ပြည်သူ့အိမ်ရာများကို မြန်မာနိုင်ငံဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းက ယခုနှစ်အတွင်း စတင်တည်ဆောက်မည်

ပြည်သူ့အိမ်ရာများကို မြန်မာနိုင်ငံဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းက ယခုနှစ်အတွင်း စတင်တည်ဆောက်မည် - Property News in Myanmar from iMyanmarHouse.com
17 Jul 2017 11:19 am တွင် တင်ခဲ့သည်
1272 ကြိမ် ကြည့်ရှု့ပြီး
ပြည်နယ်နှင့် တိုင်းအသီးသီးတွင် ပြည်သူ့အိမ်ရာများကို အစိုးရဦးစီးမှုဖြင့် ယခုနှစ်အတွင်း စတင်အကောင်အထည်ဖော် တည်ဆောက်သွားမည်ဟု မြန်မာနိုင်ငံ ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းမှ ဆောက်လုပ်ရေးလုပ်ငန်း ရှင်များက ပြောသည်။

"ပြည်သူ့အိမ်ရာလို့ အမည်ပေးထားတဲ့ တန်းဖိုးသင့်အိမ်ရာ တွေကို ယခုနှစ်အတွင်း စတင်ဆောက်လုပ်ပေးဖို့ အစိုးရနဲ့ ကျွန်တော်တို့ မြန်မာနိုင်ငံဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းတို့ စတင် ဆောင်ရွက်နေပါပြီ။ အိမ်ရာတွေကို အစိုးရက ဦးစီးအကောင်အထည်
ဖော်မှာဖြစ်ပြီး မြန်မာနိုင်ငံ ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်း က လုပ်ငန်းရှင်တွေကတည်ဆောက်ပေးသွားမှာ ဖြစ်ပါတယ်" ဟု မြန်မာနိုင်ငံ ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူ တစ်ဦးကပြောသည်။

ပြည်သူ့အိမ်ရာများ စတင်တည်ဆောက်ရန် လာမည့်နှစ်တွင် ပင်စင်ယူမည့် အစိုးရဝန်ထမ်းများ အရေအတွက်နှင့် ဝယ်ယူလိုရာ မြို့နယ်များကို စာရင်းကောက်ယူနေပြီး ယခုအချိန်တွင် စာရင်းကောက်ယူမှုများ တစ်ဝက်ပြီးစီးနေပြီဖြစ်ကြောင်း မြန်မာနိုင်ငံဆောက်လုပ်ရေး လုပ်ငန်းရှင်များအသင်းမှ ဦးကျော်ကျော်စိုးက ပြောသည်။

"ပြည်သူ့အိမ်ရာတွေအတွက် ပထမအဆင့်အနေနဲ့ ပင်စင်ယူတော့မယ့် ဝန်ထမ်းတွေကို လက်ရှိအချိန်မှာ စာရင်းကောက်ယူနေပါတယ်။ သူတို့ဘယ်နေရာမှာ အိမ်ဝယ်ချင်လဲဆိုတာကို အစိုးရကအဓိကထား စာရင်းကောက်နေပြီး ရလာတဲ့ရလဒ်တွေကို ပြည်ထောင်စုအစိုးရက တိုင်းဒေသကြီးအစိုးရနဲ့ ပြန်ညှိပါတယ်။ အခုအချိန်မှာတော့ စာရင်းကောက်နေတာ တစ်ဝက်လောက်တောင် ပြီးနေပါပြီ" ဟု ၄င်းက ပြော သည်။

