ရွှေဝယ်ယူရာမှာ အခွန်တံဆိပ်ခေါင်းကပ်အရောင်းအ
ဝယ်လုပ်နေပေမယ့် လက်တလောအချိန်အထိ ရွှေတုံး
ဝယ်ယူမှုအတွက် အခွန်တံဆိပ်ခေါင်းမကပ်နိုင်သေး
ဘူးလို့ ပြည်တွင်းရွှေလုပ်ငန်းရှင်တစ်ဦးဖြစ်တဲ့ တိတ်
စိန်ရွှေ ဆိုင်လုပ်ငန်းရှင်ဦးဇော်အောင်ကပြောပါတယ်။
ရွှေထည်လက်ဝတ်ရတနာဝယ်ယူရာမှာ ကုန်သွယ်လုပ်
ငန်းခွင်အဖြစ် အခွန်တစ်ရာခိုင်နှုန်းနဲ့ အတုံးလိုက်ဝယ်ယူ
သူတွေအနေနဲ့ အခွန် ၅ ရာခိုင်နှုန်းပေးဆောင်ဖို့ သတ်
မှတ်ထားပေမယ့် အတုံးလိုက်ဝယ်ယူမှုက ရွှေဆိုင်တွေမှာ အရောင်းအဝယ်မဖြစ်တာကြောင့်လည်း ယင်းဈေးကွက်
ကနေ အခွန်မရနိုင်တာလို့ သူကရှင်းပြပါတယ်။
“တံဆိပ်ခေါင်းကတော့ ဒီလအစကတည်းက အရောင်းအဝယ်တွေလုပ်တိုင်း ဘောင်ချာမှာတံ
ဆိပ်ခေါင်းကပ်ကြ ပေမယ့် ရွှေတုံးဝယ်ယူမှုရဲ့ အခွန်တံဆိပ်ခေါင်းကပ်တာက အခုအချိန်အထိမရှိ
သလောက်ပါပဲ”လို့ဦးဇော်အောင် ကပြောပါတယ်။
ရွှေတုံးဝယ်ယူမှုက ဆိုင်တွေထက်အပြင်ဈေးကွက်တွေမှာ အဖြစ်များတာကြောင့်လည်း ယင်းရောင်းဝယ်မှုကနေ ကုန်သွယ်လုပ်ငန်းခွန်ရရှိဖို့ကစိန်ခေါ်ချက်တွေရှိနေတယ်လို့ ဆိုပါတယ်။ ရွှေတုံးရောင်းဝယ်မှုက အစိုးရအခွန်အ များ
အပြားရနိုင်ပေမယ့် လက်ရှိသတ်မှတ်တဲ့ အခွန်ရာခိုင်နှုန်း
လျှောချမှသာ ယင်းအတုံးရောင်းဝယ်မှုက အခွန်ရ နိုင်မယ်လို့
ရွှေဘုံသာလမ်းအခြေစိုက် ရွှေတုံးဝယ်ရောင်သမားတွေက သုံးသပ်ကြပါတယ်။
Credit: SFJ Strategy First