်းပိုင်းအပန်းဖြေဥယျာဉ်လည်း ပါရှိ ပါတယ်။
မြေအောက်ကတုတ်ကျင်း ၁၅ ထပ်ရဲ့ စုစုပေါင်းအကျယ်အဝန်းက စတုရန်းပေ ၅၄၀၀၀ကျော်ပြီး လူ ၇၅ဦး နေ ထိုင်နိုင်တဲ့ အဆင့်မြင့်မြေအောက် က တုတ်ကျင်း အဆောက်အအုံ ဖြစ်ပါတယ်။ ငါးနှစ်ကြာကာလအတွက် နေထိုင်သူတွေ စားသုံးနိုင်ဖို့ရာ ငါးမွေး မြူရေးကန်တွေ၊ အလင်းအောက်စိုက်ပျိုးတဲ့ ဟင်းသီးဟင်း ရွက်စိုက်ပျိုးရေးစနစ်အပြင် သောက်သုံး ရေစနစ်တွေကိုလည်း အထူးပြုလုပ်ထည့် သွင်းပေးထားပါတယ်။
၂၀၁၂ခုနှစ်မှာ ဆောက်လုပ်ပြီးစီးခဲ့ပြီး တိုက်ခန်းတွေ အားလုံး တည်ဆောက်မှုမပြီးခင်မှာပဲ ရောင်းကုန်သွားခဲ့တာပါ။ လက်ရှိအချိန် မှာတော့ ဒုတိယမြောက် အဆင့်မြင့်မြေအောက်ကတုတ်ကျင်း အဆောက်အအုံ ကို ထပ်မံဆောက်လုပ်နေပြီး ၂၀၁၈ ခုနှစ် မှာ ပြီးစီးသွားမယ်လို့ သိရပါတယ်။
Credit: Pyimyanmar