စာရင်းကောက်ယူမှုများအရ ဖြေဆိုသူများ ဝယ်ယူလို သော မြို့နယ်များတွင် ပြည်သူ့အိမ်ရာများကို တည်ဆောက်သွားမည်ဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီးအစိုးရ ရေးဆွဲထားသော မြို့မြေအသုံးချမှုဇုန် (Town Plan) နှင့် ကိုက်ညီသော မြို့နယ်များတွင် အိမ်ရာများကို ဦးစားပေး တည်ဆောက်သွားမည်ဖြစ်ကြောင်း ၄င်းကပြောသည်။ ပြည်သူ့အိမ်ရာများကို မြန်မာနိုင်ငံဆောက်လုပ်ရေးလုပ်ငန်းရှင်များက ဆောက်လုပ်မည် ဖြစ်သော်လည်း ထိုအိမ်ရာများ တည်ဆောက်ခြင်းကို ဆောက်လုပ်ရေးဝန်ကြီးဌာနက ကြီးကြပ်မည်ဖြစ်ပြီး အိမ်ရာ ရောင်းချရေးများကိုလည်း အစိုးရကပင် တာဝန်ယူဆောင်ရွက်မည်ဖြစ်ကြောင်း ၄င်းကပြောသည်။

"ပြည်သူ့အိမ်ရာတွေ တည်ဆောက်ဖို့ ဆောက်လုပ်ရေး ဝန်ကြီးဌာနက ဦးစီးအကောင်အထည်ဖော်မှာပါ။ အိမ်ရာတွေ ရောင်းချဖို့ကိုလည်း အစိုးရကပဲ တာဝန်ယူပေးမှာပါ။ မြန်မာနိုင်ငံ ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းက ကန်ထရိုက်လုပ်ငန်းရှင်တွေက ဆောက်လုပ်ရေးလုပ်ငန်းကိုပဲ တာဝန်ယူမှာပါ" ဟု ဦးကျော်ကျော်စိုး က ပြောသည်။

အဆိုပါပြည်သူ့အိမ်ရာများကို အစိုးရ၏ ဘတ်ဂျက်ငွေကို မသုံးမပြုဘဲ တည်ဆောက်အကောင်အထည်ဖော်သွားမည်ဖြစ်ပြီး ဆောက်လုပ်ရေး လုပ်ငန်းရှင်များနှင့် အိမ်ရာဝယ်ယူမည့်သူများသည် ဘဏ်ချေးငွေကိုသာ အသုံးပြုရမည်ဖြစ်ကြောင်း ၄င်းက ပြောသည်။

"ဒီ ပြည်သူ့အိမ်ရာတွေကို အစိုးရရဲ့ ဘတ်ဂျက်နဲ့တည်ဆောက်မှာ မဟုတ်ပါဘူး။ မြန်မာ့စီးပွားရေးဘဏ်က အဓိက ငွေချေးပေးမှာ ဖြစ်ပါတယ်။ အစိုးရရဲ့ နိုင်ငံတကာ စီးပွားရေးထောက်ပံ့ငွေလည်း ပါမှာပါ။ အဲဒီ နိုင်ငံတကာချေးငွေက တစ်ဆင့် မြန်မာ့စီးပွားရေးဘဏ်နဲ့ ပုဂ္ဂလိကဘဏ်တွေကို ချေးပေးမှာဖြစ်ပြီး အဲဒီကနေတစ်ဆင့် ဆောက်လုပ်ရေးလုပ်ငန်းရှင်တွေနဲ့ အိမ်ရာဝယ်ယူလိုသူတွေကို ပြန်ချေးပေးမှာဖြစ်ပါတယ်" ဟု ၄င်းကပြောသည်။

ထိုပြည်သူ့အိမ်ရာများကို အများဆုံး ခြောက်ထပ်အထိ တည်ဆောက်သွားမည်ဖြစ်ကာ အိမ်ရာများမှာ တစ်ခန်းလျှင် စတုရန်း ပေ ၄၅၀ မှ ၆၀ဝ အထိ ကျယ်ဝန်းမည်ဖြစ်ပြီး တန်ဖိုးမှာလည်း တစ်ခန်းလျှင် ကျပ်သိန်း ၁၀ဝ မှ သိန်း ၂၀ဝ ကြားအတွင်း ရှိမည်ဖြစ်ကြောင်း ဦးကျော်ကျော်စိုးက ပြောသည်။

