ပြည်ပရင်းနှီးမြှုပ်နှံမှု ဆွဲဆောင်နိုင်တဲ့ စက်မှုဇုန်တွေ ဘယ်လို ဆောင်ရွက်ကြမလဲ

ပြည်ပရင်းနှီးမြှုပ်နှံမှု ဆွဲဆောင်နိုင်တဲ့ စက်မှုဇုန်တွေ ဘယ်လို ဆောင်ရွက်ကြမလဲ - Property News in Myanmar from iMyanmarHouse.com
17 Jul 2017 9:49 am တွင် တင်ခဲ့သည်
1233 ကြိမ် ကြည့်ရှု့ပြီး
နိုင်ငံရဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ဖို့ ပြည်ပက ရင်းနှီးမြှုပ်နှံမှုတွေ ဝင်ရောက် လာဖို့ကလည်း အချက်တစ်ချက်ဖြစ်ပါတယ်။ အဲသည်အတွက် ပြည်ပ ရင်းနှီြး မှုပ်နှံမှုတွေကို ဆွဲဆောင်နိုင်တဲ့ ဖွံ့ဖြိုးတိုးတက်တဲ့ စက်မှုဇုန်တွေ ပေါ်ပေါက် လာစေရေး ကို အစိုးရက လုပ်ဆောင်နေတယ်။ ဖွံ့ဖြိုးတိုးတက်တဲ့ စက်မှု ဇုန်တွေကို ဘယ်လိုအကောင်အထည် ဖော်ဆောင်ရွက်ကြမလဲဆိုတာနဲ့ ပတ် သက်ပြီး YGA Capital Limited ရဲ့ မန်နေဂျင်းဒါရိုက်တာ စီးပွားရေးပညာရှင် ဦးသူရကိုကိုနဲ့ ဆက်သွယ်မေးမြန်းထားပါတယ်။

မော်ဒန်။ ။ ပြည်ပရင်းနှီးမြှုပ်နှံမှုတွေကို ဆွဲဆောင်နိုင်တဲ့ စက်မှုဇုန်တွေကို ဘယ်လို တည်ဆောက်သင့်သလဲ။

ဦးသူရကိုကို။ ။ စက်မှုဇုန်ရဲ့ အဓိကရည်ရွယ်ချက်က manufacturing ကုန် ထုတ်လုပ်မှုကဏ္ဍကို အထောက်အကူပေးတာဖြစ်တယ်။ အိမ်နီးချင်းနိုင်ငံတွေ ထဲက ဗီယက်နမ်ကို ကြည့်မယ်ဆိုရင် သူတို့ ပွင့်လင်းလာတဲ့အခါ နိုင်ငံရေး ကို ပြုပြင်ပြောင်းလဲတာ မရှိခဲ့ဘူး။ လူ့အခွင့်အရေးနဲ့ ကွန်မြူနစ်တွဲသုံးတယ်။ ခုအချိန်မှာတော့ လူ့အခွင့်အရေးနဲ့ပတ်သက်ရင် မြန်မာနိုင်ငံရဲ့နောက်မှာ ကျန်နေပြီ။ လွတ်လပ်ခွင့်တွေမှာလည်း နောက်ကျနေပြီ။ နိုင်ငံချင်းနှိုင်းယှU်ရင် သူတို့က နိုင်ငံရေးပြောင်းလဲတာ မရှိခဲ့ဘူး။

