ကြန့်ကြာမှုများ ဖြစ်ပေါ်နေသော တရုတ်နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်မည့် အခြေခံအဆောက်အဦးစီမံကိန်း တစ်ခုဖြစ်သည့် တရုတ်နိုင်ငံတောင်ပိုင်းနှင့် ဘန်ကောက်မြို့ကို ချိတ်ဆက်မည့် မြန်နှုန်းမြင့်ရထားလမ်းပထမ လမ်းေ ကြာင်းအပိုင်းကို တည်ဆောင်ရန် ဒေါ်လာ ၅.၂ ဘီလီယံကို ထိုင်းစစ်အစိုးရ က အင်္ဂါနေ့တွင် အတည်ပြုလိုက်ကြောင်းသိရသည်။
အဆိုပါ စီမံကိန်းသည် လာအို၊ ထိုင်း၊ မလေးရှားနှင့် စင်ကာပူနိုင်ငံတို့ ကို တောင်ပိုင်းရှိ ကူမင်းမြို့နှင့် ချိတ်ဆက်မည့် မြန်နှုန်းမြင့် ရထားလမ်းကွန် ရက်ကို ဆောက်လုပ်ရန် တရုတ်နိုင်ငံ၏ ကြီးမားသော ဒေသတွင်း အခြေခံ အဆောက်အဦးအစီအစဉ်တစ်စိတ်တစ်ပိုင်းလည်း ဖြစ်သည်။ လာအိုနိုင်ငံ တွင် ဆောက်လုပ်ရေးလုပ်ငန်းများ စတင်ခဲ့ပြီးဖြစ်သော်လည်း ထိုင်းနိုင်ငံအ တွင်းရှိ ရထားလမ်းပိုင်းမှာ ဘဏ္ဍာရေး အခြေအနေ၊ ကြွေးမြီစနစ်၊ ကာကွယ် မှုရှိသော အလုပ်သမားစည်းကမ်းများနှင့် ပတ်သက်သော ကိစ္စရပ်များေ ကြာင့် နှစ်ပေါင်းများစွာ နှောင့်နှေးကြန့်ကြခဲ့ရသည်။
ယင်းသဘောတူညီချက်လုပ်ဆောင်ရာ လမ်းကြောင်းတွင် တည်ရှိနေသော တရားရေးဆိုင်ရာနှင့် နည်းပညာအဟန့်အတားများကို ရှင်းလင်းရန် ထိုင်းဝန် ကြီးချုပ် ပရာယွတ်ချန်အိုချာက ပြီးခဲ့သည့်လတွင်အာဏာကုန် သုံးမည်ဟုြေ ပာကြားထားပြီးနောက် ထိုင်းအစိုးရအဖွဲ့က ယင်းကဲ့သို့ဘဏ္ဍာငွေ စိုက် ထုတ်ပေးမည့် အတည်ပြုချက်ကိုချမှတ်ခဲ့ခြင်းလည်း ဖြစ်သည်။
ဝန်ကြီးချုပ်ရုံးမှ ကော့ဆတ် ပူထရာကူးလ်က "အစိုးရအဖွဲ့ဟာ ဘန်ကောက် ကနေ ကိုရတ်အထိ မြန်နှုန်းမြင့် ရထားလမ်းတစ်ခုရဲ့ အစိတ်အပိုင်း တစ်ခုအ တွက် လေးနှစ်ကြာ အစီအမံနဲ့ ဒေါ်လာ ၅.၂ ဘီလီယံဘတ်ဂျက်ကို အတည်ြ ပုခဲ့ပြီးဖြစ်ပါတယ်" ဟု ပြောကြားခဲ့သည်။ မြန်နှုန်းမြင့်ရထားလမ်းပိုင်း၏ ပထ မအဆင့်ကို ဘန်ကောက်မြို့မှ နိုင်ငံအရှေ့မြောက်ပိုင်းရှိ ကိုရတ်ဟု လူသိ များသော နတ်ခုန် ရတ်ချာစီမာပြည်နယ်တို့ကြား အရှည် ၂၅၀ ကီလိုမီတာကို စတင်အကောင်အထည်ဖော်မည်ဖြစ်သည်။
Credit: Democracytoday