"ပြည်သူ့အိမ်ရာတွေက တည်နေရာ၊ အကျယ်အဝန်းနဲ့မြေ တွေပေါ် မူတည်ပြီး ဈေးနှုန်းတွေ ကွာခြားသွားမှာ ဖြစ်ပါတယ်။ တချို့ မြို့နယ်တွေမှာ အစိုးရက မြေပေးတယ်ဆိုရင် အိမ်ဈေးနည်းနည်း သက်သာမှာဖြစ်ပြီးတော့ မြေကိုပါ ဆောက်လုပ်ရေးလုပ်ငန်းရှင်က ဝယ်ယူရမယ်ဆိုရင် တိုက်ခန်းဈေးပါ နည်းနည်းထပ်မြင့်တက်သွားမှာ ဖြစ်ပါတယ်" ဟု ၄င်းက ပြောသည်။

ထို့ပြင် ထိုအိမ်ရာများရောင်းချရန် လက်ငင်းငွေချေရမည့် ငွေပမာဏ၊ အရစ်ကျ ငွေပေးသွင်းနိုင်သော နှစ်ကာလနှင့် အတိုးနှုန်း များနေဆဲဖြစ်ပြီး လက်ရှိဘဏ်အတိုးနှုန်း ၁၃ ရာခိုင်နှုန်းထက် လျော့နည်းစေရန် ဆွေးနွေးညှိနှိုင်းနေကြောင်း ဦးကျော်ကျော်စိုးက ပြောသည်။

"လက်ရှိအချိန်ထိ အိမ်ဝယ်ယူမယ့်သူတွေအနေနဲ Down Payment ဘယ်လောက်ပေးရမလဲဆိုတာကို ညှိနှိုင်းနေဆဲပါပဲ။ ၁၅ ရာခိုင်နှုန်းဖြစ်မလား၊ ၂၀ ရာခိုင်နှုန်း ဖြစ်မလားတော့ သေချာမသိသေးဘူး။ နိုင်ငံတကာ ချေးငွေပေါ်မူတည်ပြီးတော့ အိမ်ဝယ်သူတွေကို ချေးပေးမယ့် အရစ်ကျကာလကလည်း ၁၀ နှစ်နဲ့ ၁၅ နှစ် ဘာဖြစ်မလဲ ဆွေးနွေးနေဆဲပါပဲ။ အတိုးနှုန်းကလည်း လက်ရှိဘဏ်တိုး ၁၃ ရာခိုင် နှုန်းက နှစ်ရှည် အိမ်ရာဝယ်မယ့်သူတွေအတွက်ဆိုများလို့ အဲဒီထက် လျှော့ပေးနိုင်ဖို့ အတတ်နိုင်ဆုံး ညှိနှိုင်းဆောင်ရွက်နေကြပါတယ်။ အတိုးနှုန်းကိုလျှော့ချပြီး နှစ်ရှည်စနစ်နဲ့ ငွေချေးနိုင်မယ်ဆိုရင် တစ်လ တစ်လ သွင်းရတဲ့ ငွေပမာဏက လျော့သွားမှာပါ"ဟု ၄င်းက ပြောသည်။

ယခုနှစ်အတွင်း စတင်ဆောက်လုပ်မည့် အဆိုပါ ပြည်သူ့ အိမ်ရာများကို တည်ဆောက်မည့် မြို့နယ်နှင့် မြေအမျိုးအစားအပေါ် မူတည်ကာ Precast စနစ်၊ှSteel Structure စနစ်နဲ့ RC စနစ်များ ဖြင့် ဆောက်လုပ်သွားမည်ဖြစ်ကြောင်း ၄င်းကပြောသည်။

ပြည်သူ့အိမ်ရာများကို ရန်ကုန်မြို့တော်တွင်သာမက မန္တလေး၊ နေပြည်တော်နှင့် အခြားပြည်နယ်နှင့် တိုင်းအသီးသီးရှိ မြို့တော်များတွင်လည်း ဆောက်လုပ်ရန်လျာထားပြီး လက်ရှိအချိန်တွင် အစိုးရရုံး စိုက်ရာ နေပြည်တော်တွင် စတင်ဆောက်လုပ်ရန် ဆောင်ရွက်နေပြီဖြစ်ကြောင်း ဦးကျော်ကျော်စိုးက ပြောသည်။

