တစ်နှစ်အတွင်း ရှယ်ယာရောင်းဝယ်မှု များစွာကျဆင်း

တစ်နှစ်အတွင်း ရှယ်ယာရောင်းဝယ်မှု များစွာကျဆင်း - Property News in Myanmar from iMyanmarHouse.com
20 Jul 2017 11:27 am တွင် တင်ခဲ့သည်
860 ကြိမ် ကြည့်ရှု့ပြီး
မြန်မာနိုင်ငံ၏ စတော့ရှယ်ယာ ရောင်းဝယ် ဖြစ်ပေါ်မှုတန်ဖိုးသည် တစ်နှစ်အတွင်း လေးပုံတစ်ပုံခန့် ကျဆင်းနေလျက်ရှိသည်ဟု မြန်မာနိုင်ငံ ငွေချေးသက်သေခံ လက်မှတ်လုပ်ငန်းကုမ္ပဏီ MSEC အုပ်ချုပ်မှုဒါရိုက်တာ မစ္စတာတကာရှီတကာဟာရှီက ပြောသည်။

စတော့ရှယ်ယာ အရောင်းအဝယ်ဖြစ်ပေါ်မှုတန်ဖိုးသည် ၂ဝ၁၆ ခုနှစ် ဇွန်လအတွင်းပိုင်းက တစ်ရက်တာ စုစုပေါင်းရောင်းဝယ်မှု ပျမ်းမျှတန်ဖိုးသည် ကျပ် ၃၁၃ သန်းအထိရှိခဲ့သည်။ သို့သော် ယခု ၂ဝ၁၇ ခုနှစ် ဇွန်လတွင် တစ်ရက်တာ စုစုပေါင်းပျမ်းမျှ အရောင်းအဝယ်
တန်ဖိုးသည် ကျပ်သန်း ၇ဝ သာရှိတော့ခြင်းဖြစ်ပြီး လေးပုံတစ်ပုံခန့် ကျဆင်းလာခဲ့သည်။

ထို့အတူ ရှယ်ယာတန်ဖိုး၏ အညွှန်းကိန်းသည်လည်း ၂ဝ၁၆ ခုနှစ်၊ မတ် ၂၅ ရက်ကို တစ်ထောင်အဖြစ် သတ်မှတ်ပါက ယခု ၂ဝ၁၇ ခုနှစ်၊ ဇူလိုင် ၁၁ ရက်တွင် ၅၅၂ ဒသမ ၆၂ အထိ ကျဆင်းလာခြင်းဖြစ်သည်။

ယင်းသို့ဖြစ်ခြင်းသည် စတော့အိတ်ချိန်း စာရင်းဝင်ကုမ္ပဏီများ၏ အစုရှယ်ယာတန်ဖိုးများ ကျဆင်းသွားကာ ဈေးကွက်အနေအထားမှာလည်း တည်ငြိမ်လာခြင်းကြောင့်ဖြစ်သည်ဟု
ဇူလိုင် ၁၉ ရက်က ရန်ကုန်မြို့၊ Park Royal ဟိုတယ်တွင် ပြုလုပ်သော ရှယ်ယာရှင်များကို
စတော့ဈေးကွက်အကြောင်းဆိုင်ရာ အသိပညာပေးမှု ပြုလုပ်သည့်ပွဲတွင် ၄င်းကပြောခဲ့သည်။

''ဒီလိုဖြစ်ပေါ်နေတဲ့ အကြောင်းရင်းက စတော့ဈေးနှုန်း ငြိမ်သက်နေတာကြောင့်
ရောင်းဝယ်မှုပြုလုပ်တဲ့သူတွေဟာ ဈေးကွက်ထဲက ရှောင်ထွက်သွားကြတယ်ဆိုတာကို
ယူဆနိုင်ပါတယ်။ ဈေးကွက် ပြန်လည်လှုပ်ခတ်လာဖို့အတွက်က စတော့အိတ်ချိန်းမှာ
စာရင်းကုမ္ပဏီ အရေအတွက်များလာဖို့နဲ့ ဈေးကွက်ထဲမှာ ပါဝင်ရောင်းဝယ်သူအရေအတွက်
များလာဖို့ လိုအပ်ပါတယ်''ဟု မစ္စတာတကာရှီက ဆက်လက်ပြောသည်။

