ရတနာပုံမြို့သစ်စီမံကိန်းမြေဧရိယာ ၉၈၉၃ ဧကကို လယ်မြေ၊ ယာမြေ၊ စိုက်ပျိုးမြေများအဖြစ် ပြန်လည်ပြောင်းလဲရန် အစီအစဉ်မရှိ နိုင်ငံတော်အတွက် အကျိုးရှိအောင် အကောင်အထည်ဖော်မည်

ရတနာပုံမြို့သစ်စီမံကိန်းမြေဧရိယာ ၉၈၉၃ ဧကကို လယ်မြေ၊ ယာမြေ၊ စိုက်ပျိုးမြေများအဖြစ် ပြန်လည်ပြောင်းလဲရန် အစီအစဉ်မရှိ နိုင်ငံတော်အတွက် အကျိုးရှိအောင် အကောင်အထည်ဖော်မည် - Property News in Myanmar from iMyanmarHouse.com
13 Jul 2017 9:36 am တွင် တင်ခဲ့သည်
763 ကြိမ် ကြည့်ရှု့ပြီး
ရတနာပုံမြို့သစ်စီမံကိန်းမြေဧရိယာ ၉၈၉၃ ဧကကို လယ်မြေ၊ ယာမြေ၊ စိုက်ပျိုး မြေများအဖြစ် ပြန်လည်ပြောင်းလဲသွားရန် အစီအစဉ်မရှိပါကြောင်း၊ အဆိုပါ မြေများကို Master Plan အရ နိုင်ငံတော်အတွက် အကျိုးအရှိဆုံးဖြစ်အောင် ဆက်လက်အကောင်အထည်ဖော်သွားမည်ဖြစ်ကြောင်း ဆောက်လုပ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းက ပြောကြားသည်။

ယနေ့ကျင်းပသည့် ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် ပြင်ဦးလွင်မဲဆန္ဒ နယ်မှ ဒေါက်တာဦးအောင်ခင်၏ ရတနာပုံစီလီကွန်စီမံကိန်းမြေအဖြစ် သိမ်း ဆည်းထားသော ဧကတစ်သောင်းအား ရည်မှန်းထားသည့် နိုင်ငံတော်စီမံကိန်း များကို အမြန်ဆုံးအကောင်အထည်ဖော်ဆောင်ရွက်ရန်နှင့် အသုံးပြုရန်မလို သော ကျန်မြေဧကများကို ဒေသခံတောင်သူများအား စိုက်ပျိုးလုပ်ကိုင်ခွင့်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ဖြေကြားရာတွင် ဒုတိယဝန်ကြီးက ထိုသို့ပြောကြားခဲ့ခြင်းဖြစ်သည်။
ထို့အပြင် လူမှုဘဝဖွံ့ဖြိုးတိုးတက်ရန်နှင့် နိုင်ငံတကာအဆင့်မီ ITနည်းပညာ ဗဟိုအချက်အချာတစ်ခုဖြစ်ပေါ်စေရန် ရည်ရွယ်ပြီး ရတနာပုံ မြို့သစ်စီမံကိန်းကို ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါကြောင်း၊ ၂ဝဝ၈ ခုနှစ်နှင့်၂ဝဝ၉ ခုနှစ် တွင် ရတနာပုံမြို့သစ်စီမံကိန်း မြေဧရိယာဧကတစ်သောင်းကို ပြည်ထဲရေးဝန်ကြီး ဌာနက မြေသိမ်းမိန့်(၃)စောင်ထုတ်ပြန်၍ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန သို့ အမည်ပေါက်လွှဲပြောင်းပေးအပ်ခဲ့ပါကြောင်း၊ ဧကတစ်သောင်းအနက် ဧရိယာ ၁ဝ၇ ဧကကို အကျဉ်းဦးစီးဌာန (၂၄) မိုင်ကျောက်ထုတ်စခန်းမြေအဖြစ် ပြည်ထဲရေးဝန်ကြီးဌာနသို့ လွှဲပြောင်းပေးခဲ့သဖြင့် မြေဧရိယာ ၉၈၉၃ ဧက ကျန်ရှိပါကြောင်း၊ ၎င်းဧရိယာထဲမှ ၆၆၂ ဧရိယာကို မန္တလေးမြို့တော်စည်ပင် သာယာရေးကော်မတီက ရတနာပုံမြို့သစ်အိမ်ရာစီမံကိန်း ဆောင်ရွက်ခဲ့ပါ ကြောင်း။

