သဘာဝစွမ်းအင်သုံး ကမ္ဘာ့အကြီးဆုံးလေဆိပ်

သဘာဝစွမ်းအင်သုံး ကမ္ဘာ့အကြီးဆုံးလေဆိပ် - Property News in Myanmar from iMyanmarHouse.com
13 Jul 2017 10:32 am တွင် တင်ခဲ့သည်
1023 ကြိမ် ကြည့်ရှု့ပြီး
မက္ကဆီကိုနိုင်ငံ၊ မက္ကဆီကိုမြို့မှာ လာမယ့် ၂၀၂၀ ပြည့်နှစ်မှာ ဖွင့်လှစ်အသုံးပြုသွားဖို့ တည်ဆောက်နေပြီဖြစ်တဲ့ လေဆိပ်သစ်ကြီးက သဘာဝစွမ်းအင်အသုံးပြုမှုကိုအလေးထားတဲ့ ကမ္ဘာ့အကြီးဆုံး လေဆိပ်ကြီးဖြစ်လာမယ်လို့ သိရပါတယ်။

အင်္ဂလိပ်အက္ခရာ X ပုံသဏ္ဌာန်ဖန်တီးထားတဲ့ ဒီလေဆိပ်သစ်ကြီးကို ကမ္ဘာကျော် ဗိသုကာကြီးဖြစ်တဲ့ နော်မန်ဖော့စ်တာနဲ့ မက္ကဆီကိုအခြေစိုက်ဗိသုကာအဖွဲ့ FR-EE ရဲ့တည်ထောင်သူဗိသုကာ ဖာနန်ဒိုရိုမီယိုတို့အတူ ရေးဆွဲဖန်တီးထားခဲ့တာ ဖြစ်ပါတယ်။

LEED Platinum လို့ အမည်ပေးထားတဲ့ ဒီလေဆိပ်သစ်ပရောဂျက်ကြီးအတွက် ဒေါ်လာ ၉ ဒသမ ၂ ဘီ လျံ သုံးစွဲတည်ဆောက်သွားမှာဖြစ်ပြီး ကမ္ဘာပေါ်မှာ အဝင်အထွက်အများဆုံး လေဆိပ်တွေထဲက တစ်ခုအပါအဝင်ဖြစ်လာမယ်လို့ သိရပါတယ်။ ၂၀၂၀ ပြည့်နှစ်မှာ ဖွင့်လှစ်ပြီးနောက် ၂၀၄၀ ပြည့်နှစ်ပိုင်းမှာ ဒီလေဆိပ်ကြီးအပါအဝင် မက္ကဆီကိုနိုင်ငံရဲ့ ခရီးသွားလုပ်ငန်းဝင်ငွေ ဒေါ်လာ ၁၉ ဒသမ ၆ ဘီလျံ ရရှိနိုင်မယ်လို့ မျှော်မှန်းထားပါတယ်။

လေဆိပ်အတွင်းပိုင်းကို လေအေးပေးစက်အသုံးပြုမှုကို လျှော့ချပြီး လေဝင်လေထွက်ကောင်းစေဖို့နဲ့ သဘာဝနေ့အလင်းရောင် လုံလောက်စွာအသုံးပြုနိုင်စေမယ့်အမိုးပုံစံနဲ့ အထူးဖန်တီး တည်ဆောက်ထားပါတယ်။

နေရောင်ခြည်စွမ်းအင်နဲ့ မိုးရေသိုလှောင်ကာ ပြန်လည်သုံးစွဲမှုကိုလည်း ထည့်သွင်းထားတာကြောင့် လျှပ်စစ်ဓာတ်အား အသုံးမပြုသလောက်ကို ချွေတာပေးမှာဖြစ်တယ်လို့သိ ရပါတယ်။

လေဆိပ်သစ်ကြီးရဲ့အကျယ်အဝန်းက စတုရန်းပေ၆သန်း ရှိပြီး နှစ်စဉ် ခရီးသွားဦးရေသန်း၁၀၀ ကျော်ကို ဝန် ဆောင်မှုပေးနိုင်မှာဖြစ်တာကြောင့် ကမ္ဘာ့အကြီးမားဆုံးသဘာဝစွမ်းအင်သုံး လေဆိပ်ကြီးဖြစ်လာတော့မှာ ဖြစ်ပါတယ်။

Credit: Pyi Myanmar
သဘာဝစွမ်းအင်သုံး ကမ္ဘာ့အကြီးဆုံးလေဆိပ် - Property News in Myanmar from iMyanmarHouse.com
သဘာဝစွမ်းအင်သုံး ကမ္ဘာ့အကြီးဆုံးလေဆိပ် - Property News in Myanmar from iMyanmarHouse.com
သဘာဝစွမ်းအင်သုံး ကမ္ဘာ့အကြီးဆုံးလေဆိပ် - Property News in Myanmar from iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဘရူနိုင်းဘုရင်က နယူးယောက်မြို့၏ နာမည်ကျော် Pierre ဟိုတယ်ကြီးကို ဝယ်ယူရန် ညှိနှိုင်းနေကြောင်း သတင်းများထွက်ပေါ်လာ...

လက်ပွားမင်းသားဟု လူသိများသော ဘောလိဝုဒ်ကြယ်ပွင့် ရီသစ်ရိုရှန်နှင့် ဖခင်ဖြစ်သူ ရုပ်ရှင်ဒါရိုက်တာ ရာကက်ရှ် ရိုရှန်တို့က မွမ်ဘိုင်းမှ တိုက်ခန်း ၃ ခန်းကို ရောင်းချ...

[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရောင်းချကာ သမီးအား ဒေါ်လာ ၁ သန်းပေးခဲ့ပုံ...

ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယူမွမ်းမံလျက်ရှိပုံ...

ပြင်သစ်နိုင်ငံ၊ Amboise မြို့ရှိ စားသောက်ဆိုင်တစ်ခုမှာ ကြိုတင်စာရင်းပေးထားသည့် လူဦးရေအတိုင်း မရောက်လာပါက တစ်ဦးလျှင် ၁၅ ယူရို (၁၇ ဒသမ ၂၇ ဒေါ်လာ) ဒဏ်ကြေးကောက်ခံမှု လူမှုကွန်ရက်တွင် နာမည်ကြီး...

မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး သေဆုံးပေးရ...

တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီး လူမှုကွန်ရက်သုံးစွဲသူများ များစွာသဘောကျလျက်ရှိ...

အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြောင်း လတ်တလောတွင် သတင်းကြီးနေ...

တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက မိန်းကလေးများ မိမိကို စိတ်ဝင်စားစေရန်အတွက် အိမ် ၂ လုံးပိုင်ကြောင်း လည်ပင်းတွင် ဆိုင်းဘုတ်ဆွဲကာ လူစည်ကားသည့် ပွဲတော်သို့ သွားခဲ့ပုံမှာ ပြည်မကြီးတွင် သတင်းကြီးနေ...

စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင့် နှစ်ဦးသဘောတူ လဲလှယ်ရန် စီစဉ်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား

တရုတ်ပြည်တွင် ပလုံကောက်သူ ဘဝမှ PhD ကျောင်းသားဖြစ်လာသော လူငယ်လေးတစ်ဦးအကြောင်း

[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ

ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်

[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ

iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ

အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ

[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်

တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ

ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service