ငှားရမ်းနေထိုင်မှုရဲ့ နောက်ကွယ်က

ငှားရမ်းနေထိုင်မှုရဲ့ နောက်ကွယ်က - Property News in Myanmar from iMyanmarHouse.com
17 Jul 2017 10:48 am တွင် တင်ခဲ့သည်
1570 ကြိမ် ကြည့်ရှု့ပြီး
မဟာရန်ကုန်မြို့ကြီးတွင် ရှာဖွေစားသောက်ရမှုသည် ထိုက်သင့်သလောက် လွယ်ကူပါသည်။ အလင်းနှင့် အမှောင်၏ခြားနားမှုက ရန်ကုန်လူထုအတွက် မခြားနားလှပါ။ နေ့မှာရှာဖွေ လုပ်ကိုင်သူတွေ များလှသည်။ ထို့အတူ ညမှာလည်းအလုပ်မျိုးစုံ လုပ်ကိုင်ရှာဖွေနေသူတွေလည်း မနည်းလှပါ။ ဘယ်အချိန်ပဲလုပ်လုပ် နေဖို့၊ စားဖို့အတွက် အလုပ်လုပ်ကြရမည်။ အိမ်ရှိ လူကုန် အလုပ်လုပ်ကြရမည်။

အိမ်ပိုင်မရှိသူများအနေနှင့် ဆိုဖွယ်ရာမရှိပေ။ လက်လှုပ်မှ ပါးစပ်လှုပ်ကြရသည့် အခြေအနေဖြစ်သည်။ နေထိုင်မှုစရိတ်က ကြီးမြင့်လှသည်။ ယနေ့ခေတ်တွင် လပ်လျားလပ်လျားနေပြီး မိဘထံမှာ မှီခိုစားသောက်ရသော ခေတ်မဟုတ်တော့ပေ။ မိသားစုတာဝန်ကို တစ်ထောင့်တစ်နေရာက ဝင်ထမ်း နေရသည့် အခြေအနေဖြစ်သည်။

တစ်ရပ်တစ်ကျေးမှ ရန်ကုန်မြို့ကြီးသို့ စွန့်စွန့်စားစား လာရောက် အလုပ်လုပ်ကြသည်။ ကျောတစ်ခင်းစာအတွက် အရင်ဆုံး ပြဿနာ ကြုံတွေ့ကြရသည်။ ရန်ကုန်မှာအခြေကျနေသော ဆွေမျိုးသားချင်းတို့တွင် မှီခိုကပ်ရပ်နေထိုင်ပြီး အလုပ်ရှာဖွေ လုပ်ကိုင်ကြရသည်။ ညီအစ်ကိုသားချင်း၊ ဦးရီး အဒေါ် ဘယ်လောက်ပင်တော်တော် ကြာရှည်မှီခိုပြီးနေရသည်က မိဖ နှင့် မတူပါ။ သူစိမ်းတစ်ရံရောနှောသော အစ်ကို့မယား၊ အစ်မ ယောကျာ်း သူတို့တွေ၏မျက်နှာကိုကြည့်နေရသည်က သူတို့တွေလည်း မလွတ်လပ်သလို၊ ကာယကံရှင်မိမိတို့အနေနှင့်လည်း သူတို့နည်းတူ မလွတ်လပ်ဟု ခံစားရသည်။

အလုပ်ကလေးရလို့ အစဉ်ပြေလာသည့်အခါ သီးခြားခွဲ ထွက်နိုင်ဖို့ကြိုးစားရသည်။ တစ်ကိုယ်ရေတကာရ လူပျိုလူလွတ် တို့အနေနှင့် အမျိုးသားသည် အမျိုးသားအလျောက်၊ အမျိုးသမီး သည်လည်း အမျိုးသမီးအလျောက် စုရပ်တစ်ခုကို စဉ်းစားရသည်။ ထိုသည်မှာ အဆောင်နေပြီး အလုပ်လုပ်နိုင်ဖို့ဖြစ်သည်။

