ရန်ကုန်မြို့သစ် တည်ဆောက်ရေးစီမံကိန်း ပြန်လည်ဆွေးနွေးသုံးသပ်မည်

ရန်ကုန်မြို့သစ် တည်ဆောက်ရေးစီမံကိန်း ပြန်လည်ဆွေးနွေးသုံးသပ်မည် - Property News in Myanmar from iMyanmarHouse.com
12 Jul 2017 9:41 am တွင် တင်ခဲ့သည်
5506 ကြိမ် ကြည့်ရှု့ပြီး
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က အကောင်အထည်ဖော်ဆောင်ရွက်မည့် ရန်ကုန် မြို့သစ် တည်ဆောက်ရေးစီမံကိန်းနှင့် ပတ်သက်ပြီး လွှတ်တော်တွင်း၌ သက်ဆိုင်ရာ ကော်မတီအဖွဲ့ဝင်များနှင့် လွှတ်တော်ကိုယ်စားလှယ်များ ပြန်လည်ဆွေးနွေးသုံးသပ်မှု များ ပြုလုပ်သွားမည်ဖြစ်ကြောင်း ယနေ့ကျင်းပသော ဒုတိယအကြိမ် ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော်အရေးပေါ်(ပထမနေ့) အစည်းအဝေးမှ သိရသည်။

ယနေ့ကျင်းပသော ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အရေးပေါ် (ပထမနေ့) အစည်းအဝေးကို နံနက် ၁ဝ နာရီတွင် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ခန်းမ၌ကျင်းပရာ တိုင်းဒေသကြီး လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ် ရေးဝန်ကြီး ဒေါ်နီလာကျော်က ရန်ကုန်မြို့သစ်စီမံကိန်းနှင့် ပတ်သက်၍ လွှတ်တော်သို့ ရှင်းလင်းတင်ပြရာ ဘဏ္ဍာရေးစီမံကိန်းနှင့် စီးပွားရေးကော်မရှင်ဥက္ကဋ္ဌ ဒေါ်စန္ဒာမင်း (ဆိပ်ကြီးခနောင်တိုမြို့နယ် မဲဆန္ဒနယ် အမှတ်(၁) လွှတ်တော်ကိုယ်စားလှယ်)က လွှတ်တော်အတွင်း ပြန်လည်ဆွေးနွေးသုံးသပ်ရန် လွှတ်တော်ဥက္ကဋ္ဌမှ တစ်ဆင့် တင်ပြခဲ့သဖြင့် လာမည့်အစည်းအဝေးတွင် ရန်ကုန်မြို့သစ်တည်ဆောက်ရေး စီမံကိန်း နှင့်ပတ်သက်ပြီး လွှတ်တော်အတွင်း ပြန်လည်ဆွေးနွေးသုံးသပ်ရန် လွှတ်တော်ဥက္ကဋ္ဌ က အတည်ပြုခဲ့ပြီး ဆွေးနွေးလိုသည့် အကြောင်းအရာများကို ဇူလိုင် ၁၁ ရက် မွန်းတည့် ၁၂ နာရီ နောက်ဆုံးထားတင်ပြရမည်ဖြစ်ကြောင်း လွှတ်တော်မှ အတည်ပြု ခဲ့သည်။

''ပြီးခဲ့တဲ့လွှတ်တော်က အတည်ပြုခဲ့တဲ့ စီမံကိန်းဖြစ်ပါတယ်။ ဒီစီမံကိန်းကို ဝန်ကြီးအနေနဲ့ ဆက်လက်ပြီး ဆောင်ရွက်ဖို့ တင်ပြသွားတာဖြစ်ပါတယ်။ မြို့သစ်စီမံကိန်းကို ဆောင်ရွက်ဖို့ အတွက် ရန်ကုန်တိုင်းဒေသကြီးအစိုးသစ်က ဆောင်ရွက်မယ့် ပုံစံအသစ်ပြောင်းလဲသွားတယ်။ ပြောင်းလဲရတဲ့ အကြောင်း ရင်းတွေကိုလည်းဖော်ပြသွားပါတယ်။ အဲဒီလိုပါပဲ ရင်းနှီးမြှုပ်နှံ မယ့် ပုံစံတွေကိုလည်း ပြောင်းလဲတယ်ဆိုတာကို တင်ပြသွား တယ်။ ကျွန်မတို့အနေနဲ့ ဒီနှစ်ချက်ပဲ သိရပါသေးတယ်။ စီမံကိန်းကတော့ အကြီးကြီးပါ။ ဆောင်ရွက်မယ့်ပုံစံက ပြီးခဲ့တဲ့ အစိုးရသက်တမ်းတုန်းက ဆောင်ရွက်မယ့်ပုံစံမဟုတ်ဘူး။ ဝန်ကြီး ပြောသွားတာက ပုံစံပြောင်းသွားတယ်ဆိုတာကို တင်ပြသွားတာ ဖြစ်ပါတယ်။ ကော်မတီကိုလည်း ဖွဲ့စည်းထားတယ်လို့ သိရပါ တယ်။ ကျွန်မတို့ ကတော့ လွှတ်တော်ကိုယ်စားလှယ်တွေဖြစ်တော့ ဒီစီမံကိန်းအကြောင်းကို ဆွေးနွေးပိုင်ခွင့်ရှိပါတယ်။ ဒါကြောင့် လည်း ဒီကနေ့ စီမံကိန်းနဲ့ပတ်သက်ပြီး လွှတ်တော်အတွင်း ဆွေးနွေး ခွင့်ပြုဖို့ တောင်းဆိုခဲ့တာဖြစ်ပါတယ်''ဟု ဘဏ္ဍာရေး စီမံကိန်းနှင့် စီးပွားရေးကော်မရှင်ဥက္ကဋ္ဌ ဒေါ်စန္ဒာမင်း (ဆိပ်ကြီး ခနောင်တိုမြို့နယ် မဲဆန္ဒနယ်အမှတ်-၁ လွှတ်တော်ကိုယ်စား လှယ်)က ယနေ့ကျင်းပသော အရေးပေါ်လွှတ်တော်အစည်း အဝေးအပြီးတွင် မီဒီယာများအား ပြောကြားသည်။