၂ဝ၁၆ ခုနှစ် ဇွန်လအတွင်းပိုင်းက တစ်ရက်တာ အရောင်းအဝယ်ဖြစ်ပေါ်သည့် ပျမ်းမျှရှယ်ယာအရေအတွက်သည် ၈,၇၅၄ စုအတွက် ပျမ်းမျှတန်ဖိုး ကျပ် ၃၁၃ သန်းအထိ ရှိခဲ့သည်။ ယခု ၂ဝ၁၇ ခုနှစ် ဇွန်လအတွင်းကမူ တစ်ရက်ပျှမ်းမျှ အရောင်းအဝယ်ဖြစ်ပေါ်သည့်အရေအတွက်သည် ၈,၈၂၉ စုအတွက် ပျမ်းမျှအရောင်းအဝယ်တန်ဖိုး ကျပ်သန်း ၇ဝ
သာရှိခဲ့သည်။

၎င်းအချက်သည် ရှယ်ယာဈေးနှုန်းများ ကျဆင်းမှုကြောင့် အရောင်းအဝယ်
ဖြစ်ပေါ်သည့် အစုရှယ်ယာ အရေအတွက် များလာသော်လည်း အရောင်းအဝယ်ဖြစ်ပေါ်
သည့် တန်ဖိုးကျဆင်းသွားခြင်းကို ဖော်ပြနေခြင်းဖြစ်သည်။

စတော့ဈေးကွက် တည်ငြိမ်နေခြင်းကို ပြန်လည်လှုပ်ခတ်လာစေရန် နယ်ပယ်အသီးသီးမှ
ရင်းနှီးမြှုပ်နှံသူများ ပါဝင်နိုင်သည့် စနစ်တစ်ရပ် ထူထောင်နိုင်ရေး လိုအပ်နေလျက်ရှိသည်ဟု မစ္စတာတကာရှီက ပြောသည်။

¤င်းစနစ်သည် နိုင်ငံခြားသား ရင်းနှီုးမြှုပ်နှံသူများနှင့် အဖွဲ့အစည်းအလိုက် ရင်းနှီးမြှုပ်နှံ
သူများက ရန်ကုန်စတော့ အိတ်ချိန်းဈေးကွက်အတွင်း ပါဝင်နိုင်ရန် လုပ်ဆောင်ရမည်
ဖြစ်သည်ဟု ၄င်းက ဆိုသည်။ ထို့အတွက် မြန်မာနိုင်ငံ ငွေချေးသက်သေခံလက်မှတ်
လုပ်ငန်းကုမ္ပဏီ MSEC နှင့် ရန်ကုန်စတော့အိတ်ချိန်း YSX တို့က ထိုစနစ်တစ်ရပ်
ပေါ်ပေါက်လာရေးအတွက် ပူးပေါင်းဆောင်ရွက်လျက်ရှိသည်ဟု ၄င်းက ပြောသည်။