သို့သော် ပြောင်းလဲမှုရှိတာက စီးပွားရေးကို ပြောင်းလဲစေတာပါ။ အမျိုးမျိုး လုပ်ခဲ့တယ်။ ဆက်သွယ်ရေးဆိုရင်လည်း သည်ကလောက် မမြန်ဘူး။ လမ်း ပန်းဆက်သွယ်ရေးမှာလည်း မြို့တွေနားကလွဲလို့ ကြီးကြီးမားမား မရှိခဲ့ဘူး။ ဒါပေမဲ့ စက်မှုစိုက်ပျိုးရေးမှာ တဖြည်းဖြည်းနဲ့ ကမ္ဘာမှာ အများဆုံး ထုတ်နိုင်တဲ့ ဆန်စပါးရှိတယ်။ ကော်ဖီထုတ်လုပ်နိုင်တယ်။ စိုက်ပျိုးရေးမှာ အားစိုက်နိုင်ခဲ့ တယ်။ သေချာလေ့လာကြည့်ရင်တော့ စက်မှုဇုန်တွေကို သူတို့က အကြီးအ ကျယ် အစိုးရက supporting လုပ်ခဲ့တယ်။ စက်မှုဇုန်တွေကလည်း အမျိုးမျိုးရှိ တယ်။ ရိုးရိုးကုန်ပစ္စည်းထုတ်တဲ့ စက်မှုဇုန်တွေ၊ နည်းပညာတီထွင်တဲ့ စက်မှု ဇုန်တွေ ရှိတယ်။ ကုမဏီတိုင်း မေးရင် အစိုးရကို ကျေးဇူးတင်တာ သည်စက် မှုဇုန် တွေကြောင့်ပဲ။ သူတို့ကမ်းခြေက ရှည်တော့ ရေနက်ဆိပ်ကမ်းနဲ့ တွဲတဲ့ စက်မှုဇုန်တွေ ပြုလုပ်ထားတယ်။

မြို့တစ်မြို့တည်းမှာ ဝိုင်းပြီး လုပ်တာမျိုး မဟုတ်ဘဲ ကမ်းရိုးတန်းတစ်ေ လျှာက် ဖြန့်ကြက် တည်ဆောက်တယ်။

မော်ဒန်။ ။ စက်မှုဇုန်တည်ဆောက်ဖို့ မြေချထားမှုနဲ့ ပတ်သက်ပြီး ဘယ်လိုေ ဆာင်ရွက်ပေးတာမျိုးတွေရှိသလဲ။

ဦးသူရကိုကို။ ။ မြေနေရာစပေးတဲ့ နေရာမှာ အစိုးရက မြေကိုပိုင်တယ်။ လုပ် ငန်းရှင်တွေ ကုမဏီတွေကို plan တွေကြည့်ပြီး သက်သာတဲ့ ဈေးနှုန်းနဲ့ ချေ ပးတယ်။ တချို့ရောက်ဖူးတဲ့ FPT ကုမဏီဆို ရင် ဆော့ဖ်ဝဲရေးပေးတယ်။ ဂျ ပန် ကုမဏီတွေအတွက် ရေးပေးတယ်။ ကမ္ဘာကသာ ဂျပန်ဆော့ဖ်ဝဲတွေေ ကာင်းတယ်ပြောပေမဲ့ ဂျပန် ဆော့ဖ်ဝဲတွေကို ကူညီထုတ်ပေးနေတာက ဗီ ယက်နမ် FPT က ပါ။ FPT တက္ကသိုလ်နဲ့ Technology Park တွေမှာ ဝန် ထမ်းတွေလည်း အများကြီး၊ အဆောက်အအုံတွေကလည်း အများကြီး။

အဲသည်နေရာတွေကို အစိုးရက ငါးနှစ်အခမဲ့ ချထားပေးတယ်လို့ နားလည် တယ်။ ငါးနှစ်အတွင်း  အဆောက် အအုံတွေ ဆောက်တယ်။ သင်တန်းေ တွ ပေးတယ်။ ဝန်ထမ်းတွေ ခန့်တယ်။ လည်ပတ်နိုင်ပြီဆိုမှ မြေ ငှားရမ်းခေ ကာက်ခံ တာဖြစ်တယ်။ အဲဒါက အစိုးရကပဲ လုပ်ပေးနိုင်တယ်။

ပုဂ္ဂလိကလုပ်ရင် သူ့သဘာဝရှိတဲ့မြေနဲ့ ဈေးကွက် ပေါက်ဈေးနဲ့ ပြိုင်ဘက်နဲ့ ညှိနှိုင်းပြီးမှ လုပ်လို့ရမယ်။ သူတို့က ကွန်မြူနစ်အစိုးရဆိုတော့ မြေ အားလုံး ကို အစိုးရက ပိုင်တယ်။ စီမံခန့်ခွဲနိုင်တယ်။ အစိုးရက သက်သောင့် သက်သာ ချပေးပေမဲ့ ရွေးချယ်တဲ့ နေရာမှာတော့ ကန့်သတ်ချက် တွေတော့ ရှိပါတယ်။

