လှည်းကူးမြို့နယ်အ တွင်း အမြန်လမ်းမကြီးဘေးရှိ ကျူးကျော်တဲများနှင့် ပတ် သက်၍ ဆင်းရဲသားလူထု၏ ပညာဗဟုသု တနည်းပါးမှုအပေါ် အခွင့်ကောင်း ယူကာ အုပ်စုဖွဲ့ပြီး မသမာသည့် နည်းဖြင့် စီးပွားရှာသူများကို ဖော်ထုတ် အေ ရးယူရန် နိုင်ငံတော် သမ္မတထံ မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော် မရှင်က ဇွန် လ၂၉ ရက်တွင် အကြံပြုစာပေး ပို့ခဲ့သည်။
ရန်ကုန်-မန္တလေးအမြန် လမ်းမကြီးဘေးရှိ ဆောက်လုပ် ရေးဝန်ကြီးဌာန မြိြု့ ပနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနပိုင်မြေနေရာ အတွင်း ၀င်ရောက်ကျူးေ ကျာ်နေ သော ကျူးကျော်တဲ၆,၀၀၀ ကျော်ရှိပြီး အဆိုပါတဲများကို ဇွန်လ ၁၂ ရက်က စတင်ဖျက်ဆီးခဲ့ရာ ယင်းသို့လုပ်ဆောင်ရာ၌ လူ့အခွင့်အ ရေးဆိုင်ရာ ရှုထောင့်မှသုံးသပ် ဆောင်ရွက်မှုရှိ၊ မရှိ လေ့လာစိ စစ်ရန် ကော်မရှင်အနြေ ဖင့် ဇွန်လ ၂၀ နှင့် ၂၁ ရက်များတွင်လည်းကောင်း၊ ဇွန်လ ၂၇ ရက်တွင် လည်းကောင်း သွားရောက်ပြီး ဇွန်လ၂၈ ရက်တွင် လေ့လာတွေ့ရှိမှု အစီရင် ခံစာရေးသားကာ ဇွန်လ ၂၉ ရက်တွင် နိုင်ငံ တော်သမ္မတထံပေး ပို့ခဲ့ေ ကြာင်း ကော်မရှင်အဖွဲ့ဝင် ဦးယုလွင်အောင်က ပြောသည်။
‘‘ဆင်းရဲသားတွေရဲ့ ပညာ ဗဟုသုတနည်းပါးမှုကို အခွင့် ကောင်းယူပြီးမှ အုပ် စု ဖွဲ့မသမာ စီးပွားရှာပြီး မြေကွက်တွေကိုအ ကွက်ရိုက်ပြီး ရောင်းချတဲ့သူေ တွ ကိုပေါ့။ အဲဒီလူတွေကို တည်ဆဲ ဥပဒေနဲ့အညီ ဖော်ထုတ်ပြီးတော့ ထိထိေ ရာက်ရောက် အရေးယူ ပေးဖို့ပေါ့။ အဲဒီလူတွေက လွတ်သွားပြီးတော့ မြေ ၀ယ်ပြီးတော့ နေလိုက်မိတဲ့ ဆင်းရဲသားက ပြဿနာတက်တော့တာလေ။ အဲဒီလို အုပ်စုဖွဲ့ပြီးတော့ ရောင်းတဲ့လူ တွေကို အရေးယူပေးဖို့ပေါ့’’ဟု ဦးယု လွင်အောင်က သမ္မတထံ ပေးပို့သည့် စာတွင်ကော်မရှင်က အကြံပြုထားမှု အပိုင်းကိုရှင်းပြ သည်။
‘‘ရှေ့ကလူက မဖျက် မဖျက် နဲ့ နှစ်နဲ့ချီပြီး မဖျက်တဲ့အခါကျ တော့ နောက်က လူကလည်း ယုံ ကြည်အားကိုးပြီး ဟိုလူတွေပြော တာ ယုံပြီးဝယ်တော့တာေ ပါ့လေ။ အဲဒီတော့ ရှေ့ကမဖျက်ဘဲနဲ့ ထားခဲ့တဲ့ တာဝန်ရှိတဲ့လူတွေ လည်း အရေးယူသင့်တယ်လို့ အန်ကယ်တို့က အကြံပြုထား တယ်’’ဟု ဦးယုလွင်ေ အာင်က ပြောသည်။
