စီးပွားရေးဆိုင် ရာဥပဒေ၊ နည်းဥပဒေများ အပါအဝင် ကဏ္ဍ ၁၁ ရပ် ပြင်ဆင်လျက် ရှိဟုဆို

စီးပွားရေးဆိုင် ရာဥပဒေ၊ နည်းဥပဒေများ အပါအဝင် ကဏ္ဍ ၁၁ ရပ် ပြင်ဆင်လျက် ရှိဟုဆို - Property News in Myanmar from iMyanmarHouse.com
6 Jul 2017 10:22 am တွင် တင်ခဲ့သည်
868 ကြိမ် ကြည့်ရှု့ပြီး
ပြည်သူ့လွှတ်တော်၊ အမျိုးသား လွှတ်တော် ကော်မတီဝင်များ၊ တိုင်းဒေသကြီး/ ပြည်နယ် လွှတ်တော် ဥက္ကဋ္ဌများ၏ လွှတ်တော် လုပ်ငန်းဆိုင်ရာ ဆွေးနွေးပွဲတွင် စီးပွားရေး ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများ၊ လုပ်ထုံး လုပ်နည်းများ ပြင်ဆင်ရန် အပါအဝင် ကဏ္ဍ ၁၁ ရပ်ကို ပြုပြင်ရန် အသေးစိတ် ဆွေးနွေးနေကြောင်း အဆိုပါ ဆွေးနွေးပွဲကို တက်ရောက်နေသည့် အမျိုးသား လွှတ်တော်ရေးရာ ကော်မတီဝင်များက ပြောကြားသည်။

“ဥပဒေတွေ ပြင်ဆင်ဖို့ဆိုရင် ပြည်သူ့လွှတ်တော်နဲ့ အမျိုးသား လွှတ်တော်က ဥပဒေကြမ်း ကော်မတီတွေနဲ့ပဲ သက်ဆိုင်တယ်” ဟု နိုင်ငံရေး အကဲခတ် တစ်ဦးက သုံးသပ်ပြသည်။ လတ်တလော လွှတ်တော် လုပ်ငန်းဆိုင်ရာ ဆွေးနွေးပွဲမှာ Capacity Building ကို လုပ်ဆောင်နေသည်ဟု ဆိုနိုင်ကြောင်း၊ လာမည့်လ (ဇွန်လ) တွင် တည်ဆဲဥပဒေများမှ ပြင်ဆင် ပယ်ဖျက်၊ ပြုပြင်သင့်သည့် ဥပဒေများ စိစစ်မှုများကို လုပ်ဆောင်သွားရန် ရှိကြောင်း အမျိုးသား လွှတ်တော် ဥပဒေကြမ်း ကော်မတီဝင် ဒေါက်တာ မြတ်ဉာဏစိုးက ဆိုသည်။