မော်ဒန်။ ။ ပြည်တွင်းကစက်မှုဇုန်တွေရဲ့အခြေအနေကိုလည်း ပြောပြပါ။

ဦးသူရကိုကို။ ။ ရန်ကုန်ဆိုလို့ရှိရင် လှိုင်သာယာ၊ ရွှေပြည်သာ၊ မင်္ဂလာဒုံ ဘက်တို့မှာ စက်မှုဇုန် တွေရှိလာတယ်။ အစိုးရအဆက်ဆက် infrastructure တွေ ရှိလာပါပြီ။ မင်္ဂလာဒုံ ပုလဲမြို့သစ်ဘက်ဆိုရင် လမ်းတွေ ပိုကောင်းလာ တယ်။ သီလဝါဘက်ဆိုရင် တံတားစီမံကိန်းတွေ ရှိပါတယ်။ ဒါတွေက မဖြစ်မနေလုပ်ရမယ့် လမ်းပန်းဆက်သွယ်ရေး။ လျှပ်စစ်၊ ရေဒါေ တွ ဖြည့်ဆည်းပေးရမယ်။ ရေကို တော်တော်များများက မေ့ခဲ့ကြတယ်။ ရွှေပြည်သာဘက်မှာ ရေသန့်ကုမဏီတွေ၊ အချိုရည် ကုမဏီတွေများတော့ ရေ လိုအပ်ချက်က များပါတယ်။ အရင်က ရေပေါပေါများများရှိခဲ့တော့ စနစ်တကျ လုပ်တာ နည်းပါတယ်။ ရေကို  ဘယ်လိုပေးသုံးမလဲ။ ရေရဲ့တန်ဖိုးကို  ဘယ် လို ဖြတ်မလဲဆိုတာကို စနစ်တကျလုပ်ဖို့ လိုအပ်နေပါတယ်။

စက်မှုဇုန်က  အရေးကြီးတယ်၊ ဥပဒေတွေလည်း လိုအပ်နေဦးမှာ၊ စက်မှုဇုန်နဲ့ ပတ်သက်တဲ့ပလန်တွေကိုလည်း ပြန်သုံးသပ်ဖို့လိုပါမယ်။ စက်မှုဇုန်က သည်နေရာမှာ ဘာကြောင့်ရွေးချယ်တယ်၊ သည်နေရာက ဘာကြောင့် အား သာတယ်၊ လုပ်ငန်းရှင်တွေကို ဘယ်လိုပံ့ပိုး နိုင်တယ်ဆိုတာ စဉ်းစားရပါမယ်။ စက်မှုဇုန်နဲ့ပတ်သက်ပြီး သတင်းနဲ့ ဥပဒေပဲထုတ်ပြန်ပြီး အစိုးရက မြေတို့ ဘာ တို့  အကူအညီမပေးရင် ပုဂ္ဂလိကကုမဏီတွေအနေနဲ့ ထင်သလောက် အ ဆင်မပြေပါဘူး။ မြေကို အဓိကတန်ဖိုးထားလို့ရှိရင် ပြည်တွင်းက လုပ်ငန်းေ တွ တည်ထောင်ရင် မြေတန်ဖိုးထည့်တွက်တာနဲ့ အဆင်မပြေတော့ဘူး။

မြေကိုဇုန်နေရာတွေမှာ ဘယ်လိုလုပ်မလဲဆိုတာ အစိုးရအကူအညီပဲ လိုပါ တယ်။ ဘယ်မြေက တောင်သူလယ်သမားလယ်မြေ လဲ၊ ဘယ်မြေက သစ်ေ တာမြေလဲ၊ ဘယ်မြေက စက်မှုဇုန်မြေချပေးမလဲ ဆိုတာ နိုင်ငံတော်က မူဝါဒ ချမှတ်ရမှာပါ။ ပုဂ္ဂလိကလုပ်ငန်းရှင်တွေကတော့ သူတို့ဆန္ဒတွေပဲ တင်ပြကြ မှာက သဘာဝပါပဲ၊ လယ်ယာမြေ က အရေးကြီးတယ်လို့ သတ်မှတ်ခဲ့ရင်ေ တာင် လယ်ယာမြေနဲ့ ပတ်သက်တဲ့ စက်မှုလုပ်ငန်းတွေ လုပ်လို့ရသေးတယ်။ ဆန်စပါးအတွက် ဆန်စက်ရုံတွေ၊ ကြံစိုက်ပျိုးရေး လုပ်ငန်းအနီးမှာသကြား စက်တွေ တည်ဆောက်နိုင်တယ်။

