မိုးရာသီအကုန်တွင် ရန်ကုန်မြို့သစ်စီမံကိန်း စမည်

မိုးရာသီအကုန်တွင် ရန်ကုန်မြို့သစ်စီမံကိန်း စမည် - Property News in Myanmar from iMyanmarHouse.com
21 Jul 2017 9:35 am တွင် တင်ခဲ့သည်
9834 ကြိမ် ကြည့်ရှု့ပြီး
ရန်ကုန်မြို့ ကြည့်မြင်တိုင် တစ်ဖက်ကမ်းတွင် အကောင်အထည်ဖော်မည့် ရန်ကုန်မြို့သစ် စီမံကိန်းကို ယခုနှစ် မိုးရာသီအကုန်တွင် မြေပြင် အကောင်အထည် ဖော်ခြင်းများ စတင် ဆောင်ရွက်မည်ဖြစ်ကြောင်း
ရန်ကုန် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားသည်။

ဒုတိယသမ္မတ (၁) ဦးမြင့်ဆွေ ဦးဆောင်သည့် မြန်မာ့ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ၊ စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ရန်ကုန် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ပုဂ္ဂလိက ကဏ္ဍမှ လုပ်ငန်းရှင်များ အဋ္ဌမအကြိမ်မြောက် ပုံမှန် တွေ့ဆုံပွဲတွင် ယင်းသို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။

“ရန်ကုန်မြို့ရဲ့ တိုးပွားနေတဲ့ လူဦးရေကို လျှော့ချနိုင်ဖို့အတွက် ရန်ကုန်မြို့သစ် စီမံကိန်းဟာ လာမယ့် ပွင့်လင်းရာသီမှာ စတင် အကောင်အထည် ဖော်နိုင်မယ့် အခြေအနေရှိပါတယ်”ဟု ၎င်းက ဆိုသည်။

ရန်ကုန်မြို့သစ် စီမံကိန်းကို ကြည့်မြင်တိုင် တစ်ဖက်ကမ်းရှိ အေးရွာအပါအဝင် တွံတေးမြို့နယ်၊ ကြည့်မြင်တိုင်မြို့နယ်နှင့် ဆိပ်ကြီးခနောင်တိုမြို့နယ်တို့၏ အဆိုပြု ခန့်မှန်းမြေဧရိယာ သုံးသောင်းခန့်တွင် အကောင်အထည်ဖော် တည်ဆောက်သွားရန် စီစဉ်လျက်ရှိကြောင်း တိုင်းအစိုးရထံမှ သိရသည်။

ရန်ကုန်မြို့သစ် စီမံကိန်း တည်ဆောက်မှုနှင့် ပတ်သက်၍ ရန်ကုန် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျက ရန်ကုန် တိုင်းဒေသကြီး လွှတ်တော် ပဉ္စမ ပုံမှန် အစည်းအဝေး ပြန်လည် စတင်ပါက ဆွေးနွေးမည်ဖြစ်ပြီး တိုင်းလွှတ်တော်တွင် ဆွေးနွေး၍ လွှတ်တော်ခွင့်ပြုချက် ရပြီးမှသာ တည်ဆောက်ခွင့်ရမည်ဖြစ်ကြောင်း၊ ယင်းသို့ ခွင့်ပြုပြီးမှသာ ဥပဒေနှင့်ညီမည်ဖြစ်ကြောင်း ပြောကြားသည်။

“သူ့အနေနဲ့ ဘယ်လောက်ပဲ ဆောင်ရွက်မယ်လို့ မိုးပျံအောင် ပြောပြော၊ လွှတ်တော်ကျော်ပြီး ဘာမှ လုပ်လို့မရဘူး။ လွှတ်တော်မှာ ဆွေးနွေး အတည်ပြုပြီးမှသာ ဥပဒေနဲ့အညီဖြစ်မယ်။ လာမယ့်လွှတ်တော်မှာတော့ ဆွေးနွေးခွင့် ရပြီးပါပြီ။ လွှတ်တော် ဘယ်တော့ ပြန်စမလဲတော့ မသိသေးဘူး”ဟု ၎င်းက ဆိုသည်။

ယခင် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေ လက်ထက်ကလည်း ရန်ကုန်မြို့သစ် စီမံကိန်းကို ရန်ကုန်မြို့ အနောက်ဘက် ကြည့်မြင်တိုင်မြို့နယ်၊ ဆိပ်ကြီးခနောင်တို မြို့နယ်နှင့် တွံတေးမြို့နယ်များတွင် တည်ရှိပြီး ပန်းလှိုင်မြစ်နှင့် တွံတေးတူးမြောင်းကြား၊ လှိုင်မြစ်နှင့် လှိုင်သာယာ-တွံတေး ကားလမ်းကြားရှိ မြေနေရာများ၌ အကောင်အထည်ဖော်ရန် လျာထား လုပ်ဆောင်ခဲ့သည်။

