ကျောက်ဖြူ စီးပွားရေးဇုန် အကောင်အထည်ဖော်မည့် ဆွေးနွေးချက်များကို အများ မြင်သာအောင် ထုတ်ပြန်သွားမည်

ကျောက်ဖြူ စီးပွားရေးဇုန် အကောင်အထည်ဖော်မည့် ဆွေးနွေးချက်များကို အများ မြင်သာအောင် ထုတ်ပြန်သွားမည် - Property News in Myanmar from iMyanmarHouse.com
7 Jul 2017 10:08 am တွင် တင်ခဲ့သည်
898 ကြိမ် ကြည့်ရှု့ပြီး
ကျောက်ဖြူအထူးစီးပွားရေးဇုန် အကောင်အထည်ဖော်ရေး နှင့်ပတ်သက်၍ ဆွေးနွေးချက်များကို အများထင်သာ မြင်သာရှိအောင် တရားဝင် ထုတ်ပြန်အသိပေးသွားမည် ဖြစ်ပါကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဦးအောင်ထူးက ယနေ့ကျင်းပသည့် ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် ပြောကြားသည်။

ဒုတိယဝန်ကြီးက ယင်းသို့အသိပေးရာတွင် ဒေသခံ များနှင့် ထိတွေ့ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ထို့ပြင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကျောက်ဖြူအထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီရုံး၊ CITIC ကုမ္ပဏီနှင့်ဖွဲ့စည်းမည့် မြန်မာအများပိုင်ကုမ္ပဏီ တို့တွင် တိုက်ရိုက်ဆက်သွယ် မေးမြန်းသိရှိနိုင်ပါကြောင်း ပြောသည်။

ကျောက်ဖြူမဲဆန္ဒနယ်မှ ဦးဘရှိန်၏ ကျောက်ဖြူအထူး စီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီအနေဖြင့် မည်သည့် အချိန်တွင် လုပ်ငန်းများစတင်ဆောင်ရွက်ပါမည်နည်း၊ တင်ဒါအောင်မြင်ထားသည့် CITIC ကုမ္ပဏီအနေဖြင့် လုပ်ငန်းစတင်ဆောင်ရွက်ရန် မည်သည့်အစီအမံများ ပြုလုပ်နေသည်ကို ဒေသခံပြည်သူများအား ရှင်းပြပေးပါ မည်လား၊ ကျောက်ဖြူအထူးစီးပွားရေးဇုန်၏ ပထမအဆင့် ဆောင်ရွက်မည့်စီမံချက်များကို ဒေသခံများသိရှိခွင့်ရနိုင် ပါမည်လား မေးခွန်းများနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီးက အထက်ပါအတိုင်း ရှင်းလင်းပြောကြားခဲ့ခြင်းဖြစ်သည်။

ထို့ပြင် ဒုတိယဝန်ကြီးက ကျောက်ဖြူအထူးစီးပွားရေး ဇုန်လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် နိုင်ငံခြားရင်းနှီးတည်ဆောက်မည့်သူနှင့် ဖက်စပ်လုပ်ကိုင် မည့် နိုင်ငံတော်က သတ်မှတ်ပေးမည့် မြန်မာအများပိုင် ကုမ္ပဏီ (Government Designated Entity-GDE) ဖွဲ့စည်းနိုင်ရေးအတွက် စိတ်ဝင်စားမှုဖော်ပြလွှာကို ခေါ်ယူခဲ့ပြီး အဆိုပြု မြန်မာကုမ္ပဏီ ၅၂ ခုဖြင့် မြန်မာကျောက်ဖြူ အထူးစီးပွားရေးဇုန် ဦးပိုင်ကုမ္ပဏီအုပ်စု ဖွဲ့စည်းနိုင်ရေး ဆောင်ရွက်လျက်ရှိပါကြောင်း။

