ငှားရမ်းခ နှစ် ၃ဝ ပေးရန် မလိုသော တိုက်ခန်းများ ဒဂုံဆိပ်ကမ်းမြို့နယ် တွင် ဆောက်လုပ်

ငှားရမ်းခ နှစ် ၃ဝ ပေးရန် မလိုသော တိုက်ခန်းများ ဒဂုံဆိပ်ကမ်းမြို့နယ် တွင် ဆောက်လုပ် - Property News in Myanmar from iMyanmarHouse.com
6 Jul 2017 9:27 am တွင် တင်ခဲ့သည်
3219 ကြိမ် ကြည့်ရှု့ပြီး
ဒဂုံဆိပ်ကမ်းမြို့နယ်၊ ကျီစုရပ်ကွက်မှ ဆင်းရဲနွမ်းပါးသော ဒေသခံ နေထိုင်သူ များအတွက် နှစ် ၃ဝ ငှားရမ်းခမဲ့ဖြင့် နေထိုင်နိုင်ရန် တိုက်ခန်း၁၂ဝ ကျော် ကို ဆောက်လုပ်ပေးခဲ့ကြောင်း UNHabitat မှ မြန်မာနိုင်ငံဆိုင်ရာ စီမံကိန်း ဒါရိုက်တာ Mr. Bijay Karmacharya က ပြောသည်။

ကုလသမဂ္ဂ မြို့ရွာနှင့် အိုးအိမ် ပြန်လည် ထူထောင်ရေးအစီအစဉ်အရ ဂျပန်နို င်ငံ အစိုးရ၏ ငွေကြေးအကူအညီဖြင့် UNHabitat မှ အိမ်ခန်းပေါင်း ၁၈ဝ ပါ ဝင်သော ရိုးမအိမ်ရာကို အကောင်အထည်ဖော် တည်ဆောက်ခဲ့ပြီး လက်ရှိ အချိန်တွင် စီမံကိန်းအပိုင်း(၁)မှ အခန်းပေါင်း ၁၂ဝ တည်ဆောက်ပြီးစီးခဲ့ေ ကြာင်း ၄င်းက မြန်မာတိုင်း(မ်)ကို ပြောသည်။

ထိုတည်ဆောက်ပြီးစီးသော ရိုးမအိမ်ရာ၊ စီမံကိန်း ပထမပိုင်းမှ တိုက်ခန်းများ ကို ဆင်းရဲချို့တဲ့သောဒေသခံများကို ဇူလိုင် ၂ ရက်မှစတင်ကာ နေထိုင် ခွင့် ပေးအပ်ခဲ့ခြင်းဖြစ်ပြီး စီမံကိန်းဒုတိယပိုင်းမှ တိုက်ခန်းများမှာ တည်ေ ဆာက်နေဆဲဖြစ်ကြောင်း မစ္စတာဘီဂျေးက ပြောသည်။

''ဂျပန်အစိုးရရဲ့ ငွေကြေးထောက်ပံ့မှုနဲ့ UNHabitat က ဆင်းရဲနွမ်းပါးပြီး နေ ထိုင်ဖို့ သင့်တော်တဲ့အိမ်ရာ မရှိသူတွေအတွက် တိုက်ခန်း ဆောက်လုပ်ပေး ခဲ့ပါတယ်။

တိုက်ခန်း ဆောက်လုပ်ပေးဖို့ မြန်မာအစိုးရဆီက မြေတောင်းခံခဲ့ပြီးတော့ အ စိုးရက ဒဂုံဆိပ်ကမ်း၊ ကျီစု ရပ်ကွက်က ဒီမြေကိုပေးလို့ ဒီမြေပေါ်မှာ ဒီနားဝန်း ကျင်မှာနေတဲ့ ဆင်းရဲနွမ်းပါးလွန်းတဲ့ ဒေသခံတွေအတွက် တိုက်ခန်းတွေေ ဆာက်လုပ် ပေးတာ ဖြစ်ပါတယ်''ဟု ၄င်းက ပြောသည်။

အဆိုပါ တိုက်ခန်းများတွင် နေထိုင်ခွင့်ရရှိသော ဒေသခံများအနေဖြင့် တစ် ခန်းလျှင် ၃၅ဝ စတုရန်းပေ ရှိသော တိုက်ခန်းများတွင် အခကြေးငွေပေးရန် မလိုဘဲ နှစ် ၃ဝ နေထိုင်ခွင့်ရရှိမည် ဖြစ်ကြောင်း ၄င်းက ပြောသည်။

