ထားဝယ်အထူးစီးပွားရေးဇုန်တည်ဆောက်ရန် ထိုင်းဘတ်ငွေ လေးဘီလီယံကျော် ချေးမည်

ထားဝယ်အထူးစီးပွားရေးဇုန်တည်ဆောက်ရန် ထိုင်းဘတ်ငွေ လေးဘီလီယံကျော် ချေးမည် - Property News in Myanmar from iMyanmarHouse.com
3 Jul 2017 10:16 am တွင် တင်ခဲ့သည်
912 ကြိမ် ကြည့်ရှု့ပြီး
ထားဝယ်အထူးစီးပွား ရေးဇုန်အတွက် ထိုင်းဘတ်ငွေ ၄ ဒသမ ၅ ဘီလီယံ (ကန်ဒေါ်လာ ၁၃၃ သန်း)ကို ချေးငွေယူရန် လွှတ်တော်သို့ တင်ပြ၍ အတည်ြ ပုမည် ဟု စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေးဝန်ကြီး ဒေါက်တာ သန်ြး မင့်က ပြောသည်။

မြန်မာအစိုးရအဖွဲ့သည် ထားဝယ်အထူးစီးပွားရေးဇုန်အ တွက် ထိုင်းနိုင်ငံမှ အဆိုပါ ချေး ငွေရယူရန် သုံးလအတွင်း ဆုံး ဖြတ်ချက်ချမည်ဟု သဘောတူ ခဲ့ ကြောင်း ဘန်ကောက်ပို့စ်သတင်း စာက ဇူလိုင် ၁ ရက်၌ ရေးသား ထား သည်။

‘‘မြန်မာအစိုးရက ထားဝယ် စီမံကိန်းကို အရေးတကြီးအလျင် အမြန် အေ ကာင်အထည်ဖော်ချင် ပါတယ်။ ဒါက နှစ်နိုင်ငံစလုံး အ ကျိုးရှိမယ့် စီမံကိန်ြး ဖစ်လို့ပါ’’ဟု ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သန်းမြင့်က ပြောသည်။

ဒီချုပ်အစိုးရလက်ထက်တွင် ပထမဆုံးအကြိမ် ကျင်းပသည့် ထားဝယ်အထူး စီးပွားရေးဇုန် အ ကောင်အထည်ဖော်ရေး မြန်မာ- ထိုင်း ပူးပေါင်းဆောင် ရွက်ရေး ကော်မတီ ပထမအကြိမ် အစည်း အဝေးတွင် အဆိုပါချေးငွေယူ ရန် မြန်မာက သဘောတူခဲ့သည်။ လာမည့် အောက်တိုဘာတွင် နေပြည်ေ တာ်၌ အဆိုပါကော်မတီအစည်းအဝေးကို ဒုတိယအကြိမ်ကျင်းပမည်ဖြစ်သည်။

ထိုင်းဘတ်ငွေ ၄ ဒသမ ၅ ဘီလီယံကျော်ကို ချေးငွေပေးရန် ထိုင်းနိုင်ငံက ပြီး ခဲ့သည့် ဖေဖော် ဝါရီတွင် ကမ်းလှမ်းခဲ့ပြီး ထိုချေး ငွေဖြင့် ၁၃၂ ကီလိုမီတာ (၈၂ မိုင်) ရှည်လျားသည့် ထိုင်းနိုင်ငံ နယ် စပ် ကန်ချနာဘူရီမှ ထားဝယ်အ ထူးစီးပွားရေးဇုန်သို့သွားသည့် လမ်းမကြီး ဖောက်လုပ်ရန်ဖြစ် သည်။

ထားဝယ်အထူးစီးပွားရေး ဇုန် ပြန်လည်စတင်မည့် ပထမအ ဆင့် စီမံကိန်း တွင် အိမ်ရာစီမံ ကိန်း၊ LNG လက်ခံသိုလှောင် စခန်း၊ တယ်လီကွန်း ဆက် သွယ် ရေး၊ ဓာတ်အားပေးစက်ရုံနှင့် ဆိပ်ကမ်းအငယ်စားတစ်ခုတို့ ပါဝင် မည်ြ ဖစ်သည်။

အဆိုပါချေးငွေအတွက် အ တိုးနှုန်းသည် ဂျပန်ချေးငွေထက် မနည်းသော် လည်း မြန်မာနိုင်ငံ၏ အခြားချေးငွေများထက် အတိုး နှုန်း သက်သာကြောင်း ထားဝယ် အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီ အတွင်းရေးမှူး ဒေါက် တာတင်ထူးနိုင်က ပြောသည်။