ကျောက်ဖြူအထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီ အနေဖြင့် CITIC ကုမ္ပဏီ၊ မြန်မာအများပိုင်ကုမ္ပဏီတို့နှင့် ငွေကြေးထည့်ဝင်မှု၊ အစုရှယ်ယာပိုင်ဆိုင်မှု အချိုးဆိုင်ရာ ကိစ္စရပ်များ၊ ဘဏ်ချေးငွေဆိုင်ရာကိစ္စရပ်များ၊ ပတ်ဝန်း ကျင် ထိခိုက်မှု၊ လူမှုရေးထိခိုက်မှုဆန်းစစ်ချက်၊ မြေပြင် အနေအထားဆိုင်ရာ စစ်တမ်းဆောင်ရွက်ရန်ကိစ္စရပ်များ၊ မူဘောင်သဘောတူညီချက်ဆိုင်ရာ ကိစ္စရပ်များကို အသေးစိတ်ညှိနှိုင်းဆွေးနွေးလျက်ရှိပါကြောင်း၊ ဆွေးနွေးဆောင် ရွက်မှု ရလဒ်များအပေါ်မူတည်ပြီး စီမံကိန်းလုပ်ငန်းများကို အဆင့်လိုက်သတ်မှတ်၍ လုပ်ထုံးလုပ်နည်းများအတိုင်း အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ရှင်းလင်းသည်။

ရှင်းလင်းဖြေကြားမှုအပြီးတွင် မေးခွန်းရှင် ကျောက်ဖြူ မဲဆန္ဒနယ်မှ ဦးဘရှိန်က ဆက်စပ်မေးခွန်းအဖြစ် မြေတစ်ဧကလျှင် ငွေကျပ် သိန်း ၇ဝဝ၊ ၈ဝဝ၊ ၉ဝဝ အထိ တောင်းဆိုမှုများ ရှိနေသည့်အတွက် တာဝန်ရှိသူများက မြေပြင်သို့ကွင်းဆင်း၍ ဒေသခံပြည်သူများအား ဆောင်ရွက် မည့်လုပ်ငန်းများကို အသေးစိတ်ရှင်းလင်းပေးရန်နှင့် စပ်လျဉ်း၍မေးမြန်းရာ ဒုတိယဝန်ကြီးက ကျောက်ဖြူအထူး စီးပွားရေးဇုန်သည် ရေရှည်ဆောင်ရွက်ရမည့်လုပ်ငန်း ဖြစ်ပါကြောင်း၊ ကျောက်ဖြူအထူးစီးပွားရေးဇုန်၏ အကျိုး အမြတ်များသည် ၂ဝ၃၉ ခုနှစ်မှ ရရှိမည်ဟု ခန့်မှန်းထားပါ ကြောင်း၊ အရင်းအနှီးပမာဏကြီးမားပါကြောင်း၊ အကောင် အထည်ဖော် ဆောင်ရွက်သည့်အခါတွင် မဟာဗျူဟာအရ အရေးပါသည့်အတွက်ကြောင့် မြင်သာထင်သာရှိစွာဖြင့် တိုင်ပင်ညှိနှိုင်းမှုများကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ မြေယာလျော်ကြေးများနှင့်ပတ်သက်ပြီး သီလဝါစက်မှုဇုန် တွင် မြေယာလျော်ကြေး ယခုနှစ်အတွင်းပေးသည်မှာ ရန်ကုန်နှင့် အနီးဆုံးနေရာတွင် ငွေကျပ် သိန်း ၂၅ဝ ဖြစ်ပါကြောင်း၊ ကျောက်ဖြူဒေသတွင် ယခုတောင်းနေ သည်မှာ မြေတစ်ဧကကို သိန်း ၉ဝဝ အထိ တောင်းနေသည် ကို တွေ့ရပါကြောင်း၊ ယင်းကိစ္စနှင့်ပတ်သက်၍ မိမိတို့ အနေဖြင့် ဒေသခံများနှင့် တွေ့ဆုံညှိနှိုင်းပြီး ဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားသည်။

