အင်းစိန်မြို့နယ်တွင် ကျူးကျော်စမတ်ကတ် လာရောက် မထုတ်သည့် အိမ်ထောင်စု ရာကျော်ရှိ

အင်းစိန်မြို့နယ်တွင် ကျူးကျော်စမတ်ကတ် လာရောက် မထုတ်သည့် အိမ်ထောင်စု ရာကျော်ရှိ - Property News in Myanmar from iMyanmarHouse.com
29 Jun 2017 12:01 pm တွင် တင်ခဲ့သည်
996 ကြိမ် ကြည့်ရှု့ပြီး
အင်းစိန်မြို့နယ်တွင် နေထိုင်သော ကျူးကျော်စာရင်း သတ်မှတ်ခံရသူများထဲ တွင် ကျူးကျော်သက်သေခံ စမတ်ကတ် လာရောက် မထုတ်ယူသည့် အိမ်ေ ထာင်စု ၁ဝဝ ကျော်ရှိကြောင်း အင်းစိန်မြို့နယ် စဥ့်ငူရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးထွန်းလွင်က ပြောသည်။

''ဇွန် ၂ဝ ရက်ကနေ ၂၆ ရက်အထိ ကျူးကျော်သက်သေခံ စမတ်ကတ် တွေ ထုတ်ပေးခဲ့ပါတယ်။ ဒီနေ့အထိ စမတ်ကတ် လာရောက်မထုတ်ယူသူ မိသားစု ၁ဝဝ ကျော်ရှိနေပါတယ်''ဟု ၄င်းက ပြောသည်။

ကျူးကျော်သက်သေခံ စမတ်ကတ်များ လာရောက်မထုတ်ယူသူများ ရှိသော် လည်း လက်ရှိအချိန်ထိ ကျူးကျော်စာရင်းဝင်သည်ကို မကျေနပ်သဖြင့် ညှိနှို င်းဆွေးနွေးရန် တရားဝင်ပြောဆိုသူ တစ်ဦးမျှမရှိသေးကြောင်း ဦးထွန်းလွင် က ပြောသည်။

''သူတို့ သိန်း ရာဂဏန်းနီးပါး ပေးဝယ်ထားရတဲ့ မြေကွက်တွေကို သူတို့က ကျူးကျော်လို့ မသတ်မှတ်နိုင်ဘူး ဆိုပြီးတော့ ကျူးကျော်သက်သေခံ စမတ် ကတ် လာရောက်မထုတ်ယူသူတွေတော့ ရှိပါတယ်။

စမတ်ကတ် လာရောက် မထုတ်ယူသူတွေတော့ ရှိပေမဲ့ ကျူးကျော်စာရင်း ဝင်ဖြစ်လို့ မကျေနပ်လို့ ညှိနှိုင်းဆွေးနွေးဖို့ တရားဝင် လာရောက်ပြောဆိုသူေ တာ့ အခုထိ တစ်ယောက်မှ မရှိသေးပါဘူး''ဟု ၄င်းက ပြောသည်။

အင်းစိန်မြို့နယ်တွင် ကျူးကျော်စမတ်ကတ် ထုတ်ရမည့် အိမ်ထောင်စု အရေ အတွက် ၄,ဝဝဝ ကျော်ရှိကြောင်း ၄င်းက ပြောသည်။

''စဥ့်ငူရပ်ကွက်မှာ စမတ်ကတ်ထုတ်ပေးရမယ့် မိသားစု ၃၇၁ စုရှိပြီး တော့ အင်းစိန် တစ်မြို့နယ်လုံးမှာ ကျူးကျော်စာရင်းဝင်သူ မိသားစု ၄,ဝဝဝ ကျော်ေ လာက်ရှိပါတယ်။ ဇွန် ၂၆ ရက်အထိပဲ ကျူးကျော်သက်သေခံစမတ်ကတ်တွေ ထုတ်ပေးခဲ့တာဖြစ်ပြီးတော့ ၂၇ ရက်ကစပြီးတော့ သက်သေခံကတ် ထုတ်ေ ပးတဲ့ သူတွေက တခြားမြို့နယ်အတွက် ပြောင်းရွှေ့ ထုတ်ပေးမှာ ဖြစ်ပါ တယ်''ဟု ဦးထွန်းလွင်က ပြောသည်။

