ငွေချေးလိုသည့် နိုင်ငံ့ဝန်ထမ်းများ ချေးငွေလျှောက်လွှာ အလုအယက် ဝယ်ယူနေကြရ

ငွေချေးလိုသည့် နိုင်ငံ့ဝန်ထမ်းများ ချေးငွေလျှောက်လွှာ အလုအယက် ဝယ်ယူနေကြရ - Property News in Myanmar from iMyanmarHouse.com
5 Jul 2017 9:39 am တွင် တင်ခဲ့သည်
1010 ကြိမ် ကြည့်ရှု့ပြီး
နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်ရှိ အသေးစားနှင့်အလတ်စား စက်မှုလုပ် ငန်းဖွံ့ဖြိုးရေးဘဏ်(SMIDB)တွင် လွန်ခဲ့သည့် တစ်လခန့်ကတည်းက နိုင်ငံ့ ဝန်ထမ်းများကို လစာ၏ ၃ဆအား ငွေထုတ်ချေးပေးရာ တစ်လခန့်ကြာလာ သည့် ယနေ့အချိန်ထိ ငွေချေးယူလိုသည့် ဝန်ထမ်းဦးရေ နှစ်ရာခန့်က ဘဏ် တံခါးဖွင့်မည့်အချိန်ကို နံနက် ၈နာရီလောက်ကတည်းက အသီးသီး စောင့် ဆိုင်းနေကြသည်။

ငွေချေးယူလိုသည့် ဝန်ထမ်းများအနေဖြင့် SMIDB ဘဏ်တွင် လျှောက်လွှာ တစ်စောင် ငါးရာကျပ်နှုန်းဖြင့် ဝယ်ယူရမည်ဖြစ်ပြီး အထက်လူကြီး ၂ဦး ၏ ထောက်ခံချက်ဖြင့် လျှောက်လွှာတင်ကာ ငွေချေးယူရမည်ဖြစ်သည်။

လစာ၏ ၃ဆအား ထုတ်ချေးပေးသောကြောင့် ဥပမာအားဖြင့် လစာ ၂သိန်း ခန့် ရရှိသည့် ဝန်ထမ်းတစ်ဦးသည် ချေးငွေ ၆သိန်းခန့် ရရှိမည်ဖြစ်သည်။

အတိုးနှုန်းမှာ ၁ရာခိုင်နှုန်း ကျသင့်မည်ဖြစ်ပြီး ပြန်ဆပ်ရမည့် သတ်မှတ်ချက် မှာမူ ဥပမာအနေဖြင့် ချေးငွေ ၆သိန်း ထုတ်ချေးထားသည့် ဝန်ထမ်းတစ်ဦး သည် အတိုး ၇၂၀၀၀ ကျသင့်မည်ဖြစ်ပြီး အတိုးအရင်း စုစုပေါင်း ၆၇၂၀၀၀ ကို ၁၂လခွဲကာ လစဉ် ပြန်လည် ပေးဆပ်ရမည်ဖြစ်သည်။

နေ့စဉ် ဝန်ထမ်းတစ်ထောင်ခန့်က ချေးငွေ ရယူရန် ဘဏ်သို့ လာရောက်နေ ကြပြီး ချေးငွေထုတ်ချေးပေးရန် ဆောင်ရွက်ပေးနေရသည့် ဘဏ်ဝန်ထမ်း ဦးရေ (၆၀)ခန့်က မနိုင်မနင်းပင် ဖြစ်နေသည်။ ချေးငွေရယူလိုသည့် ဝန်ထမ်း တစ်ဦးဆိုလျှင် ဘဏ်အတွင်း တိုးဝှေ့ရင်း ဘေးလွယ်အိတ်ကြိုး ပြတ်သွားသည့် အနေအထားကိုပင် တွေ့ရသည်။

“လျှောက်လွှာဝယ်ဖို့ ပြီးခဲ့တဲ့ လမကုန်ခင် တနင်္လာနေ့က လာတယ်။ နောက် တနင်္လလာနေ့မှ လာလို့ (ဘဏ်ဝန်ထမ်းက)ပြောတယ်။ မနေ့က တနင်္လာနေ့ လာပြန်တော့လည်း နောက် တနင်္လာနေ့လို့ ပြောပြန်ရော။ လျှောက်ဖို့ Form (လျှောက်လွှာ)ရဖို့က ခက်ခက်ခဲခဲ ဖြစ်နေတယ်” ဟု စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီး ဌာနမှ ဝန်ထမ်းတစ်ဦးဖြစ်သူ ဦးလှမင်းထွန်းက သူ့အတွေ့အကြုံ ကို ပြောပြသည်။