မောက်မယ်မဲဆန္ဒနယ်မှ ဦးစိုင်းငေါင်းဆိုင်ဟိန်း၏ ကဒူးကြီးဒေသမှ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်လာကြ သူများ၏ စားဝတ်နေရေး၊ ကျန်းမာရေးနှင့် ၄င်းတို့ဘဝ လုံခြုံရေးအတွက် မည်ကဲ့သို့ ကူညီဖြေရှင်းပေးခဲ့ပြီး မည်သည့်အတိုင်းအတာ၊ မည်သည့်အချိန်ကာလအထိ ကူညီဆောင်ရွက်ပေးနိုင်မည်ကို သိရှိလိုကြောင်း မေးခွန်း နှင့်စပ်လျဉ်း၍ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ရှမ်းပြည်နယ်အတွင်းရှိ တိုက်ပွဲရှောင်ပြည်သူများနှင့် နေရပ်စွန့်ခွာတိမ်းရှောင် ပြည်သူများအတွက် လိုအပ်သည့် ထောက်ပံ့မှုများကို သက်ဆိုင်ရာအစိုးရအဖွဲ့၊ ဒေသအာဏာပိုင်အဖွဲ့အစည်း များ၊ အရပ်ဘက် လူမှုအဖွဲ့အစည်းများနှင့် ပူးပေါင်း ထောက်ပံ့လျက်ရှိပါကြောင်း။

မောက်မယ်မြို့နယ် ကဒူးကြီးကျေးရွာအုပ်စု မိုက်ရှား စေးကျေးရွာနှင့် ပုံးစုတ်ကျေးရွာမှ စုစုပေါင်းအိမ်ထောင်စု ၄၅ စု လူဦးရေ ၂ဝ၉ ဦးသည် မောက်မယ်မြို့နယ် ဘန်းမတ်ကျေးရွာအုပ်စု နားဟီးကျေးရွာသို့ ထွက်ပြေး တိမ်းရှောင်ခိုလှုံလျက်ရှိပါကြောင်း၊ ၄င်းတို့၏စားဝတ်နေ ရေးအတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့ငွေကျပ် ၁၅ သိန်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီးဌာန ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ ၂ဝ၁၇ ခုနှစ် မေ ၁၇ ရက်တွင် ကယ်ဆယ်ရေးပစ္စည်းများနှင့် ဆီ၊ ဆန်ရိက္ခာ၊ အထောက်အပံ့ငွေ စုစုပေါင်း ငွေကျပ် ၁၄၈၈၂၇ဝ ကို လည်းကောင်း၊ ၂ဝ၁၇ ခုနှစ် မေ ၃ဝ ရက်တွင် ဆီ၊ ဆန် ရိက္ခာအတွက် ငွေကျပ် ၁၁၄၈၂၅ဝ ကိုလည်းကောင်း ထောက်ပံ့ခဲ့ပါကြောင်း၊ ထို့ပြင် ယာယီမိုးကာတဲပြုလုပ်ရန် အတွက် တာပေါ်လင်မိုးကာလိပ် ၆ ပေ x ပေ ၃ဝဝ အရွယ်အစားရှိ ၁၂ လိပ်၊ ရေသန့်ဆေးဖာပေါင်း ၅ဝ နှင့် အခြားအလှူရှင်နှင့် ပရဟိတအဖွဲ့များမှ ငွေကျပ် ၁၉၃ သိန်းကျော်ကို ထပ်မံထောက်ပံ့ခဲ့ပါကြောင်း၊ ရှမ်းပြည်နယ် အစိုးရအဖွဲ့အနေဖြင့် အထောက်အပံ့ပစ္စည်းများ ဆက်လက် ပေးအပ်ရေးအတွက် ဆောင်ရွက်ထားရှိသည်ဟု သိရပါကြောင်း။
မိမိဒေသသို့ ပြန်လည်နေထိုင်ရေးအတွက် နယ်မြေဒေသ၏အေးချမ်းမှု အခြေအနေနှင့် လုံခြုံမှုအခြေအနေကိုစောင့်ကြည့်၍ နေရပ်သို့ပြန်လည် အခြေချနေထိုင်နိုင်ရေး ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း၊ မကျိုင်း မွန်းလူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာသည် မြေနေရာ ကျယ်ဝန်းပြီး အဆောက် အအုံ လုံလောက်မှုရှိခြင်း၊ လုံခြုံစိတ်ချရသောကြောင့် မူကြိုအရွယ် ကလေးငယ်များအတွက် ကလေးပျော်နေရာများ ပြုလုပ်ပေးရန် စီစဉ်လျက်ရှိပါကြောင်း၊ အတန်းပညာသင်ကြားနေသော ကျောင်းသား ကျောင်းသူများအား ပညာဆက် လက်သင်ယူနိုင်ရန် စီစဉ်ဆောင်ရွက်ပေးနေပါကြောင်း၊ အတန်းပညာမသင်ကြားနိုင်သောကလေးများအား အသက်မွေးဝမ်းကျောင်းပညာသင်ကြားနိုင်ရန်လည်း စီစဉ်ဆောင်ရွက်ပေးနေပါကြောင်း ဖြေကြားသည်။

