ကာတာတွင် အလုပ်သမားပေါင်း ကိုးထောင်နီးပါး နေထိုင်ရန်အတွက် ကန်ဒေါ်လာ ၁၅၁ သန်း သုံးစွဲကာ လူနေခန်းများ ဆောက်လုပ်ရန် စီစဉ်

ကာတာတွင် အလုပ်သမားပေါင်း ကိုးထောင်နီးပါး နေထိုင်ရန်အတွက် ကန်ဒေါ်လာ ၁၅၁ သန်း သုံးစွဲကာ လူနေခန်းများ ဆောက်လုပ်ရန် စီစဉ် - Property News in Myanmar from iMyanmarHouse.com
12 Jul 2017 11:14 am တွင် တင်ခဲ့သည်
1197 ကြိမ် ကြည့်ရှု့ပြီး
ကာတာအခြေစိုက် အထူးစီးပွားရေးဇုန်များ ဆောက်လုပ်သည့် ထိပ်တန်း developer ဖြစ်သော Manateq သည် ကာတာနိုင်ငံ၊ Ras Bufontas ဒေသတွင် အလုပ်သမားများအတွက် လူနေခန်းသစ်များ ဆောက်လုပ်ရန် စီစဉ်လျက်ရှိကြောင်း အရှေ့အလယ်ပိုင်း အခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။

စတုရန်းမီတာ ၁၅၀၀၀၀ ကျယ်ဝန်းသည့် နေရာပေါ်တွင်ဆောက်လုပ်သွားမည်ဖြစ်ပြီး ကာတာငွေ သန်း ၅၅၀ (ကန်ဒေါ်လာ ၁၅၁ သန်း) ကုန်ကျမည်ဖြစ်ကာ အလုပ်သမားပေါင်း ၈၇၈၄ ဦး နေထိုင်နိုင်မည်ဖြစ်သည်။

အဆိုပါ လူနေခန်းများတွင် နေထိုင်ခွင့်ပြုမည့် အလုပ်သမားများမှာ Ras Bufontas အထူးစီးပွားရေးဇုန်ရှိ စက်ရုံ၊ ဂိုဒေါင်များတွင် အလုပ်လုပ်ကိုင်နေကြသည့် ဝန်ထမ်းများကို နေခွင့်ပြုမည်ဟု ဆိုသည်။

Manateq နှင့် သဘောတူစာချုပ်ချုပ်ဆိုခဲ့မှုအရ အစ္စမေး ဘင်အလီအုပ်စု (IBA) သည် အလုပ်သမား လူနေခန်းများကို ဆောက်လုပ်၊ စီမံခန့်ခွဲသွားမည်ဖြစ်ကာ ဆောက်လုပ်၊ စီမံ၊ လွှဲပြောင်း (BOT) စနစ်ဖြင့် အကောင်အထည်ဖော်သွားမည်ဖြစ်ပြီး ၂၅ နှစ် သက်တမ်း ဖြစ်သည်။

“ကာတာရဲ့ စီးပွားရေးဖွံ့ဖြိုးမှုကို မောင်းနှင်ပေးနိုင်ဖို့အတွက် Manateq နဲ့ လက်တွဲခွင့်ရတာ ကျွန်တော်တို့ ဂုဏ်ယူပါတယ်” ဟု IBA အုပ်စု အကြီးအကဲ ဟာမက် မိုဟာမက် အက်စ်မဲလ် အယ်လ် အီဒါမီက ပြောကြားသည်။

အလုပ်သမားများ၊ ကြီးကြပ်ကွပ်ကဲသူများနှင့် နည်းပညာရှင် ဝန်ထမ်းများ နေထိုင်ခွင့်ရမည်ဖြစ်ပြီး အပြည့်အစုံမွမ်းမံပြီး လူနေခန်းများ အဖြစ် ဆောက်လုပ်သွားမည်ဖြစ်ကာ အိပ်ခန်းတစ်ခန်းနှင့် နှစ်ခန်းပါ အခန်းများဖြစ်မည်ဖြစ်သည်။

