ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းအဆင့်အတန်းကို သုံးနှစ်အတွင်း အဆင့် ၁၀၀ အောက် ရောက်အောင် ကြိုးပမ်းမည်ဟု ဒုတိယသမ္မတပြောကြား

ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းအဆင့်အတန်းကို သုံးနှစ်အတွင်း အဆင့် ၁၀၀ အောက် ရောက်အောင် ကြိုးပမ်းမည်ဟု ဒုတိယသမ္မတပြောကြား - Property News in Myanmar from iMyanmarHouse.com
21 Jul 2017 9:45 am တွင် တင်ခဲ့သည်
598 ကြိမ် ကြည့်ရှု့ပြီး
မြန်မာနိုင်ငံတွင် ပြည်တွင်း၊ ပြည်ပ ရင်းနှီးမြှုပ်နှံမှုဆောင်ရွက်နိုင်မှု ဆောင် ရွက်နိုင်မည့် အခွင့်အလမ်း၊ အဆင့်အတန်းမှာ လက်ရှိတွင် အဆင့် ၁၇၀ နေ ရာ ရှိနေသည့်အတွက် သုံးနှစ်အတွင်း အဆင့် ၁၀၀ အောက် ရောက်ရှိရန် ရည်မှန်းချက်ထား လုပ်ဆောင်သွားမည်ဟု ဒုတိယသမ္မတဦးမြင့်ဆွေက ဇူ လိုင်လ ၂၀ ရက်တွင် ပြောသည်။

မြန်မာနိုင်ငံ၏ လက်ရှိရောက်ရှိနေသည့် ရင်းနှီးမြှုပ်နှံမှုဆောင်ရွက်နိုင်မှုေ ဆာင်ရွက်နိုင်မည့် အခွင့်အလမ်း၊ အဆင့်အတန်းမှာ အနည်းငယ် များနေ သည့် အတွက် သုံးနှစ်အတွင်း ၁၀၀ အောက် ရောက်ရှိရန် ရည်မှန်းချက်ထား ကြိုးစားနေပြီး အမှန်တကယ်ကြိုးစားပါက ရနိုင်သည့်အနေအထားရှိကြောင်း ၎င်းက ကုန်သည်/စက်မှုအသင်းချုပ်တွင် ပြုလုပ်သော ပုဂ္ဂလိကစီးပွားရေး လုပ်ငန်းရှင်များနှင့်တွေ့ဆုံပွဲတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

ရင်းနှီးမြှုပ်နှံမှုဆောင်ရွက်နိုင်မှု ဆောင်ရွက်နိုင်မည့် အခွင့်အလမ်း၊ အဆင့်အ တန်းကို Indicator ဖြင့် တွက်ချက်ရာတွင် စီးပွားရေးလုပ်ငန်းများ စတင်ဆောင်ရွက်ရာတွင် လိုအပ်သည့်အချက်များဖြစ်သည့် (doing Business) အချက် ၁၀ ချက်ဖြင့် တွက်ချက်ခြင်းဖြစ်ကြောင်း၊ ထိုသို့ တွက်ချက်ရာတွင် စီးပွားရေးလုပ်ငန်းတစ်ခု စတင်ခြင်း၊ ကန်ထရိုက်အတိုင်း လုပ်ငန်းစာချုပ်ပါအတိုင်း လိုက်နာဆောင်ရွက်ခြင်း၊ အကြွေးမဆပ်နိုင်မှု ဖြေရှင်းခြင်း၊ မြေယာမှတ်ပုံတင်ခြင်း၊ လျှပ်စစ်ရရှိခြင်း၊ နယ်စပ်ဖြတ်ကျော်ကုန်သွယ်ခြင်း၊ အနည်းစုရင်းနှီးမြှုပ်နှံမှုများကို အကာအကွယ်ခြင်း၊ အခွန်ဆောင်ခြင်း၊
ချေးငွေရယူခြင်း၊ ဆောက်လုပ်ရေးခွင့်ပြုချက်ဆိုင်ရာဆောင်ရွက်ခြင်း စသည့် ၁၀ ချက်ကို Indicator အမှတ်ပေးစနစ်ဖြင့် ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

အစိုးရအနေဖြင့် အဆိုပါ ၁၀ ချက်ကို သိရှိပြီးဖြစ်၍ အားလုံးဝိုင်းဝန်း ဆောင် ရွက်နေခြင်းကြောင့် တဖြည်းဖြည်းဖြင့် အဆင့် ၁၀၀ အောက်ကို ရောက် ရှိနိုင်ကြောင်း ဒုတိယသမ္မတကပြောသည်။