ထို့အတူညားစ ဇနီးမောင်နှံတို့သည်လည်း ဝယ်ယူနေထိုင်ဖို့ ခက်ခဲလှသည့် ရန်ကုန်မြို့၏မြေဈေး၊ တိုက်ခန်းဈေးတို့ကြောင့် မိမိရသည့်ဝင်ငွေနှင့် ချင့်တွက်စဉ်းစားရသည်။ ကြိုက်ကြိုက် မကြိုက်ကြိုက် အခိုက်အတန့်တော့ ငှားရမ်းနေထိုင်မှုနှင့် နေထိုင်ဖို့ စဉ်းစားရသည်။ ငှားရမ်းနေထိုင်မှုတွင် မိမိအလုပ်နှင့်နီးစပ်ရာကို စဉ်းစားရသည်။ အလုပ်နှင့်နီးလျှင် ခရီးစရိတ်အတွက် သက်သာမည်။ မိမိအတွက် အချိန်လည်း ပိုထွက်မည်။ အချိန်ကုန်လည်း သက်သာမည်။ အလုပ်နှင့်မနီးလျှင်လည်း အသွားအပြန် ကားစီးရလွယ်ကူမည့်နေရာက စဉ်းစားရသည်။ စဉ်းစားလို့ အဆင်ပြေသည့် မြို့နယ်ရပ်ကွက်ရလျှင် ထိုမြို့နယ်ရှိ ပွဲစားကို ရှာဖွေရသည်။ မိမိဝင်ငွေနှင့် အချိုးကျသုံးနိုင်မည့် အိမ်၊ တိုက်ခန်းတို့ကို သူတို့ထံတွင် ရှိမရှိမေးရသည်။ မရှိလျှင်လည်း ရှာဖွေခိုင်းရသည်။ မချစ်သော်လည်း အောင့်ကာနမ်းရပေဦးမည်။

ငှားရန်ဆိုသောအခန်းတိုင်းက အိမ်ခြံမြေ ဝက်ဘ်ဆိုက်၊ အွန်လိုင်းမီဒီယာတိုင်းတွင်လည်း အပြည့်အစုံရှိလှသည် မဟုတ်သေးပေ။ ပြည့်စုံသော သတင်းအချက်အလက်တို့ လိုအပ်နေပေသေးသည်။ ထို့ကြောင့် ဘယ်လိုပင် မဆက်ဆံချင်သော်လည်း ယခုကာလအထိ ပွဲစားကိုလက်ရှောင်၍ မရသေးသည် က အမှန်ပင်ဖြစ်သည်။

ထို့ကြောင့် ပွဲစားကို ကိုယ်သုံးမည့်ငွေပမာဏနှင့် ကိုက်ညီမည့်အခန်းတို့ကို ရှာခိုင်းရသည်။ မပြုပြင်ရသေးသည့် တိုက်ခန်းသစ်များကိုလည်း ပြကြသည်။ အိမ်ငှားမဆင်းသေးသည့် တိုက်ခန်းတို့ကိုလည်း ဘယ်နေ့ ဘယ်ရက်ဆင်းမှာဖြစ်၍ ကြိုက်ကြိုက် မကြိုက်ကြိုက် သင့်မသင့်ကြည့်ခိုင်းသဖြင့် ကြည့်ကြရသည် လည်းရှိသည်။ အထပ်မြင့်အဆောက်အအုံတို့၏ အမြင့်ဆုံးအထပ် တို့ကိုလည်း တက်ကြည်ခဲ့ရသေးသည်။ အိမ်ငှား၊ အခန်းငှားမည့် မိမိတို့အနေနှင့်လည်း အခန်းခသက်သာနိုင်သမျှ သက်သာသော အခန်းတို့ကိုရှာဖွေကြရမည်။ တချို့သော အပေါ်ဆုံးထပ်တို့သည် ဈေးသက်သာငြားသော်လည်း အမိုးမျက်နှာကျက်တို့၏ကြံ့ခိုင် လုံ့ခြုံမှုအားနည်းသည်ကို တွေ့ကြရသည်။ မျက်နှာကျက်တို့တွင် ခေါင်မိုးမလုံ၍ဖြစ်မည်ထင်သည် ရေစီးကြောင်းရာတို့တွေ့ရသည်။ နွေတွင်အကြောင်းမဟုတ်သော်လည်း မိုးရာသီတွင် အခြေအနေ ကောင်းနိုင်ဖို့မမြင်၍ ထိုအခန်းတို့ကို ငြင်းပယ်လက်ရှောင်ရသည်။

