ကျန်စစ်မင်းအိမ်ရာ တိုက်ခန်းများ ရောင်းချပေးခြင်း မရှိဟုဆို

ကျန်စစ်မင်းအိမ်ရာ တိုက်ခန်းများ ရောင်းချပေးခြင်း မရှိဟုဆို - Property News in Myanmar from iMyanmarHouse.com
20 Jul 2017 9:48 am တွင် တင်ခဲ့သည်
2155 ကြိမ် ကြည့်ရှု့ပြီး
လှိုင်သာယာမြို့နယ်တွင် တည်ဆောက်လျက်ရှိသည့် ကျန်စစ်မင်းအိမ်ရာ စီမံကိန်းမှ တိုက်ခန်းများကို ဝယ်ယူနိုင်ပြီ ဆိုသည့်သတင်းများ ထွက်ပေါ်နေပြီး ယခုအချိန်အထိ တစ်စုံတစ်ယောက်ကိုမျှ ရောင်းချပေးခြင်း မရှိသေးကြောင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနထံမှ သိရသည်။

ကျန်စစ်မင်းအိမ်ရာမှ တိုက်ခန်းများကို ၂၀၁၄ ခုနှစ်မှစတင်ပြီး သုံးနှစ် စီမံကိန်းဖြင့် ဆောက်လုပ်လျက်ရှိပြီး တည်ဆောက်မှုကာလ မပြီးသေးသော်လည်း အချို့ ပွဲစားဆိုသူများက ဝယ်ယူလိုသူများကို ဝယ်ယူခွင့်ရရှိစေရန် ဆောင်ရွက်ပေးမည်ဟုဆိုကာ လိမ်လည်မှုများ ဖြစ်ပေါ်လျက်ရှိကြောင်း လှိုင်သာယာမြို့နယ်နေ ဒေသခံပြည်သူများထံမှ စုံစမ်း သိရသည်။

ယခုလက်ရှိတွင် မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေး ဦးစီးဌာနမှ ကျန်စစ်မင်းအိမ်ရာ တည်ဆောက်နေသည့် နေရာတွင် အဖွဲ့အစည်းများနှင့် မည်သူ့ကိုမျှ ရောင်းချထားခြင်း မရှိသေးကြောင်းဆိုသည့် ဆိုင်းဘုတ်များကို အများပြည်သူ သိရှိစေရန် စိုက်ထူထားကြောင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနထံမှ အကြီးတန်း အရာရှိတစ်ဦးက ပြောကြားသည်။

“ကျန်စစ်မင်းအိမ်ရာက လက်ရှိ အချိန်ထိ အရောင်း မဖွင့်သေးပါဘူး။ မြို့နယ် အုပ်ချုပ်ရေးမှူးရုံးမှာ စာတင်လို့ရတယ်ဆိုတာက ဝယ်ယူချင်တဲ့သူတွေ အနေနဲ့ စာရင်းပေးထားလို့ ရတာကို ပြောတာပါ။ မရောင်းသေးပါဘူး။ ရောင်းချမယ် ဆိုရင်လည်း အများပြည်သူ သိအောင် ကြေညာပြီးမှ ရောင်းချမှာပါ”ဟု ၎င်းက ဆိုသည်။

ကျန်စစ်မင်း အိမ်ရာစီမံကိန်းကို အပိုင်း ၃ ပိုင်းခွဲကာ တန်ဖိုးနည်း၊ တန်ဖိုးလတ် တိုက်ခန်းပေါင်း ၃၀ဝ၀ ကျော်ကို ရောင်းချမည်ဖြစ်ကြောင်းနှင့် လက်ရှိတွင် အပိုင်း ၁ တစ်ခုသာ ပြီးစီးပြီဖြစ်သော်လည်း အပိုင်း ၂ နှင့် ၃ ကို ဆောက်လုပ်လျက်ရှိရာ ၂၀၁၇ ခုနှစ် နိုဝင်ဘာလတွင် ပြီးစီးရန် မျှော်မှန်းထားကြောင်းနှင့် တိုက်ခန်းဈေးနှုန်းများကို မသတ်မှတ်ရသေးကြောင်း မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီး ဌာနထံမှ သိရသည်။