ထို့ပြင် ကျောက်တန်းမဲဆန္ဒနယ်မှ ဒေါ်အေးမြမြမျိုး၊ ငပုတောမဲဆန္ဒနယ်မှ ဦးသန်းအောင်၊ ခေါင်လန်ဖူးမဲဆန္ဒနယ်မှ ဦးအာမိုးဆီနှင့် စစ်ကိုင်းမဲဆန္ဒနယ်မှ ဦးခင်မောင်သိန်းတို့၏ သီလဝါ အထူးစီးပွားရေးဇုန်အတွင်းမှ ပြောင်းရွှေ့ခံ တောင်သူများ ပြန်လည်နေရာချထားရေး၊ အလုပ်အကိုင်အခွင့်အလမ်းရရှိရေးနှင့် မြေယာလျော်ကြေးကိစ္စ၊ ပင်လယ်နှင့်နီးစပ်သော ကျေးရွာများအတွက် မုန်တိုင်းဒဏ်ခံအဆောက်အအုံ ဆောက်လုပ်ပေးရေး၊ ခေါင်လန်ဖူးမြို့နယ်အတွင်းရှိ ကြားစခန်းများတွင် အမြဲတမ်းဝန်ထမ်းခန့်အပ်ပေးရေး၊ စစ်ကိုင်းမြို့ ရှောင်လမ်း ဖောက်လုပ်ပေးရေးဆိုင်ရာ မေးခွန်းများကိုလည်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူးနှင့် ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းတို့က ပြန်လည်ဖြေကြားခဲ့သည်။

ယနေ့အစည်းအဝေးတွင် ပြည်သူ့လွှတ်တော် ရင်းနှီးမြှုပ်နှံမှုနှင့် စက်မှုလက်မှုဖွံ့ဖြိုးတိုးတက်ရေးကော်မတီ၏ နှစ်ပတ်လည်အစီရင်ခံစာ ဖတ်ကြား တင်ပြခြင်းနှင့် ပြည်ထောင်စု တရားလွှတ်တော်ချုပ်က တင်သွင်းသည့် ''ခရစ် ယာန်ထိမ်းမြားခြင်းဆိုင်ရာအက်ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း''အား လွှတ်တော်၏ အဆုံးအဖြတ် ရယူအတည်ပြုခြင်းတို့ကိုလည်း ဆောင်ရွက် ခဲ့ကြသည်။

