ဆာဘိုးသာ ခြံတွင်းနေသူများကို ကျူးကျော်အဖြစ်မှ ပယ်ဖျက်

ဆာဘိုးသာ ခြံတွင်းနေသူများကို ကျူးကျော်အဖြစ်မှ ပယ်ဖျက် - Property News in Myanmar from iMyanmarHouse.com
18 Jul 2017 9:42 am တွင် တင်ခဲ့သည်
3929 ကြိမ် ကြည့်ရှု့ပြီး
နှစ်ပေါင်း ၆၀ နီးပါး နေထိုင်ခဲ့သော ဗဟန်းမြို့နယ် ဆာဘိုးသာခြံတွင်း နေထိုင်သည့် အိမ်ထောင်စု ၃၇၃ စုကို ကျူးကျော်အဖြစ်မှ ပယ်ဖျက်လိုက်ကြောင်း ဗဟန်းမြို့နယ် မဲဆန္ဒနယ် အမှတ် ၂ မှ
တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးသောင်းထွဋ်က
ပြောကြားသည်။

ရန်ကုန်တိုင်း လွှတ်တော် အရေးပေါ် အစည်းအဝေး လုပ်သည့် ဇူလိုင် ၁၃ ရက်က ဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ တွေ့ဆုံစဉ် ဆာဘိုးသာခြံနေထိုင်သူများနှင့်ပတ်သက်၍ မေးမြန်းခဲ့ရာ ဝန်ကြီးချုပ်က ၎င်းတို့ကို ကျူးကျော်အဖြစ်မှ ပယ်ဖျက်ပြီး ဆက်လက် နေထိုင်ခွင့်ပြုသည်ဟု ပြောကြားခဲ့ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

“တိုင်းအရေးပေါ် အစည်းအဝေးမှာ ဝန်ကြီးချုပ်နဲ့ သွားတွေ့ပြီး တွေ့ဆုံဆွေးနွေးတော့ ကျူးအဖြစ် မသတ်မှတ်တော့ဘူး။ နေထိုင်တဲ့သူတွေက နေလာတာ နှစ်တွေလည်း ကြာလာပြီ။ ဒီနေရာတွေမှာ နေထိုင်သူတွေ အနေနဲ့ရော ပြည်သူတွေ အနှောင့်အယှက်ဖြစ်မှာ မလိုလားတဲ့အတွက် အဲဒီနေရာမှာပဲ အရင်လို ငြိမ်းချမ်းစွာ နေထိုင်ခွင့် ပေးလိုက်ပါတယ်”ဟု ဦးသောင်းထွဋ်က ဆိုသည်။

ဇွန်လ ၁၂ ရက်နှင့် ၁၃ ရက်တွင် ဗဟန်းမြို့နယ်ရှိ တောင်တွင်းကြီးကျောင်းတိုက်၌ ကျူးကျော် အသိအမှတ်ပြု စမတ်ကတ် ထုတ်ပေးခဲ့သော်လည်း ဆာဘိုးသာ ခြံတွင်းနေသူများက ကျူးကျော်မဟုတ်သောကြောင့် လာရောက် မထုတ်ယူသည့်အတွက် ဇွန်လ ၁၃ ရက်တွင် စာရင်း ကောက်ယူမှု ရပ်ဆိုင်းခဲ့ရသည်။

“အိမ် တစ်အိမ် ပြောင်းမယ်ဆိုရင် မိသားစုတစ်ခုလုံး ဘဝအသစ်က ပြန်စရမှာပါ။ ဆာဘိုးသာခြံနေထိုင်သူတွေကို သူဌေးကလည်း အေးအေးချမ်းချမ်း ဆက်လက်နေထိုင်ခွင့် ပေးထားတယ်။ ရန်ကုန်တိုင်းဝန်ကြီးချုပ်ကလည်း ကျူးအဖြစ်က ပယ်ဖျက်ပေးပြီး နေထိုင်ခွင့်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်”ဟု ဆာဘိုးသာခြံတွင် နေထိုင်သူ ဦးဇော်ဇော်ကဆိုသည်။

Credit: The Voice

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဘရူနိုင်းဘုရင်က နယူးယောက်မြို့၏ နာမည်ကျော် Pierre ဟိုတယ်ကြီးကို ဝယ်ယူရန် ညှိနှိုင်းနေကြောင်း သတင်းများထွက်ပေါ်လာ...

လက်ပွားမင်းသားဟု လူသိများသော ဘောလိဝုဒ်ကြယ်ပွင့် ရီသစ်ရိုရှန်နှင့် ဖခင်ဖြစ်သူ ရုပ်ရှင်ဒါရိုက်တာ ရာကက်ရှ် ရိုရှန်တို့က မွမ်ဘိုင်းမှ တိုက်ခန်း ၃ ခန်းကို ရောင်းချ...

[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရောင်းချကာ သမီးအား ဒေါ်လာ ၁ သန်းပေးခဲ့ပုံ...

ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယူမွမ်းမံလျက်ရှိပုံ...

ပြင်သစ်နိုင်ငံ၊ Amboise မြို့ရှိ စားသောက်ဆိုင်တစ်ခုမှာ ကြိုတင်စာရင်းပေးထားသည့် လူဦးရေအတိုင်း မရောက်လာပါက တစ်ဦးလျှင် ၁၅ ယူရို (၁၇ ဒသမ ၂၇ ဒေါ်လာ) ဒဏ်ကြေးကောက်ခံမှု လူမှုကွန်ရက်တွင် နာမည်ကြီး...

မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး သေဆုံးပေးရ...

တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီး လူမှုကွန်ရက်သုံးစွဲသူများ များစွာသဘောကျလျက်ရှိ...

အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြောင်း လတ်တလောတွင် သတင်းကြီးနေ...

တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက မိန်းကလေးများ မိမိကို စိတ်ဝင်စားစေရန်အတွက် အိမ် ၂ လုံးပိုင်ကြောင်း လည်ပင်းတွင် ဆိုင်းဘုတ်ဆွဲကာ လူစည်ကားသည့် ပွဲတော်သို့ သွားခဲ့ပုံမှာ ပြည်မကြီးတွင် သတင်းကြီးနေ...

စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင့် နှစ်ဦးသဘောတူ လဲလှယ်ရန် စီစဉ်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ

[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း

တရုတ်ပြည်တွင် ပလုံကောက်သူ ဘဝမှ PhD ကျောင်းသားဖြစ်လာသော လူငယ်လေးတစ်ဦးအကြောင်း

[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်

ဗြိတိန်ဝန်ကြီးချုပ် ဝင်စတန်ချာချီမွေးဖွားခဲ့သော အိမ်တော်တွင် ထားရှိသည့် ဒေါ်လာ ၆ ဒသမ ၄ သန်းတန် ဘိုထိုင်ရွှေအိမ်သာကြီး ခိ

အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ

စီရော်နယ်ဒိုကို ဖြတ်ကျော်ကာ သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံလိုက်ရသူ လီယိုနယ် မက်ဆီ၏ M ပုံသဏ္ဍာ

အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး

ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက

[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service