''နေထိုင်ဖို့ အရွေးချယ်ခံထားရတဲ့သူတွေက အဲဒီတိုက်ခန်းတွေမှာ နှစ် ၃ဝ အ လကားနေထိုင်ခွင့်ရမှာ ဖြစ်ပါတယ်။ နှစ် ၃ဝ နောက်ပိုင်း သူတို့ကိုပဲ ဆက် ထားမယ်တို့၊ တခြားသူတွေကို နေထိုင်ခွင့်ပေးသင့်တယ်တို့၊ ဘာတို့တော့ေ သချာ မဆုံးဖြတ်ရသေးပါဘူး''ဟု ၄င်းက ပြောသည်။

သို့သော် နေထိုင်သူများအနေဖြင့် သတ်မှတ်ထားသော စည်းမျဉ်းစည်းကမ်း များကို လိုက်နာရမည်ဖြစ်ပြီး စည်းကမ်းမလိုက်နာပါက နေထိုင်ခွင့် ရုတ်သိမ်း မည်ဖြစ်ကြောင်း မစ္စတာဘီဂျေးက ပြောသည်။

''နေထိုင်သူတွေအနေနဲ့ တိုက်ခန်းတွေကို ထိန်းသိမ်းစောင့်ရှောက်ပြီးတော့ စည်းကမ်းရှိစွာ နေထိုင်ရပါမယ်။ တိုက်ခန်းတွေကို ပြန်လည် ငှားရမ်းခွင့်၊ေ ရာင်းချခွင့်နဲ့ လွှဲပြောင်းနေထိုင်ခွင့် လုံးဝမရှိရပါဘူး။ တိုက်ခန်းတွေမှာ အမှန် တကယ် နေထိုင်သူတွေပဲ ဖြစ်ရမှာဖြစ်ပြီး စတိုအနေနဲ့ သုံးစွဲခွင့် မပြုပါဘူး။ သတ်မှတ်ထားတဲ့ စည်းမျဉ်း စည်းကမ်းတွေကို မလိုက်နာတဲ့သူတွေအတွက်
တိုက်ခန်းနေထိုင်ခွင့်ကို ရုတ်သိမ်းမှာဖြစ်ပါတယ်''ဟု ၄င်းက ပြောသည်။

အိုးအိမ်နှင့် ပြန်လည် ထူထောင်ရေး အစီအစဉ်အရ တည်ဆောက်ပေးသော အဆိုပါ ရိုးမအိမ်ရာ စီမံကိန်းတွင် အဆင့်နှစ်ဆင့် ပါဝင်မည်ဖြစ်ပြီး ပထမပိုင်း စီမံကိန်းအရ တိုက်ခန်း ၁၂ဝ ပါဝင်သော ငါးထပ်တိုက် အဆောက်အအုံြေ ခာက်လုံးကို တည်ဆောက်ပြီးစီးခဲ့ပြီး စီမံကိန်း ဒုတိယအဆင့်အတွက် တိုက် ခန်း ၆ဝ ပါဝင်သော ငါးထပ်တိုက် အဆောက်အအုံ သုံးလုံးကို တည်ဆောက် လျက် ရှိကြောင်း ၄င်းက ပြောသည်။

''နေထိုင်ဖို့ သင့်တော်တဲ့အိမ်ရာ မရှိသူ ဆင်းရဲနွမ်းပါးသူ ဒေသခံတွေအ တွက် ပြန်လည် ထူထောင်ရေးအစီအစဉ်အနေနဲ့ ရိုးမအိမ်ရာ စီမံကိန်းကို Pilot Project အနေနဲ့ ရန်ကုန်မြို့မှာ စတင် အကောင်အထည်ဖော်တာ ဖြစ် ပါတယ်။ ရိုးမအိမ်ရာစီမံကိန်း ပထမနဲ့ ဒုတိယအဆင့်နှစ်ခုမှာ နေထိုင်သူ ၁,ဝဝဝ ကျော်အတွက် တိုက်ခန်းပေါင်း ၁၈ဝ ကို နေထိုင်ဖို့ တိုက်ခန်းေ ပးနိုင်မှာ ဖြစ်ပါတယ်''ဟု ၄င်းက ပြောသည်။

ထို့ပြင် အဆိုပါအိမ်ရာစီမံကိန်းကို community based စီမံကိန်းအနေဖြင့် အကောင်အထည်ဖော် တည်ဆောက်ခြင်းဖြစ်သည့်အတွက် တိုက်ခန်းများ တွင် နေထိုင်ခွင့်ရရှိမည့်သူများကို ဒေသခံများကိုယ်တိုင် ရွေးချယ်ခြင်းဖြစ်ကြောင်း မစ္စတာဘီဂျေးက ပြောသည်။

