၂၀၁၂ ကစတင်၍ တောင်သူများ လယ်ယာဖွံ့ဖြိုးရေးဘဏ်သို့ စိုက်ပျိုးစ ရိတ်ချေးငွေ ပြန်မပေးဆပ်နိုင်ကြဘဲ လေးနှစ်အတွင်း ၂၀၁၂-၁၆ အထိ အြေ ကွးကျန်ငွေပမာဏ ကျပ် ၄၇ ဒသမ ၅၆ ဘီလီယံရှိကြောင်း သတင်းရရှိသည်။
ယင်းကြွေးကျန်စာရင်းသည် တစ်နိုင်ငံလုံး အတိုင်းအတာ စာ ရင်းဖြစ်ပြီး ၂၀၁၁ အထိ စိုက်ပျိုး စရိတ်ချေးငွေများကို တောင်သူ အားလုံး အချိန်မီ ပြန် လည် ပေး ဆပ်နိုင်သော်လည်း ၂၀၁၂ က စတင်ကာ တောင်သူအချို့ စိုက် ပျိုးစရိတ်ချေးငွေ ပြန်လည်မပေး ဆပ်နိုင်ကြတော့ပေ။
လယ်ယာဖွံ့ဖြိုးရေးဘဏ် အထွေထွေမန်နေဂျာ ဦးစိန်လှ ထွန်းက ‘‘၂၀၁၁ အထိ တောင်သူ တွေက အကြွေးတွေ အကုန်ပြန် ပေးနိုင်ကြတယ်။ အြေ ကွးတင် လာတာက ၂၀၁၂ ကနေ စပြီး တော့ပါ။ အဲဒီကတည်းက တင် တဲ့အကြွေး အခု စိတ်ရှည်လက် ရှည်နဲ့ တောင်းလို့ ဒီလောက်ပဲ ကြွေးကျန် ရှိေ တာ့တာ။ ၂၀၁၂ က အကြွေးတွေ အခုအထိကို အကုန်မရသေးဘူး’’ဟု ပြော သည်။
ဘဏ်၏ လုပ်ထုံးလုပ်နည်း အရ အကြွေးအကျေ ပြန်ဆပ်မှ ချေးငွေ ထပ်မံ ထုတ်ပေးနိုင်မည် ဖြစ်၍ တောင်သူနှင့် ဘဏ် နှစ်ဦး နှစ်ဖက် အဆင်ပြေစေ ရန် ချေးငွေ ကို အချိန်မှန်ပြန်ဆပ်ရန် လိုအပ် ကြောင်း ၎င်းက ဆိုသည်။
တိုင်းနှင့်ပြည်နယ်များအလိုက် တွက်ချက်ထားသည့် စာရင်းများအ ရ ချေးငွေ အများဆုံး ပြန်လည်ပေးဆပ်ရန် ကျန်ရှိသည့် တောင်သူများသည် စစ်ကိုင်း တိုင်းနှင့် ဧရာဝတီတိုင်းဒေသကြီး ဖြစ်သည်ဟု ဘဏ်က သတင်းရရှိ သည် ။တောင်သူများသည် သဘာဝ ဘေးအန္တရာယ်ဖြစ်သည့် ရာသီဥတုဖောက်ပြန်ြ ခင်း၊ မိုးကြီး၊ ရေကြီး၊ ပိုးကျခြင်း၊ မိုးခေါင်ခြင်း အစရှိသည်တို့ကြောင့် ငွေကြေး အဆပ်မပြေဖြစ်ကာ ပြန်မဆပ်နိုင်ကြခြင်းဖြစ်သည်ဟု ဦးစိန်လှထွန်းက ဆို သည်။
ပဲခူးတိုင်းအနောက်ပိုင်း ဆင်မြီးဆွဲမြို့နယ် နှုန်းတင်ကျေးရွာ ဒေသခံေ တာင် သူတစ်ဦးဖြစ်သည့် ဒေါ်ဌေးဌေးက ‘‘ဘဏ်ချေးငွေ မဆပ်နိုင်တဲ့ တောင် သူတွေ ရှိရင် ရွာကလူကြီးတွေက သူဌေးတစ်ဦး ဆီကနေ အာမခံနဲ့ယူပြီး စိုက်ဆပ် ပေးတယ်။ အဲဒီလိုတော့ရှိတယ်၊ ဒီမှာက စပါးဈေးမတက်ဘဲ ကျန်တဲ့ စိုက်ပျိုးစရိတ်တွေ များလာ တော့ တောင်သူတွေ အရင်လိုပြေ ပြေလည် လည်တော့မရှိကြတော့ ဘူး’’ဟု ပြောသည်။
လယ်ယာစိုက်ပျိုးရေးဘဏ်သည် စပါးမှအပ ကျန်သီးနှံစိုက်ပျိုးမှုအတွက် စိုက်စရိတ်ချေးငွေ ကို ယခုနှစ် သီးနှံစိုက်ပျိုးချေးငွေ ပေးချိန်ကစတင်၍ ကျပ်နှစ်သောင်းမှ ငါးသောင်းအထိ တိုးမြှင့်ချေး ပေးနေကြောင်း ဦးစိန်လှသောင်းထံမှ သိရသည်။
လယ်ယာဖွံ့ဖြိုးရေးဘဏ်က မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေ ကို မေလမှ စက် တင်ဘာအတွင်း ထုတ်ချေးပေးနေပြီး ယင်းကာလ ချေးငွေအတွက် ဩဂုတ် တွင် အ ကြွေးပြန်လည်ပေးဆပ်ရမည်ဖြစ် သည်။
ဆောင်းရာသီစိုက်ပျိုးသီးနှံအတွက် စိုက်ပျိုးစရိတ်ချေးငွေကို အောက်တိုဘာမှ ဒီဇင်ဘာအတွင်း ထုတ်ချေးပေးနေပြီး ယင်း ကာလ ချေးငွေအတွက် နောက် ဆုံးပြန်ဆပ်ရမည့်ကာလသည် ဇွန်လကုန်ဖြစ်သည်။ မိုးကြိုရာသီ စိုက်ပျိုးသီးနှံ အတွက် ဇန်နဝါရီမှမတ်လအတွင်း ချေးငွေထုတ်ချေးပေးနေပြီး ယင်းချေးငွေ အတွက် နောက်ဆုံး ပြန်ဆပ်ရမည့် ကာလသည် ဖေဖော်ဝါရီ လကုန်ဖြစ် သည်။ ချေးငွေကို စပါးတစ်ဧက လျှင် ကျပ်တစ်သိန်းခွဲ၊ ချက်ကြံ တစ်ဧကလျှင် ကျပ်တစ်သိန်းနှင့် ကျန်သီးနှံများအတွက် ကျပ်ငါးသောင်း ထုတ်ချေးပေးနေ ပြီး ငွေတစ်ရာ လျှင် တစ်နှစ်အတွက် အတိုးငွေ ရှစ်ကျပ်ဖြစ်သည်။
Credit: 7DayDaily