ဗြိတိန်ဝန်ကြီးချုပ် ဝင်စတန်ချာချီနေထိုင်ခဲ့ဖူးသော လန်ဒန်တိုက်ခန်း ငှားရမ်းမည်

ဗြိတိန်ဝန်ကြီးချုပ် ဝင်စတန်ချာချီနေထိုင်ခဲ့ဖူးသော လန်ဒန်တိုက်ခန်း ငှားရမ်းမည် - Property News in Myanmar from iMyanmarHouse.com
20 Jul 2017 11:42 am တွင် တင်ခဲ့သည်
999 ကြိမ် ကြည့်ရှု့ပြီး
ဒုတိယကမ္ဘာစစ်ကြီးကို အနိုင်တိုက်ခဲ့သူ ဗြိတိန်ဝန်ကြီးချုပ်ဟောင်း ဝင်စတန်ချာချီ နေထိုင်ခဲ့ဖူးသည့် duplex တိုက်ခန်း အငှားဈေးကွက်ဝင်လာကြောင်း နယူးယောက်အခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။

အင်္ဂလန်နိုင်ငံ ဒုတိယကမ္ဘာစစ်ကြီးအတွင်းသို့ဝင်ရန် ပြင်ဆင်နေစဉ်ကာလအတွင်း ဝင်စတန်ချာချီသည် အဆိုပါတိုက်ခန်းတွင် အခြားနိုင်ငံရေးသမားတို့နှင့် မကြာခဏတွေ့ဆုံဆွေးနွေးခဲ့ဖူးသည်ဟု ဆိုသည်။

ပဉ္စမထပ်နှင့် ဆဌမထပ်နှစ်လွှာပူးတွဲပါဝင်သည့် လူနေခန်း၏ စုစုပေါင်းအကျယ်အဝန်းမှာ စတုရန်းပေ ၂၇၅၈ ရှိပြီး ငှားရမ်းခမှာ တစ်ပတ်လျှင် ပေါင် ၂၂၅၀ (ကန်ဒေါ်လာ ၂၉၃၃) ဖြင့် ငှားရမ်းမည်ဟု ဈေးနှုန်းသတ်မှတ်ထားသည်။

ဝက်စ်မင်နစ်စတာဘုရားရှိခိုးကျောင်းကို စီးမိုးမြင်နေရပြီး အင်္ဂလန်နိုင်ငံ၊ လန်ဒန်မြို့၊ သိမ်းမြစ်မြောက်ဘက်ကမ်း၊ ဝက်စ်မင်နစ်စတာအရပ်ရှိ မော်ပါ့သ် မန်းရှင်းအဆောက်အအုံကြီးတွင် ဝိတိုရိယဘူတာရုံသို့ လမ်းလျှောက်သွားရုံဖြင့် ရောက်ရှိနိုင်သည်။

“ဒီအိမ်ခန်းက တကယ့်နေရာကောင်းမှာရှိတယ်။ ဝိတိုရိယရဲ့ တောင်ဘက်လေးတင် ကပ်လျက်ပဲ” ဟု Knight Frank’s ၏ ဝိတိုရိယရုံး မန်နေဂျာ အင်မာဗင်းဆင့်က ပြောကြားသည်။

“ကော်ဖီဆိုင်၊ စားသောက်ဆိုင်တွေ ပေါများပြီး ဝိတိုရိယဘူတာရုံကို ၅ မိနစ်လောက် လမ်းလျှောက်သွားရုံနဲ့ ရောက်ပါတယ်။ ဒီဘူတာက လန်ဒန်မှာ သွားလာရအကောင်းဆုံးဘူတာတွေထဲမှာ တစ်ခုအပါအဝင်ပါ” ဟု အင်မာဗင်းဆင့်က ဆက်လက်ပြောကြားသည်။

အဆောက်အအုံရှိ ဆိုင်းဘုတ်ငယ်တစ်ခုတွင် ရေးသားဖော်ပြထားရာ၌ ဝင်စတန်ချာချီတို့မိသားစုသည် အဆိုပါအခန်းတွင် ၁၉၃၀ ပြည့်နှစ်မှ ၁၉၃၉ ခုနှစ်အထိ နေထိုင်သွားခဲ့သည်ဟု ဆိုသည်။

