ရွှေ တရားဝင် တင်ပို့၊ တင်သွင်းရမည့် ပမာဏ မသတ်မှတ်နိုင်သေး

ရွှေ တရားဝင် တင်ပို့၊ တင်သွင်းရမည့် ပမာဏ မသတ်မှတ်နိုင်သေး - Property News in Myanmar from iMyanmarHouse.com
30 Jun 2017 9:44 am တွင် တင်ခဲ့သည်
2538 ကြိမ် ကြည့်ရှု့ပြီး
ပြည်ပသို့ ရွှေတရားဝင်တင်ပို့၊ တင်သွင်းခွင့်နှင့် ပတ်သက်ပြီး ခွင့်ပြုမည့်ပမာဏကို ယခုအချိန်အထိ မသတ်မှတ်နိုင်သေး ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန လက်ထောက်အတွင်းဝန် ဦးခင်မောင်လွင်က ပြောသည်။

ဦးခင်မောင်လွင်က ''ပမာဏက မထွက် သေးဘူး။ ထပ်ပြီးတော့ အမိန့်ကြော်ငြာစာ ထွက်ပြီးမှပဲ သိရမှာ။ လက်ရှိက လုပ်ထုံးလုပ် နည်းမူကြမ်း။ ဘယ်လောက် တင်သွင်းခွင့်ပြု မယ် ဘယ်လိုလုပ်မယ်ဆိုတာတွေက အသေး စိတ် ဆွေးနွေးတုန်းပဲ အဆင့်မှာပဲရှိ ပါသေးတယ်။ ဒီ ၂ဝ၁၇ ထဲ ပြီးအောင်တော့ ကြိုးစား နေတာပေါ့။ ရွှေတင်သွင်းတာရော၊ တင်ပို့တာရော နှစ်ခုစလုံးကို ခွင့်ပြုဖို့ဆွေးနွေးနေတာပါ''ဟုဆိုသည်။

ရွှေထည် လက်ဝတ်ရတနာများအား အိမ်နီးချင်းနိုင်ငံများနှင့် တရားမဝင်တင်သွင်း၊ တင်ပို့နေခြင်းများ ရှိနေသောကြောင့် ယခုနှစ်မှစတင်ကာ တရားဝင်တင်သွင်း၊ တင်ပို့ခွင့်ပြုရန် စီးပွားကူးသန်းဝန်ကြီးဌာနမှ သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းစီစဉ်နေခြင်း ဖြစ်ကြောင်းသိရသည်။ ထိုသို့ တရားဝင် ကုန်သွယ်ရောင်းဝယ် ခွင့်ပြုလိုက်ပါက နိုင်ငံတော်အတွက် ရသင့်ရထိုက်သည့် အခွန်အခများ ရရှိလာနိုင် ကြောင်းနှင့် စနစ်ကျသည့် ရွှေဈေးကွက်ဖြစ် ပေါ်လာပါက မြန်မာ့ရွှေဈေးကွက်မှာ အာဆီယံနိုင်ငံများအထိ ယှဉ်ပြိုင်နိုင်ကာ ရွှေရောင်း ဝယ်မှုလည်း နိုင်ငံတကာ စံချိန်စံညွှန်းမီလာ မည်ဖြစ်ကြောင်း သိရသည်။

''ရွှေထည် လက်ဝတ်ရတနာတွေကို တင် သွင်းမှုပမာဏများများသတ်မှတ်လိုက်ရင်လဲ ပြည်တွင်းဒေါ်လာတွေ အထွက်များသွား ပြီး ငွေကြေးဖောင်းပွမှုကို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် အစိုးရအနေနဲ့ ရွှေအရောင်းအဝယ်ပြုလုပ်ရာမှာ ပြည်တွင်းငွေကြေးဈေး ကွက်အတွက်ပါ မထိခိုက်အောင် ဆောင်ရွက် ပေးဖို့ လိုအပ်ပါတယ်''ဟု မြန်မာနိုင်ငံ ရွှေလုပ်ငန်းရှင်များအသင်း အတွင်းရေးမှူး ဦးကျော်ဝင်းက သုံးသပ်ပြောဆိုသည်။

ရွှေတရားဝင် တင်သွင်း၊ တင်ပို့ခွင့်အတွက် ရွှေဗဟိုဈေးကွက်ကိုလည်း ဖော်ဆောင် နိုင်ရန်လိုအပ်ပြီး သို့မှသာ နယ်စပ်ဒေသများ၌ တရားမဝင်ရောင်းချနေသော ရွှေများကို တရားဝင်ရောင်းချလာကြမည်ဖြစ်ကာ ရွှေအတွက် အခွန်အခကို သတ်သတ်မှတ်မှတ်ရ ရှိနိုင်ပြီး ရွှေသယံဇာတဆုံးရှုံးမှု လျော့ပါးနိုင်မည်ဟု ၎င်းက ဆက်လက်ပြောသည်။

Credit: Yangon Media Group

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဘရူနိုင်းဘုရင်က နယူးယောက်မြို့၏ နာမည်ကျော် Pierre ဟိုတယ်ကြီးကို ဝယ်ယူရန် ညှိနှိုင်းနေကြောင်း သတင်းများထွက်ပေါ်လာ...

လက်ပွားမင်းသားဟု လူသိများသော ဘောလိဝုဒ်ကြယ်ပွင့် ရီသစ်ရိုရှန်နှင့် ဖခင်ဖြစ်သူ ရုပ်ရှင်ဒါရိုက်တာ ရာကက်ရှ် ရိုရှန်တို့က မွမ်ဘိုင်းမှ တိုက်ခန်း ၃ ခန်းကို ရောင်းချ...

[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရောင်းချကာ သမီးအား ဒေါ်လာ ၁ သန်းပေးခဲ့ပုံ...

ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယူမွမ်းမံလျက်ရှိပုံ...

ပြင်သစ်နိုင်ငံ၊ Amboise မြို့ရှိ စားသောက်ဆိုင်တစ်ခုမှာ ကြိုတင်စာရင်းပေးထားသည့် လူဦးရေအတိုင်း မရောက်လာပါက တစ်ဦးလျှင် ၁၅ ယူရို (၁၇ ဒသမ ၂၇ ဒေါ်လာ) ဒဏ်ကြေးကောက်ခံမှု လူမှုကွန်ရက်တွင် နာမည်ကြီး...

မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး သေဆုံးပေးရ...

တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီး လူမှုကွန်ရက်သုံးစွဲသူများ များစွာသဘောကျလျက်ရှိ...

အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြောင်း လတ်တလောတွင် သတင်းကြီးနေ...

တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက မိန်းကလေးများ မိမိကို စိတ်ဝင်စားစေရန်အတွက် အိမ် ၂ လုံးပိုင်ကြောင်း လည်ပင်းတွင် ဆိုင်းဘုတ်ဆွဲကာ လူစည်ကားသည့် ပွဲတော်သို့ သွားခဲ့ပုံမှာ ပြည်မကြီးတွင် သတင်းကြီးနေ...

စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင့် နှစ်ဦးသဘောတူ လဲလှယ်ရန် စီစဉ်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်

တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင

တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော

ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ

[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန

[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ

အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ

စင်္ကာပူတွင် ချမ်းသာသော အဘိုးတစ်ဦးက အစားအသောက်များ အလဟဿ မဖြစ်စေရန်ဟုဆိုကာ စားသောက်ဆိုင်တစ်ခု၌ စားကြွင်းစားကျန်များ လိုက်

ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ

အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service