ရတနာပုံမြို့သစ်စီမံကိန်းမြေဧရိယာ ၉၈၉၃ ဧကကို ဆောက်လုပ်ရေး ဝန်ကြီးဌာန မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက ပိုင်ဆိုင်စီမံခန့်ခွဲသောမြေ အဖြစ် သတ်မှတ်ခွင့်ပြုပေးခဲ့ပါကြောင်း၊ ၂ဝဝ၆ ခုနှစ် မတ်လမှစတင်ပြီး အဆိုပြုစီမံကိန်း (Master Plan) ပုံစံကိုရေးဆွဲ၍ စီမံကိန်းကိုအဆင့် (၃)ဆင့်ဖြင့် ဆောင်ရွက်သွားရန် စီမံခဲ့ပါကြောင်း၊ စီမံကိန်းအဆင့်(၁)တွင် ဧရိယာ ဧက ၂၂ဝဝ ရှိပြီးSoft Ware ရေးဆွဲထုတ်လုပ်သည့်စက်ရုံများ၊ Factory Complex စိမ်းလန်းမြေနှင့် ဝန်ဆောင်မှုဧရိယာများ၊ICT နည်းပညာများ စဉ်ဆက်မပြတ်တိုးတက်ဖွံ့ဖြိုးစေရန်အတွက် နည်းပညာသင်တန်းကျောင်းများ ပါဝင်သည့် ICT Main Complex၊ အိမ်ရာစီမံကိန်းနှင့် ဝန်ထမ်းအိမ်ရာများ၊ နေ့ကလေးထိန်းကျောင်း၊ အားကစားကွင်းနှင့် စားသောက်ဆိုင်များ၊ အများ သုံးဝန်ဆောင်မှုများပါဝင်သည့် တောင်ပိုင်းအိမ်ရာစီမံကိန်း စသည့်မြေအသုံးပြု မှုများဖြင့် ဖွဲ့စည်းပါဝင်ပါကြောင်း။

စီမံကိန်းအဆင့်(၂)တွင် ဧရိယာ ၂၉၁၉ ဧကရှိပြီး အဆိုပြုပုံစံတွင် လူနေ ဇုန်၊ အုပ်ချုပ်မှုဇုန်၊ ဝန်ဆောင်မှုဇုန်၊ စီးပွားရေးဇုန်၊ အသေးစားအလတ်စား စက်မှုလက်မှုဇုန်၊ စက်မှုဇုန်နှင့် စိုက်ပျိုးရေးကိုအခြေခံသော စီးပွားရေးဇုန်တို့ ပါဝင်ပါကြောင်း၊ စီမံကိန်းအဆင့်(၃)တွင် ဧရိယာ ၄၇၇၄ ဧကရှိပြီး တန်ဖိုးနည်း အိမ်ရာ၊ တန်ဖိုးသင့်အိမ်ရာ၊ တန်ဖိုးမြင့်အိမ်ရာ၊ ဟိုတယ်ဇုန်၊ နိုင်ငံတကာအဆင့်မီ အားကစားကွင်း၊ သီးနှံစိုက်ပျိုးရေးဇုန်၊ ဝန်ဆောင်မှုဇုန်၊ အုပ်ချုပ်မှုဇုန်၊ ဌာနဆိုင် ရာရုံးများနှင့် ဂေါက်ကွင်းဧရိယာတို့ ပါဝင်ပါကြောင်း။
စီမံကိန်းကိုဆောင်ရွက်မည်ဆိုပါက မြို့ပြဖွံ့ဖြိုးမှုပုံစံ Urban Develop- ment လုပ်နိုင်သောနေရာနှင့် မလုပ်နိုင်သောနေရာများကို ပြန်လည်ဆန်းစစ် ရမည်ဖြစ်ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဒေသ၏လိုအပ်ချက်များကို ထည့် သွင်းစဉ်းစားရမည်ဖြစ်ပါကြောင်း၊ စီမံကိန်းဧရိယာဧက များပြားသည့်အတွက် တစ်ပြိုင်နက်ဆောင်ရွက်ရန် အခက်အခဲရှိသဖြင့် တစ်ဆင့်ပြီးတစ်ဆင့် အကောင် အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ဖြေကြားသည်။