အခက်အခဲတစ်ခုက ကမ်းခြေဆိပ်ကမ်းတွေမှာ နိုင်ငံခြားသင်္ဘောကြီးတွေ အဝင်အထွက်ခက်ခဲနေတာပါ။ သီလဝါဆိပ်ကမ်းဆိုရင် သင်္ဘောအဝင်အ ထွက် ခက်ခဲနေပါသေးတယ်။ ကျောက်ဖြူနဲ့ ထားဝယ် ရေနက်ဆိပ်ကမ်းတွေ က ဆက်လက်လုပ်ရပါဦးမယ်။ ရန်ကုန်မြစ်ဝ အပြင်ဘက်မှာလည်း ရေနက် ဆိပ်ကမ်းတစ်နေရာ လိုအပ်နေပါသေးတယ်။ ထိုင်းနဲ့ နီးတဲ့ ထားဝယ်ကို ဦး စားပေးအစီအစဉ်နဲ့ အရင်လုပ်မလား စဉ်းစားအကောင်အထည်ဖော်ရ မှာ ဖြစ်ပါတယ်။

ရေရှည်စီးပွားရေးအတွက် ပြည်တွင်းက ကုန်ထုတ်ပြီး ပြည်ပ တင်ပို့နိုင်ဖို့ လို အပ်ပါတယ်။ ပြည်ပပို့ကုန်ကို မဖြစ်မနေထုတ် လုပ်ရမှာ ဖြစ်တယ်။

မော်ဒန် ။ ။ စက်မှုဇုန်တွေ အောင် မြင်ဖို့ ကုန်ထုတ်လုပ်မှုအပိုင်းမှာ ဘာတွေ က အဓိကကျပါသေးသလဲ။

ဦးသူရကိုကို ။ ။ ပြည်တွင်းစက်မှုဇုန်က ထုတ်လုပ်တဲ့ ကုန်ပစ္စည်းတွေက ပြည် ပက မှောင်ခိုဝင်လာတဲ့ပစ္စည်းတွေနဲ့ ဈေးနှုန်းယှဉ်ပြိုင်ရတဲ့အခါ ပြည်တွင်းမှာ ကုန်ပစ္စည်းတွေကို ဈေးအသက်သာဆုံးနဲ့ ဘယ်လိုထုတ်လုပ်မလဲဆိုတာ အေ ရးပါလာပါတယ်။ ထုတ်ကုန်တွေ ဈေးကွက်ရရှိမှလည်း စက်မှုဇုန်တွေက ရပ် တည်နိုင်ပါတယ်။ အဲဒါကြောင့် မှောင်ခို ပစ္စည်းသွင်းတဲ့ စနစ်ကို တိုက်နိုင်သေ လာက် တိုက်ဖျက်ရပါမယ်။ ပြည်တွင်းမှာ လိုအပ်ချက်ရှိတဲ့ ကုန်ပစ္စည်းေ တွ ဖြစ်လို့ လုံးဝပိတ်ပစ်လို့လည်း မရပါဘူး။ နယ်စပ်သွင်းကုန်ထုတ်ကုန် က ဏ္ဍကလည်း အရေးကြီးပါတယ်။ နယ်စပ်ကုန်သွယ်ရေးက ငြိမ်းချမ်းရေးနဲ့ လည်း သက်ဆိုင်နေပါတယ်။

ပြည်ပသွင်းကုန်တွေ စနစ်ကျအောင် အခွန်စနစ်နဲ့ ထိန်းချုပ်ရမှာ ဖြစ်တယ်။ အဲဒါဟာ အလွန်ရှုပ်ထွေးတဲ့ကိစ္စလည်း ဖြစ်နေပါတယ်။ စက်မှုဇုန်တွေ ရေ ရှည်ရပ်တည်နိုင် ဖို့ ပြည်ပက မှောင်ခိုတင်သွင်းတဲ့ စနစ်တွေကို နည်းအမျိုးမျိုး နဲ့ လျော့လာအောင်လုပ်ရပါမယ်။ အဲသည်အတွက် အကောက်ခွန်ဌာနရဲ့ အ ရည်အသွေးတွေ မြှင့်တင်တာ၊ နည်းပညာတွေ အသုံးပြုတာမျိုးတွေ မဖြစ်မေ န လိုအပ်ပါတယ်။ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ဖို့ သယံဇာတကိုပဲ အားကိုးလို့ မရပါဘူး။ ရေရှည်အားကိုးရမှာက စက်မှုဇုန်တွေ ခိုင်မာအောင် တည်ေ ဆာက်ဖို့ပဲ ဖြစ်ပါတယ်။

