မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် နိုင်ငံခြားဘဏ်များအပေါ်ထားရှိသည့် ကန့်သတ်ချက်များကို တစ်ဆင့်ချင်းဖြေလျှော့သွားမည်

မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် နိုင်ငံခြားဘဏ်များအပေါ်ထားရှိသည့် ကန့်သတ်ချက်များကို တစ်ဆင့်ချင်းဖြေလျှော့သွားမည် - Property News in Myanmar from iMyanmarHouse.com
11 Jul 2017 9:54 am တွင် တင်ခဲ့သည်
573 ကြိမ် ကြည့်ရှု့ပြီး
ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေး (၂၈)ရက်မြောက် နေ့ကို ယနေ့မွန်းလွဲပိုင်းတွင်ကျင်းပရာ မေးခွန်း(၆)ခု မေးမြန်းဖြေကြားခြင်း၊ အစီရင်ခံစာ(၁)ခု ဖတ်ကြားတင်ပြခြင်းနှင့် အစီရင်ခံစာ(၁)ခု ဆွေးနွေး အတည်ပြုခြင်းတို့ကို ဆောင်ရွက်ခဲ့ကြသည်။

အစည်းအဝေးတွင် ပုဇွန်တောင်မဲဆန္ဒနယ်မှ ဦးမြင့်လွင်၏ ဗဟိုဘဏ်မှ နိုင်ငံခြားဘဏ်ကိုယ်စားလှယ်ရုံး (၁၃)ရုံးအား မြန်မာနိုင်ငံသားများအတွက် လက်လီဝန်ဆောင်မှုကို မည်သည့်နေ့တွင် ခွင့်ပြုမည်ဖြစ်ကြောင်းကြေညာရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယ ဥက္ကဋ္ဌ ဦးဆက်အောင်က ယခုခွင့်ပြုထားသည့် နိုင်ငံခြားဘဏ် ၁၃ ဘဏ်သည် ကိုယ်စားလှယ်ရုံးများမဟုတ်ပါကြောင်း၊ ယင်း ၁၃ ဘဏ်ကို နိုင်ငံခြားဘဏ်ခွဲများ အနေဖြင့် ဘဏ်လုပ်ငန်းများဆောင်ရွက်ရန် ခွင့်ပြုပေးထားပါကြောင်း။

မြန်မာနိုင်ငံတွင် နိုင်ငံခြားဘဏ်ခွဲများ စတင်လုပ်ငန်းလည်ပတ်သည့် အချိန်မှာ (၂)နှစ်သာ ရှိသေးပါကြောင်း၊ ယင်းအချိန်အတွင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်အနေဖြင့် ကန့်သတ်ထားသည့်ကန့်သတ်ချက်များကို ပထမအကြိမ်၊ ဒုတိယအကြိမ် ဖြေလျှော့ပြီးဖြစ်ပါကြောင်း၊ တတိယအကြိမ်ဖြေလျှော့ရန်လည်း စတင်ဆောင်ရွက်နေပြီဖြစ်ပါကြောင်း၊ နိုင်ငံခြားဘဏ်များအနေဖြင့် လက်လီ ဘဏ်လုပ်ငန်းဆောင်ရွက်ရန် အဓိကအရေးကြီးသည့် အချက် ၂ ချက်ရှိပါ ကြောင်း၊ နိုင်ငံအနှံ့အပြားတွင် ဘဏ်ခွဲများရှိနေရန်နှင့်E-Bankingစနစ် ဆောင်ရွက်နိုင်မှုရှိနေရန် လိုအပ်ပါကြောင်း၊ နိုင်ငံခြားဘဏ်များအနေဖြင့်E-Banking စနစ်များရှိသော်လည်း နိုင်ငံအနှံ့ဘဏ်ခွဲများရှိရန် လိုအပ်နေဆဲ ဖြစ်ပါကြောင်း၊ အခြားနိုင်ငံများတွင်လည်း လက်လီဘဏ်လုပ်ငန်းကို ပြည်တွင်း ဘဏ်များကသာ ထိရောက်အောင်မြင်စွာ လုပ်ကိုင်ဆောင်ရွက်နိုင်သည်ကို တွေ့ရှိရပါကြောင်း။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် နိုင်ငံခြားဘဏ်များအပေါ်ထားရှိ သည့် ကန့်သတ်ချက်များကို တစ်ဆင့်ချင်း ဖြေလျှော့သွားမည်ဖြစ်ပါကြောင်း၊ တတိယအကြိမ်ဖြေလျှော့မှုအပြီး စတုတ္ထအကြိမ်ဖြေလျှော့မှုတွင် နိုင်ငံခြားဘဏ် များကို လက်လီဘဏ်လုပ်ငန်းဆောင်ရွက်ခွင့် ခွင့်ပြုပေးသွားမည်ဖြစ်ပါ ကြောင်း၊ ထိုသို့ဖြေလျှော့ရာတွင် မြန်မာနိုင်ငံဘဏ်လုပ်ငန်းကဏ္ဍ တည်ငြိမ်မှု အခြေအနေနှင့် ဗဟိုဘဏ်၏ ကြီးကြပ်စစ်ဆေးနိုင်သည့် အင်အားအပေါ် မူတည်၍ ဖြေလျှော့မှုများကို ယခုထက် ပိုမိုမြန်ဆန်အောင် ဆောင်ရွက်သွား မည်ဖြစ်ပါကြောင်း ဖြေကြားသည်။

