မြစ်ကြီးနားတွင် ကျောက်မျက်ပြပွဲကျင်းပရန် ကျောက်မျက်အသင်းချုပ်မှကျင်းပပါက ဥပဒေနှင့်ညီဟုဆို

မြစ်ကြီးနားတွင် ကျောက်မျက်ပြပွဲကျင်းပရန် ကျောက်မျက်အသင်းချုပ်မှကျင်းပပါက ဥပဒေနှင့်ညီဟုဆို - Property News in Myanmar from iMyanmarHouse.com
10 Jul 2017 9:49 am တွင် တင်ခဲ့သည်
1302 ကြိမ် ကြည့်ရှု့ပြီး
မြစ်ကြီးနားတွင် ကျောက်မျက်ရတနာပြပွဲ ကျင်းပခွင့်ရရေးမှာကျောက်မျက်ရတနာ လုပ်ငန်းရှင်များအသင်းချုပ် မှ ကြီးမှူးကျင်းပပါက ဥပဒေအရ ကိုက်ညီကြောင်း မြန်မာ့ကျောက်မျက်ရတနာလုပ်ငန်းမှ သတင်းရရှိသည်။

ကချင်ပြည်နယ်တွင် ကျောက်မျက်ပြပွဲ (emporium)ကို တစ်နှစ်လျှင် အနည်းဆုံးတစ်ကြိမ် ကျင်းပနိုင်ရန် ကချင်ပြည်နယ်ကျောက်မျက်ရတနာ လုပ်ငန်းရှင်များအသင်း (မြစ်ကြီးနား)မှတောင်းဆိုထားခြင်းကို မြန်မာ့ကျောက်မျက်ရတနာလုပ်ငန်း မှညွှန်ကြားရေးမှူးဦးသန်းဇော်ဦးက ပြောကြားခြင်းဖြစ်သည်။

" ဥပဒေပါ ပြဌာန်းချက်အတိုင်းဆိုရင်တော့ အသင်းချုပ် အနေနဲ့ လုပ်နိုင်တာတွေရှိတယ် ဥပဒေရဲ့ အပိုဒ်၃၄(ဇ) အရ လုပ်ငန်းကော်မတီအနေနဲ့ လက်ဝတ်ရတနာဈေးဖြစ်ထွန်းနိုင်သော ဒေသတွေမှာ လုပ်ဆောင်ခြင်း ဆိုရင်တော့ ဥပဒေပါပြဌာန်းချက်နဲ့ ညီတာပေါ့ " ဟု ပြပွဲကျင်းပရေး ကော်မတီ ဒုဥက္ကဌလည်းဖြစ်သူ ဦးသန်းဇော်ဦးကဆိုသည်။

မြစ်ကြီးနားတွင် အရည်အသွေးမြင့် ကျောက်စိမ်းများတရားဝင် သယ်ယူခွင့်ကို အစိုးရမှ ခွင့်ပြုလိုက်ပြီ ဖြစ်သောကြောင့်ပြပွဲလုပ်ခွင့်ရရန် တင်ပြထားကြောင်းး ကချင်ပြည်နယ်ကျောက်မျက်ရတနာ လုပ်ငန်းရှင်များအသင်း (မြစ်ကြီးနား)မှ အထွေထွေအတွင်းရေးမှူး ဦးတူးခေါင်က ပြောသည်။

“ တစ်နှစ်မှာ တစ်ပွဲလောက် emporium လုပ်ခွင့်ရဖို့ ပြည်ထောင်စုအစိုးရနဲ့ ကချင်ပြည်နယ်အစိုးရဆီမှာ စာတင်ထားတယ်၊ အဖြေကတော့မသိရသေးဘူး” ဟု၎င်းက ဆိုသည်။

မြစ်ကြီးနား ကျောက်မျက်ဈေးကွက် စည်ကားလာစေရန် လုပ်ဆောင်သွားဖို့ ကျောက်မျက်ရတနာ လုပ်ငန်းရှင်များအသင်း (မြစ်ကြီးနား)က စီစဉ်နေပြီး မြစ်ကြီးနား ကျောက်ဝိုင်းကို နိုင်ငံတကာအဆင့်မီအထိ လုပ်ဆောင်သွားရန်ရည်မှန်းထားကြောင်း ဦးတူးခေါင်ကပြောသည်။

ကချင်ပြည်နယ်တွင်ြ့ပပွဲများပြုလုပ်နိုင်ရန် တင်ပြထားခြင်းကို ကျောက်မျက်ရတနာပြပွဲကျင်းပရေးဗဟိုကော်မတီ အနေဖြင့် သိရှိထားခြင်း မရှိကြောင်း ပြပွဲကျင်းပရေး ကော်မတီ ဒုဥက္ကဌဦးသန်းဇော်ဦးကဆိုသည်။

နေးရှင်းမြန်မာ မှ iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဘရူနိုင်းဘုရင်က နယူးယောက်မြို့၏ နာမည်ကျော် Pierre ဟိုတယ်ကြီးကို ဝယ်ယူရန် ညှိနှိုင်းနေကြောင်း သတင်းများထွက်ပေါ်လာ...

လက်ပွားမင်းသားဟု လူသိများသော ဘောလိဝုဒ်ကြယ်ပွင့် ရီသစ်ရိုရှန်နှင့် ဖခင်ဖြစ်သူ ရုပ်ရှင်ဒါရိုက်တာ ရာကက်ရှ် ရိုရှန်တို့က မွမ်ဘိုင်းမှ တိုက်ခန်း ၃ ခန်းကို ရောင်းချ...

[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရောင်းချကာ သမီးအား ဒေါ်လာ ၁ သန်းပေးခဲ့ပုံ...

ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယူမွမ်းမံလျက်ရှိပုံ...

ပြင်သစ်နိုင်ငံ၊ Amboise မြို့ရှိ စားသောက်ဆိုင်တစ်ခုမှာ ကြိုတင်စာရင်းပေးထားသည့် လူဦးရေအတိုင်း မရောက်လာပါက တစ်ဦးလျှင် ၁၅ ယူရို (၁၇ ဒသမ ၂၇ ဒေါ်လာ) ဒဏ်ကြေးကောက်ခံမှု လူမှုကွန်ရက်တွင် နာမည်ကြီး...

မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး သေဆုံးပေးရ...

တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီး လူမှုကွန်ရက်သုံးစွဲသူများ များစွာသဘောကျလျက်ရှိ...

အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြောင်း လတ်တလောတွင် သတင်းကြီးနေ...

တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက မိန်းကလေးများ မိမိကို စိတ်ဝင်စားစေရန်အတွက် အိမ် ၂ လုံးပိုင်ကြောင်း လည်ပင်းတွင် ဆိုင်းဘုတ်ဆွဲကာ လူစည်ကားသည့် ပွဲတော်သို့ သွားခဲ့ပုံမှာ ပြည်မကြီးတွင် သတင်းကြီးနေ...

စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင့် နှစ်ဦးသဘောတူ လဲလှယ်ရန် စီစဉ်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ

အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု

iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ

တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော

အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ

[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း

မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး

ထရမ့်က အခွန်တိုးမြှင့်ကောက်ခံနေမှုများကြောင့် ကမ္ဘာ့စီးပွားရေး ကသောင်းကနင်းဖြစ်နေချိန်တွင် အမေရိကန်မှ နေအိမ်ဝယ်လက်တို့က

စီရော်နယ်ဒိုကို ဖြတ်ကျော်ကာ သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံလိုက်ရသူ လီယိုနယ် မက်ဆီ၏ M ပုံသဏ္ဍာ

ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service