အချို့သူများက ပြောကြားရာတွင်မူ ၁၉၃၂ ခုနှစ်အထိ ဝင်စတန်ချာချီလာရောက်နေထိုင်ခြင်းမရှိသေးဟုလည်း ဆိုကြသည်။
၁၉၃၉ ခုနှစ်၊ စက်တင်ဘာလ ၂ ရက်တွင် ဝင်စတန်ချာချီနှင့် ပါလီမန်အမတ်များ အဆိုပါအခန်းတွင် တွေ့ဆုံကာ ဟစ်တလာကို ရာဇသံပေးစာ ထုတ်ပြန်ရန် ဝန်ကြီးချုပ် နဗီးလ် ချိန်ဘာလိန်ထံ တိုက်တွန်းသည့်ပေးစာကို ရေးသားခဲ့ကြသည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
ဗြိတိန်ဝန်ကြီးချုပ် ဝင်စတန်ချာချီနေထိုင်ခဲ့ဖူးသော လန်ဒန်တိုက်ခန်း ငှားရမ်းမည် - Property News in Myanmar from iMyanmarHouse.com
ဗြိတိန်ဝန်ကြီးချုပ် ဝင်စတန်ချာချီနေထိုင်ခဲ့ဖူးသော လန်ဒန်တိုက်ခန်း ငှားရမ်းမည် - Property News in Myanmar from iMyanmarHouse.com
ဗြိတိန်ဝန်ကြီးချုပ် ဝင်စတန်ချာချီနေထိုင်ခဲ့ဖူးသော လန်ဒန်တိုက်ခန်း ငှားရမ်းမည် - Property News in Myanmar from iMyanmarHouse.com
ဗြိတိန်ဝန်ကြီးချုပ် ဝင်စတန်ချာချီနေထိုင်ခဲ့ဖူးသော လန်ဒန်တိုက်ခန်း ငှားရမ်းမည် - Property News in Myanmar from iMyanmarHouse.com
ဗြိတိန်ဝန်ကြီးချုပ် ဝင်စတန်ချာချီနေထိုင်ခဲ့ဖူးသော လန်ဒန်တိုက်ခန်း ငှားရမ်းမည် - Property News in Myanmar from iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဘရူနိုင်းဘုရင်က နယူးယောက်မြို့၏ နာမည်ကျော် Pierre ဟိုတယ်ကြီးကို ဝယ်ယူရန် ညှိနှိုင်းနေကြောင်း သတင်းများထွက်ပေါ်လာ...

လက်ပွားမင်းသားဟု လူသိများသော ဘောလိဝုဒ်ကြယ်ပွင့် ရီသစ်ရိုရှန်နှင့် ဖခင်ဖြစ်သူ ရုပ်ရှင်ဒါရိုက်တာ ရာကက်ရှ် ရိုရှန်တို့က မွမ်ဘိုင်းမှ တိုက်ခန်း ၃ ခန်းကို ရောင်းချ...

[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရောင်းချကာ သမီးအား ဒေါ်လာ ၁ သန်းပေးခဲ့ပုံ...

ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယူမွမ်းမံလျက်ရှိပုံ...

ပြင်သစ်နိုင်ငံ၊ Amboise မြို့ရှိ စားသောက်ဆိုင်တစ်ခုမှာ ကြိုတင်စာရင်းပေးထားသည့် လူဦးရေအတိုင်း မရောက်လာပါက တစ်ဦးလျှင် ၁၅ ယူရို (၁၇ ဒသမ ၂၇ ဒေါ်လာ) ဒဏ်ကြေးကောက်ခံမှု လူမှုကွန်ရက်တွင် နာမည်ကြီး...

မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး သေဆုံးပေးရ...

တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီး လူမှုကွန်ရက်သုံးစွဲသူများ များစွာသဘောကျလျက်ရှိ...

အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြောင်း လတ်တလောတွင် သတင်းကြီးနေ...

တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက မိန်းကလေးများ မိမိကို စိတ်ဝင်စားစေရန်အတွက် အိမ် ၂ လုံးပိုင်ကြောင်း လည်ပင်းတွင် ဆိုင်းဘုတ်ဆွဲကာ လူစည်ကားသည့် ပွဲတော်သို့ သွားခဲ့ပုံမှာ ပြည်မကြီးတွင် သတင်းကြီးနေ...

စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင့် နှစ်ဦးသဘောတူ လဲလှယ်ရန် စီစဉ်...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ

တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော

မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး

[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန

ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ

အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု

အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ

ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်

iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ

လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service