ကမ္ဘောဒီးယားတွင် ဆည်အနီးတွင်ရှိကာ လျော်ကြေးယူရန်ငြင်းဆိုသည့် ရွာသူရွာသားများ၏ နေအိမ်များ လာမည့်လတွင် ရေနစ်မြှုပ်ဖွယ်ရှိ

ကမ္ဘောဒီးယားတွင် ဆည်အနီးတွင်ရှိကာ လျော်ကြေးယူရန်ငြင်းဆိုသည့် ရွာသူရွာသားများ၏ နေအိမ်များ လာမည့်လတွင် ရေနစ်မြှုပ်ဖွယ်ရှိ - Property News in Myanmar from iMyanmarHouse.com
3 Jul 2017 12:48 pm တွင် တင်ခဲ့သည်
627 ကြိမ် ကြည့်ရှု့ပြီး
ကမ္ဘောဒီးယားနိုင်ငံ၊ စတုန်သရန်ပြည်နယ် စရီကောကျေးရွာတွင် Lower Sesan II အမည်ရှိ ဆည်တံခါးပိတ်လိုက်ပါက ရွာသူရွာသား များ၏ နေအိမ်များ ရေနစ်မြှုပ်မည့် အလားအလာနှင့် ရင်ဆိုင်ရလျက်ရှိကြောင်း
ဖနွမ်းပင်အခြေစိုက် သတင်းဝက်ဘ်ဆိုက် တစ်ခုတွင် ဖော်ပြသည်။

ကဘဲရိုမီးဒေသ၊ စရီကောကျေးရွာတွင် အိမ်ထောင်စုပေါင်း ၁၀၀ ကျော်သည် လာမည့်လတွင် Lower Sesan II ဆည်တံခါး ပိတ်လိုက်ပါက ရေလွှမ်းမိုး နစ်မြှုပ်တော့မည့် အန္တရာယ်နှင့် ရင်ဆိုင်ရလျက်ရှိခြင်း ဖြစ်သည်။
ရွာသားအများစုမှာ လာအိုနှင့် ဖနောင်လူမျိုးများဖြစ်ပြီး နေအိမ်ရွှေ့ ပြောင်းရန်အတွက် ပေးအပ်သည့် လျော်ကြေးငွေကို
ရယူရန် ငြင်းပယ်ထားကြသည်။

စတုန်သရန်ပြည်နယ် လက်ထောက်အုပ်ချုပ်ရေးမှူး ဒူအွန်ပေါ့၏ ပြောကြားချက်အရ နည်းပညာပိုင်း စမ်းသပ်မှုများ ပြုလုပ်ရန်အတွက် ဆည်တံခါးကို လာမည့် ဇူလိုင် ၁၅ ရက်မှ သြဂုတ်လ ၁၅ ရက်အထိ တစ်လကြာ ပိတ်ထားမည်ဟု ဆိုသည်။

ယခုဆည်တံခါးပိတ်ခြင်းသည် စက်တင်ဘာ ၂၅ ရက်တွင် ဆည်တံခါးများ တရားဝင်ပိတ်တော့မည်ဖြစ်ကာ တာဘိုင် ၅ လုံးအနက် တစ်လုံးကို စတင်လည်ပတ်ရန်အတွက် စမ်းသပ်မှု ပြုလုပ်ခြင်းလည်းဖြစ်ကြောင်း ဒူအွန်ပေါ့က ပြောကြားသည်။

လျှပ်စစ်ဓာတ်အား ၄၀၀ မဂ္ဂါဝပ်ထုတ်လုပ်နိုင်မည့် အဆိုပါစီမံကိန်းကို တည်ဆောက်နေသည်မှာ ၃ နှစ်ခန့်ရှိခဲ့ပြီဖြစ်ကာ ကမ္ဘောဒီးယားတွင် လျှပ်စစ်ဓာတ်အားကို ဈေးနှုန်းနည်းပါးစွာဖြင့် ဖြန့်ဖြူးပေးနိုင်မည်ဟု ကတိပြုထားသည်။

အတိုက်အခံတို့ကမူ ဆည်စီမံကိန်းသည် ဂေဟစနစ်ကို ပျက်စီးစေကာ ဒေသခံဖနောင်လူမျိုးများ၏ နေထိုင်မှုဘဝများ ပျက်သုဉ်းစေမည်ကို ရတက်မအေးဖြစ်နေကြသည်။

ဒူအွန်ပေါ့က ပြောကြားခဲ့ရာတွင် နေအိမ်မှစွန့်ခွာရန် ငြင်းပယ်ကြသော ရွာသူရွာသားများကို ရေလွှမ်းမိုးမှု ဖြစ်လာချိန်တွင် ကူညီနိုင်ရန်အတွက် မော်တော်ဘုတ်များနှင့် အရာရှိပေါင်း ၁၀၀ ကျော် ဖြန့်ကျက်ချထားပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။