‘‘တစ်ကွက်ငါးသိန်းနဲ့ နှစ် ကွက်ဝယ်ထားတာ။ အိမ်ဆောက် တာရောဆိုရင် ၁၅ သိန်းလောက် ကုန်ထားတာ။ အဲဒါအစိုးရက သိမ်းသွားတာ။ ဘာမှပြန် လုပ်ပေး တာမရှိဘူး’’ဟု လှည်းကူးကျူး ကျော်တဲ အဖျက်ခံရမှုတွင်ပါဝင် သည့် သင်္ဃန်းကျွန်းမြို့နယ်၌ ဟင်းသီးဟင်းရွက်ရောင်းချသူ ဒေါ်ခင် အေးတင့် က ပြောသည်။
လှည်းကူးကျူးကျော်တဲရှင်း လင်းမှုဖြစ်စဉ်အပေါ် ကော်မရှင်က စစ်ဆေးရာ ၌ နိုင်ငံတော်ပိုင်မြေ ပေါ်၌ ကျူးကျော်မှုကို ဖယ်ခိုင်း ရာတွင် ဥပဒေနှင့်ညီေ သ်ာလည်း ဖယ်ရှားရှင်းလင်းမှုအတွက် လုံလောက်သည့် အချိန်ပေးမှုမရှိေ ကြာင်း၊ ထို့အပြင် လူ့အခွင့်အရေးပိုင်းဆိုင်ရာ ရှုထောင့်မှသုံးသပ် ဆောင် ရွက်မှု အပိုင်းတွင် အဆိုပါ ကျူးကျော်တဲများ ဖယ်ရှားရန် ၂၀၁၆ သြဂုတ်က သတင်းစာရှင်း လင်းမှုလုပ်၍ အသိပေးခြင်းသာရှိ ပြီး ၂၀၁၇ အတွင်း လုံးဝ သတိပေးမှုမရှိခဲ့ကြောင်း၊ မိုးကာလတွင် ဖျက်သိမ်းခြင်းကြောင့် အဖျက်ခံရသူ များ နေထိုင်ရေးအခက်အခဲဖြစ်ပေါ်ခဲ့ပြီး KG တန်း ကျောင်းသား၊ ကျောင်း သူကလေးငယ် ၄၇ ဦးအပါအ၀င် စုစုပေါင်း ၁၇၆ ဦးတို့ ပညာသင်ကြားမှု ရပ်ဆိုင်းသွားကြောင်း ၎င်းက ဆိုသည်။
‘‘အဲဒီကလေးတွေရဲ့ ပညာ သင်ကြားမှုကရပ်သွားတာကိုး။ အဲဒါတွေကို ပညာ သင်ကြားမှု အ ခက်အခဲဖြစ်နေတယ်။ လူ့အခွင့် အရေးရှုထောင့်ကနေ သုံး သပ်ပြီး တော့ လိုအပ်တဲ့ထောက်ပံ့ကူညီ မှုတွေနဲ့ လိုအပ်တဲ့ အစီအမံတွေေ ဆာင်ရွက်ပေးပါလို့ အကြံပေး ထားတာပေါ့’’ဟု ဦးယုလွင်အောင်က သမ္မတ ထံပေးပို့သည့် စာတွင် အကြံပြု ထားချက်များကို ပြောသည်။
လှည်းကူးမြို့ရှိ အဆိုပါ အ မြန်လမ်းဘေးတွင် ကျူးကျော်တဲ များ တည်ဆော က်မှုကို ၂၀၁၅ ကတည်းက လုပ်ဆောင်နေခြင်း ဖြစ်သော်လည်း သက်ဆိုင် ရာတာ ၀န်ရှိသူများက ရှင်းလင်းမှုမပြုခဲ့ ခြင်းအပေါ် အရေးယူရန် သမ္မတ ထံ အကြံပြုထားကြောင်း ၎င်း ကဆိုသည်။
ရန်ကုန်တိုင်းဒေသကြီးတွင် ကျူးကျော်နေရာ သုံးဆယ်ကျော် ကျန်ရှိနေသေး၍ အဆိုပါ ကျူး ကျော်များကို ရှင်းလင်းမည်ဆိုပါ က အခြေခံလူတန်းစားများ ဒုက္ခ မရောက်စေရန် လိုအပ်သည့် ပြင်ဆင်မှုများလုပ်ဆောင်ရန်နှင့် ကျူးကျော်တဲ များ ဖျက်ဆီးရှင်းလင်းခြင်းကို မိုးရာသီတွင် မလုပ်ဆောင်ရန် ကော်မရှင်က အကြံပြု ထားသည်။
‘‘သူတို့အတွက်လည်း နေရာ လေးတစ်နေရာပေးသင့်တာပေါ့။ သူတို့လည်း ပြ ည်သူလူထုဖြစ်တဲ့ အတွက် တစ်နေရာမှာမြေပေး။ အဲဒီနေရာကို ရွှေ့ကြလို့ သတိ ပေးပြီး ရွှေ့သင့်တယ်’’ဟု ဦးယု လွင်အောင်က ပြောသည်။
Credit: 7DayDaily