''ပြည်တွင်းစတော့ဈေးကွက်က နိုင်ငံခြားက ရင်းနှီးမြှုပ်နှံသူကြီးတွေပါဝင်မှု ရှိမလာသမျှ
ဈေးကွက်က အေးစက်မှု ဖြစ်နေမှာပဲ။ ပြည်တွင်း တစ်ဦးတစ်ယောက်ချင်း ရင်းနှီးမြှုပ်နှံသူ
ဆိုတာ ပမာဏအများအပြားကို ရင်းနှီးမြှုပ်နှံမှု ထည့်ဝင်ဖို့ဆိုတာ မဖြစ်နိုင်ဘူး။ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေ ဝင်ဖို့ဆိုတာက ကုမ္ပဏီဥပဒေကို ပြင်ဆင်ဖို့ လုပ်ရဦးမယ်''ဟု မြန်မာနိုင်ငံ စတော့အိတ်ချိန်း စာရင်းကုမ္ပဏီအဖြစ် ဝင်ရောက်လျာထားသည့် မြန်မာ့လယ်ယာ
စီးပွားအများပိုင်ကော်ပိုရေး MAPCO ၏ အုပ်ချုပ်မှုဒါရိုက်တာ ဦးရဲမင်းအောင်က
မြန်မာတိုင်း(မ်)ကို ပြောထားသည်။

မြန်မာနိုင်ငံသည် လက်ရှိတည်ဆဲဥပဒေဖြစ်သော မြန်မာနိုင်ငံကုမ္ပဏီများ အက်ဥပဒေအရနိုင်ငံခြားသားရင်းနှီးမြှုပ်နှံသူများ၏ အစုရှယ်ယာပိုင်ဆိုင်မှု ပါဝင်လျှင် နိုင်ငံခြားကုမ္ပဏီအဖြစ် သတ်မှတ်သည်။ ထို့အတွက် ပြည်တွင်းရှိ စတော့အိတ်ချိန်းစာရင်းကုမ္ပဏီများ
အနေဖြင့် နိုင်ငံခြားသားများကိုစုရှယ်ယာ ရောင်းချရန် အခက်အခဲရှိနေခြင်းဖြစ်သည်။

ထို့အတွက် အစိုးရအဖွဲ့သည် ကုမ္ပဏီများ ဥပဒေကို အသစ်ပြန်လည်ပြဋ္ဌာန်းနိုင်ရန်အတွက်
လုပ်ဆောင်နေလျက်ရှိပြီး ပြည်ထောင်စုလွှတ်တော်သို့ တင်ပြထားသည်။ တင်ပြထားသည့် ဥပဒေတွင် ကုမ္ပဏီတစ်ခုတွင် နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံသူများကို ၃ဝ ရာခိုင်နှုန်းအထိ
ဝင်ရောက်မြှုပ်နှံခွင့် ပြုထားသည်။

လက်ရှိတွင် စတော့ဈေးကွက်အတွင်း အရောင်းအဝယ်ပြုလုပ်ရန်အတွက် စာရင်းဖွင့်လှစ်ထားသည့် စုစုပေါင်းအရေအတွက်သည် သုံးသောင်းနီးပါးသာ ရသည်။ ၄င်းပမာဏသည်
မြန်မာနိုင်ငံ လူဦးရေနှင့်နှိုင်းယှဉ်ပါက သုည ဒသမ သုညငါး ရာခိုင်နှုန်းသာရှိသဖြင့် လွန်စွာနည်းပါးလွန်းသည့် အရေအတွက် ဖြစ်နေသည်။

ထို့အတူ ၄င်းစာရင်းများသည် အဖွဲ့အစည်းဖြင့် ရင်းနှီးမြှုပ်နှံမည့်သူများ မပါဝင်ဘဲ တစ်ဦးချင်း ရင်းနှီးမြှုပ်နှံသူများက ဖွင့်လှစ်ထားသည့် စာရင်းများသာ ဖြစ်နေသည်။

မြန်မာနိုင်ငံတွင် ရန်ကုန်စတော့အိတ်ချိန်းကို ၂ဝ၁၅ ခုနှစ်၊ ဒီဇင်ဘာလကပင် ထူထောင်နိုင်ခဲ့ပြီး လက်ရှိအချိန်အထိ စာရင်းဝင်ကုမ္ပဏီ လေးခုသာ ရှိသည်။ အာဆီယံအိမ်နီးချင်းနိုင်ငံများဖြစ်သော လာအိုနှင့် ကမ္ဘောဒီးယားနိုင်ငံတွင်ပင် စာရင်းဝင်ကုမ္ပဏီအရေအတွက်
ငါးခုရှိထားသည်။ ဗီယက်နမ်နိုင်ငံတွင်မူ ကုမ္ပဏီ ၆၉၅ ခု စာရင်းဝင်ဖြစ်ထားပြီး
ထိုင်းစတော့အိတ်ချိန်းတွင်မူ ကုမ္ပဏီ ၇၃၁ ခုရှိနေသည်။