ပြောင်းလဲမှုများပြုလုပ်ထား
ရန်ကုန်မြို့သစ်တည်ဆောက်ရေးစီမံကိန်းကို ယခင်အစိုးရ လက်ထက်တွင်လွှတ်တော်၌ ဆွေးနွေးအတည်ပြုခဲ့သော်လည်း ယခုအစိုးရသစ်လက်ထက်တွင် Developer အသစ်များခေါ် ယူမှု၊ ကော်မရှင်အသစ်များဖွဲ့စည်းမှု၊ ငွေကြေးပိုင်းဆိုင်ရာ သုံးစွဲ မှုနှင့်အတူ အသေးစိတ်ပြောင်းလဲမှုများ ပြုလုပ်ထားကြောင်း သိရသည်။

ထို့ကြောင့် ယနေ့လွှတ်တော်၌ ရှင်းလင်းတင်ပြသည့် အချက်များအပေါ် လွှတ်တော်ကိုယ်စားလှယ်များက ပြန်လည် ဆွေးနွေးသုံးသပ်လိုကြောင်းအဆိုကို ဥက္ကဋ္ဌကတစ်ဆင့် တင်ပြ တောင်းဆိုခဲ့ခြင်းဖြစ်သည်။ မြို့သစ်တည်ဆောက်ရေးစီမံကိန်း ကို ရန်ကုန် တိုင်းဒေသကြီးအစိုးရအဖွဲ့ကြီးကြပ်မှုဖြင့် တိုးချဲ့မှု စီမံကိန်း တည်ဆောက်နိုင်ရန် ကြည့်မြင်တိုင်မြို့နယ်မှ လယ်မြေ ၁၅၄၅ ဧက၊ ဆိပ်ကြီးခနောင်တိုမြို့နယ်မှ ၈၇ ဧက၊ တွံတေး မြို့နယ်မှ ၁၆၇၈၉ ဧက စုစုပေါင်း လယ်မြေဧက ၁၈၃၉ဝ အကောင်အထည်ဖော်ဆောင်ရွက်ရန် ယခင်အစိုးရလက်ထက် ၂ဝ၁၆ ခုနှစ် မတ် ၁၆ ရက်တွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးမှ ပြည်ထောင်စုအစိုးရအဖွဲ့သို့ တင်ပြခဲ့ပြီး ရန်ကုန်မြို့ တစ်ဖက်ကမ်း ကြည့်မြင်တိုင်မြို့နယ်မှ စတင်အကောင်အထည် ဖော် ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

