ဂျက်ကလင်းကနေဒီ ကလေးဘဝကနေထိုင်ခဲ့သော မန်ဟက်တန်တိုက်ခန်း ဒေါ်လာ ၂၅ သန်းဖြင့် ရောင်းထွက်ပြီ

ဂျက်ကလင်းကနေဒီ ကလေးဘဝကနေထိုင်ခဲ့သော မန်ဟက်တန်တိုက်ခန်း ဒေါ်လာ ၂၅ သန်းဖြင့် ရောင်းထွက်ပြီ - Property News in Myanmar from iMyanmarHouse.com
14 Jul 2017 11:41 am တွင် တင်ခဲ့သည်
1180 ကြိမ် ကြည့်ရှု့ပြီး
လုပ်ကြံသတ်ဖြတ်ခံခဲ့ရသော အမေရိကန်သမ္မတ ဂျွန်အက်ဖ်ကနေဒီ၏ ဇနီး ဂျက်ကလင်းကနေဒီ ငယ်စဉ်က နေထိုင်ခဲ့ဖူးသော မန်ဟက်တန်တိုက်ခန်းသည် အရောင်းဈေးကွက်တွင် နှစ်ပေါင်းများစွာ ရောင်းမထွက်ဘဲ ရှိနေခဲ့ရာမှ ယခုအခါတွင် ဒေါ်လာ ၂၅ သန်းဖြင့် ရောင်းထွက်သွားပြီဖြစ်ကြောင်း နယူးယောက်အခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။

နေအိမ်ခန်းတည်ရှိသည့်နေရာမှာ အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့၊ မန်ဟက်တန်အရပ်ရှိ အမှတ် ၇၄၀၊ ပန်းခြံရိပ်သာ လမ်းတွင် တည်ရှိပြီး ဈေးကွက်တွင် နှစ်ပေါင်းများစွာ ရောင်းမထွက်ဘဲ ရှိနေခဲ့ကာ အကြိမ်ကြိမ်ဈေးလျှော့ပေးပြီးနောက် ယခုအခါ ကန်ဒေါ်လာ ၂၅ ဒသမ ၂၅ သန်းဖြင့် ရောင်းထွက်သွားခြင်း ဖြစ်သည်။

Duplex အခန်းဖြစ်သော ယင်းအခန်းသည် ဈေးကွက်အတွင်းသို့ ပထမဆုံးစတင်ရောက်ရှိခဲ့သည်မှာ ၂၀၁၄ ခုနှစ်တွင်းကဖြစ်ပြီး ထိုစဉ်က ခေါ်ဈေးမှာ ကန်ဒေါ်လာ ၄၄ သန်းဖြစ်သည်။

ရောင်းမထွက်သောကြောင့် အကြိမ်ကြိမ်ဈေးနှုန်းလျှော့ချပြီးနောက် နောက်ဆုံးအကြိမ်အဖြစ် Sotheby’s International Realty မှ ကန်ဒေါ်လာ ၂၉ ဒသမ ၅ သန်းဖြင့် မူရင်းခေါ်ဈေးအောက် ကန်ဒေါ်လာ ၁၄ သန်းခန့်အထိ ဈေးနှုန်းလျှော့ချဈေးကွက်တင်ခဲ့သည်။

ယင်းသို့ ဈေးကွက်တင်ခဲ့သည်မှာ ပြီးခဲ့သော ၂၀၁၆ ခုနှစ် နိုဝင်ဘာလအတွင်ကဖြစ်ပြီး အဆိုပါသတင်းကို iMyanmarHouse.com တွင် ရေးသားတင်ပြခဲ့ပြီးဖြစ်ရာ ပြန်လည်ဖတ်ရှုလိုပါက http://www.imyanmarhouse.com/news/read/538317 အင်တာနက်လင့်ခ်တွင် ဖတ်ရှုနိုင်ပါသည်။

ဝယ်လက်၏ အမည်ကို ထုတ်ဖော်ပြောကြားရန်မူ Sotheby’s International ၏ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ်က ငြင်းဆိုခဲ့သည်။
ရောင်းချသူများမှာ စီးပွားရေးလုပ်ငန်းရှင်ဖြစ်သော ဒေးဗစ်ဂါနက်ခ်နှင့် ဇနီးဖြစ်သူ ဒင်နီယယ်လီတို့ဖြစ်ပြီး ၂၀၀၅ ခုနှစ်အတွင်း ကန်ဒေါ်လာ ၁၉ ဒသမ ၁ သန်းဖြင့် ဝယ်ယူခဲ့ခြင်းဖြစ်သည်။

မစ္စက် အိုနာစစ်သည် အဆိုပါတိုက်ခန်းတွင် ၁၉၃၀ ပြည့်လွန်ကာလများအတွင်း မိဘများနှင့်အတူ နေထိုင်ခဲ့ကြောင်း မိုက်ကယ် ဂရော့စ်ရေးသားသည့် “740 Park: The Story of the World’s Richest Apartment Building” အမည်ရှိ စာအုပ်အတွင်း ရေးသားဖော်ပြထားသည်။

ယင်းအဆောက်အအုံကို မစ္စက် အိုနာစစ်၏ အဘိုးဖြစ်သူ ဂျိမ်းစ် တီ-လီက ၁၉၃၀ ပြည့်နှစ်ဝန်းကျင်တွင် ဆောက်လုပ်ခဲ့ခြင်း ဖြစ်သည်။