“တစ်ကယ် ဖြစ်သင့်တာကတော့ ဝန်ကြီးဌာနတွေကို ဒီ Form တွေကို ဖြန့်ေ ပးလိုက်။ ဖြန့်ပေးလိုက်ရင် ဝန်ကြီးဌာနတွေကနေပြီးတော့ သူ့အဆင့်၊ သူ့အ ဆင့်နဲ့သွားရင် အခုလို မရှုပ်တော့ဘူး” ဟု ၎င်းက ဆိုသည်။

တစ်ပတ်လျှင် တနင်္လာနှင့် အင်္ဂါ နှစ်ရက်သာ ရောင်းချသော ချေးငွေလျှောက် လွှာကို ဇူလိုင် ၄ရက်တွင်မူ “ယနေ့ လျှောက်လွှာ မရောင်းပါ။ ပါဝင်ရမည့် စာ ရွက်စာတမ်းနှင့် အာမခံသူ (၂)ဦး ပါရှိမှသာ လျှောက်လွှာ ရောင်းပါမည်။ ဘဏ်ခွဲတာဝန်ခံ လက်မှတ်ပါသော လျှောက်လွှာမှသာလျှင် လက်ခံ ဆောင် ရွက်ပေးမည်” ဟု ဘဏ်တာဝန်ရှိသူများက စာဖြင့်ရေးသားပြီး ကြေငြာခဲ့ သည်။

“ခန နားထားတယ်ဆိုတာက အထဲမှာ အရင်နေ့က ကျန်ခဲ့တဲ့ လုပ်ငန်းစဉ်ေ တွ ရှိသေးတယ်။ တစ်နေ့တစ်နေ့ လျှောက်လွှာပေါင်း တစ်ထောင်လောက် ကို ဖြေရှင်းပေးနေရတဲ့အတွက် မှားမှာစိုလို့ အထူးသဖြင့် ငွေရေးကြေးရေးနဲ့ စာရွက်စာတမ်းနဲ့ လုပ်ရတဲ့အခါကျတော့ မှားမှာစိုးလို့ လျှောက်လွှာရောင်း တာကို ခနထိန်းလိုက်တာပါ။ အားလုံးကို ရောင်းပေးမှာပါ” ဟု SMIDB ၏ စီအီးအိုဖြစ်သူ ဦးဇေယျာညွှန့်က ပြောသည်။

အချိန်နှင့် လူဦးရေ ကန့်သတ်မထားဘဲ ချေးငွေရယူလိုသည့် မည်သည့် နိုင်ငံ့ ဝန်ထမ်းကိုမဆို ထုတ်ချေးပေးမည်ဟု ဦးဇေယျာညွှန့်က ဆိုသည်။

“မိသားစုတွေ စားဝတ်နေရေး ပြေလည်အောင် လက်ရှိမှာ ကျွန်တော် တတ်နိုင်တဲ့ဘက်ကနေ ဝန်ထမ်းတွေကို ပထမဆုံး လစာရဲ့ ၂လစာကို ထုတ်ချေးတယ်။ ၂လစာက နည်းတယ်ဆိုလို့ အခုက ၃လစာကို ထုတ်ချေးေ ပးပါတယ်” ဟု ချေးငွေ ထုတ်ချေးပေးရသည့် ရည်ရွယ်ချက်ကို ၎င်းက ပြော သည်။

လျှောက်လွှာ ရောင်းချမှုနှင့်ပတ်သက်ပြီး ဘဏ်ဝန်ထမ်းများက အဂတိလိုက် စားမှုတစ်စုံတစ်ရာရှိပါက ကိုယ်တိုင် အရေးယူမည်ဖြစ်ကာ ၀၁-၂၃၀၂၃၄၀ သို့ ဆက်သွယ်အကြောင်းကြားနိုင်သည်ဟုလည်း ဦးဇေယျာညွှန့်က ပြော ဆို သည်။

ဇွန်လ ၆ရက်မှ ယနေ့ ဇူလိုင် ၄ရက်အထိ နိုင်ငံ့ဝန်ထမ်းဦးရေ တစ်သောင်းေ ကျာ်ကို ကျပ်သန်းပေါင်း ၃ထောင်ခန့် ထုတ်ချေးထားပြီးဖြစ်သည်။