လူနေအိမ်ရာအတွင်း အတွင်းအပြင် အပန်းဖြေရန် နေရာများ၊ ဈေးဝယ်စင်တာတစ်ခု၊ ဆေးကုခန်းနှင့် ဘဏ်အဆောက်အအုံများလည်း ပါဝင်မည် ဖြစ်သည်။

စီမံကိန်းကို မကြာမီစတင်သွားမည်ဖြစ်ပြီး ဆောက်လုပ်ချိန် ၃ နှစ်ကြာမြင့်မည် ဖြစ်သည်။

Ras Bufontas အထူးစီးပွားရေးဇုန်သည် ဟာမက် နိုင်ငံတကာလေဆိပ်အနီးတွင် ရှိခြင်းကြောင့် စီးပွားရေးလုပ်ငန်းများအနေဖြင့် နိုင်ငံတကာဈေးကွက်များနှင့် လျင်မြန်စွာ ချိတ်ဆက်နိုင်မည် ဖြစ်သည်။

ယင်းအထူးစီးပွားရေးဇုန်သည် ကဏ္ဍအမျိုးမျိုးအတွက် ဦးတည်ထားရာ ကျန်းမာရေး၊အပေါ့စား စက်မှုလုပ်ငန်းများ၊ အဆင့်မြင့်နည်းပညာနှင့် လေကြောင်းကုန်စည်ဝန်ဆောင်မှုလုပ်ငန်းများ ပါဝင်သည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဘရူနိုင်းဘုရင်က နယူးယောက်မြို့၏ နာမည်ကျော် Pierre ဟိုတယ်ကြီးကို ဝယ်ယူရန် ညှိနှိုင်းနေကြောင်း သတင်းများထွက်ပေါ်လာ...

လက်ပွားမင်းသားဟု လူသိများသော ဘောလိဝုဒ်ကြယ်ပွင့် ရီသစ်ရိုရှန်နှင့် ဖခင်ဖြစ်သူ ရုပ်ရှင်ဒါရိုက်တာ ရာကက်ရှ် ရိုရှန်တို့က မွမ်ဘိုင်းမှ တိုက်ခန်း ၃ ခန်းကို ရောင်းချ...

[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရောင်းချကာ သမီးအား ဒေါ်လာ ၁ သန်းပေးခဲ့ပုံ...

ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယူမွမ်းမံလျက်ရှိပုံ...

ပြင်သစ်နိုင်ငံ၊ Amboise မြို့ရှိ စားသောက်ဆိုင်တစ်ခုမှာ ကြိုတင်စာရင်းပေးထားသည့် လူဦးရေအတိုင်း မရောက်လာပါက တစ်ဦးလျှင် ၁၅ ယူရို (၁၇ ဒသမ ၂၇ ဒေါ်လာ) ဒဏ်ကြေးကောက်ခံမှု လူမှုကွန်ရက်တွင် နာမည်ကြီး...

မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး သေဆုံးပေးရ...

တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီး လူမှုကွန်ရက်သုံးစွဲသူများ များစွာသဘောကျလျက်ရှိ...

အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြောင်း လတ်တလောတွင် သတင်းကြီးနေ...

တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက မိန်းကလေးများ မိမိကို စိတ်ဝင်စားစေရန်အတွက် အိမ် ၂ လုံးပိုင်ကြောင်း လည်ပင်းတွင် ဆိုင်းဘုတ်ဆွဲကာ လူစည်ကားသည့် ပွဲတော်သို့ သွားခဲ့ပုံမှာ ပြည်မကြီးတွင် သတင်းကြီးနေ...

စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင့် နှစ်ဦးသဘောတူ လဲလှယ်ရန် စီစဉ်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော

လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်

အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ

အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ

ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက

တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ

နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြေ

အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင

မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု

တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Myanmar's No. 1 Car Portal
Myanmar's No. 1 C2C E-commerce Portal

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service