လှည်းကူးရှိ ကျူးကျော်များ ရှင်းလင်းပြီးနောက် နိုင်ငံတကာ အဆင့်မီ အိမ်ရာစီမံကိန်း စတင်

လှည်းကူးရှိ ကျူးကျော်များ ရှင်းလင်းပြီးနောက် နိုင်ငံတကာ အဆင့်မီ အိမ်ရာစီမံကိန်း စတင် - Property News in Myanmar from iMyanmarHouse.com
7 Jul 2017 9:53 am တွင် တင်ခဲ့သည်
831 ကြိမ် ကြည့်ရှု့ပြီး
လှည်းကူးမြို့နယ် စခမ်းကြီး ကျေးရွာအုပ်စု အမြန်လမ်းပေါ်ရှိ မြေဧက ၁၄၅၃ ဒသမ ၇၂ ဧကပေါ်တွင် နိုင်ငံတကာ အဆင့်မီ အိမ်ရာစီမံကိန်းကို စတင် ဆောင်ရွက်နေပြီဖြစ်ကြောင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးယုခိုင်က ပြောကြားသည်။

အဆိုပါ စီမံကိန်းဖော်ဆောင်မည့် မြေနေရာတွင် နေထိုင်သည့် ကျူးကျော် ၅၀ဝ၀ ကျော်ကို ဇွန်လက ရှင်းလင်းခဲ့ပြီးဖြစ်၍ မြေပြင် ရှင်းလင်းရေး လုပ်ငန်းများနှင့်အတူ မြေသား စမ်းသပ်မှုများကို ဆောင်ရွက်နေပြီဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

“မြေပြင်ရှင်းလင်းရေးကို ဘူဒိုဇာတွေနဲ့ ရှင်းတယ်။ သံပြားတွေနဲ့ ခြံခတ်နေတယ်။ မိုးတွင်းကာလဆိုတော့ မြေပြင်ရှင်းလင်းရေးကို သေချာ ဆောင်ရွက်နေတယ်။ ဒီလအပြီး လုပ်မယ်။ မြေသားခံနိုင်မှုအားတွေလည်း စတင် စမ်းသပ်နေပါတယ်”ဟု ဦးယုခိုင်က ဆိုသည်။

အဆိုပါ မြေပေါ်တွင် အိမ်ရာစီမံကိန်း ရန်ကုန်၊ မန္တလေးသို့ သွားလာနေသည့်သူများ ဝင်ရောက် အနားယူနိုင်ရန် အပန်းဖြေစခန်းများကို ဦးစားပေး တည်ဆောက်သွားမည်ဖြစ်ပြီး မဟာမိတ် ကြယ်များအုပ်စု ကုမ္ပဏီက အစိုးရနှင့် အကျိုးတူ ပူးပေါင်း အကောင်အထည်ဖော် ဆောင်ရွက်မည်ဖြစ်ကြောင်း မြို့ပြနှင့် အိမ်ရာ ဖွံ့ဖြိုးရေး ဦးစီးဌာနထံမှ သိရသည်။

မဟာမိတ်ကြယ်များအုပ်စု ကုမ္ပဏီမှာ ယခင် အစိုးရလက်ထက်ကတည်းက စိုက်ပျိုးရေး လုပ်ငန်းများ ဆောင်ရွက်ရန် မြေငှားရမ်းခဲ့ပြီး ယခုအစိုးရ လက်ထက်တွင် အစိုးရနှင့် အကျိုးတူ ပူးပေါင်းကာ စီမံကိန်းများကို အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်သည်။

ဆောက်လုပ်ရေး ဝန်ကြီးဌာနနှင့် အဆိုပါ ကုမ္ပဏီတို့ ပူးပေါင်းကာ အိမ်ရာစီမံကိန်းများ၊ နိုင်ငံတကာ အဆင့်မီ စာသင်ကျောင်း အပါအဝင် လူနေအိမ်၊ ပန်းခြံနှင့် ဆေးရုံ၊ ဂေါက်ကွင်း၊ ဈေးများ၊ စားသောက်ဆိုင်များ စသည်တို့ ပါဝင်သည့် နိုင်ငံတော် အဆင့်စီမံကိန်း တစ်ခု ပြုလုပ်ရန်ရှိကြောင်း မြို့ပြနှင့် အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနက သတင်းထုတ်ပြန်ထားသည်။