အင်းစိန်မြို့နယ်အတွင်း စမတ်ကတ်ထုတ်ပေးခံရသူများတွင် ခြံအမှတ် အ မည်ပေါက် မီတာနှင့် သန်းခေါင်စာရင်း ရရှိထားသော သိန်းရာဂဏန်း ဝန်း ကျင် တန်ဖိုးပေါက်သော ဥယျာဉ်ခြံမြေများတွင် နေထိုင်သူများလည်း ပါ ဝင်ကြောင်း ကျူးကျော်သက်သေခံ စမတ်ကတ်ထုတ်ယူခဲ့သူ အင်းစိန် မြို့ နယ်၊ စဥ့်ငူရပ်ကွက် ဒေသခံတစ်ဦးက ပြောသည်။

''ကျွန်မတို့နေနေတဲ့ ပေ ၂ဝ၊ ပေ ၄ဝ မြေကွက်ကို ၂ဝ၁၄ ခုနှစ်က သိန်း ၉ဝ နဲ့ ဝယ်ခဲ့ပြီးတော့ ဒီအိမ်နံပါတ် အမည်ပေါက် မီတာနဲ့ သန်းခေါင်စာရင်းလည်း ရထားပါတယ်။ အခုဒီအိမ်က ဂရန်မြေမဟုတ်ဘဲ ဥယျာဉ်ခြံမြေ အမျိုးအစား ဆိုပြီး ကျူးကျော်စာရင်းသွင်းပြီး စလစ်ကတ် ထုတ်ပေးပါတယ်''ဟု ၄င်း က ပြောသည်။

ရန်ကုန်မြို့အနှံ့ ကောက်ခံရရှိသော ကျူးကျော်နေထိုင်သူများကို ပထမအုပ်စု အနေနဲ့ အိမ်ရာမဲ့များ၊ ဒုတိယအနေဖြင့် အစိုးရမြေများတွင် နေထိုင်သူများနှင့် တတိယအဖြစ် လျော်ကြေးပေးကာ ဖယ်ခိုင်းရမည့်သူများ စသဖြင့် အမျိုးအ စား သုံးမျိုးခွဲကာ အုပ်စုတစ်ခုပြီးတစ်ခုနေထိုင်ရန် အိမ်ရာများပေးမည်ဟု ကြားသိရကြောင်း အင်းစိန်မြို့နယ်မှ ကျူးကျော် သက်သေခံစမတ်ကတ်
ထုတ်ယူခဲ့သူ ဦးအောင်သူက ပြောသည်။

''အင်းစိန်မြို့နယ်က ဘယ်ရပ်ကွက်ကိုမှ ရွှေ့ပြောင်းဖို့ အကြောင်းကြားတာမျိုး အခုထိတော့ မရှိသေးပါဘူး။ ကျူးကျော်စာရင်းထဲ ပါဝင်သူတွေကို စာရင်း ထဲပါကြောင်း စမတ်ကတ် ထုတ်ပေးရုံသာရှိသေးပြီး ပြောင်းရွှေ့ပေးဖို့ ဘာမှ မပြောသေးပါဘူး။ အင်းစိန်က မြေအများစုက မြေဂရန်တော့ မရှိပေမဲ့ အများ စုက သိန်းရာဂဏန်းအထိ ပေးဝယ်ထားရပြီး အရပ်စာချုပ် ချုပ်ဆို ထားတဲ့ြေ မတွေပါ။ အင်းစိန်က ရွာမမှာ နေထိုင်ကြသူတွေဆို တစ်ရပ်ကွက်လုံး စမတ် ကတ်တောင် လာရောက် ထုတ်မယူကြပါဘူး''ဟု ၄င်းက ပြောသည်။

၂ဝ၁၄ ခုနှစ်တွင် ကောက်ခံခဲ့သော သန်းခေါင်စာရင်းများအရ မီးရထားလမ်း၊ ကားလမ်း၊ တာဝါတိုင်၊ ဂျိုးဖြူရေပိုက်လိုင်းတစ်ဝိုက်ဆိုင်ရာ မြေများမှာ အစိုး ရမြေများဖြစ်ပြီး တိုင်းဒေသကြီးအစိုးရ၏ ညွှန်ကြားချက် အရ အရပ်စာချုပ်မှာ ဂရန်မြေကဲ့သို့ ပိုင်ဆိုင်မှု တရားမဝင်ကြောင်း အိမ်ခြံမြေအကျိုးဆောင်များ က ပြောသည်။