အချိန်ယူဖို့လိုအပ်
''ဒီစီမံကိန်းဟာ အလွန်ကြီးမားတဲ့ စီမံကိန်းဖြစ်ပါတယ်။ ဆွေးနွေးချင်တဲ့အကြောင်းအရာကို စာနဲ့တင်ပြဖို့ဆိုတာကိုတော့ ကျွန်မတို့အနေနဲ့ သိပ်သဘောမကျဘူး။ အထူးသဖြင့် ဆိပ်ကြီး ခနောင်တိုမြို့နယ်လည်း စီမံကိန်းထဲမှာ ပါဝင်နေတာဖြစ်တဲ့ အတွက် အချက်အလက်တွေသိဖို့လိုအပ်ပါတယ်။ ဒါ့ကြောင့် ကျယ်ကျယ်ပြန့်ပြန့် သိဖို့လိုအပ်တယ်။ ကျွန်မတို့အနေနဲ့ ပြည်သူတွေက မေးလာတဲ့အခါမှာ ပြည့်ပြည့်စုံစုံရှင်းပြဖို့လို အပ်ပါတယ်။ ဒါ့အပြင် စီမံကိန်းပေါ်မှာလည်း အသေးစိတ်ပြန်လည် ဆွေးနွေးချင်ပါတယ်။ အခုလာမယ့် ပဉ္စမအကြိမ်မြောက် လွှတ်တော်မှာ ဆွေးနွေးခွင့်ရမယ်လို့ထင်ပါတယ်။ ပြီးခဲ့တဲ့အစိုးရ တုန်းက Developer တွေမဟုတ်တော့ဘဲ အသစ်တွေ ပြန်ခေါ် မယ်လို့လည်း ဝန်ကြီးကပြောသွားပါတယ်။ ဘယ်လိုပုံစံနဲ့ ပြောင်းလဲမယ်ဆိုတဲ့ဟာကိုလည်း အသေးစိတ်တင်ပြသွားတာ မရှိဘူးဖြစ်တဲ့အတွက် စီမံကိန်းနဲ့ပတ်သက်ပြီး ကျယ်ကျယ်ပြန့်ပြန့် သိဖို့လိုအပ်ပါသေးတယ်။ နိုင်ငံတကာDeveloper တွေခေါ်မှာ လား၊ ရင်းနှီးမြှုပ်နှံမှုပမာဏ ဘယ်လောက်သတ်မှတ်ထားသလဲ။YCDC ဖြစ်ပေါ်လာမယ်လို့လည်း သဘောပေါက်တယ်။ အခုရှိနေတဲ့ YCDC ကနေပြီးတော့ပဲ အုပ်ချုပ်မှာလား၊ ဒါမှ မဟုတ် အသစ်ပေါ်လာမှာလား၊ လွှတ်တော်ထဲမှာ ကျယ်ကျယ် ပြန့်ပြန့် ဆွေးနွေးချင်ပါတယ်။ ဆွေးနွေးအတည်ပြုပြီးမှ ဆောင်ရွက်ရမယ့် စီမံကိန်းမျိုးပါ။ အချိန်ယူဖို့ လိုအပ်ပါတယ်''ဟု ဒေါ်စန္ဒာမင်းက ထပ်မံရှင်းပြသည်။

မြို့သစ်စီမံကိန်းများအဖြစ်
ရန်ကုန်မြို့တော်ကြီးကို ခေတ်အဆက်ဆက် တိုးချဲ့မြှင့်တင် တည်ဆောက်ခဲ့ရာ ၁၈၅၂ ခုနှစ်တွင် လသာ၊ ပန်းဘဲတန်း၊ ကျောက်တံတား၊ ဗိုလ်တထောင်မြို့နယ်များ၊ ၁၈၇၄ ခုနှစ်တွင် လမ်းမတော်နှင့် ပုဇွန်တောင်၊ ၁၉၂ဝ ခုနှစ်တွင် ကြည့်မြင်တိုင်၊ စမ်းချောင်း၊ ဒဂုံ၊ ဗဟန်း၊ တာမွေ၊ မင်္ဂလာတောင်ညွန့်မြို့နယ်များ၊ ၁၉၅၆ ခုနှစ်တွင် သင်္ဃန်းကျွန်း၊ ရန်ကင်း(ကံဘဲ့)၊ကမာရွတ်၊ မရမ်းကုန်းမြို့နယ်များ၊ ၁၉၅၈ ခုနှစ်တွင် တောင်ဥက္ကလာပ၊ မြောက် ဥက္ကလာပ၊ သာကေတမြို့နယ်များ၊ ၁၉၇၃ ခုနှစ်တွင် ပဲခူးတိုင်းမှ လွှဲပြောင်းယူလိုက်သည့် လှိုင်၊ မရမ်းကုန်း၊ အင်းစိန်၊ မင်္ဂလာ ဒုံမြို့နယ်များနှင့် ၁၉၈၇-၁၉၈၈ ခုနှစ်တို့တွင် ရွှေပြည်သာ၊ လှိုင်သာယာနှင့် ဒဂုံမြို့သစ် လေးမြို့နယ်တို့ကို မြို့သစ်စီမံကိန်း များအဖြစ် တိုးချဲ့ခဲ့ကြောင်း သိရသည်။