''အခြားနိုင်ငံတွေကို ကြည့်မယ်ဆိုရင် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေကို ခွင့်ပြုထားပါတယ်။ ဒါ့ပြင် ဘဏ်၊ အာမခံလုပ်ငန်းလို အဖွဲ့အစည်းတွေက စတော့ဈေးကွက်မှာ တက်တက်ကြွကြွပါဝင်နေကြတာ ဖြစ်ပါတယ်''ဟု ၄င်း မစ္စတာတကာရှီတကာဟာရှီကပြောသည်။

လက်ရှိတွင် စတော့ဈေးကွက်အတွင်း ၌ ပထမမြန်မာရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီလီမိတက် (FMI) ၏ အစုရှယ်ယာတစ်စုလျှင် ကျပ် ၁၅,ဝဝဝ၊ မြန်မာသီလဝါ အက်စ်အီးဇက်ဟိုးဒင်း
ပလက်ကုမ္ပဏီလီမိတက် (MTSH) သည် တစ်စုလျှင် ကျပ် ၃,၈၅ဝ၊ မြန်မာနိုင်ငံသားများဘဏ် (MCB Bank) ၏ အစုရှယ်ယာသည် ကျပ် ၉,၂ဝဝ နှင့် ပထမမြန်မာပုဂ္ဂလိကဘဏ် (FPB Bank) ၏ အစုရှယ်ယာတစ်စုသည် ကျပ် ၂၄,ဝဝဝ ဈေးများဖြင့် ပေါက်လျက်ရှိသည်။

၎င်းတန်ဖိုးများသည် မူလရှယ်ယာ တန်ဖိုးအောက် ပထမမြန်မာရင်းနှီးမြှုပ်နှံမှုကုမ္ပဏီ
လီမိတက် (FMI)သည် ကျပ်တစ်သောင်းဝန်းကျင်၊ မြန်မာသီလဝါအက်စ်အီးဇက်ဟိုးဒင်း
ပလက်ကုမ္ပဏီလီမိတက် (MTSH)သည် ကျပ် ၁၅ဝ နှင့် ပထမမြန်မာပုဂ္ဂလိကဘဏ်
(FPB Bank) သည် ကျပ် ၅,ဝဝဝ ဖြင့် အသီးသီးကျဆင်းနေသည်။