Credit: Mizzima

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဘရူနိုင်းဘုရင်က နယူးယောက်မြို့၏ နာမည်ကျော် Pierre ဟိုတယ်ကြီးကို ဝယ်ယူရန် ညှိနှိုင်းနေကြောင်း သတင်းများထွက်ပေါ်လာ...
ဘရူနိုင်းဘုရင်က နယူးယောက်မြို့၏ နာမည်ကျော် Pierre ဟိုတယ်ကြီးကို ဝယ်ယူရန် ညှိနှိုင်းနေကြောင်း သတင်းများထွက်ပေါ်လာ...
လက်ပွားမင်းသားဟု လူသိများသော ဘောလိဝုဒ်ကြယ်ပွင့် ရီသစ်ရိုရှန်နှင့် ဖခင်ဖြစ်သူ ရုပ်ရှင်ဒါရိုက်တာ ရာကက်ရှ် ရိုရှန်တို့က မွမ်ဘိုင်းမှ တိုက်ခန်း ၃ ခန်းကို ရောင်းချ...
လက်ပွားမင်းသားဟု လူသိများသော ဘောလိဝုဒ်ကြယ်ပွင့် ရီသစ်ရိုရှန်နှင့် ဖခင်ဖြစ်သူ ရုပ်ရှင်ဒါရိုက်တာ ရာကက်ရှ် ရိုရှန်တို့က မွမ်ဘိုင်းမှ တိုက်ခန်း ၃ ခန်းကို ရောင်းချ...
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရောင်းချကာ သမီးအား ဒေါ်လာ ၁ သန်းပေးခဲ့ပုံ...
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရောင်းချကာ သမီးအား ဒေါ်လာ ၁ သန်းပေးခဲ့ပုံ...
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယူမွမ်းမံလျက်ရှိပုံ...
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယူမွမ်းမံလျက်ရှိပုံ...
ပြင်သစ်နိုင်ငံ၊ Amboise မြို့ရှိ စားသောက်ဆိုင်တစ်ခုမှာ ကြိုတင်စာရင်းပေးထားသည့် လူဦးရေအတိုင်း မရောက်လာပါက တစ်ဦးလျှင် ၁၅ ယူရို (၁၇ ဒသမ ၂၇ ဒေါ်လာ) ဒဏ်ကြေးကောက်ခံမှု လူမှုကွန်ရက်တွင် နာမည်ကြီး...
ပြင်သစ်နိုင်ငံ၊ Amboise မြို့ရှိ စားသောက်ဆိုင်တစ်ခုမှာ ကြိုတင်စာရင်းပေးထားသည့် လူဦးရေအတိုင်း မရောက်လာပါက တစ်ဦးလျှင် ၁၅ ယူရို (၁၇ ဒသမ ၂၇ ဒေါ်လာ) ဒဏ်ကြေးကောက်ခံမှု လူမှုကွန်ရက်တွင် နာမည်ကြီး...
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး သေဆုံးပေးရ...
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး သေဆုံးပေးရ...
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီး လူမှုကွန်ရက်သုံးစွဲသူများ များစွာသဘောကျလျက်ရှိ...
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီး လူမှုကွန်ရက်သုံးစွဲသူများ များစွာသဘောကျလျက်ရှိ...
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြောင်း လတ်တလောတွင် သတင်းကြီးနေ...
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြောင်း လတ်တလောတွင် သတင်းကြီးနေ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက မိန်းကလေးများ မိမိကို စိတ်ဝင်စားစေရန်အတွက် အိမ် ၂ လုံးပိုင်ကြောင်း လည်ပင်းတွင် ဆိုင်းဘုတ်ဆွဲကာ လူစည်ကားသည့် ပွဲတော်သို့ သွားခဲ့ပုံမှာ ပြည်မကြီးတွင် သတင်းကြီးနေ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက မိန်းကလေးများ မိမိကို စိတ်ဝင်စားစေရန်အတွက် အိမ် ၂ လုံးပိုင်ကြောင်း လည်ပင်းတွင် ဆိုင်းဘုတ်ဆွဲကာ လူစည်ကားသည့် ပွဲတော်သို့ သွားခဲ့ပုံမှာ ပြည်မကြီးတွင် သတင်းကြီးနေ...
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင့် နှစ်ဦးသဘောတူ လဲလှယ်ရန် စီစဉ်...
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင့် နှစ်ဦးသဘောတူ လဲလှယ်ရန် စီစဉ်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်
လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service