ထိုင်း ဆောက်လုပ်ရေး လုပ်ငန်းကုမ္ပဏီ Ch Karnchang က
ယခုအခါ မြန်မာအပါအ၀င် CLMV နိုင်ငံတွေမှာ အထူးအ
လေးထားပြီး ရင်းနှီးမြှုပ်နှံမှုတွေ ချဲ့ထွင်လုပ်ဆောင်သွား
လိုနေတယ်ဆိုပြီး ထုတ်ပြန်ပြောကြားသွားပါတယ်။
အလားတူ လက်ရှိအချိန်မှာ လာအိုနဲ့ မြန်မာတို့ကို အထူးအလေး
ထားပြီးတော့ နိုင်ငံရပ်ခြား ရင်းနှီးမြှုပ်နှံမှုတွေ ဆက်လက်တိုးချဲ့
လုပ်ဆောင်ဖို့ ရှိနေတယ်လို့လည်း ဆိုပါတယ်။
မြန်မာနိုင်ငံမှာ လုပ်ဆောင်မယ့် ရင်းနှီးမြှုပ်နှံမှုတွေမှာတော့
ဆောက်လုပ်ရေးဆိုင်ရာ အခြေခံအဆောက်အအုံပိုင်းနဲ့ လျှပ်စစ်
ကဏ္ဍမှာ အထူးအလေးထားလုပ်ဆောင်ဖို့ ရှိတယ်လို့ ကုမ္ပဏီရဲ့
စီအီးအို Supamas Trivisvavet က ပြောပါတယ်။
အလားတူ ကုမ္ပဏီအနေနဲ့ လာအိုနိုင်ငံမှာလည်း ရေအားလျှပ်
စစ်စီမံကိန်းတွေမှာ ထပ်မံရင်းနှီးမြှုပ်နှံထားနိုင်ပြီး အောင်မြင်မှုတွေ
ရရှိထားနေပြီဆိုပြီးတော့လည်း ၎င်းက ပြောပါတယ်။
Ch Karnchang အနေနဲ့ ယမန်နှစ်က မြန်မာနိုင်ငံမှာ ယင်းရဲ့
ပထမဆုံးသော စီမံကိန်းရင်းနှီးမြှုပ်နှံမှုအဖြစ် ဘုံဘိုင်ရေ သန့်စင်မှု
စက်ရုံလုပ်ငန်း စီမံကိန်းမှာ လုပ်ဆောင်ထားနိုင်ခဲ့ပြီးနောက် ယခုအခါ
နောက်ထပ် တိုးချဲ့မှုတွေ လုပ်ဆောင်ဖို့ ရည်ရွယ်စဉ်းစားနေ
တာဖြစ်ပါတယ်။
" မြန်မာနိုင်ငံမှာဆိုရင် အခြေခံအဆောက်အအုံ စီမံကိန်းတွေနဲ့
လျှပ်စစ်ထုတ်လုပ်ငန်းတွေနဲ့ပတ်သက်တဲ့ တည်ဆောက်မှုတွေမှာ
ဆက်လက်အလေးထားလုပ်ဆောင်သွားမှာဖြစ်ပါတယ်၊ ဒါတွေနဲ့
ပတ်သက်လို့ ခုချိန်မှာတော့ လေ့လာဆန်းစစ်ဆဲ အဆင့်မှာပဲ ရှိပါသေး
တယ်၊ ဒါပေမယ့်အဲဒီ အခြေခံအဆောက်အအုံတည်ဆောက်ရေး
လုပ်ငန်းအတွက် တတ်နိုင်သမျှ အမြန်ဆုံးလုပ်ပိုင်ခွင့် ရမယ်လို့လည်း
မျှော်မှန်းထားပါတယ်" လို့ Supamas က ပြောသွားပါတယ်။
Credit: SFJ Strategy First