ကနီမဲဆန္ဒနယ်မှ ဦးထွန်းထွန်းနိုင်၏ မြစ်ချောင်းကမ်းထိန်းနံရံများ၊ ရေကာတာများတည်ဆောက်ရာတွင် နိုင်ငံတော်၏ဘဏ္ဍာငွေများ လေလွင့် ဆုံးရှုံးမှုလျော့နည်းစေရန်နှင့် ရေရှည်ခိုင်ခံ့၍ အကျိုးရှိသော ကမ်းထိန်းနံရံများ၊ ရေကာတာများတည်ဆောက်နိုင်ရေး စီစဉ်ဆောင်ရွက်နိုင်ခြင်း ရှိ၊ မရှိ မေးခွန်း နှင့်စပ်လျဉ်း၍ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုးက ကမ်းပြိုကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်ရာတွင် ရန်ပုံငွေ တင်ပြတောင်းခံမှုနှင့် ခွဲဝေရရှိမှုအခြေအနေများအရ ကန့်သတ်ချက်များစွာ ရှိပါကြောင်း၊ ရန်ပုံငွေများစွာသုံးစွဲရသည့် အာမခံရှိသောဒီဇိုင်းများဖြင့် ဆောင်ရွက်ရမည့်အစား ထပ်မံတိုက်စားမှုမခံရစေရေးနှင့် ရန်ပုံငွေချွေတာရေး မူဖြစ်သောLow Cost Design မူဖြင့် ဆောင်ရွက်သည့်စနစ်ကို ကျင့်သုံးခဲ့ရ ပါကြောင်း။

ပြောင်းလဲလာသောခေတ်စနစ်နှင့်အညီ အာမခံချက်ရှိသော ဒီဇိုင်းများ ဖြစ်ထွန်းရေးအတွက် ကုန်ကျစရိတ်ကို အခြေခံမထားသည့်စနစ်ကို ပြောင်းလဲ ဆောင်ရွက်သွားရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ ယင်းသို့ဆောင်ရွက်ရာတွင် နိုင်ငံတကာနည်းပညာအကူအညီများ၊ ကွန်ပျူတာအသုံးချမှုနည်းစနစ်များဖြင့် အားဖြည့်ဆောင်ရွက်ရမည်ဖြစ်ပြီး လုံလောက်သောရန်ပုံငွေများ ခွင့်ပြုပေးရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ ရေရှည်ခိုင်ခံ့သော ကမ်းထိန်းနံရံများ၊ ရေကာတာများ ဖြစ်စေရန်အတွက် ဒီဇိုင်းတွက်ချက်ရာတွင် လိုအပ်သောအချက်အလက်များ ဖြစ်သည့် မြေကြီးဂုဏ်သတ္တိ(Soil Properties)အတွက်Soil testစစ်ဆေးမှုများ ပြုလုပ်ခြင်းနှင့် ရေလမ်းကြောင်းအနေအထား သိရှိနိုင်ရန်အတွက် (Bathymetric Survey)မြစ်ချောင်းကြမ်းပြင်ကို လေ့လာတိုင်းတာခြင်းများ ပြုလုပ်ပြီးမှသာ ဒီဇိုင်းရေးဆွဲပြီး စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း ဖြေကြား သည်။

ထို့ပြင် ကျောက်တံတားမဲဆန္ဒနယ်မှ ဦးနေမျိုးထက်၊ သံတွဲမဲဆန္ဒနယ်မှ ဦးမင်းကြည်၊ မင်းကင်းမဲဆန္ဒနယ်မှ ဦးမောင်မြင့်နှင့် ဖျာပုံမဲဆန္ဒနယ်မှ ဦးဝင်းထွဋ်တို့၏ ဆက်သွယ်ရေးဝိုင်ယာကြိုးများအား ရှင်းလင်းပေးရေး၊ သံတွဲမြို့ တွင်(ကညန)ရုံး ဖွင့်လှစ်ပေးရေး၊National Database Center နှင့် ဒေသအနှံ့ ဆက်သွယ်နိုင်သည့် Network Line များ တည်ဆောက်ပေးရေးနှင့် ပြည်တွင်း စက်မှုဇုန် မော်တော်ယာဉ်ထုတ်လုပ်မှုဆိုင်ရာမေးခွန်းများကိုလည်း ပို့ဆောင် ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုးက ပြန်လည် ရှင်းလင်းဖြေကြားခဲ့သည်။

