ကမ္ဘောဒီးယားက အာရှဒေသမှာ ပြည်ပရင်းနှီးမြှုပ်နှံမှုတွေကို အဖိတ်ခေါ်နိုင်ဆုံးနိုင်ငံဖြစ်

ကမ္ဘောဒီးယားက အာရှဒေသမှာ ပြည်ပရင်းနှီးမြှုပ်နှံမှုတွေကို အဖိတ်ခေါ်နိုင်ဆုံးနိုင်ငံဖြစ် - Property News in Myanmar from iMyanmarHouse.com
3 Jul 2017 12:20 pm တွင် တင်ခဲ့သည်
416 ကြိမ် ကြည့်ရှု့ပြီး
ကမ္ဘောဒီးယားဟာ အာရှဒေသမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေကို
အဆွဲဆောင်အဖိတ်ခေါ်နိုင်ဆုံးသော နိုင်ငံဖြစ်တယ်ဆိုပြီး
InvestAsian က ပြုစုတဲ့ လေ့လာချက်တစ်ခုအရ သိရပါတယ်။

InvestAsian ကတော့ ဒေသတွင်း နိုင်ငံ ၁၅ နိုင်ငံကို ယင်းတို့ရဲ့
စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေအတွက်
လမ်းဖွင့်ထားနိုင်မှုနဲ့ ဘဏ်လုပ်ငန်းဆိုင်ရာ ဖြေလျော့ပေးမှုတို့
အပါအ၀င် အချက်အလက်များစွာကို အခြေခံပြီး တိုင်းတာ
တွက်ချက်ခဲ့တာဖြစ်ပါတယ်။

ယင်းတိုင်းတာမှုအရ စီးပွားရေးတိုးတက်မှုအားကောင်းနေတဲ့
ကမ္ဘောဒီးယားအနေနဲ့ကတော့ နိုင်ငံတွင်းမှာ နိုင်ငံခြားသားတွေရဲ့
အဆောက်အအုံနဲ့ စီးပွားရေးလုပ်ငန်းပိုင်ဆိုင်နိုင်မှုတို့ကို လမ်းဖွင့်
ပေးထားနိုင်သလို ဘဏ်အကောင့်တွေနဲ့ ကာလရှည်ဗီဇာတွေ ရဖို့
လွယ်ကူရိုးစင်းမှုတွေရှိနေတာကြောင့် ခုလို အာရှဒေသတွင်း ပြည်ပ
ရင်းနှီးမြှုပ်နှံမှုတွေကို အဖိတ်ခေါ်နိုင်ဆုံး နိုင်ငံအဖြစ် ရပ်တည်နိုင်ခဲ့
တာလို့ သိရပါတယ်။

" ယခုနှစ် InvestAsian ရဲ့ အညွန်းကိန်းမှာတော့ ကမ္ဘောဒီးယားက
ထိပ်ဆုံးမှာရှိခဲ့ပါတယ်၊ ခုနှစ်မှာ အာရှဒေသ နိုင်ငံအများစု
လျင်လျင်မြန်မြန်ပဲ တိုးတက်လာနေပါတယ်၊ ဒါပေမယ့်လည်း
တိုးတက်မှုနှုန်းမြန်ဆန်တာနဲ့ စီးပွားရေးလုပ်ငန်းလုပ်ဖို့ လွယ်ကူ
အဆင်ပြေနိုင်မှု တို့ ပေါင်းစပ်လိုက်တဲ့အခါ ကမ္ဘောဒီးယားက ခုလို
ကျန်နိုင်ငံတွေထက် သာလွန်သွားတာပါ" လို့ InvestAsian
တည်ထောင်သူ Reid Kirchenbauer က ပြောပါတယ်။

အလားတူ ယင်းရဲ့ အညွန်းကိန်းမှာလည်း ဖိလစ်ပိုင်က စီးပွားရေး
တိုးတက်အားကောင်းမှုနဲ့အတူ အဆင့် ၂ နေရာမှာ ရပ်တည်နိုင်ခဲ့ပြီး
ယင်းနိုင်ငံဟာလည်း နိုင်ငံခြားသားတွေအတွက် အိမ်ရာအဆောက်
အအုံ ပိုင်ဆိုင်နိုင်မှုနဲ့ ဗီဇာရရှိမှု ပိုင်း အလားအလာကောင်းမွန်
လျက်ရှိတယ်လို့ သိရပါတယ်။

တစ်ချိန်တည်းမှာပဲ ယင်းအညွှန်းကိန်းအရ ရင်းနှီးမြှုပ်နှံမှုတွေလုပ်ဖို့
အဆိုးဆုံးဒေသတွင်း နိုင်ငံကတော့ ဘရူနိုင်းနိုင်ငံ ဖြစ်တယ်လို့
သိရပါတယ်။

Credit: SFJ Strategy First

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဘရူနိုင်းဘုရင်က နယူးယောက်မြို့၏ နာမည်ကျော် Pierre ဟိုတယ်ကြီးကို ဝယ်ယူရန် ညှိနှိုင်းနေကြောင်း သတင်းများထွက်ပေါ်လာ...

လက်ပွားမင်းသားဟု လူသိများသော ဘောလိဝုဒ်ကြယ်ပွင့် ရီသစ်ရိုရှန်နှင့် ဖခင်ဖြစ်သူ ရုပ်ရှင်ဒါရိုက်တာ ရာကက်ရှ် ရိုရှန်တို့က မွမ်ဘိုင်းမှ တိုက်ခန်း ၃ ခန်းကို ရောင်းချ...

[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရောင်းချကာ သမီးအား ဒေါ်လာ ၁ သန်းပေးခဲ့ပုံ...

ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယူမွမ်းမံလျက်ရှိပုံ...

ပြင်သစ်နိုင်ငံ၊ Amboise မြို့ရှိ စားသောက်ဆိုင်တစ်ခုမှာ ကြိုတင်စာရင်းပေးထားသည့် လူဦးရေအတိုင်း မရောက်လာပါက တစ်ဦးလျှင် ၁၅ ယူရို (၁၇ ဒသမ ၂၇ ဒေါ်လာ) ဒဏ်ကြေးကောက်ခံမှု လူမှုကွန်ရက်တွင် နာမည်ကြီး...

မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး သေဆုံးပေးရ...

တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီး လူမှုကွန်ရက်သုံးစွဲသူများ များစွာသဘောကျလျက်ရှိ...

အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြောင်း လတ်တလောတွင် သတင်းကြီးနေ...

တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက မိန်းကလေးများ မိမိကို စိတ်ဝင်စားစေရန်အတွက် အိမ် ၂ လုံးပိုင်ကြောင်း လည်ပင်းတွင် ဆိုင်းဘုတ်ဆွဲကာ လူစည်ကားသည့် ပွဲတော်သို့ သွားခဲ့ပုံမှာ ပြည်မကြီးတွင် သတင်းကြီးနေ...

စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင့် နှစ်ဦးသဘောတူ လဲလှယ်ရန် စီစဉ်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ

iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ

တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ

မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု

ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်

[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ

ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ

ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ

[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ

နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြေ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Myanmar's No. 1 Car Portal
Myanmar's No. 1 C2C E-commerce Portal

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service