“ဆိုက်ကားသမားက အစပြောတယ်။ ဒီမှာ တိုက်ခန်း ဝယ်ချင်ရင်ပြော သူတို့ ဆက်ပေးလို့ရတယ်။ ဘယ်အခန်း လိုချင်လဲ ဆိုပြီးပြောနေတာတွေ ရှိတယ်။ မြို့နယ် အုပ်ချုပ်ရေးရုံးမှာ စာတင်ပြီး ဝယ်လို့ ရတယ်ပြောတယ်။ တချို့ နယ်ကသူတွေ ဘာမှမသိတော့ တကယ် ထင်ကြပြီး ပွဲစားတွေဆီမှာ အလိမ်ခံရတာတွေ ရှိတယ်”ဟု လှိုင်သာယာမြို့နယ် ၈ ရပ်ကွက်နေ ဒေါ်ဇာခြည်လင်းက ဆိုသည်။

Credit: The Voice

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဘရူနိုင်းဘုရင်က နယူးယောက်မြို့၏ နာမည်ကျော် Pierre ဟိုတယ်ကြီးကို ဝယ်ယူရန် ညှိနှိုင်းနေကြောင်း သတင်းများထွက်ပေါ်လာ...

လက်ပွားမင်းသားဟု လူသိများသော ဘောလိဝုဒ်ကြယ်ပွင့် ရီသစ်ရိုရှန်နှင့် ဖခင်ဖြစ်သူ ရုပ်ရှင်ဒါရိုက်တာ ရာကက်ရှ် ရိုရှန်တို့က မွမ်ဘိုင်းမှ တိုက်ခန်း ၃ ခန်းကို ရောင်းချ...

[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရောင်းချကာ သမီးအား ဒေါ်လာ ၁ သန်းပေးခဲ့ပုံ...

ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယူမွမ်းမံလျက်ရှိပုံ...

ပြင်သစ်နိုင်ငံ၊ Amboise မြို့ရှိ စားသောက်ဆိုင်တစ်ခုမှာ ကြိုတင်စာရင်းပေးထားသည့် လူဦးရေအတိုင်း မရောက်လာပါက တစ်ဦးလျှင် ၁၅ ယူရို (၁၇ ဒသမ ၂၇ ဒေါ်လာ) ဒဏ်ကြေးကောက်ခံမှု လူမှုကွန်ရက်တွင် နာမည်ကြီး...

မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး သေဆုံးပေးရ...

တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီး လူမှုကွန်ရက်သုံးစွဲသူများ များစွာသဘောကျလျက်ရှိ...

အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြောင်း လတ်တလောတွင် သတင်းကြီးနေ...

တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက မိန်းကလေးများ မိမိကို စိတ်ဝင်စားစေရန်အတွက် အိမ် ၂ လုံးပိုင်ကြောင်း လည်ပင်းတွင် ဆိုင်းဘုတ်ဆွဲကာ လူစည်ကားသည့် ပွဲတော်သို့ သွားခဲ့ပုံမှာ ပြည်မကြီးတွင် သတင်းကြီးနေ...

စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင့် နှစ်ဦးသဘောတူ လဲလှယ်ရန် စီစဉ်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ

မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု

စီရော်နယ်ဒိုကို ဖြတ်ကျော်ကာ သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံလိုက်ရသူ လီယိုနယ် မက်ဆီ၏ M ပုံသဏ္ဍာ

ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်

iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ

တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင

[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်

ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်

ဗြိတိန်ဝန်ကြီးချုပ် ဝင်စတန်ချာချီမွေးဖွားခဲ့သော အိမ်တော်တွင် ထားရှိသည့် ဒေါ်လာ ၆ ဒသမ ၄ သန်းတန် ဘိုထိုင်ရွှေအိမ်သာကြီး ခိ

ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service