မော်ဒန်။ ။ ဖြည့်စွက်ပြောလိုတာရှိရင် ပြောပြပေးပါ။

ဦးသူရကိုကို။ ။ ပြည်တွင်းမှာ ထုတ်လုပ်တဲ့ ငံပြာရည်ဖြစ်စေ၊ ဓာတ်မြေဩ ဇာဖြစ်စေ၊ ဘိလပ်မြေ ဖြစ်စေ၊ ပြည်ပက ဝင်လာတဲ့ ကုန်ပစ္စည်းနဲ့ ယှဉ်ပြိုင်ရ ပါတယ်။ ပြည်တွင်းက ထုတ်တဲ့ ကိုကာကိုလာဘူးဆိုရင် ယိုးဒယားက ဝင်လာ တာနဲ့ ယှဉ်ပြိုင်ဖို့ ခဲယဉ်းပါတယ်။ အဲသည်လို မယှဉ်နိုင်ရင် စက်မှုဇုန် ကြီး ဘယ်လောက်လုပ်လုပ် ခက်ခဲ နေမှာ ဖြစ်ပါတယ်။ မှောင်ခိုဝင် တဲ့ပစ္စည်း ပေး မသွင်းရင်လည်း ပြည်တွင်းမှာ လုံလောက်အောင် မထုတ်လုပ်နိုင်ဘူး။ ပြည် တွင်းမှာ မထုတ်လုပ်နိုင်ရင်လည်း စီးပွားရေးက ရပ်တန့်သွားမှာ ဖြစ် ပါတယ်။

တစ်နိုင်ငံလုံးအနှံ့ စက်မှုဇုန်တွေကို တစ်ပြိုင်နက်အကောင်အထည်ေ ဖာ် ဖို့ က နေရာတိုင်း မပြည့်စုံနိုင်ပါဘူး။ အဲဒါကြောင့် အဓိက ကျတဲ့နေရာကို Focus နဲ့ ဖြတ်ပြီး အရင်ဆုံး အကောင်အထည်ဖော်ရမှာ ဖြစ်ပြီး အစိုးရနဲ့ ပုဂ္ဂလိက လုပ် ငန်းရှင်တွေ အချိန်ယူ ပူးပေါင်းဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်။

မော်ဒန်။ ။ အခုလို အချိန်ပေးပြီး ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။