ကဘဲရိုမီးဒေသကိုယ်စားလှယ်တစ်ဦးဖြစ်သူ ဒမ်ဆမ်နမ်က ပြောကြားရာတွင် ယခုကဲ့သို့ ဆည်တံခါးပိတ်မည့်သတင်းကို လူမှုကွန်ရက် များမှတစ်ဆင့်သာ သိရှိခဲ့ရခြင်းဖြစ်ကြောင်း၊ အာဏာပိုင်တို့သည် မကြာမီတွင် ရေလွှမ်းမိုးမှုကြီး ဖြစ်ပေါ်လာတော့မည့်အရေးကို ရင်ဆိုင်ရမည့် ဒေသခံများထံ ကြိုတင်အသိပေးအကြောင်းကြားခဲ့ခြင်းမရှိကြောင်း၊ ယင်းသို့လုပ်ဆောင်ခြင်းမှာ လူ့အခွင့်အရေးကို အပြင်းအထန်ချိုးဖောက်မှုပင်ဖြစ်ကြောင်း ပြောကြားသည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
ကမ္ဘောဒီးယားတွင် ဆည်အနီးတွင်ရှိကာ လျော်ကြေးယူရန်ငြင်းဆိုသည့် ရွာသူရွာသားများ၏ နေအိမ်များ လာမည့်လတွင် ရေနစ်မြှုပ်ဖွယ်ရှိ - Property News in Myanmar from iMyanmarHouse.com
ကမ္ဘောဒီးယားတွင် ဆည်အနီးတွင်ရှိကာ လျော်ကြေးယူရန်ငြင်းဆိုသည့် ရွာသူရွာသားများ၏ နေအိမ်များ လာမည့်လတွင် ရေနစ်မြှုပ်ဖွယ်ရှိ - Property News in Myanmar from iMyanmarHouse.com
ကမ္ဘောဒီးယားတွင် ဆည်အနီးတွင်ရှိကာ လျော်ကြေးယူရန်ငြင်းဆိုသည့် ရွာသူရွာသားများ၏ နေအိမ်များ လာမည့်လတွင် ရေနစ်မြှုပ်ဖွယ်ရှိ - Property News in Myanmar from iMyanmarHouse.com
ကမ္ဘောဒီးယားတွင် ဆည်အနီးတွင်ရှိကာ လျော်ကြေးယူရန်ငြင်းဆိုသည့် ရွာသူရွာသားများ၏ နေအိမ်များ လာမည့်လတွင် ရေနစ်မြှုပ်ဖွယ်ရှိ - Property News in Myanmar from iMyanmarHouse.com
ကမ္ဘောဒီးယားတွင် ဆည်အနီးတွင်ရှိကာ လျော်ကြေးယူရန်ငြင်းဆိုသည့် ရွာသူရွာသားများ၏ နေအိမ်များ လာမည့်လတွင် ရေနစ်မြှုပ်ဖွယ်ရှိ - Property News in Myanmar from iMyanmarHouse.com
ကမ္ဘောဒီးယားတွင် ဆည်အနီးတွင်ရှိကာ လျော်ကြေးယူရန်ငြင်းဆိုသည့် ရွာသူရွာသားများ၏ နေအိမ်များ လာမည့်လတွင် ရေနစ်မြှုပ်ဖွယ်ရှိ - Property News in Myanmar from iMyanmarHouse.com
ကမ္ဘောဒီးယားတွင် ဆည်အနီးတွင်ရှိကာ လျော်ကြေးယူရန်ငြင်းဆိုသည့် ရွာသူရွာသားများ၏ နေအိမ်များ လာမည့်လတွင် ရေနစ်မြှုပ်ဖွယ်ရှိ - Property News in Myanmar from iMyanmarHouse.com
ကမ္ဘောဒီးယားတွင် ဆည်အနီးတွင်ရှိကာ လျော်ကြေးယူရန်ငြင်းဆိုသည့် ရွာသူရွာသားများ၏ နေအိမ်များ လာမည့်လတွင် ရေနစ်မြှုပ်ဖွယ်ရှိ - Property News in Myanmar from iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဘရူနိုင်းဘုရင်က နယူးယောက်မြို့၏ နာမည်ကျော် Pierre ဟိုတယ်ကြီးကို ဝယ်ယူရန် ညှိနှိုင်းနေကြောင်း သတင်းများထွက်ပေါ်လာ...

လက်ပွားမင်းသားဟု လူသိများသော ဘောလိဝုဒ်ကြယ်ပွင့် ရီသစ်ရိုရှန်နှင့် ဖခင်ဖြစ်သူ ရုပ်ရှင်ဒါရိုက်တာ ရာကက်ရှ် ရိုရှန်တို့က မွမ်ဘိုင်းမှ တိုက်ခန်း ၃ ခန်းကို ရောင်းချ...

[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရောင်းချကာ သမီးအား ဒေါ်လာ ၁ သန်းပေးခဲ့ပုံ...

ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယူမွမ်းမံလျက်ရှိပုံ...

ပြင်သစ်နိုင်ငံ၊ Amboise မြို့ရှိ စားသောက်ဆိုင်တစ်ခုမှာ ကြိုတင်စာရင်းပေးထားသည့် လူဦးရေအတိုင်း မရောက်လာပါက တစ်ဦးလျှင် ၁၅ ယူရို (၁၇ ဒသမ ၂၇ ဒေါ်လာ) ဒဏ်ကြေးကောက်ခံမှု လူမှုကွန်ရက်တွင် နာမည်ကြီး...

မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး သေဆုံးပေးရ...

တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီး လူမှုကွန်ရက်သုံးစွဲသူများ များစွာသဘောကျလျက်ရှိ...

အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြောင်း လတ်တလောတွင် သတင်းကြီးနေ...

တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက မိန်းကလေးများ မိမိကို စိတ်ဝင်စားစေရန်အတွက် အိမ် ၂ လုံးပိုင်ကြောင်း လည်ပင်းတွင် ဆိုင်းဘုတ်ဆွဲကာ လူစည်ကားသည့် ပွဲတော်သို့ သွားခဲ့ပုံမှာ ပြည်မကြီးတွင် သတင်းကြီးနေ...

စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင့် နှစ်ဦးသဘောတူ လဲလှယ်ရန် စီစဉ်...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော

[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်

[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန

အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ

တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင

စီရော်နယ်ဒိုကို ဖြတ်ကျော်ကာ သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံလိုက်ရသူ လီယိုနယ် မက်ဆီ၏ M ပုံသဏ္ဍာ

ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ

ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ

အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ

မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service