Credit: MOI Webportal Myanmar

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဘရူနိုင်းဘုရင်က နယူးယောက်မြို့၏ နာမည်ကျော် Pierre ဟိုတယ်ကြီးကို ဝယ်ယူရန် ညှိနှိုင်းနေကြောင်း သတင်းများထွက်ပေါ်လာ...
ဘရူနိုင်းဘုရင်က နယူးယောက်မြို့၏ နာမည်ကျော် Pierre ဟိုတယ်ကြီးကို ဝယ်ယူရန် ညှိနှိုင်းနေကြောင်း သတင်းများထွက်ပေါ်လာ...
လက်ပွားမင်းသားဟု လူသိများသော ဘောလိဝုဒ်ကြယ်ပွင့် ရီသစ်ရိုရှန်နှင့် ဖခင်ဖြစ်သူ ရုပ်ရှင်ဒါရိုက်တာ ရာကက်ရှ် ရိုရှန်တို့က မွမ်ဘိုင်းမှ တိုက်ခန်း ၃ ခန်းကို ရောင်းချ...
လက်ပွားမင်းသားဟု လူသိများသော ဘောလိဝုဒ်ကြယ်ပွင့် ရီသစ်ရိုရှန်နှင့် ဖခင်ဖြစ်သူ ရုပ်ရှင်ဒါရိုက်တာ ရာကက်ရှ် ရိုရှန်တို့က မွမ်ဘိုင်းမှ တိုက်ခန်း ၃ ခန်းကို ရောင်းချ...
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရောင်းချကာ သမီးအား ဒေါ်လာ ၁ သန်းပေးခဲ့ပုံ...
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရောင်းချကာ သမီးအား ဒေါ်လာ ၁ သန်းပေးခဲ့ပုံ...
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယူမွမ်းမံလျက်ရှိပုံ...
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယူမွမ်းမံလျက်ရှိပုံ...
ပြင်သစ်နိုင်ငံ၊ Amboise မြို့ရှိ စားသောက်ဆိုင်တစ်ခုမှာ ကြိုတင်စာရင်းပေးထားသည့် လူဦးရေအတိုင်း မရောက်လာပါက တစ်ဦးလျှင် ၁၅ ယူရို (၁၇ ဒသမ ၂၇ ဒေါ်လာ) ဒဏ်ကြေးကောက်ခံမှု လူမှုကွန်ရက်တွင် နာမည်ကြီး...
ပြင်သစ်နိုင်ငံ၊ Amboise မြို့ရှိ စားသောက်ဆိုင်တစ်ခုမှာ ကြိုတင်စာရင်းပေးထားသည့် လူဦးရေအတိုင်း မရောက်လာပါက တစ်ဦးလျှင် ၁၅ ယူရို (၁၇ ဒသမ ၂၇ ဒေါ်လာ) ဒဏ်ကြေးကောက်ခံမှု လူမှုကွန်ရက်တွင် နာမည်ကြီး...
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး သေဆုံးပေးရ...
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး သေဆုံးပေးရ...
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီး လူမှုကွန်ရက်သုံးစွဲသူများ များစွာသဘောကျလျက်ရှိ...
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီး လူမှုကွန်ရက်သုံးစွဲသူများ များစွာသဘောကျလျက်ရှိ...
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြောင်း လတ်တလောတွင် သတင်းကြီးနေ...
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြောင်း လတ်တလောတွင် သတင်းကြီးနေ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက မိန်းကလေးများ မိမိကို စိတ်ဝင်စားစေရန်အတွက် အိမ် ၂ လုံးပိုင်ကြောင်း လည်ပင်းတွင် ဆိုင်းဘုတ်ဆွဲကာ လူစည်ကားသည့် ပွဲတော်သို့ သွားခဲ့ပုံမှာ ပြည်မကြီးတွင် သတင်းကြီးနေ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက မိန်းကလေးများ မိမိကို စိတ်ဝင်စားစေရန်အတွက် အိမ် ၂ လုံးပိုင်ကြောင်း လည်ပင်းတွင် ဆိုင်းဘုတ်ဆွဲကာ လူစည်ကားသည့် ပွဲတော်သို့ သွားခဲ့ပုံမှာ ပြည်မကြီးတွင် သတင်းကြီးနေ...
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင့် နှစ်ဦးသဘောတူ လဲလှယ်ရန် စီစဉ်...
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင့် နှစ်ဦးသဘောတူ လဲလှယ်ရန် စီစဉ်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
ထရမ့်က အခွန်တိုးမြှင့်ကောက်ခံနေမှုများကြောင့် ကမ္ဘာ့စီးပွားရေး ကသောင်းကနင်းဖြစ်နေချိန်တွင် အမေရိကန်မှ နေအိမ်ဝယ်လက်တို့က
ထရမ့်က အခွန်တိုးမြှင့်ကောက်ခံနေမှုများကြောင့် ကမ္ဘာ့စီးပွားရေး ကသောင်းကနင်းဖြစ်နေချိန်တွင် အမေရိကန်မှ နေအိမ်ဝယ်လက်တို့က
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု
အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း
[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service