ထိုသို့ စိတ်တိုင်းကျရှာဖွေပြီး အတတ်နိုင်ဆုံး၊ အဆင်အပြေနိုင်ဆုံး အခန်းတို့ကိုရရှိလျှင် ရေတိုင်ကီ၊ အိမ်သာ၊ နောက်ဖေးရေဆိုးပိုက်၊ ရေမော်တာကောင်းမကောင်းနှင့် မီးသုံးစွဲလို့ အဆင်ပြေမပြေကအစ စစ်ဆေးပြီး အဆင်မပြေတာတို့ကိုပြုပြင်ပေးရန် တောင်းဆိုရသည်။ ထိုအခါမှ ပွဲစားက အိမ်ရှင်နှင့်ပေးတွေ့ပြီး စကားပြောရသည်။ အိမ်ရှင်ကအခန်းတွင် နေထိုင်မည့် သူအား စည်းကမ်းသတ်မှတ်ချက်တို့ကို ပြောသည်။

ဘယ်နှစ်ယောက်နေမှာလဲ မေးသည်။ ကိုယ်က လူအများကြီးနေမှာဟု ပြောမိလျှင်ငြင်းပယ်ခံရတော့သည်။ လေးငါးယောက်နေမည်ဟုပြောလျှင်တော့ လက်ခံကြသည်။ အိမ်ရှင်ရဲ့ အခြေအနေကိုကြည့်ပြီး သဘောကျအောင်တော့ ပြောရသည်။ မိမိရသည့်ဝင်ငွေနှင့် နှစ်သိန်းကျော်၊ သုံးသိန်းအတွင်းပေးရသော အခန်းကို လူအကန့်အသက်နှင့်နေထိုင်ဖို့ မဖြစ်နိုင်ပါ။ မိမိက ခြောက်လ၊ တစ်နှစ်စာ တစ်လုံးတစ်ခဲတည်းရင်းနှီးပြီး မိမိနှင့် အတူနေမည့်သူများကို ရှာဖွေထားရသည်။ မိမိက တစ်လုံးတစ် ခဲတည်းရင်းနှီးထားပြီး အတူနေမည့်သူများကို လစဉ်ကြေးသာ ပေးပြီးနေစေခြင်းဖြင့် အရင်းမပျောက်ဘဲ တောက်လျောက်နေနိုင်ပါမည်ဖြစ်သည်။

တတ်နိုင်လျှင် တစ်ဦးတည်းငှားနေချင်သော်လည်း၊ အဆင်မပြေသည့်အခါ ထိုသို့ပင်ကြံ၍ အဆင်ပြေအောင်လုပ် ရပေသည်။ ထိုအခန်းမျိုးရရှိဖို့က နေရာတိုင်းလွယ်လှသည် မဟုတ်ပါ။ အိမ်ရှင်ကောင်းတို့ ရှားသလို အိမ်ငှားကောင်းတို့ ရှားသည့်ခေတ်ဖြစ်သည်။

တစ်ခါဈေးနှုန်းလည်းသင့်သည်။ အိမ်ရှင်လည်း ကောင်းနိုင်သည်ဟု ယူဆမိသော်လည်း ဖြတ်သန်းတတ်လှမ်းရမည့်လမ်း တစ်လျှောက်ရှိ အိမ်ခန်းတို့၏ စရိုက်သဘာဝကိုလည်း တွက်ဆရသေးသည်။ အတတ်အဆင်း နှောင့်ယှက်မှု ရှိနိုင်မရှိနိုင်ဆို သည်ကြောင့်ဖြစ်သည်။

သင့်ပြီဟုယူဆ၍ ငှားရမ်းပြီးလျှင် နေထိုင်မှုတွင် အခြားကုန်ကျစရိတ်တို့ မဖြစ်အောင်၊ နည်းပါးအောင် အတတ်နိုင်ဆုံး သတိထားရသည်။ သို့သော်လည်း မထင်သည်တို့က ကြုံရသည်။