"လူဦးရေ ထူထပ်နေပြီး အိမ်ရာလိုအပ်ချက်များနေတဲ့ မြို့တော်တွေမှာတော့ ပြည်သူ့အိမ်ရာတွေကို အဓိကထား တည်ဆောက်သွားမှာဖြစ်ပါတယ်။ လက်ရှိနေပြည်တော်မှာ ပြည်သူ့အိမ်ရာတည်ဆောက်ဖို့ ဆောက်လုပ်ရေးလုပ်ငန်းတွေပါ စတင်ဆောင်ရွက်နေပါပြီ။ တခြားပြည်နယ်နဲ့ တိုင်းတွေရဲ့ မြို့တော်တွေမှာလည်း ပြည်သူ့အိမ်ရာတွေ တည်ဆောက်သွားမှာပါ။ ဥပမာ-ကရင်ပြည်နယ်ဆိုရင် လွိုင်ကော်မြို့၊ ကယားပြည်နယ်ဆို ဘားအံမြို့ စတဲ့ နေထိုင်မှုများပြားပြီး အိမ်ရာလို အပ်ချက်ရှိမယ့် ပြည်နယ်နဲ့ တိုင်းဒေသကြီးအသီးသီးက မြို့နယ်တွေမှာလည်း ဆောက်လုပ်သွားမှာပါ" ဟု ၄င်းက ပြောသည်။

ထို့ပြင် မြန်မာနိုင်ငံဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းက အဆောင်နေထိုင်သူ များပြားသော ရန်ကုန်နှင့် မန္တလေးမြို့တွင် အငှားချအိမ်ရာများယခုနှစ်အတွင်း စတင်ဆောက်လုပ်ပေးသွားမည်ဖြစ်ပြီး တစ်ခန်းလျှင် တစ်လ ကျပ်သုံးသောင်းဖြင့် ငှားရမ်းပေးသွားမည် ဖြစ်ကြောင်း ဦးကျော်ကျော်စိုးက ပြောသည်။

"လက်ရှိ အဆောင်နေနေရတဲ့ သူတွေအတွက် အဆင်ပြေပြေ နေထိုင်နိုင်စေဖို့ အဆောင်နေသူ များပြားတဲ့ မြို့နယ်တွေမှာ အငှားအိမ်ရာတွေကိုလည်း အမြန်ဆုံးဆောက်လုပ်ပေးသွားဖို့ အစိုးရနဲ့ လုပ်ငန်းရှင်တွေ ညှိနှိုင်းနေပါတယ်။ အဆောင်နေသူ များပြားတဲ့ မြို့နယ်တွေကို ဦးစားပေးပြီး အငှားအိမ်ရာတွေကိုလည်း ဒီနှစ်အတွင်းမှာ စတင် ဆောက်လုပ်သွားမှာဖြစ်ပါတယ်" ဟု ၄င်းက ပြောသည်။