လွှတ်တော် လုပ်ငန်းဆိုင်ရာ ဆွေးနွေးပွဲတွင် ဆွေးနွေးနေသော ကဏ္ဍ ၁၁ ရပ်မှာ ၁ - မြန်မာနိုင်ငံတွင် ကျင့်သုံးလျက် ရှိသော ဥပဒေများ ဖြစ်ပေါ်လာပုံနှင့် ဥပဒေ ရေးဆွဲ ပြဋ္ဌာန်းခြင်းတို့နှင့် စပ်လျဉ်း၍ ရှင်းလင်း ဆွေးနွေးခြင်း၊ ၂ -ဥပဒေ ရေးဆွဲခြင်းဆိုင်ရာ အခြေခံ သဘောတရား၊ ၃ - ဥပဒေ၏ အခြေခံ သဘောတရား၊ ၄ - ပြင်ဆင်ရန်၊ ပယ်ဖျက်ရန်၊ အသစ်ရေးဆွဲရန် လိုအပ်သော တည်ဆဲဥပဒေများ လေ့လာတင်ပြခြင်း၊ ၅ - စီးပွားရေးဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်းများ အပေါ် ပြင်ဆင်သင့်သည်များ၊ လိုအပ်ချက်များကို သုံးသပ်ခြင်း၊ ၆ - စီးပွားရေး စီမံကိန်းများ အကောင်အထည်ဖော်မှုနှင့် အကျိုးသက်ရောက်မှု စစ်ဆေးခြင်း၊ ၇ - လက်ရှိ ချမှတ်ပေးထားသော လုပ်ငန်းတာဝန်အပေါ် အကောင်အထည်ဖော် ဆောင်ရွက်ရန် အတွက် သုံးသပ်ချက်၊ ရသုံးမှန်းခြေ ရေးဆွဲပုံ သမိုင်းကြောင်း အဆင့်ဆင့်နှင့် လက်ရှိ ရသုံးမှန်းခြေ ရေးဆွဲပုံ၊ ၈ - ကောင်းမွန်သော အုပ်ချုပ်မှု စနစ်နှင့် သန့်ရှင်းသော အစိုးရ ဖြစ်ပေါ်လာရေး၊ အစိုးရ အဖွဲ့အသီးသီး၏ ဆောင်ရွက် ကြပ်မတ် ကွပ်ကဲရန် အခန်းကဏ္ဍ၊
၉ - တောင်သူလယ်သမား အခွင့်အရေး ကာကွယ် စောင့်ရှောက်သော ဥပဒေများ လေ့လာတင်ပြခြင်း၊ ၁ဝ - အလုပ်သမား အခွင့်အရေး ကာကွယ် စောင့်ရှောက်သော ဥပဒေများ လေ့လာတင်ပြခြင်း၊ ၁၁ - တိုင်းဒေသကြီး၊ ပြည်နယ် အသီးသီးမှ လွှတ်တော်များနှင့် ပြည်ထောင်စုအဆင့် လွှတ်တော်များ၊ တိုင်းဒေသကြီး/ ပြည်နယ်အဆင့် အစိုးရများနှင့် ဆက်သွယ်ရေး လမ်းကြောင်းတို့ ဖြစ်ကြောင်း အဆိုပါ ဆွေးနွေးပွဲ တက်ရောက်သူများ ထံမှ သိရသည်။

Credit: The Voice Weekly

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဘရူနိုင်းဘုရင်က နယူးယောက်မြို့၏ နာမည်ကျော် Pierre ဟိုတယ်ကြီးကို ဝယ်ယူရန် ညှိနှိုင်းနေကြောင်း သတင်းများထွက်ပေါ်လာ...

လက်ပွားမင်းသားဟု လူသိများသော ဘောလိဝုဒ်ကြယ်ပွင့် ရီသစ်ရိုရှန်နှင့် ဖခင်ဖြစ်သူ ရုပ်ရှင်ဒါရိုက်တာ ရာကက်ရှ် ရိုရှန်တို့က မွမ်ဘိုင်းမှ တိုက်ခန်း ၃ ခန်းကို ရောင်းချ...

[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရောင်းချကာ သမီးအား ဒေါ်လာ ၁ သန်းပေးခဲ့ပုံ...

ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယူမွမ်းမံလျက်ရှိပုံ...

ပြင်သစ်နိုင်ငံ၊ Amboise မြို့ရှိ စားသောက်ဆိုင်တစ်ခုမှာ ကြိုတင်စာရင်းပေးထားသည့် လူဦးရေအတိုင်း မရောက်လာပါက တစ်ဦးလျှင် ၁၅ ယူရို (၁၇ ဒသမ ၂၇ ဒေါ်လာ) ဒဏ်ကြေးကောက်ခံမှု လူမှုကွန်ရက်တွင် နာမည်ကြီး...

မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး သေဆုံးပေးရ...

တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီး လူမှုကွန်ရက်သုံးစွဲသူများ များစွာသဘောကျလျက်ရှိ...

အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြောင်း လတ်တလောတွင် သတင်းကြီးနေ...

တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက မိန်းကလေးများ မိမိကို စိတ်ဝင်စားစေရန်အတွက် အိမ် ၂ လုံးပိုင်ကြောင်း လည်ပင်းတွင် ဆိုင်းဘုတ်ဆွဲကာ လူစည်ကားသည့် ပွဲတော်သို့ သွားခဲ့ပုံမှာ ပြည်မကြီးတွင် သတင်းကြီးနေ...

စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင့် နှစ်ဦးသဘောတူ လဲလှယ်ရန် စီစဉ်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ

ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ

အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင

ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ

နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြေ

ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ

မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု

တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော

တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ

[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service