Credit: The Mirror

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဘရူနိုင်းဘုရင်က နယူးယောက်မြို့၏ နာမည်ကျော် Pierre ဟိုတယ်ကြီးကို ဝယ်ယူရန် ညှိနှိုင်းနေကြောင်း သတင်းများထွက်ပေါ်လာ...
ဘရူနိုင်းဘုရင်က နယူးယောက်မြို့၏ နာမည်ကျော် Pierre ဟိုတယ်ကြီးကို ဝယ်ယူရန် ညှိနှိုင်းနေကြောင်း သတင်းများထွက်ပေါ်လာ...
လက်ပွားမင်းသားဟု လူသိများသော ဘောလိဝုဒ်ကြယ်ပွင့် ရီသစ်ရိုရှန်နှင့် ဖခင်ဖြစ်သူ ရုပ်ရှင်ဒါရိုက်တာ ရာကက်ရှ် ရိုရှန်တို့က မွမ်ဘိုင်းမှ တိုက်ခန်း ၃ ခန်းကို ရောင်းချ...
လက်ပွားမင်းသားဟု လူသိများသော ဘောလိဝုဒ်ကြယ်ပွင့် ရီသစ်ရိုရှန်နှင့် ဖခင်ဖြစ်သူ ရုပ်ရှင်ဒါရိုက်တာ ရာကက်ရှ် ရိုရှန်တို့က မွမ်ဘိုင်းမှ တိုက်ခန်း ၃ ခန်းကို ရောင်းချ...
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရောင်းချကာ သမီးအား ဒေါ်လာ ၁ သန်းပေးခဲ့ပုံ...
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရောင်းချကာ သမီးအား ဒေါ်လာ ၁ သန်းပေးခဲ့ပုံ...
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယူမွမ်းမံလျက်ရှိပုံ...
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယူမွမ်းမံလျက်ရှိပုံ...
ပြင်သစ်နိုင်ငံ၊ Amboise မြို့ရှိ စားသောက်ဆိုင်တစ်ခုမှာ ကြိုတင်စာရင်းပေးထားသည့် လူဦးရေအတိုင်း မရောက်လာပါက တစ်ဦးလျှင် ၁၅ ယူရို (၁၇ ဒသမ ၂၇ ဒေါ်လာ) ဒဏ်ကြေးကောက်ခံမှု လူမှုကွန်ရက်တွင် နာမည်ကြီး...
ပြင်သစ်နိုင်ငံ၊ Amboise မြို့ရှိ စားသောက်ဆိုင်တစ်ခုမှာ ကြိုတင်စာရင်းပေးထားသည့် လူဦးရေအတိုင်း မရောက်လာပါက တစ်ဦးလျှင် ၁၅ ယူရို (၁၇ ဒသမ ၂၇ ဒေါ်လာ) ဒဏ်ကြေးကောက်ခံမှု လူမှုကွန်ရက်တွင် နာမည်ကြီး...
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး သေဆုံးပေးရ...
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး သေဆုံးပေးရ...
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီး လူမှုကွန်ရက်သုံးစွဲသူများ များစွာသဘောကျလျက်ရှိ...
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီး လူမှုကွန်ရက်သုံးစွဲသူများ များစွာသဘောကျလျက်ရှိ...
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြောင်း လတ်တလောတွင် သတင်းကြီးနေ...
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြောင်း လတ်တလောတွင် သတင်းကြီးနေ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက မိန်းကလေးများ မိမိကို စိတ်ဝင်စားစေရန်အတွက် အိမ် ၂ လုံးပိုင်ကြောင်း လည်ပင်းတွင် ဆိုင်းဘုတ်ဆွဲကာ လူစည်ကားသည့် ပွဲတော်သို့ သွားခဲ့ပုံမှာ ပြည်မကြီးတွင် သတင်းကြီးနေ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက မိန်းကလေးများ မိမိကို စိတ်ဝင်စားစေရန်အတွက် အိမ် ၂ လုံးပိုင်ကြောင်း လည်ပင်းတွင် ဆိုင်းဘုတ်ဆွဲကာ လူစည်ကားသည့် ပွဲတော်သို့ သွားခဲ့ပုံမှာ ပြည်မကြီးတွင် သတင်းကြီးနေ...
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင့် နှစ်ဦးသဘောတူ လဲလှယ်ရန် စီစဉ်...
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင့် နှစ်ဦးသဘောတူ လဲလှယ်ရန် စီစဉ်...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု
အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
စင်္ကာပူတွင် ချမ်းသာသော အဘိုးတစ်ဦးက အစားအသောက်များ အလဟဿ မဖြစ်စေရန်ဟုဆိုကာ စားသောက်ဆိုင်တစ်ခု၌ စားကြွင်းစားကျန်များ လိုက်
စင်္ကာပူတွင် ချမ်းသာသော အဘိုးတစ်ဦးက အစားအသောက်များ အလဟဿ မဖြစ်စေရန်ဟုဆိုကာ စားသောက်ဆိုင်တစ်ခု၌ စားကြွင်းစားကျန်များ လိုက်
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
စီရော်နယ်ဒိုကို ဖြတ်ကျော်ကာ သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံလိုက်ရသူ လီယိုနယ် မက်ဆီ၏ M ပုံသဏ္ဍာ
စီရော်နယ်ဒိုကို ဖြတ်ကျော်ကာ သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံလိုက်ရသူ လီယိုနယ် မက်ဆီ၏ M ပုံသဏ္ဍာ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Myanmar's No. 1 Car Portal
Myanmar's No. 1 C2C E-commerce Portal

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service