ဂျက်ကလင်း ကနေဒီ ငယ်စဉ်က နေထိုင်ခဲ့ဖူးသည့် အခြားနေအိမ်များ အရောင်းဈေးကွက်သို့ ရောက်ရှိလာသည့် သတင်းများကိုလည်း iMyanmarHouse.com တွင် ရေးသားဖော်ပြခဲ့ဖူးရာ ပြန်လည်ဖတ်ရှုလိုပါက (၁) http://www.imyanmarhouse.com/news/read/568400 (၂) http://www.imyanmarhouse.com/news/read/617462
အင်တာနက်လင့်ခ်များတွင် ဖတ်ရှုနိုင်ပါသည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
ဂျက်ကလင်းကနေဒီ ကလေးဘဝကနေထိုင်ခဲ့သော မန်ဟက်တန်တိုက်ခန်း ဒေါ်လာ ၂၅ သန်းဖြင့် ရောင်းထွက်ပြီ - Property News in Myanmar from iMyanmarHouse.com
ဂျက်ကလင်းကနေဒီ ကလေးဘဝကနေထိုင်ခဲ့သော မန်ဟက်တန်တိုက်ခန်း ဒေါ်လာ ၂၅ သန်းဖြင့် ရောင်းထွက်ပြီ - Property News in Myanmar from iMyanmarHouse.com
ဂျက်ကလင်းကနေဒီ ကလေးဘဝကနေထိုင်ခဲ့သော မန်ဟက်တန်တိုက်ခန်း ဒေါ်လာ ၂၅ သန်းဖြင့် ရောင်းထွက်ပြီ - Property News in Myanmar from iMyanmarHouse.com
ဂျက်ကလင်းကနေဒီ ကလေးဘဝကနေထိုင်ခဲ့သော မန်ဟက်တန်တိုက်ခန်း ဒေါ်လာ ၂၅ သန်းဖြင့် ရောင်းထွက်ပြီ - Property News in Myanmar from iMyanmarHouse.com
ဂျက်ကလင်းကနေဒီ ကလေးဘဝကနေထိုင်ခဲ့သော မန်ဟက်တန်တိုက်ခန်း ဒေါ်လာ ၂၅ သန်းဖြင့် ရောင်းထွက်ပြီ - Property News in Myanmar from iMyanmarHouse.com
ဂျက်ကလင်းကနေဒီ ကလေးဘဝကနေထိုင်ခဲ့သော မန်ဟက်တန်တိုက်ခန်း ဒေါ်လာ ၂၅ သန်းဖြင့် ရောင်းထွက်ပြီ - Property News in Myanmar from iMyanmarHouse.com
ဂျက်ကလင်းကနေဒီ ကလေးဘဝကနေထိုင်ခဲ့သော မန်ဟက်တန်တိုက်ခန်း ဒေါ်လာ ၂၅ သန်းဖြင့် ရောင်းထွက်ပြီ - Property News in Myanmar from iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဘရူနိုင်းဘုရင်က နယူးယောက်မြို့၏ နာမည်ကျော် Pierre ဟိုတယ်ကြီးကို ဝယ်ယူရန် ညှိနှိုင်းနေကြောင်း သတင်းများထွက်ပေါ်လာ...

လက်ပွားမင်းသားဟု လူသိများသော ဘောလိဝုဒ်ကြယ်ပွင့် ရီသစ်ရိုရှန်နှင့် ဖခင်ဖြစ်သူ ရုပ်ရှင်ဒါရိုက်တာ ရာကက်ရှ် ရိုရှန်တို့က မွမ်ဘိုင်းမှ တိုက်ခန်း ၃ ခန်းကို ရောင်းချ...

[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရောင်းချကာ သမီးအား ဒေါ်လာ ၁ သန်းပေးခဲ့ပုံ...

ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယူမွမ်းမံလျက်ရှိပုံ...

ပြင်သစ်နိုင်ငံ၊ Amboise မြို့ရှိ စားသောက်ဆိုင်တစ်ခုမှာ ကြိုတင်စာရင်းပေးထားသည့် လူဦးရေအတိုင်း မရောက်လာပါက တစ်ဦးလျှင် ၁၅ ယူရို (၁၇ ဒသမ ၂၇ ဒေါ်လာ) ဒဏ်ကြေးကောက်ခံမှု လူမှုကွန်ရက်တွင် နာမည်ကြီး...

မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး သေဆုံးပေးရ...

တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီး လူမှုကွန်ရက်သုံးစွဲသူများ များစွာသဘောကျလျက်ရှိ...

အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြောင်း လတ်တလောတွင် သတင်းကြီးနေ...

တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက မိန်းကလေးများ မိမိကို စိတ်ဝင်စားစေရန်အတွက် အိမ် ၂ လုံးပိုင်ကြောင်း လည်ပင်းတွင် ဆိုင်းဘုတ်ဆွဲကာ လူစည်ကားသည့် ပွဲတော်သို့ သွားခဲ့ပုံမှာ ပြည်မကြီးတွင် သတင်းကြီးနေ...

စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင့် နှစ်ဦးသဘောတူ လဲလှယ်ရန် စီစဉ်...

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ

ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ

တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ

ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ

ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ

ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ

အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ

စီရော်နယ်ဒိုကို ဖြတ်ကျော်ကာ သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံလိုက်ရသူ လီယိုနယ် မက်ဆီ၏ M ပုံသဏ္ဍာ

[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်

အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Myanmar's No. 1 Car Portal
Myanmar's No. 1 C2C E-commerce Portal

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service