အဆိုပါ စီမံကိန်းကို လူသိနည်းသည့် အများပိုင် ကုမ္ပဏီတစ်ခုကို တရားဝင် လုပ်ကိုင်ခွင့် ပေးလိုက်ခြင်းအပေါ် ဝေဖန်မှု များစွာ ထွက်ပေါ်ခဲ့ပြီး ရန်ကုန် တိုင်းဒေသကြီး လွှတ်တော် အစည်းအဝေးတွင် တင်သွင်းခဲ့ချိန်တွင် ဒေါက်တာ ဒေါ်ညိုညိုသင်း အပါအဝင် လွှတ်တော် ကိုယ်စားလှယ်များ၏ ကန့်ကွက်မှုကို ရင်ဆိုင်ခဲ့ရသည်။

ယင်းနောက် အဆိုပါစီမံကိန်းမှာ ရပ်ဆိုင်းသွားခဲ့ခြင်းဖြစ်သည်။

ရန်ကုန်မြို့သစ် တည်ဆောက်ရေးတွင် အကောင်အထည်ဖော် တည်ဆောက်မည့် ကော်မတီအမည်ကို “New Yangon Corporation”ဟု အမည်ပေးထားပြီး အဆိုပါ လုပ်ငန်းကော်မတီကို ယခုအစိုးရလက်ထက် ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလက ပြန်လည် ဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်း၊ ယခင် အစိုးရလက်ထက်က စာချုပ် ချုပ်ဆိုခဲ့သည့် ကုမ္ပဏီများကို စာချုပ် ဖျက်သိမ်းပြီး တိုင်းဒေသကြီး အစိုးရက ရာနှုန်းပြည့် ကြီးကြပ်ကွပ်ကဲရန် စီစဉ်၍ အသစ်ပြန်လည် ဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရထံမှ သိရသည်။

Credit: The Voice

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဘရူနိုင်းဘုရင်က နယူးယောက်မြို့၏ နာမည်ကျော် Pierre ဟိုတယ်ကြီးကို ဝယ်ယူရန် ညှိနှိုင်းနေကြောင်း သတင်းများထွက်ပေါ်လာ...

လက်ပွားမင်းသားဟု လူသိများသော ဘောလိဝုဒ်ကြယ်ပွင့် ရီသစ်ရိုရှန်နှင့် ဖခင်ဖြစ်သူ ရုပ်ရှင်ဒါရိုက်တာ ရာကက်ရှ် ရိုရှန်တို့က မွမ်ဘိုင်းမှ တိုက်ခန်း ၃ ခန်းကို ရောင်းချ...

[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရောင်းချကာ သမီးအား ဒေါ်လာ ၁ သန်းပေးခဲ့ပုံ...

ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယူမွမ်းမံလျက်ရှိပုံ...

ပြင်သစ်နိုင်ငံ၊ Amboise မြို့ရှိ စားသောက်ဆိုင်တစ်ခုမှာ ကြိုတင်စာရင်းပေးထားသည့် လူဦးရေအတိုင်း မရောက်လာပါက တစ်ဦးလျှင် ၁၅ ယူရို (၁၇ ဒသမ ၂၇ ဒေါ်လာ) ဒဏ်ကြေးကောက်ခံမှု လူမှုကွန်ရက်တွင် နာမည်ကြီး...

မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး သေဆုံးပေးရ...

တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီး လူမှုကွန်ရက်သုံးစွဲသူများ များစွာသဘောကျလျက်ရှိ...

အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြောင်း လတ်တလောတွင် သတင်းကြီးနေ...

တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက မိန်းကလေးများ မိမိကို စိတ်ဝင်စားစေရန်အတွက် အိမ် ၂ လုံးပိုင်ကြောင်း လည်ပင်းတွင် ဆိုင်းဘုတ်ဆွဲကာ လူစည်ကားသည့် ပွဲတော်သို့ သွားခဲ့ပုံမှာ ပြည်မကြီးတွင် သတင်းကြီးနေ...

စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင့် နှစ်ဦးသဘောတူ လဲလှယ်ရန် စီစဉ်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ

ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်

[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ

ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ

အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ

တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော

မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး

အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး

[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ

ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service