မြေပုံမဲဆန္ဒနယ်မှ ဦးဖေသန်း၏ ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာနှစ်အတွင်း ရခိုင် ပြည်နယ်ရှိ ဆောက်လုပ်ရေးလုပ်ငန်းတင်ဒါရရှိသူများထံမှ လုပ်ငန်းတန်ဖိုး၏ ၅ ရာခိုင်နှုန်း ဖြတ်တောက် ကောက်ခံရရှိငွေအပေါ် လုပ်ငန်းတစ်ခုချင်းအလိုက် သိလိုခြင်း၊ ရရှိငွေများကို အရည်အသွေး(QC) စစ်ဆေးရာတွင် မည်သို့သုံးစွဲခဲ့ပြီး လက်ကျန်ငွေမည်မျှရှိသည်ကို သိလိုခြင်းနှင့် ဤကဲ့သို့ကောက်ခံခြင်းသည် ဥပဒေ နှင့် ညီ၊ မညီသိရှိလိုကြောင်း မေးခွန်းနှင့်စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းက ကွင်းဆင်းစစ်ဆေးစဉ်ခရီးစရိတ်၊ စား စရိတ်၊ တည်းခိုစရိတ်၊ လစာနှင့်စစ်ဆေးရေးကိရိယာများဝယ်ယူရေးအတွက် ဒေသန္တရ ဆောက်လုပ်ရေးလုပ်ငန်း၊ ပြည်နယ်ရန်ပုံငွေနှင့် ပြည်ထောင်စု ရန်ပုံငွေပါ လုပ်ငန်းများထဲမှ ၂ ဒသမ ၅ ရာခိုင်နှုန်းမှ ၅ ရာခိုင်နှုန်းအထိ ဖြတ်တောက်ကောက်ခံသုံးစွဲလျက်ရှိကြောင်း။

ရန်ပုံငွေများကို ဖြတ်တောက်ကောက်ခံသုံးစွဲရာတွင် ကျွမ်းကျင်သည့် ငွေစာရင်းတာဝန်ခံများခန့်အပ်၍ စာရင်းစစ်ဆေးခံနိုင်သည်အထိ စီမံဆောင် ရွက်ထားပြီး ဆောင်ရွက်မှုအခြေအနေကို ပြည်နယ်အစိုးရအဖွဲ့အစည်းအဝေးသို့ တင်ပြအတည်ပြုပြီး သုံးစွဲပါကြောင်း၊ ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာနှစ်တွင် ကုမ္ပဏီ များဆောင်ရွက်သည့်လုပ်ငန်းများမှ ငွေကျပ် ၁၃၈၄ ဒသမ ၆၇ သန်း ဖြတ်တောက်ကောက်ခံရရှိထားပြီး ၂ဝ၁၇ ခုနှစ် မတ်လအထိ ငွေကျပ် ၄၂၈ ဒသမ ၇၃ သန်း သုံးစွဲခဲ့သဖြင့် ငွေကျပ် ၉၅၅ ဒသမ ၉၄ သန်း စာရင်းပိတ် လက်ကျန်ငွေအဖြစ် ဘဏ်တွင်ကျန်ရှိပါကြောင်း။
နိုင်ငံတော်ကန်ထရိုက်စနစ်ဖြင့် လုပ်ငန်းများဆောင်ရွက်ရာတွင် လိုက်နာ ကျင့်သုံးရမည့် လုပ်ငန်းလမ်းညွှန်စာအုပ် အပိုဒ်(၃၆)တွင် (Quality Control) အရည်အသွေး စစ်ဆေးခြင်းများကို လိုအပ်သလိုဆောင်ရွက်ရမည်ဖြစ်ပြီး လုပ်ငန်းတန်ဖိုးအလိုက် (ကျပ်သန်း ၁ဝဝဝ အောက် ၈ ရာခိုင်နှုန်း) (ကျပ်သန်း ၁ဝဝဝ မှ ၂ဝဝဝ အထိ ၇ ရာခိုင်နှုန်း) (ကျပ်သန်း ၂ဝဝဝ အထက် ၆ ရာခိုင် နှုန်း)သုံးစွဲနိုင်ကြောင်း ထည့်သွင်းဖော်ပြထားသဖြင့် အဆိုပါလမ်းညွှန်ချက်နှင့် အညီ စနစ်တကျဖွဲ့စည်းစစ်ဆေးသုံးစွဲဆောင်ရွက်ခြင်းဖြစ်ပါကြောင်း ဖြေကြား သည်။