‘‘အဓိက မြန်မာဘက်က စဉ်းစားတာ။ ဒီချေးငွေနဲ့ စီမံကိန်းကို အပြီးသတ် အကောင်အထည် ဖော်နိုင်၊ မဖော်နိုင်ကိုပါ ပြန်ဆပ် ရမယ့် အချိန်ကာလ လည်း အဆင်ပြေပါတယ်’’ဟု ၎င်းက ဆက် လက်ပြောကြားသည်။

အဆိုပါချေးငွေသည် နိုင်ငံ အစိုးရချင်း ချေးငွေယူခြင်းဖြစ် သော် လည်း မြန်မာ အစိုးရက ကုမ္ပဏီများကို ချေးငွေပြန်လည် ပေးအပ်မည်ဖြစ်ကာ အစိုးရက ကုမ္ပဏီများအတွက် နာမည်ခံ ချေးပေးခြင်းဖြစ်ကြောင်း ဒေါက် တာတင်ထူးနို င်က ပြောသည်။

ကန်ဒေါ်လာ ဘီလီယံ ၅၀ တန် ထားဝယ်အထူးစီးပွားရေးဇုန် ကို ၂၀၀၈ တွင် မြန်မာ-ထိုင်း နှစ် ဖက်အစိုးရတို့ လက်မှတ်ရေးထိုး ခဲ့ပြီး ထိုင်းနိုင်ငံဘက် မှ အီတာလျံ ထိုင်းကုမ္ပဏီက စတင်အကောင် အထည်ဖော်ခဲ့သည်။

၂၀၁၃ တွင် ဘဏ္ဍာရေးအ ခက်အခဲကြောင့် အဆိုပါစီမံကိန်း ရပ်ဆိုင်းခဲ့ပြီး ၂၀၁၅ ဇူလိုင်က အဆိုပါ စီမံကိန်းကို ပြန်လည် စတင်ရန် မြန်မာ-ထိုင်း-ဂျ ပန် နိုင်ငံ အစိုးရချင်းဆွေးနွေးခဲ့သည်။

Credit: 7DayDaily

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဘရူနိုင်းဘုရင်က နယူးယောက်မြို့၏ နာမည်ကျော် Pierre ဟိုတယ်ကြီးကို ဝယ်ယူရန် ညှိနှိုင်းနေကြောင်း သတင်းများထွက်ပေါ်လာ...

လက်ပွားမင်းသားဟု လူသိများသော ဘောလိဝုဒ်ကြယ်ပွင့် ရီသစ်ရိုရှန်နှင့် ဖခင်ဖြစ်သူ ရုပ်ရှင်ဒါရိုက်တာ ရာကက်ရှ် ရိုရှန်တို့က မွမ်ဘိုင်းမှ တိုက်ခန်း ၃ ခန်းကို ရောင်းချ...

[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရောင်းချကာ သမီးအား ဒေါ်လာ ၁ သန်းပေးခဲ့ပုံ...

ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယူမွမ်းမံလျက်ရှိပုံ...

ပြင်သစ်နိုင်ငံ၊ Amboise မြို့ရှိ စားသောက်ဆိုင်တစ်ခုမှာ ကြိုတင်စာရင်းပေးထားသည့် လူဦးရေအတိုင်း မရောက်လာပါက တစ်ဦးလျှင် ၁၅ ယူရို (၁၇ ဒသမ ၂၇ ဒေါ်လာ) ဒဏ်ကြေးကောက်ခံမှု လူမှုကွန်ရက်တွင် နာမည်ကြီး...

မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး သေဆုံးပေးရ...

တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီး လူမှုကွန်ရက်သုံးစွဲသူများ များစွာသဘောကျလျက်ရှိ...

အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြောင်း လတ်တလောတွင် သတင်းကြီးနေ...

တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက မိန်းကလေးများ မိမိကို စိတ်ဝင်စားစေရန်အတွက် အိမ် ၂ လုံးပိုင်ကြောင်း လည်ပင်းတွင် ဆိုင်းဘုတ်ဆွဲကာ လူစည်ကားသည့် ပွဲတော်သို့ သွားခဲ့ပုံမှာ ပြည်မကြီးတွင် သတင်းကြီးနေ...

စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင့် နှစ်ဦးသဘောတူ လဲလှယ်ရန် စီစဉ်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်

အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး

ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ

နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြေ

[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ

ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်

စီရော်နယ်ဒိုကို ဖြတ်ကျော်ကာ သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံလိုက်ရသူ လီယိုနယ် မက်ဆီ၏ M ပုံသဏ္ဍာ

ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက

တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော

ဥရောပသားတွေ ဘာကြောင့် ကြောင်အိမ်ထဲမှာ အိပ်ခဲ့ကြတာလဲ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Myanmar's No. 1 Car Portal
Myanmar's No. 1 C2C E-commerce Portal

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service