လားရှိုးမြို့ အိမ်ခြံမြေဈေးကွက်မှာ ဒေသတွင်း မတည်ငြိမ်ခြင်းကြောင့် အရောင်းအဝယ်အေးပြီး အငှားဈေးကွက် ကောင်းမွန်နေ

လားရှိုးမြို့ အိမ်ခြံမြေဈေးကွက်မှာ ဒေသတွင်း မတည်ငြိမ်ခြင်းကြောင့် အရောင်းအဝယ်အေးပြီး အငှားဈေးကွက် ကောင်းမွန်နေ - Property News in Myanmar from iMyanmarHouse.com
5 Jul 2017 9:38 am တွင် တင်ခဲ့သည်
644 ကြိမ် ကြည့်ရှု့ပြီး
ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုးမြို့ရှိ အိမ်ခြံမြေ ဈေးကွက်မှာ ဒေသတွင်း မတည်ငြိမ်မှုများကြောင့် မြေအရောင်းအဝယ်အေးနေပြီး အငှားဈေးကွက် ကောင်းမွန်နေကြောင်း လားရှိုးမြို့ရှိ အိမ်ခြံမြေ အကျိုးဆောင်များထံမှသိရှိရသည်။ ၂၀၁၆ ခုနှစ်တွင် အိမ်ခြံမြေ အရောင်းအဝယ်မှာ အနည်းငယ်ဖြစ်နေခဲ့သော်လည်း ၂၀၁၇ ခုနှစ်တွင် နယ်မြေ မတည်ငြိမ်ခြင်းကြောင့် အရောင်းအဝယ်ကျဆင်းခဲ့ကြောင်း လားရှိုးမြို့မှ အိမ်ခြံမြေအကျိုးဆောင် ဦးတင်သန်းက ပြောသည်။

“ဒီနှစ်မှာ တိုက်ပွဲတွေက ရှမ်းမြောက်ရဲ့ နေရာတော်တော်များများမှာ ဖြစ်နေကြတယ်။ တိုက်ပွဲရှောင်တွေက လားရှိုးကို လာတာများတယ်။ တိုက်ပွဲတွေဖြစ်နေတော့ အဓိက တရုတ်လုပ်ငန်းရှင်တွေ အဝယ်မလိုက်လို့ အိမ်ခြံမြေလုပ်ငန်း အေးသွားတာဖြစ်တယ်။ အိမ်ခန်းငှားတွေတော့ အဆင်ပြေတယ်လို့ကြားမိတယ်။’’ဟု ဦးတင်သန်းက ပြောသည်။ တိုက်ပွဲဖြစ်ပွားရာ ဒေသများမှ စစ်ဘေးရှောင်လာသူ အများစုမှာ လားရှိုးမြို့တွင် အိမ်ငှား၍ လုပ်ကိုင်စားသောက် နေခြင်းကြောင့် လားရှိုးအိမ်ငှားဈေးကွက် ကောင်းမွန်နေကြခြင်းဖြစ်ကြောင်း လားရှိုးမြို့ရှိ အိမ်ခြံမြေအကျိုး ဆောင်များထံမှ သိရသည်။

“အိမ်ခြံမြေအရောင်းအဝယ်က အေးသွားတယ်။ အိမ်ငှားနေတဲ့သူတွေ များလာတော့ အိမ်ငှားရှာပေးတဲ့သူတွေ အဆင်ပြေနေတယ်။ ဘယ်နှစ်လချုပ်ချုပ်၊ ပွဲစားက တစ်လစာရတယ်။ ဒီတော့ အဆင်ပြေတာပေါ့။ တိုက်ပွဲရှောင် လာတဲ့သူအများစုကတော့ မပြန်ကြတော့ဘဲ ဒီမှာပဲ အိမ်ငှားပြီးနေကြတာများလာလို့ အိမ်ငှားတွေ အလုပ်ဖြစ်နေတာပါ။ ’’ဟု လားရှိုးမြို့ရှိအိမ်ငှားပွဲစား ဒေါ်အေးမေက ပြောသည်။

လားရှိုးမြို့အနီးတဝိုက်ဒေသများမှ စစ်ဘေးရှောင်အများစုမှာ လားရှိုးမြို့သို့ရောက်ရှိ၍ ဘုန်းကြီးကျောင်းများတွင် ခိုလှုံနေထိုင်လာရာမှ အချိန်ကြာသောအခါ လားရှိုးမြို့တွင် တစ်လလျှင် (၅)သောင်းကျပ်ဖြင့် အိမ်ငှား၍ နေထိုင်လာကြခြင်းဖြစ်ကြောင်း သိရသည်။

Credit: Yangon Media Group

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဘရူနိုင်းဘုရင်က နယူးယောက်မြို့၏ နာမည်ကျော် Pierre ဟိုတယ်ကြီးကို ဝယ်ယူရန် ညှိနှိုင်းနေကြောင်း သတင်းများထွက်ပေါ်လာ...

လက်ပွားမင်းသားဟု လူသိများသော ဘောလိဝုဒ်ကြယ်ပွင့် ရီသစ်ရိုရှန်နှင့် ဖခင်ဖြစ်သူ ရုပ်ရှင်ဒါရိုက်တာ ရာကက်ရှ် ရိုရှန်တို့က မွမ်ဘိုင်းမှ တိုက်ခန်း ၃ ခန်းကို ရောင်းချ...

[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရောင်းချကာ သမီးအား ဒေါ်လာ ၁ သန်းပေးခဲ့ပုံ...

ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယူမွမ်းမံလျက်ရှိပုံ...

ပြင်သစ်နိုင်ငံ၊ Amboise မြို့ရှိ စားသောက်ဆိုင်တစ်ခုမှာ ကြိုတင်စာရင်းပေးထားသည့် လူဦးရေအတိုင်း မရောက်လာပါက တစ်ဦးလျှင် ၁၅ ယူရို (၁၇ ဒသမ ၂၇ ဒေါ်လာ) ဒဏ်ကြေးကောက်ခံမှု လူမှုကွန်ရက်တွင် နာမည်ကြီး...

မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး သေဆုံးပေးရ...

တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီး လူမှုကွန်ရက်သုံးစွဲသူများ များစွာသဘောကျလျက်ရှိ...

အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြောင်း လတ်တလောတွင် သတင်းကြီးနေ...

တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက မိန်းကလေးများ မိမိကို စိတ်ဝင်စားစေရန်အတွက် အိမ် ၂ လုံးပိုင်ကြောင်း လည်ပင်းတွင် ဆိုင်းဘုတ်ဆွဲကာ လူစည်ကားသည့် ပွဲတော်သို့ သွားခဲ့ပုံမှာ ပြည်မကြီးတွင် သတင်းကြီးနေ...

စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင့် နှစ်ဦးသဘောတူ လဲလှယ်ရန် စီစဉ်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက

ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ

အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင

[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်

တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင

စီရော်နယ်ဒိုကို ဖြတ်ကျော်ကာ သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံလိုက်ရသူ လီယိုနယ် မက်ဆီ၏ M ပုံသဏ္ဍာ

စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင

[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန

တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော

ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service