''ဒေသခံတွေအတွက် community based Project အနေနဲ့ အကောင်အ ထည်ဖော်တဲ့အတွက် ဒီတိုက်ခန်းတွေမှာ အကျိုးခံစားခွင့်ရမယ့် နေထိုင်ခွင့် ရမယ့်သူတွေကို ဒေသခံတွေကိုပဲ ရွေးချယ် ခိုင်းခဲ့ပါတယ်။ ဒေသခံတွေမှာ ဘယ်သူက ပိုဆင်းရဲတယ်ဆိုတာ သူတို့ပဲ အသိဆုံးဖြစ်လို့ ကော်မတီဖွဲ့ပြီး အဆင့်ဆင့် ရွေးချယ်စေခဲ့ပါတယ်။ ဒေသခံတွေ ကော်မတီဖွဲ့ပြီး အစည်း အေ ဝး အကြိမ်၂ဝခန့် လုပ်ပြီးမှ နေထိုင်ခွင့် ရသင့်တဲ့သူတွေကို သူတို့ဘာ သာ ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်''ဟု ၄င်းက ပြောသည်။

ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က ဒေသခံများ
နေထိုင်ရန် အိမ်ရာ ရရှိရေးအတွက် ဆောက်လုပ်ရေး ဝန်ကြီးဌာနအနေဖြင့် ဦးစားပေး ဆောင်ရွက်လျက်ရှိပြီး တိုင်းနှင့် ပြည်နယ်အသီးသီးတွင် နေထိုင် ရန် အခက်အခဲ ရှိနေ သူများအတွက် အငှားချအိမ်ရာများကို အကောင်အ ထည်ဖော်ရန် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဇူလိုင် ၂ ရက်က ကျင်းပေ သာ ရိုးမအိမ်ရာဖွင့်ပွဲတွင် ပြောသည်။

မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ် Mr. Tateshi Higuchi က ''ဂျပန်အစိုးရ နဲ့ ပြည်သူတွေ စုပေါင်းပြီး မြန်မာနိုင်ငံက အိမ်ရာလိုအပ်ချက် ရှိသူတွေအ တွက် ဒီလိုမျိုး အိမ်ရာ ဆောက်လုပ် လှူဒါန်းခွင့်ရရှိတဲ့အတွက် ဝမ်းသာပါ တယ်။ ပြည်ထောင်စုအစိုးရနဲ့ ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့တို့နဲ့ေ ပါင်း ပြီးတော့ ရိုးမအိမ်ရာကဲ့သို့ အိမ်ရာတွေလည်း ဆောက်လုပ်ပေးနိုင်ဖို့ မျှော်မှန်း ထားပါတယ်''ဟု ပြောသည်။

ရိုးမအိမ်ရာတွင် နေထိုင်ခွင့်ရရှိသူတစ်ဦးဖြစ်သူ ကျီစုဒေသခံ ဦးကျော်ကျော်ဦး က စိတ်ကူး မယဉ်ခဲ့ ဖူးသော ငှားရမ်းခပေးရန်မလိုဘဲ နေထိုင်ရန် တိုက်ခန်း ရရှိသည့်အတွက် ဝမ်းသာကြောင်း ပြောသည်။

''ဘဝမှာ နေထိုင်ဖို့ တိုက်ခန်းအလကားရမယ်လို့ ဘယ်တုန်းကမှ မတွေးခဲ့ဖူး ပါဘူး။ အခုလိုမျိုး တကယ်ရလာတာတောင် မယုံနိုင်သေးပါဘူး။ အရင်လို ဝါးအိမ်လေးတွေနဲ့ ဖြစ်သလိုနေမယ့်အစား ဒီလိုနေထိုင်ဖို့ သင့်တော်တဲ့ တိုက် ခန်း ရရှိတာဖြစ်လို့ အတိုင်းမသိ ဝမ်းသာပါတယ်''ဟု ပြောသည်။

ရန်ကုန်မြို့၏ အရှေ့ဘက်စွန်းအပိုင်းတွင်ရှိသော ဒဂုံဆိပ်ကမ်းမြို့နယ်ကို ၁၉၉ဝ ပြည့်နှစ်ပိုင်းတွင် စက်မှုမြို့တော်အနေဖြင့် တည်ထောင်ခဲ့ပြီး နေထိုင် သူ ၁၆၆,ဝဝဝ ဦး နေထိုင်လျက်ရှိသည်။ လက်ရှိအချိန်ထိ လမ်းပန်းဆက် သွယ်ရေး အထိုက်အလျောက် ကောင်းမွန်သော မြို့တစ်ခုအဖြစ်
ဖြစ်သော်လည်း စက်မှုမြို့တော်အနေဖြင့် မရပ်တည်နိုင်သေးပေ။