Credit: Myanmar Times

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဘရူနိုင်းဘုရင်က နယူးယောက်မြို့၏ နာမည်ကျော် Pierre ဟိုတယ်ကြီးကို ဝယ်ယူရန် ညှိနှိုင်းနေကြောင်း သတင်းများထွက်ပေါ်လာ...
ဘရူနိုင်းဘုရင်က နယူးယောက်မြို့၏ နာမည်ကျော် Pierre ဟိုတယ်ကြီးကို ဝယ်ယူရန် ညှိနှိုင်းနေကြောင်း သတင်းများထွက်ပေါ်လာ...
လက်ပွားမင်းသားဟု လူသိများသော ဘောလိဝုဒ်ကြယ်ပွင့် ရီသစ်ရိုရှန်နှင့် ဖခင်ဖြစ်သူ ရုပ်ရှင်ဒါရိုက်တာ ရာကက်ရှ် ရိုရှန်တို့က မွမ်ဘိုင်းမှ တိုက်ခန်း ၃ ခန်းကို ရောင်းချ...
လက်ပွားမင်းသားဟု လူသိများသော ဘောလိဝုဒ်ကြယ်ပွင့် ရီသစ်ရိုရှန်နှင့် ဖခင်ဖြစ်သူ ရုပ်ရှင်ဒါရိုက်တာ ရာကက်ရှ် ရိုရှန်တို့က မွမ်ဘိုင်းမှ တိုက်ခန်း ၃ ခန်းကို ရောင်းချ...
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရောင်းချကာ သမီးအား ဒေါ်လာ ၁ သန်းပေးခဲ့ပုံ...
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရောင်းချကာ သမီးအား ဒေါ်လာ ၁ သန်းပေးခဲ့ပုံ...
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယူမွမ်းမံလျက်ရှိပုံ...
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယူမွမ်းမံလျက်ရှိပုံ...
ပြင်သစ်နိုင်ငံ၊ Amboise မြို့ရှိ စားသောက်ဆိုင်တစ်ခုမှာ ကြိုတင်စာရင်းပေးထားသည့် လူဦးရေအတိုင်း မရောက်လာပါက တစ်ဦးလျှင် ၁၅ ယူရို (၁၇ ဒသမ ၂၇ ဒေါ်လာ) ဒဏ်ကြေးကောက်ခံမှု လူမှုကွန်ရက်တွင် နာမည်ကြီး...
ပြင်သစ်နိုင်ငံ၊ Amboise မြို့ရှိ စားသောက်ဆိုင်တစ်ခုမှာ ကြိုတင်စာရင်းပေးထားသည့် လူဦးရေအတိုင်း မရောက်လာပါက တစ်ဦးလျှင် ၁၅ ယူရို (၁၇ ဒသမ ၂၇ ဒေါ်လာ) ဒဏ်ကြေးကောက်ခံမှု လူမှုကွန်ရက်တွင် နာမည်ကြီး...
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး သေဆုံးပေးရ...
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး သေဆုံးပေးရ...
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီး လူမှုကွန်ရက်သုံးစွဲသူများ များစွာသဘောကျလျက်ရှိ...
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီး လူမှုကွန်ရက်သုံးစွဲသူများ များစွာသဘောကျလျက်ရှိ...
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြောင်း လတ်တလောတွင် သတင်းကြီးနေ...
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြောင်း လတ်တလောတွင် သတင်းကြီးနေ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက မိန်းကလေးများ မိမိကို စိတ်ဝင်စားစေရန်အတွက် အိမ် ၂ လုံးပိုင်ကြောင်း လည်ပင်းတွင် ဆိုင်းဘုတ်ဆွဲကာ လူစည်ကားသည့် ပွဲတော်သို့ သွားခဲ့ပုံမှာ ပြည်မကြီးတွင် သတင်းကြီးနေ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက မိန်းကလေးများ မိမိကို စိတ်ဝင်စားစေရန်အတွက် အိမ် ၂ လုံးပိုင်ကြောင်း လည်ပင်းတွင် ဆိုင်းဘုတ်ဆွဲကာ လူစည်ကားသည့် ပွဲတော်သို့ သွားခဲ့ပုံမှာ ပြည်မကြီးတွင် သတင်းကြီးနေ...
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင့် နှစ်ဦးသဘောတူ လဲလှယ်ရန် စီစဉ်...
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင့် နှစ်ဦးသဘောတူ လဲလှယ်ရန် စီစဉ်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
ထရမ့်က အခွန်တိုးမြှင့်ကောက်ခံနေမှုများကြောင့် ကမ္ဘာ့စီးပွားရေး ကသောင်းကနင်းဖြစ်နေချိန်တွင် အမေရိကန်မှ နေအိမ်ဝယ်လက်တို့က
ထရမ့်က အခွန်တိုးမြှင့်ကောက်ခံနေမှုများကြောင့် ကမ္ဘာ့စီးပွားရေး ကသောင်းကနင်းဖြစ်နေချိန်တွင် အမေရိကန်မှ နေအိမ်ဝယ်လက်တို့က
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service