ထို့ပြင် နမ္မတူမဲဆန္ဒနယ်မှ ဒေါ်နန်းခမ်းအေး၊ မိုင်းရယ်မဲဆန္ဒနယ်မှ ဦးစိုင်းသီဟကျော်၊ မြင်းမူမဲဆန္ဒနယ်မှ ဦးစိုးစံသက်ထွန်းနှင့် ပြည်မဲဆန္ဒနယ်မှ ဒေါက်တာဒေါ်ခင်စိုးစိုးကြည်တို့၏ စစ်ဘေးရှောင်ပြည်သူများ၏ လူသားဘဝ လုံခြုံရေးအတွက် မည်သည့်မူဝါဒဖြင့် ဆောင်ရွက်နေသည်ကို သိလိုကြောင်း၊ လမ်း၊ တံတားလုပ်ငန်းများ လျာထားရာတွင် မည်သည့်မူဝါဒဖြင့် ရန်ပုံငွေခွဲဝေ လျာထားသည်ကိုသိလိုကြောင်း၊ စစ်ကိုင်း-မုံရွာကားလမ်းပေါ်ရှိ ရွှေတောင်ဖွံ့ဖြိုး တိုးတက်မှုကုမ္ပဏီ၏ လမ်း/တံတားအသုံးပြုခ ကောက်ခံရေးဂိတ်အား ဖျက် သိမ်းပေးရန် ရှိ၊ မရှိ သိလိုကြောင်း၊ လမ်းအသုံးပြုခနှုန်းထားများနှင့် ထိုက်တန် မှုမရှိဖြစ်နေခြင်းကို မည်ကဲ့သို့စိစစ်ကြပ်မတ်မည်ကို သိရှိလိုကြောင်း မေးခွန်း များကိုလည်း နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်နှင့် ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းတို့က ရှင်းလင်း ဖြေကြားခဲ့သည်။

ထို့နောက် ပြည်သူ့လွှတ်တော် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ ကော်မတီ၏ အစီရင်ခံစာနှင့်စပ်လျဉ်း၍ ထီးလင်းမဲဆန္ဒ နယ်မှ ဦးမြတ်လေးဦး၊ ဖားဆောင်း မဲဆန္ဒနယ်မှ ဒေါ်နန်းထွေးသူနှင့် မြောက်ဦး မဲဆန္ဒနယ်မှ ဦးဦးလှစောတို့ဆွေးနွေးကြပြီး လွှတ်တော်၏အဆုံးအဖြတ် ရယူ အတည်ပြုသည်။

ယနေ့အစည်းအဝေးတွင် ပြည်သူ့လွှတ်တော် စီးပွားရေးနှင့် ဘဏ္ဍာရေး ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ၏ အစီရင်ခံစာအား လွှတ်တော်၏အတည်ပြုချက် ရယူခြင်း၊ အမျိုးသားလွှတ်တော်က ပြင်ဆင်ချက်မရှိ အတည်ပြု၍ ပေးပို့လာသော ''အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေကို တတိယအကြိမ်ပြင်ဆင်သည့် ဥပဒေကြမ်း'' လက်ခံရရှိကြောင်း လွှတ်တော်သို့အသိပေးခြင်း၊ ဥပဒေကြမ်း ကော်မတီက အစီရင်ခံစာတင်သွင်းခြင်းနှင့် ပြင်ဆင်ချက်အဆိုတင်သွင်းလိုသည့် ကိုယ်စားလှယ်များ အမည်စာရင်းတင်သွင်းနိုင်ကြောင်း လွှတ်တော်သို့ တင်ပြ ခြင်းတို့ကိုလည်း ဆောင်ရွက်ခဲ့ကြသည်။