Credit : မယ်တင် မှ iMyanmarHouse.com Property Magazine အတွက် အထူးရေးသားဖော်ပြသည်။
ပြည်သူ့အိမ်ရာများကို မြန်မာနိုင်ငံဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းက ယခုနှစ်အတွင်း စတင်တည်ဆောက်မည် - Property News in Myanmar from iMyanmarHouse.com
ပြည်သူ့အိမ်ရာများကို မြန်မာနိုင်ငံဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းက ယခုနှစ်အတွင်း စတင်တည်ဆောက်မည် - Property News in Myanmar from iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဘရူနိုင်းဘုရင်က နယူးယောက်မြို့၏ နာမည်ကျော် Pierre ဟိုတယ်ကြီးကို ဝယ်ယူရန် ညှိနှိုင်းနေကြောင်း သတင်းများထွက်ပေါ်လာ...
ဘရူနိုင်းဘုရင်က နယူးယောက်မြို့၏ နာမည်ကျော် Pierre ဟိုတယ်ကြီးကို ဝယ်ယူရန် ညှိနှိုင်းနေကြောင်း သတင်းများထွက်ပေါ်လာ...
လက်ပွားမင်းသားဟု လူသိများသော ဘောလိဝုဒ်ကြယ်ပွင့် ရီသစ်ရိုရှန်နှင့် ဖခင်ဖြစ်သူ ရုပ်ရှင်ဒါရိုက်တာ ရာကက်ရှ် ရိုရှန်တို့က မွမ်ဘိုင်းမှ တိုက်ခန်း ၃ ခန်းကို ရောင်းချ...
လက်ပွားမင်းသားဟု လူသိများသော ဘောလိဝုဒ်ကြယ်ပွင့် ရီသစ်ရိုရှန်နှင့် ဖခင်ဖြစ်သူ ရုပ်ရှင်ဒါရိုက်တာ ရာကက်ရှ် ရိုရှန်တို့က မွမ်ဘိုင်းမှ တိုက်ခန်း ၃ ခန်းကို ရောင်းချ...
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရောင်းချကာ သမီးအား ဒေါ်လာ ၁ သန်းပေးခဲ့ပုံ...
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရောင်းချကာ သမီးအား ဒေါ်လာ ၁ သန်းပေးခဲ့ပုံ...
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယူမွမ်းမံလျက်ရှိပုံ...
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယူမွမ်းမံလျက်ရှိပုံ...
ပြင်သစ်နိုင်ငံ၊ Amboise မြို့ရှိ စားသောက်ဆိုင်တစ်ခုမှာ ကြိုတင်စာရင်းပေးထားသည့် လူဦးရေအတိုင်း မရောက်လာပါက တစ်ဦးလျှင် ၁၅ ယူရို (၁၇ ဒသမ ၂၇ ဒေါ်လာ) ဒဏ်ကြေးကောက်ခံမှု လူမှုကွန်ရက်တွင် နာမည်ကြီး...
ပြင်သစ်နိုင်ငံ၊ Amboise မြို့ရှိ စားသောက်ဆိုင်တစ်ခုမှာ ကြိုတင်စာရင်းပေးထားသည့် လူဦးရေအတိုင်း မရောက်လာပါက တစ်ဦးလျှင် ၁၅ ယူရို (၁၇ ဒသမ ၂၇ ဒေါ်လာ) ဒဏ်ကြေးကောက်ခံမှု လူမှုကွန်ရက်တွင် နာမည်ကြီး...
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး သေဆုံးပေးရ...
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး သေဆုံးပေးရ...
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီး လူမှုကွန်ရက်သုံးစွဲသူများ များစွာသဘောကျလျက်ရှိ...
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီး လူမှုကွန်ရက်သုံးစွဲသူများ များစွာသဘောကျလျက်ရှိ...
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြောင်း လတ်တလောတွင် သတင်းကြီးနေ...
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြောင်း လတ်တလောတွင် သတင်းကြီးနေ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက မိန်းကလေးများ မိမိကို စိတ်ဝင်စားစေရန်အတွက် အိမ် ၂ လုံးပိုင်ကြောင်း လည်ပင်းတွင် ဆိုင်းဘုတ်ဆွဲကာ လူစည်ကားသည့် ပွဲတော်သို့ သွားခဲ့ပုံမှာ ပြည်မကြီးတွင် သတင်းကြီးနေ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက မိန်းကလေးများ မိမိကို စိတ်ဝင်စားစေရန်အတွက် အိမ် ၂ လုံးပိုင်ကြောင်း လည်ပင်းတွင် ဆိုင်းဘုတ်ဆွဲကာ လူစည်ကားသည့် ပွဲတော်သို့ သွားခဲ့ပုံမှာ ပြည်မကြီးတွင် သတင်းကြီးနေ...
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင့် နှစ်ဦးသဘောတူ လဲလှယ်ရန် စီစဉ်...
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင့် နှစ်ဦးသဘောတူ လဲလှယ်ရန် စီစဉ်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service