ပြည်တွင်းရှိ ပုဂ္ဂလိက ဘဏ်များတွင် ဘဏ်ခွဲအများဆုံး ဖြစ်သော ကမ္ဘောဇ ဘဏ်သည် Asian Banking and Finance Banking ကပေးအပ်သည့် တစ် နှစ်တာအတွင်း ငွေကြေးစီမံခန့်ခွဲ မှု အကောင်းဆုံးဆု ရရှိသည်။
အဆိုပါဆုအတွက် စင်ကာ ပူနိုင်ငံတွင် ကျင်းပခြင်းဖြစ်ပြီး အာရှနိုင်ငံ ၃၀ေ ကျာ်နှင့် ဘဏ်နှင့်ငွေကြေးလုပ်ငန်း စုစုပေါင်း ၁၀၀ ကျော် ပါဝင်ယှဉ်ပြိုင်ခြဲ့ ခင်းဖြစ်သည်ဟု ဇူလိုင် ၂၀ ရက်ထုတ်ပြန်ကြေညာချက်တွင် ဖော်ပြထားသည်။
အဆိုပါဆုကိုပေးအပ်သည့် Asian Banking and Finance (ABF) သည် Charlton Media Group ၏ တစ်စိတ်တစ်ပိုင်းဖြစ် ပြီး ကမ္ဘာ့နာမည်ကျော် စာရင်း အင်းနှင့် အတိုင်ပင်ခံလုပ်ငန်းများ မှ ကိုယ်စားလှယ်များပါဝင် ရွေး ချယ်ခဲ့ခြင်းဖြစ်သည်။ Charlton Media Group သည် ဟောင် ကောင်၊ စင်ကာပူနှင့် ဖိလစ်ပိုင် နိုင်ငံတို့တွင် စီးပွားရေးဆိုင်ရာ အချက်အလက်များ ထုတ်ပြန်နေ သော အဖွဲ့အစည်းဖြစ်သည်။
ကမ္ဘောဇဘဏ်သည် အဆို ပါဆုနှင့်အတူ တစ်နှစ်အတွင်း မြန်မာနိုင်ငံ၏ အကောင်းဆုံး နိုင်ငံခြားငွေ လဲလှယ်မှုဆု၊ တစ် နှစ်တာအတွင်း မြန်မာနိုင်ငံ၏ အကောင်းဆုံးပြည်တွင်း Retail (လက်လီဘဏ်လုပ်ငန်း)ဘဏ် ဆု၊ တစ်နှစ် တာအတွင်း မြန်မာ နိုင်ငံ၏ အကြွေးဝယ်ကတ် စတင် မိတ်ဆက်သည့် ဘဏ် ဆုနှင့် မြန် မာနိုင်ငံ၏ တစ်နှစ်တာ SME ဘဏ်ဆုများ ရရှိခဲ့သည်ဟု ဆိုသည်။
ကမ္ဘောဇအုပ်စုကို ၁၉၉၄ တွင် တည်ထောင်ပြီး ယခုအခါ ဘဏ်လုပ်ငန်း၊ေ လကြောင်းလိုင်း များ၊ အာမခံလုပ်ငန်း၊ စိုက်ပျိုး ရေးလုပ်ငန်း၊ ဟိုတယ်နှင့် ခရီး သွားလာရေးလုပ်ငန်း၊ ကုန်ထုတ် လုပ်မှုလုပ်ငန်းတို့ လုပ်ကိုင်နေ သည်။
ကမ္ဘောဇဘဏ်သည် ထိုင်း၊ စင်ကာပူနှင့် မလေးရှားနိုင်ငံတို့ တွင် ၂၀၁၆ ကစ၍ ဘဏ်ကိုယ် စားလှယ်ရုံးများ ဖွင့်လှစ်ထား သည်။
Credit: 7DayDaily