ထို့နောက် ပြည်သူ့လွှတ်တော် တောင်သူလယ်သမားနှင့် အလုပ်သမား ရေးရာကော်မတီ၏ အစီရင်ခံစာနှင့်စပ်လျဉ်း၍ မအူပင်မဲဆန္ဒနယ်မှ ဦးစိန်ဝင်း က ကော်မတီသုံးသပ်ချက်တွင် ကိုယ်တိုင်ကွင်းဆင်းစစ်ဆေးရခြင်းမရှိပါသဖြင့် တိုင်ကြားစာများအပေါ် သုံးသပ်ချက်များမှာ မှားယွင်းနိုင်သည်ဟု ဖော်ပြထား ချက်သည် မှန်ကန်ပါကြောင်း၊ ရေးရာကော်မတီအနေဖြင့် လယ်ယာမြေနှင့် အခြားမြေများသိမ်းဆည်းမှု ပြန်လည်စိစစ်ရေးလုပ်ငန်းတွင် အဓိကဆောင်ရွက် ရန် တာဝန်ပေးထားသဖြင့် ဖြေရှင်းရေးအထောက်အကူအဖွဲ့ တိုးချဲ့ဖွဲ့စည်း တာဝန်ပေးဆောင်ရွက်သင့်ပါကြောင်း၊ လက်ရှိအခြေအနေတွင် အမိန့်ညွှန်ကြား ချက်များဖြင့် ဖြေရှင်းနေသော်လည်း အောက်ခြေမြို့နယ်၊ ခရိုင်၊ တိုင်းအဆင့် များတွင် မှန်ကန်မျှတမှု အားနည်းလျက်ရှိပါသဖြင့် ကော်မတီအား တိုးချဲ့ဖွဲ့စည်း တာဝန်ပေး၍ ထိန်းကျောင်းဆောင်ရွက်သင့်ပါကြောင်း ဆွေးနွေးသည်။

စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်မှ ဦးခင်မောင်သိန်းက ယခုအချိန်အထိ ဥပဒေနှင့်မညီသည့် သိမ်းဆည်းမြေများကို စစ်ဆေးတွေ့ရှိနေရပါကြောင်း၊ မြို့နယ်၊ ခရိုင် မြေစစ်အဖွဲ့များထဲတွင် သိမ်းဆည်းခဲ့သည့် ဌာနဆိုင်ရာပုဂ္ဂိုလ်များ ပါရှိနေပါကြောင်း၊ စုံစမ်းစိစစ်မှတ်ချက်ပေးကြရာတွင် ၂ဝ၁၂ ခုနှစ် လယ်ယာ မြေဥပဒေ၊ မြေစစ်ကော်မတီ၏ မူဝါဒ၊ လမ်းညွှန်ချက်များနှင့် မကိုက်ညီသည့် အနာဂတ်စီမံချက်များကိုတင်ပြပြီး မြေပြန်မပေးလိုခြင်းများကို တွေ့ရှိနေရ ပါကြောင်း ဆွေးနွေးသည်။

ထို့ပြင် အစီရင်ခံစာနှင့်စပ်လျဉ်း၍ မင်းတုန်းမဲဆန္ဒနယ်မှ ဒေါ်ခင်သန်းနု၊ ဆွမ်ပရာဘွမ် မဲဆန္ဒနယ်မှ ဦးလုံဂျုံဆန်မိုင်၊ ကျောက်တန်းမဲဆန္ဒနယ်မှ ဒေါ်အေး မြမြမျိုးနှင့် မော်လိုက်မဲဆန္ဒနယ်မှ ဒေါ်ချိုချိုဝင်းတို့က ဆွေးနွေးကြသည်။
ထို့နောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက တောင်သူလယ်သမားနှင့် အလုပ် သမားရေးရာကော်မတီ၏အစီရင်ခံစာကို လွှတ်တော်၏ အဆုံးအဖြတ်ရယူ အတည်ပြုသည်။

ယနေ့အစည်းအဝေးတွင် ပြည်သူ့လွှတ်တော် တရားစီရင်ရေးနှင့် ဥပဒေရေးရာကော်မတီ၏ နှစ်ပတ်လည်အစီရင်ခံစာ ဖတ်ကြားတင်ပြခြင်းနှင့် ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များ၏ အမည်စာရင်းတောင်းခံ ခြင်းတို့ကိုလည်း ဆောင်ရွက်ခဲ့ကြသည်။

