တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ယခုဘဏ္ဍာနှစ် ဧပြီလမှ ဇူလိုင်လအတွင်းအထိ အခွန်ကောက်ခံ ရရှိမှု ပမာဏသည် ပြီးခဲ့သည့်နှစ် ယင်းကာလတူကထက် ကျပ် ၂၅၀ ဘီလီယံကျော် ပိုမိုရရှိကြောင်း ပြည်တွင်းအခွန်များ ဦးစီးဌာနထံမှ သိရသည်။
တစ်နှစ်ထက်တစ်နှစ် အခွန်ကောက်ခံ ရရှိမှု ပမာဏသည် ပိုမိုများပြားလာလျက် ရှိပြီး ယခုဘဏ္ဍာနှစ်ကုန်တွင်လည်း ယခင်နှစ်ကထက် ပိုမိုကောက်ခံရရှိနိုင်ရန် မျှော်မှန်းထားကြောင်း ယင်းဌာနထံမှ သိရသည်။
“အခွန်ထမ်းတွေ တိုးလာလို့ပါ။ အခွန်ထမ်းတွေကလည်း တစ်နှစ်ထက် တစ်နှစ် တစ်နိုင်ငံလုံး အတိုင်းအတာအရ တိုးလာပါတယ်” ဟု ပြည်တွင်းအခွန်များ ဦးစီးဌာနမှ အကြီးတန်း အရာရှိတစ်ဦးက ပြောဆိုသည်။
ယခုဘဏ္ဍာနှစ် လေးလအတွင်း အခွန်ကောက်ခံရရှိမှု ပမာဏသည် ကျပ် ၁၀၀၀ ဘီလီယံကျော် ရရှိပြီ ဖြစ်ပြီး ပြီးခဲ့သည့်နှစ် ယင်းကာလအတွင်းက ကျပ် ၇၅၀ ဘီလီယံခန့်သာ ကောက်ခံရရှိကြောင်း ပြည်တွင်းအခွန်များ ဦးစီးဌာနထံမှ သိရသည်။
Credit; The Voice