Credit: Myanmar Time

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဘရူနိုင်းဘုရင်က နယူးယောက်မြို့၏ နာမည်ကျော် Pierre ဟိုတယ်ကြီးကို ဝယ်ယူရန် ညှိနှိုင်းနေကြောင်း သတင်းများထွက်ပေါ်လာ...
ဘရူနိုင်းဘုရင်က နယူးယောက်မြို့၏ နာမည်ကျော် Pierre ဟိုတယ်ကြီးကို ဝယ်ယူရန် ညှိနှိုင်းနေကြောင်း သတင်းများထွက်ပေါ်လာ...
လက်ပွားမင်းသားဟု လူသိများသော ဘောလိဝုဒ်ကြယ်ပွင့် ရီသစ်ရိုရှန်နှင့် ဖခင်ဖြစ်သူ ရုပ်ရှင်ဒါရိုက်တာ ရာကက်ရှ် ရိုရှန်တို့က မွမ်ဘိုင်းမှ တိုက်ခန်း ၃ ခန်းကို ရောင်းချ...
လက်ပွားမင်းသားဟု လူသိများသော ဘောလိဝုဒ်ကြယ်ပွင့် ရီသစ်ရိုရှန်နှင့် ဖခင်ဖြစ်သူ ရုပ်ရှင်ဒါရိုက်တာ ရာကက်ရှ် ရိုရှန်တို့က မွမ်ဘိုင်းမှ တိုက်ခန်း ၃ ခန်းကို ရောင်းချ...
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရောင်းချကာ သမီးအား ဒေါ်လာ ၁ သန်းပေးခဲ့ပုံ...
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရောင်းချကာ သမီးအား ဒေါ်လာ ၁ သန်းပေးခဲ့ပုံ...
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယူမွမ်းမံလျက်ရှိပုံ...
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယူမွမ်းမံလျက်ရှိပုံ...
ပြင်သစ်နိုင်ငံ၊ Amboise မြို့ရှိ စားသောက်ဆိုင်တစ်ခုမှာ ကြိုတင်စာရင်းပေးထားသည့် လူဦးရေအတိုင်း မရောက်လာပါက တစ်ဦးလျှင် ၁၅ ယူရို (၁၇ ဒသမ ၂၇ ဒေါ်လာ) ဒဏ်ကြေးကောက်ခံမှု လူမှုကွန်ရက်တွင် နာမည်ကြီး...
ပြင်သစ်နိုင်ငံ၊ Amboise မြို့ရှိ စားသောက်ဆိုင်တစ်ခုမှာ ကြိုတင်စာရင်းပေးထားသည့် လူဦးရေအတိုင်း မရောက်လာပါက တစ်ဦးလျှင် ၁၅ ယူရို (၁၇ ဒသမ ၂၇ ဒေါ်လာ) ဒဏ်ကြေးကောက်ခံမှု လူမှုကွန်ရက်တွင် နာမည်ကြီး...
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး သေဆုံးပေးရ...
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး သေဆုံးပေးရ...
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီး လူမှုကွန်ရက်သုံးစွဲသူများ များစွာသဘောကျလျက်ရှိ...
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီး လူမှုကွန်ရက်သုံးစွဲသူများ များစွာသဘောကျလျက်ရှိ...
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြောင်း လတ်တလောတွင် သတင်းကြီးနေ...
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြောင်း လတ်တလောတွင် သတင်းကြီးနေ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက မိန်းကလေးများ မိမိကို စိတ်ဝင်စားစေရန်အတွက် အိမ် ၂ လုံးပိုင်ကြောင်း လည်ပင်းတွင် ဆိုင်းဘုတ်ဆွဲကာ လူစည်ကားသည့် ပွဲတော်သို့ သွားခဲ့ပုံမှာ ပြည်မကြီးတွင် သတင်းကြီးနေ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက မိန်းကလေးများ မိမိကို စိတ်ဝင်စားစေရန်အတွက် အိမ် ၂ လုံးပိုင်ကြောင်း လည်ပင်းတွင် ဆိုင်းဘုတ်ဆွဲကာ လူစည်ကားသည့် ပွဲတော်သို့ သွားခဲ့ပုံမှာ ပြည်မကြီးတွင် သတင်းကြီးနေ...
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင့် နှစ်ဦးသဘောတူ လဲလှယ်ရန် စီစဉ်...
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင့် နှစ်ဦးသဘောတူ လဲလှယ်ရန် စီစဉ်...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
ဥရောပသားတွေ ဘာကြောင့် ကြောင်အိမ်ထဲမှာ အိပ်ခဲ့ကြတာလဲ
ဥရောပသားတွေ ဘာကြောင့် ကြောင်အိမ်ထဲမှာ အိပ်ခဲ့ကြတာလဲ
အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု
အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Myanmar's No. 1 Car Portal
Myanmar's No. 1 C2C E-commerce Portal

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service