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေး (၂၈)ရက် မြောက်နေ့ကို ယနေ့မွန်းလွဲပိုင်းတွင် ရပ်နားလိုက်ပြီး အစည်းအဝေး (၂၉)ရက် မြောက်နေ့ကို ၂ဝ၁၇ ခုနှစ် ဇူလိုင် ၁၂ ရက်တွင် ကျင်းပရန်လျာထားကြောင်း သိရသည်။

Credit: The Mirror

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဘရူနိုင်းဘုရင်က နယူးယောက်မြို့၏ နာမည်ကျော် Pierre ဟိုတယ်ကြီးကို ဝယ်ယူရန် ညှိနှိုင်းနေကြောင်း သတင်းများထွက်ပေါ်လာ...
ဘရူနိုင်းဘုရင်က နယူးယောက်မြို့၏ နာမည်ကျော် Pierre ဟိုတယ်ကြီးကို ဝယ်ယူရန် ညှိနှိုင်းနေကြောင်း သတင်းများထွက်ပေါ်လာ...
လက်ပွားမင်းသားဟု လူသိများသော ဘောလိဝုဒ်ကြယ်ပွင့် ရီသစ်ရိုရှန်နှင့် ဖခင်ဖြစ်သူ ရုပ်ရှင်ဒါရိုက်တာ ရာကက်ရှ် ရိုရှန်တို့က မွမ်ဘိုင်းမှ တိုက်ခန်း ၃ ခန်းကို ရောင်းချ...
လက်ပွားမင်းသားဟု လူသိများသော ဘောလိဝုဒ်ကြယ်ပွင့် ရီသစ်ရိုရှန်နှင့် ဖခင်ဖြစ်သူ ရုပ်ရှင်ဒါရိုက်တာ ရာကက်ရှ် ရိုရှန်တို့က မွမ်ဘိုင်းမှ တိုက်ခန်း ၃ ခန်းကို ရောင်းချ...
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရောင်းချကာ သမီးအား ဒေါ်လာ ၁ သန်းပေးခဲ့ပုံ...
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရောင်းချကာ သမီးအား ဒေါ်လာ ၁ သန်းပေးခဲ့ပုံ...
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယူမွမ်းမံလျက်ရှိပုံ...
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယူမွမ်းမံလျက်ရှိပုံ...
ပြင်သစ်နိုင်ငံ၊ Amboise မြို့ရှိ စားသောက်ဆိုင်တစ်ခုမှာ ကြိုတင်စာရင်းပေးထားသည့် လူဦးရေအတိုင်း မရောက်လာပါက တစ်ဦးလျှင် ၁၅ ယူရို (၁၇ ဒသမ ၂၇ ဒေါ်လာ) ဒဏ်ကြေးကောက်ခံမှု လူမှုကွန်ရက်တွင် နာမည်ကြီး...
ပြင်သစ်နိုင်ငံ၊ Amboise မြို့ရှိ စားသောက်ဆိုင်တစ်ခုမှာ ကြိုတင်စာရင်းပေးထားသည့် လူဦးရေအတိုင်း မရောက်လာပါက တစ်ဦးလျှင် ၁၅ ယူရို (၁၇ ဒသမ ၂၇ ဒေါ်လာ) ဒဏ်ကြေးကောက်ခံမှု လူမှုကွန်ရက်တွင် နာမည်ကြီး...
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး သေဆုံးပေးရ...
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး သေဆုံးပေးရ...
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီး လူမှုကွန်ရက်သုံးစွဲသူများ များစွာသဘောကျလျက်ရှိ...
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီး လူမှုကွန်ရက်သုံးစွဲသူများ များစွာသဘောကျလျက်ရှိ...
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြောင်း လတ်တလောတွင် သတင်းကြီးနေ...
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြောင်း လတ်တလောတွင် သတင်းကြီးနေ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက မိန်းကလေးများ မိမိကို စိတ်ဝင်စားစေရန်အတွက် အိမ် ၂ လုံးပိုင်ကြောင်း လည်ပင်းတွင် ဆိုင်းဘုတ်ဆွဲကာ လူစည်ကားသည့် ပွဲတော်သို့ သွားခဲ့ပုံမှာ ပြည်မကြီးတွင် သတင်းကြီးနေ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက မိန်းကလေးများ မိမိကို စိတ်ဝင်စားစေရန်အတွက် အိမ် ၂ လုံးပိုင်ကြောင်း လည်ပင်းတွင် ဆိုင်းဘုတ်ဆွဲကာ လူစည်ကားသည့် ပွဲတော်သို့ သွားခဲ့ပုံမှာ ပြည်မကြီးတွင် သတင်းကြီးနေ...
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင့် နှစ်ဦးသဘောတူ လဲလှယ်ရန် စီစဉ်...
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင့် နှစ်ဦးသဘောတူ လဲလှယ်ရန် စီစဉ်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်
[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု
အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Myanmar's No. 1 Car Portal
Myanmar's No. 1 C2C E-commerce Portal

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service