"သို့သော်လည်းပဲ အတွေ့အကြုံရှိတဲ့ လုပ်ငန်းရှင်တွေကို မေးကြည့်တဲ့ အခါကျတော့ တချို့လည်း position ကောင်းပေမယ့် အလားအလာတော့ သိပ်မကောင်းဘူး။ ဥပမာ - အိမ်နားနီးချင်း နိုင်ငံတွေမှာဆိုရင် တချို့ဆို position ကောင်းပါတယ်။ ဒါပေမယ့် သူတို့ဆီမှာ သွားရောက်ပြီးလုပ်တဲ့ ရင်းနှီးမြှုပ်နှံတဲ့ စက်ရုံအလုပ်ရုံတွေဆိုရင် ရေကြီးရေလျှံမှုတွေ ဖြစ်တဲ့ အခါ ကျတော့ တစ်အားပျက်စီးတယ်။ ကျွန်တော်တို့ဆီမှာ Indicator အရ နောက် မှာရောက်ပေမယ့် သူတို့လာကြည့်တဲ့အခါကျရင် အများကြီးအလားအလာရှိတယ်။ သဘာဝဘေးအန္တရာယ်လည်း နည်းတယ်။ အလုပ်သမားခလည်း သက်သာတယ်။ လူစွမ်းအားအရင်းအမြစ် ကျွမ်းကျင်မှုတွေလည်း ယခင်ထက်စာရင် တနေ့တခြားအများကြီး တိုးတက်လာတယ်။ doing Business မှာနောက်ရောက်နေပေမယ့်လည်း လာရောက်ရင်းနှီးမြှုပ်နှံဖို့ အများကြီး စိတ်အားထက်သန်မှုရှိတယ်လို့
သတင်းရတယ်။ ဒါတွေကလည်း ကျွန်တော်တို့နိုင်ငံအတွက် အလားအလာကောင်းပဲ"ဟု ၎င်းက ဆက်လက် ပြောဆိုသည်။

ထို့ကြောင့် မြန်မာနိုင်ငံတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများလာရောက်ရင်းနှီးမြှုပ်နှံအောင် အကုန်လုံးက ပေါင်းစပ်ညှိနှိုင်း၍ ပြည်တွင်း၊ ပြည်ပရင်းနှီးမြှုပ်နှံမှု၊ အသေးစားနှင့် အလတ်စားလုပ်ငန်းများ၊ လျှပ်စစ်နှင့် စွမ်းအင်လုပ်ငန်းများ စသည့် စီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်အောင် တောက်လျှောက် အားပေးဆောင်ရွက်နေကြောင်း သိရသည်။

Credit: Myanmar Time

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဘရူနိုင်းဘုရင်က နယူးယောက်မြို့၏ နာမည်ကျော် Pierre ဟိုတယ်ကြီးကို ဝယ်ယူရန် ညှိနှိုင်းနေကြောင်း သတင်းများထွက်ပေါ်လာ...

လက်ပွားမင်းသားဟု လူသိများသော ဘောလိဝုဒ်ကြယ်ပွင့် ရီသစ်ရိုရှန်နှင့် ဖခင်ဖြစ်သူ ရုပ်ရှင်ဒါရိုက်တာ ရာကက်ရှ် ရိုရှန်တို့က မွမ်ဘိုင်းမှ တိုက်ခန်း ၃ ခန်းကို ရောင်းချ...

[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရောင်းချကာ သမီးအား ဒေါ်လာ ၁ သန်းပေးခဲ့ပုံ...

ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယူမွမ်းမံလျက်ရှိပုံ...

ပြင်သစ်နိုင်ငံ၊ Amboise မြို့ရှိ စားသောက်ဆိုင်တစ်ခုမှာ ကြိုတင်စာရင်းပေးထားသည့် လူဦးရေအတိုင်း မရောက်လာပါက တစ်ဦးလျှင် ၁၅ ယူရို (၁၇ ဒသမ ၂၇ ဒေါ်လာ) ဒဏ်ကြေးကောက်ခံမှု လူမှုကွန်ရက်တွင် နာမည်ကြီး...

မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး သေဆုံးပေးရ...

တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီး လူမှုကွန်ရက်သုံးစွဲသူများ များစွာသဘောကျလျက်ရှိ...

အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြောင်း လတ်တလောတွင် သတင်းကြီးနေ...

တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက မိန်းကလေးများ မိမိကို စိတ်ဝင်စားစေရန်အတွက် အိမ် ၂ လုံးပိုင်ကြောင်း လည်ပင်းတွင် ဆိုင်းဘုတ်ဆွဲကာ လူစည်ကားသည့် ပွဲတော်သို့ သွားခဲ့ပုံမှာ ပြည်မကြီးတွင် သတင်းကြီးနေ...

စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင့် နှစ်ဦးသဘောတူ လဲလှယ်ရန် စီစဉ်...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော

အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင

[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ

မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး

ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား

စီရော်နယ်ဒိုကို ဖြတ်ကျော်ကာ သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံလိုက်ရသူ လီယိုနယ် မက်ဆီ၏ M ပုံသဏ္ဍာ

ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ

ထရမ့်က အခွန်တိုးမြှင့်ကောက်ခံနေမှုများကြောင့် ကမ္ဘာ့စီးပွားရေး ကသောင်းကနင်းဖြစ်နေချိန်တွင် အမေရိကန်မှ နေအိမ်ဝယ်လက်တို့က

ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ

အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service