မိမိငှားထားသော တိုက်ခန်းရှိ ရေမော်တာတို့ကို နွေရာသီ ရေပျက်သောအချိန်တို့တွင် ရေတင်မိခြင်းကြောင့် ကွိုင်တို့ အပူလွန်ကဲပြီး လောင်ခြင်းတို့ကြုံရသည်။ ပြုပြင်ခနှင့် အသစ်လဲခမကွာလှသဖြင့် အသစ်သာတတ်ဆင်လိုက်သည်။ ဤသည့် ကုန်ကျခြင်းက တစ်မျိုးဖြစ်သည်။

ကိုယ်နေထိုင်တော့မှ ထိုတိုက်ခန်းရှိ ထူးခြားသော ကုန်ကျစရိတ်တို့ကို တွေ့လာရသည်။ မီးဖို၊ မီးပူ၊ ပေါင်းအိုး ပန်ကာ၊ ရေမော်တာ အစရှိသည်တို့သည် အခြားအခန်းတို့နှင့် အသုံးပြုမှုကွာခြားလှသည်မဟုတ်ဘဲ မီတာစာရွက် ထွက်လာသော မီတာခများနေခြင်းတို့ တွေ့ရသည်။ အခြားသော အခန်းရှိ မီတာခတို့သည် အသုံးပြုမှုများသော်လည်း ယူနစ်သိပ်တတ်ခြင်း မတွေ့ရသဖြင့် သက်သာသည်ကို တွေ့ရသည်။ ထူးခြားသည်က မစိုက်ဘဲနှင့်ဖြစ်ထွန်းပြီး မြို့ပြတို့၏အလှကို ဖျက်ဆီးနေသော အဆောက်အအုံတို့တွင် ကပ်မြှောင်ရှင်သန်သော ညောင်ပင် တို့ဖြစ်သည်။ သူတို့ရှင်းလင်းရသည့် အခတို့ကလည်းကြားညပ် ပါလာသည်။ ထိုအခန်းကို မိမိငှားရမ်းပြီးမှ ဖြစ်သောပြဿနာသည် ငှားနေသူကိုယ်တိုင်ရှင်းရသည်။ နေထိုင်တော့မှတွေ့လာ ရသည့် အဆင်မပြေမှုတို့ကို သတ်မှတ်ကာလအတွင်း သည်းခံကြရပေသည်။ သို့မဟုတ်က ငှားနေသူက တာဝန်ယူပေရော။

ငှားရမ်းနေထိုင်မှုနောက်ကွယ်က များပြားလှသော ကုန်ကျစရိတ်တို့ကို ဖြေရှင်းနေထိုင်ရင်း အသက်ရှူချောင်မယ် လုပ်ကာမှ ခြောက်လ၊ တစ်နှစ်ဆိုသော လချုပ်နှစ်ချုပ်တို့သည် ဘွားဘွားကြီး လာတွေ့ရပြန်သည်။ ပင့်သက်တို့ ရှိုက်ရပြန်သည်။အိမ်ရှင်က အိမ်လခထက်မတတ်စေဖို့ ဘုရားတ ဆုတောင်းရ ပြန်သည်။ ငှားရမ်းနေထိုင်သူတိုရဲ့နောက်ဆုံး မျှော်လင့်ချက်လေး က အိမ်ရှင်ရဲ့ ဆက်လက်ငှားရမ်းမှာလားဆိုတဲ့အမေးရဲ့နောက်ကွယ်က လေသံကိုနားထောင်ရင်း အခန်းခဈေး တတ်နိုင်မတတ် နိုင်တွက်ချက်ရသည့် အရသာကတော့ ရင်အမောရဆုံးအရသာပဲ ဖြစ်ပါတော့သည်။