Credit: The Mirror

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဘရူနိုင်းဘုရင်က နယူးယောက်မြို့၏ နာမည်ကျော် Pierre ဟိုတယ်ကြီးကို ဝယ်ယူရန် ညှိနှိုင်းနေကြောင်း သတင်းများထွက်ပေါ်လာ...
ဘရူနိုင်းဘုရင်က နယူးယောက်မြို့၏ နာမည်ကျော် Pierre ဟိုတယ်ကြီးကို ဝယ်ယူရန် ညှိနှိုင်းနေကြောင်း သတင်းများထွက်ပေါ်လာ...
လက်ပွားမင်းသားဟု လူသိများသော ဘောလိဝုဒ်ကြယ်ပွင့် ရီသစ်ရိုရှန်နှင့် ဖခင်ဖြစ်သူ ရုပ်ရှင်ဒါရိုက်တာ ရာကက်ရှ် ရိုရှန်တို့က မွမ်ဘိုင်းမှ တိုက်ခန်း ၃ ခန်းကို ရောင်းချ...
လက်ပွားမင်းသားဟု လူသိများသော ဘောလိဝုဒ်ကြယ်ပွင့် ရီသစ်ရိုရှန်နှင့် ဖခင်ဖြစ်သူ ရုပ်ရှင်ဒါရိုက်တာ ရာကက်ရှ် ရိုရှန်တို့က မွမ်ဘိုင်းမှ တိုက်ခန်း ၃ ခန်းကို ရောင်းချ...
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရောင်းချကာ သမီးအား ဒေါ်လာ ၁ သန်းပေးခဲ့ပုံ...
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရောင်းချကာ သမီးအား ဒေါ်လာ ၁ သန်းပေးခဲ့ပုံ...
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယူမွမ်းမံလျက်ရှိပုံ...
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယူမွမ်းမံလျက်ရှိပုံ...
ပြင်သစ်နိုင်ငံ၊ Amboise မြို့ရှိ စားသောက်ဆိုင်တစ်ခုမှာ ကြိုတင်စာရင်းပေးထားသည့် လူဦးရေအတိုင်း မရောက်လာပါက တစ်ဦးလျှင် ၁၅ ယူရို (၁၇ ဒသမ ၂၇ ဒေါ်လာ) ဒဏ်ကြေးကောက်ခံမှု လူမှုကွန်ရက်တွင် နာမည်ကြီး...
ပြင်သစ်နိုင်ငံ၊ Amboise မြို့ရှိ စားသောက်ဆိုင်တစ်ခုမှာ ကြိုတင်စာရင်းပေးထားသည့် လူဦးရေအတိုင်း မရောက်လာပါက တစ်ဦးလျှင် ၁၅ ယူရို (၁၇ ဒသမ ၂၇ ဒေါ်လာ) ဒဏ်ကြေးကောက်ခံမှု လူမှုကွန်ရက်တွင် နာမည်ကြီး...
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး သေဆုံးပေးရ...
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး သေဆုံးပေးရ...
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီး လူမှုကွန်ရက်သုံးစွဲသူများ များစွာသဘောကျလျက်ရှိ...
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီး လူမှုကွန်ရက်သုံးစွဲသူများ များစွာသဘောကျလျက်ရှိ...
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြောင်း လတ်တလောတွင် သတင်းကြီးနေ...
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြောင်း လတ်တလောတွင် သတင်းကြီးနေ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက မိန်းကလေးများ မိမိကို စိတ်ဝင်စားစေရန်အတွက် အိမ် ၂ လုံးပိုင်ကြောင်း လည်ပင်းတွင် ဆိုင်းဘုတ်ဆွဲကာ လူစည်ကားသည့် ပွဲတော်သို့ သွားခဲ့ပုံမှာ ပြည်မကြီးတွင် သတင်းကြီးနေ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက မိန်းကလေးများ မိမိကို စိတ်ဝင်စားစေရန်အတွက် အိမ် ၂ လုံးပိုင်ကြောင်း လည်ပင်းတွင် ဆိုင်းဘုတ်ဆွဲကာ လူစည်ကားသည့် ပွဲတော်သို့ သွားခဲ့ပုံမှာ ပြည်မကြီးတွင် သတင်းကြီးနေ...
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင့် နှစ်ဦးသဘောတူ လဲလှယ်ရန် စီစဉ်...
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင့် နှစ်ဦးသဘောတူ လဲလှယ်ရန် စီစဉ်...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်
လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
ဗြိတိန်ဝန်ကြီးချုပ် ဝင်စတန်ချာချီမွေးဖွားခဲ့သော အိမ်တော်တွင် ထားရှိသည့် ဒေါ်လာ ၆ ဒသမ ၄ သန်းတန် ဘိုထိုင်ရွှေအိမ်သာကြီး ခိ
ဗြိတိန်ဝန်ကြီးချုပ် ဝင်စတန်ချာချီမွေးဖွားခဲ့သော အိမ်တော်တွင် ထားရှိသည့် ဒေါ်လာ ၆ ဒသမ ၄ သန်းတန် ဘိုထိုင်ရွှေအိမ်သာကြီး ခိ
စီရော်နယ်ဒိုကို ဖြတ်ကျော်ကာ သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံလိုက်ရသူ လီယိုနယ် မက်ဆီ၏ M ပုံသဏ္ဍာ
စီရော်နယ်ဒိုကို ဖြတ်ကျော်ကာ သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံလိုက်ရသူ လီယိုနယ် မက်ဆီ၏ M ပုံသဏ္ဍာ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service