Credit: The Kumudra
ပြည်ပရင်းနှီးမြှုပ်နှံမှု ဆွဲဆောင်နိုင်တဲ့ စက်မှုဇုန်တွေ ဘယ်လို ဆောင်ရွက်ကြမလဲ - Property News in Myanmar from iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဘရူနိုင်းဘုရင်က နယူးယောက်မြို့၏ နာမည်ကျော် Pierre ဟိုတယ်ကြီးကို ဝယ်ယူရန် ညှိနှိုင်းနေကြောင်း သတင်းများထွက်ပေါ်လာ...
ဘရူနိုင်းဘုရင်က နယူးယောက်မြို့၏ နာမည်ကျော် Pierre ဟိုတယ်ကြီးကို ဝယ်ယူရန် ညှိနှိုင်းနေကြောင်း သတင်းများထွက်ပေါ်လာ...
လက်ပွားမင်းသားဟု လူသိများသော ဘောလိဝုဒ်ကြယ်ပွင့် ရီသစ်ရိုရှန်နှင့် ဖခင်ဖြစ်သူ ရုပ်ရှင်ဒါရိုက်တာ ရာကက်ရှ် ရိုရှန်တို့က မွမ်ဘိုင်းမှ တိုက်ခန်း ၃ ခန်းကို ရောင်းချ...
လက်ပွားမင်းသားဟု လူသိများသော ဘောလိဝုဒ်ကြယ်ပွင့် ရီသစ်ရိုရှန်နှင့် ဖခင်ဖြစ်သူ ရုပ်ရှင်ဒါရိုက်တာ ရာကက်ရှ် ရိုရှန်တို့က မွမ်ဘိုင်းမှ တိုက်ခန်း ၃ ခန်းကို ရောင်းချ...
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရောင်းချကာ သမီးအား ဒေါ်လာ ၁ သန်းပေးခဲ့ပုံ...
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရောင်းချကာ သမီးအား ဒေါ်လာ ၁ သန်းပေးခဲ့ပုံ...
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယူမွမ်းမံလျက်ရှိပုံ...
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယူမွမ်းမံလျက်ရှိပုံ...
ပြင်သစ်နိုင်ငံ၊ Amboise မြို့ရှိ စားသောက်ဆိုင်တစ်ခုမှာ ကြိုတင်စာရင်းပေးထားသည့် လူဦးရေအတိုင်း မရောက်လာပါက တစ်ဦးလျှင် ၁၅ ယူရို (၁၇ ဒသမ ၂၇ ဒေါ်လာ) ဒဏ်ကြေးကောက်ခံမှု လူမှုကွန်ရက်တွင် နာမည်ကြီး...
ပြင်သစ်နိုင်ငံ၊ Amboise မြို့ရှိ စားသောက်ဆိုင်တစ်ခုမှာ ကြိုတင်စာရင်းပေးထားသည့် လူဦးရေအတိုင်း မရောက်လာပါက တစ်ဦးလျှင် ၁၅ ယူရို (၁၇ ဒသမ ၂၇ ဒေါ်လာ) ဒဏ်ကြေးကောက်ခံမှု လူမှုကွန်ရက်တွင် နာမည်ကြီး...
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး သေဆုံးပေးရ...
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး သေဆုံးပေးရ...
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီး လူမှုကွန်ရက်သုံးစွဲသူများ များစွာသဘောကျလျက်ရှိ...
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီး လူမှုကွန်ရက်သုံးစွဲသူများ များစွာသဘောကျလျက်ရှိ...
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြောင်း လတ်တလောတွင် သတင်းကြီးနေ...
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြောင်း လတ်တလောတွင် သတင်းကြီးနေ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက မိန်းကလေးများ မိမိကို စိတ်ဝင်စားစေရန်အတွက် အိမ် ၂ လုံးပိုင်ကြောင်း လည်ပင်းတွင် ဆိုင်းဘုတ်ဆွဲကာ လူစည်ကားသည့် ပွဲတော်သို့ သွားခဲ့ပုံမှာ ပြည်မကြီးတွင် သတင်းကြီးနေ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက မိန်းကလေးများ မိမိကို စိတ်ဝင်စားစေရန်အတွက် အိမ် ၂ လုံးပိုင်ကြောင်း လည်ပင်းတွင် ဆိုင်းဘုတ်ဆွဲကာ လူစည်ကားသည့် ပွဲတော်သို့ သွားခဲ့ပုံမှာ ပြည်မကြီးတွင် သတင်းကြီးနေ...
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင့် နှစ်ဦးသဘောတူ လဲလှယ်ရန် စီစဉ်...
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင့် နှစ်ဦးသဘောတူ လဲလှယ်ရန် စီစဉ်...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဗြိတိန်ဝန်ကြီးချုပ် ဝင်စတန်ချာချီမွေးဖွားခဲ့သော အိမ်တော်တွင် ထားရှိသည့် ဒေါ်လာ ၆ ဒသမ ၄ သန်းတန် ဘိုထိုင်ရွှေအိမ်သာကြီး ခိ
ဗြိတိန်ဝန်ကြီးချုပ် ဝင်စတန်ချာချီမွေးဖွားခဲ့သော အိမ်တော်တွင် ထားရှိသည့် ဒေါ်လာ ၆ ဒသမ ၄ သန်းတန် ဘိုထိုင်ရွှေအိမ်သာကြီး ခိ
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်
[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်
တရုတ်ပြည်တွင် ပလုံကောက်သူ ဘဝမှ PhD ကျောင်းသားဖြစ်လာသော လူငယ်လေးတစ်ဦးအကြောင်း
တရုတ်ပြည်တွင် ပလုံကောက်သူ ဘဝမှ PhD ကျောင်းသားဖြစ်လာသော လူငယ်လေးတစ်ဦးအကြောင်း
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service