Credit: Myanmar Time
ငှားရမ်းခ နှစ် ၃ဝ ပေးရန် မလိုသော တိုက်ခန်းများ ဒဂုံဆိပ်ကမ်းမြို့နယ် တွင် ဆောက်လုပ် - Property News in Myanmar from iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဘရူနိုင်းဘုရင်က နယူးယောက်မြို့၏ နာမည်ကျော် Pierre ဟိုတယ်ကြီးကို ဝယ်ယူရန် ညှိနှိုင်းနေကြောင်း သတင်းများထွက်ပေါ်လာ...
ဘရူနိုင်းဘုရင်က နယူးယောက်မြို့၏ နာမည်ကျော် Pierre ဟိုတယ်ကြီးကို ဝယ်ယူရန် ညှိနှိုင်းနေကြောင်း သတင်းများထွက်ပေါ်လာ...
လက်ပွားမင်းသားဟု လူသိများသော ဘောလိဝုဒ်ကြယ်ပွင့် ရီသစ်ရိုရှန်နှင့် ဖခင်ဖြစ်သူ ရုပ်ရှင်ဒါရိုက်တာ ရာကက်ရှ် ရိုရှန်တို့က မွမ်ဘိုင်းမှ တိုက်ခန်း ၃ ခန်းကို ရောင်းချ...
လက်ပွားမင်းသားဟု လူသိများသော ဘောလိဝုဒ်ကြယ်ပွင့် ရီသစ်ရိုရှန်နှင့် ဖခင်ဖြစ်သူ ရုပ်ရှင်ဒါရိုက်တာ ရာကက်ရှ် ရိုရှန်တို့က မွမ်ဘိုင်းမှ တိုက်ခန်း ၃ ခန်းကို ရောင်းချ...
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရောင်းချကာ သမီးအား ဒေါ်လာ ၁ သန်းပေးခဲ့ပုံ...
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရောင်းချကာ သမီးအား ဒေါ်လာ ၁ သန်းပေးခဲ့ပုံ...
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယူမွမ်းမံလျက်ရှိပုံ...
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယူမွမ်းမံလျက်ရှိပုံ...
ပြင်သစ်နိုင်ငံ၊ Amboise မြို့ရှိ စားသောက်ဆိုင်တစ်ခုမှာ ကြိုတင်စာရင်းပေးထားသည့် လူဦးရေအတိုင်း မရောက်လာပါက တစ်ဦးလျှင် ၁၅ ယူရို (၁၇ ဒသမ ၂၇ ဒေါ်လာ) ဒဏ်ကြေးကောက်ခံမှု လူမှုကွန်ရက်တွင် နာမည်ကြီး...
ပြင်သစ်နိုင်ငံ၊ Amboise မြို့ရှိ စားသောက်ဆိုင်တစ်ခုမှာ ကြိုတင်စာရင်းပေးထားသည့် လူဦးရေအတိုင်း မရောက်လာပါက တစ်ဦးလျှင် ၁၅ ယူရို (၁၇ ဒသမ ၂၇ ဒေါ်လာ) ဒဏ်ကြေးကောက်ခံမှု လူမှုကွန်ရက်တွင် နာမည်ကြီး...
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး သေဆုံးပေးရ...
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး သေဆုံးပေးရ...
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီး လူမှုကွန်ရက်သုံးစွဲသူများ များစွာသဘောကျလျက်ရှိ...
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီး လူမှုကွန်ရက်သုံးစွဲသူများ များစွာသဘောကျလျက်ရှိ...
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြောင်း လတ်တလောတွင် သတင်းကြီးနေ...
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြောင်း လတ်တလောတွင် သတင်းကြီးနေ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက မိန်းကလေးများ မိမိကို စိတ်ဝင်စားစေရန်အတွက် အိမ် ၂ လုံးပိုင်ကြောင်း လည်ပင်းတွင် ဆိုင်းဘုတ်ဆွဲကာ လူစည်ကားသည့် ပွဲတော်သို့ သွားခဲ့ပုံမှာ ပြည်မကြီးတွင် သတင်းကြီးနေ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက မိန်းကလေးများ မိမိကို စိတ်ဝင်စားစေရန်အတွက် အိမ် ၂ လုံးပိုင်ကြောင်း လည်ပင်းတွင် ဆိုင်းဘုတ်ဆွဲကာ လူစည်ကားသည့် ပွဲတော်သို့ သွားခဲ့ပုံမှာ ပြည်မကြီးတွင် သတင်းကြီးနေ...
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင့် နှစ်ဦးသဘောတူ လဲလှယ်ရန် စီစဉ်...
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင့် နှစ်ဦးသဘောတူ လဲလှယ်ရန် စီစဉ်...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်
လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း
[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်
[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service