လှည်းကူးမြို့နယ် အမြန်လမ်း လမ်းဘေးဝဲယာရှိ အဆိုပါမြေပေါ်တွင် နေထိုင်သည့် ကျူးကျော်တဲများကို ဇွန်လ ၁၂ ရက်ကစပြီး ရဲတပ်ဖွဲ့ဝင် အင်အား ၂၀ဝ ခန့်နှင့် အရပ်သား အလုပ်သမား ၁၀ဝ၀ ခန့်တို့က ဖျက်သိမ်းခဲ့ပြီး ကျူးကျော် တဲ ၅၀ဝ၀ ကျော်ကို ရှင်းလင်းခဲ့ပြီးဖြစ်သည်။

“အခုလက်ရှိ ကျူးကျော်တဲတွေ ဖျက်လိုက်တော့ ဘုန်းကြီးကျောင်းမှာ နေထိုင်နေရပါတယ်။ စခမ်းကြီးကျေးရွာနားက ရွာထဲမှာတောင် ကျွန်တော်တို့ကို နေထိုင်ခွင့် မပေးပါဘူး။ နေထိုင်စရာ မရှိတော့ ဒုက္ခရောက်ပါတယ်”ဟု စခမ်းကြီးကျေးရွာအုပ်စုတွင် နေထိုင်သူ ဦးမောင်နိုင်က ဆိုသည်။

ရန်ကုန်တိုင်းတွင် ကျူးကျော် နေထိုင်သူဦးရေ လေးသိန်းကျော်ခန့် ရှိကြောင်း တိုင်းအစိုးရအဖွဲ့က ထုတ်ပြန် ထားပြီး ယခု ဖယ်ရှားခံရသည့် လှည်းကူးမြို့နယ် စခမ်းကြီးကျေးရွာရှိ ကျူးကျော်များသည် တိုင်းအစိုးရအဖွဲ့က ကောက်ယူသည့်စာရင်းတွင် မပါဝင်ကြောင်း မြို့ ပြနှင့် အိမ်ရာဖွံ့ ဖြိုးရေးဦးစီးဌာနထံမှ သိရသည်။

Credit: The Voice

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဘရူနိုင်းဘုရင်က နယူးယောက်မြို့၏ နာမည်ကျော် Pierre ဟိုတယ်ကြီးကို ဝယ်ယူရန် ညှိနှိုင်းနေကြောင်း သတင်းများထွက်ပေါ်လာ...

လက်ပွားမင်းသားဟု လူသိများသော ဘောလိဝုဒ်ကြယ်ပွင့် ရီသစ်ရိုရှန်နှင့် ဖခင်ဖြစ်သူ ရုပ်ရှင်ဒါရိုက်တာ ရာကက်ရှ် ရိုရှန်တို့က မွမ်ဘိုင်းမှ တိုက်ခန်း ၃ ခန်းကို ရောင်းချ...

[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရောင်းချကာ သမီးအား ဒေါ်လာ ၁ သန်းပေးခဲ့ပုံ...

ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယူမွမ်းမံလျက်ရှိပုံ...

ပြင်သစ်နိုင်ငံ၊ Amboise မြို့ရှိ စားသောက်ဆိုင်တစ်ခုမှာ ကြိုတင်စာရင်းပေးထားသည့် လူဦးရေအတိုင်း မရောက်လာပါက တစ်ဦးလျှင် ၁၅ ယူရို (၁၇ ဒသမ ၂၇ ဒေါ်လာ) ဒဏ်ကြေးကောက်ခံမှု လူမှုကွန်ရက်တွင် နာမည်ကြီး...

မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး သေဆုံးပေးရ...

တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီး လူမှုကွန်ရက်သုံးစွဲသူများ များစွာသဘောကျလျက်ရှိ...

အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြောင်း လတ်တလောတွင် သတင်းကြီးနေ...

တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက မိန်းကလေးများ မိမိကို စိတ်ဝင်စားစေရန်အတွက် အိမ် ၂ လုံးပိုင်ကြောင်း လည်ပင်းတွင် ဆိုင်းဘုတ်ဆွဲကာ လူစည်ကားသည့် ပွဲတော်သို့ သွားခဲ့ပုံမှာ ပြည်မကြီးတွင် သတင်းကြီးနေ...

စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင့် နှစ်ဦးသဘောတူ လဲလှယ်ရန် စီစဉ်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ

[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်

တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော

[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ

ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်

တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ

ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ

တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော

[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း

လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service