Credit : ANT မှ iMyanmarHouse.com Property Magazine အတွက် အထူးရေးသားဖော်ပြသည်။
ငှားရမ်းနေထိုင်မှုရဲ့ နောက်ကွယ်က - Property News in Myanmar from iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဘရူနိုင်းဘုရင်က နယူးယောက်မြို့၏ နာမည်ကျော် Pierre ဟိုတယ်ကြီးကို ဝယ်ယူရန် ညှိနှိုင်းနေကြောင်း သတင်းများထွက်ပေါ်လာ...
ဘရူနိုင်းဘုရင်က နယူးယောက်မြို့၏ နာမည်ကျော် Pierre ဟိုတယ်ကြီးကို ဝယ်ယူရန် ညှိနှိုင်းနေကြောင်း သတင်းများထွက်ပေါ်လာ...
လက်ပွားမင်းသားဟု လူသိများသော ဘောလိဝုဒ်ကြယ်ပွင့် ရီသစ်ရိုရှန်နှင့် ဖခင်ဖြစ်သူ ရုပ်ရှင်ဒါရိုက်တာ ရာကက်ရှ် ရိုရှန်တို့က မွမ်ဘိုင်းမှ တိုက်ခန်း ၃ ခန်းကို ရောင်းချ...
လက်ပွားမင်းသားဟု လူသိများသော ဘောလိဝုဒ်ကြယ်ပွင့် ရီသစ်ရိုရှန်နှင့် ဖခင်ဖြစ်သူ ရုပ်ရှင်ဒါရိုက်တာ ရာကက်ရှ် ရိုရှန်တို့က မွမ်ဘိုင်းမှ တိုက်ခန်း ၃ ခန်းကို ရောင်းချ...
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရောင်းချကာ သမီးအား ဒေါ်လာ ၁ သန်းပေးခဲ့ပုံ...
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရောင်းချကာ သမီးအား ဒေါ်လာ ၁ သန်းပေးခဲ့ပုံ...
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယူမွမ်းမံလျက်ရှိပုံ...
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယူမွမ်းမံလျက်ရှိပုံ...
ပြင်သစ်နိုင်ငံ၊ Amboise မြို့ရှိ စားသောက်ဆိုင်တစ်ခုမှာ ကြိုတင်စာရင်းပေးထားသည့် လူဦးရေအတိုင်း မရောက်လာပါက တစ်ဦးလျှင် ၁၅ ယူရို (၁၇ ဒသမ ၂၇ ဒေါ်လာ) ဒဏ်ကြေးကောက်ခံမှု လူမှုကွန်ရက်တွင် နာမည်ကြီး...
ပြင်သစ်နိုင်ငံ၊ Amboise မြို့ရှိ စားသောက်ဆိုင်တစ်ခုမှာ ကြိုတင်စာရင်းပေးထားသည့် လူဦးရေအတိုင်း မရောက်လာပါက တစ်ဦးလျှင် ၁၅ ယူရို (၁၇ ဒသမ ၂၇ ဒေါ်လာ) ဒဏ်ကြေးကောက်ခံမှု လူမှုကွန်ရက်တွင် နာမည်ကြီး...
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး သေဆုံးပေးရ...
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး သေဆုံးပေးရ...
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီး လူမှုကွန်ရက်သုံးစွဲသူများ များစွာသဘောကျလျက်ရှိ...
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီး လူမှုကွန်ရက်သုံးစွဲသူများ များစွာသဘောကျလျက်ရှိ...
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြောင်း လတ်တလောတွင် သတင်းကြီးနေ...
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြောင်း လတ်တလောတွင် သတင်းကြီးနေ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက မိန်းကလေးများ မိမိကို စိတ်ဝင်စားစေရန်အတွက် အိမ် ၂ လုံးပိုင်ကြောင်း လည်ပင်းတွင် ဆိုင်းဘုတ်ဆွဲကာ လူစည်ကားသည့် ပွဲတော်သို့ သွားခဲ့ပုံမှာ ပြည်မကြီးတွင် သတင်းကြီးနေ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက မိန်းကလေးများ မိမိကို စိတ်ဝင်စားစေရန်အတွက် အိမ် ၂ လုံးပိုင်ကြောင်း လည်ပင်းတွင် ဆိုင်းဘုတ်ဆွဲကာ လူစည်ကားသည့် ပွဲတော်သို့ သွားခဲ့ပုံမှာ ပြည်မကြီးတွင် သတင်းကြီးနေ...
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင့် နှစ်ဦးသဘောတူ လဲလှယ်ရန် စီစဉ်...
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင့် နှစ်ဦးသဘောတူ လဲလှယ်ရန် စီစဉ်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်
[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်
Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service