ဟောင်ကောင်တွင် လသာဆောင်ပြုတ်ကျမှုဖြစ်ပွားရာ developer က အနီးဝန်းကျင်ရှိ အဆောက်အအုံများ၏ ကြံ့ခိုင်မှုအခြေအနေ စစ်ဆေးမှုများ ပြုလုပ်သွားမည်

ဟောင်ကောင်တွင် လသာဆောင်ပြုတ်ကျမှုဖြစ်ပွားရာ developer က အနီးဝန်းကျင်ရှိ အဆောက်အအုံများ၏ ကြံ့ခိုင်မှုအခြေအနေ စစ်ဆေးမှုများ ပြုလုပ်သွားမည် - Property News in Myanmar from iMyanmarHouse.com
29 Jun 2017 11:26 am တွင် တင်ခဲ့သည်
453 ကြိမ် ကြည့်ရှု့ပြီး
ဟောင်ကောင်တွင် လသာဆောင်ပြုတ်ကျမှုဖြစ်ပွားရာ developer
ဖြစ်သော Henderson Land က ကုမ္ပဏီမှ ဆောက်လုပ်ခဲ့သော အခြားအဆောက်အအုံများ၏ ကြံ့ခိုင်မှုအခြေအနေ စစ်ဆေးမှုများ ပြုလုပ်သွားရန်အတွက် အဖွဲ့အစည်း ၂ ခုကို ငှားရမ်းထားကြောင်း ဟောင်ကောင်အခြေစိုက် သတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။

လသာဆောင်ပြိုကျမှုဖြစ်ပွားသည့် အဆောက်အအုံမှာ ၆၁ နှစ်သက်တမ်းရှိပြီဖြစ်ပြီး မိုးသည်းထန်စွာ ရွာသွန်းနေစဉ်အတွင်း ပြိုကျမှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

ကိုလုံးရှိ ဘလောက်ပေါင်းများစွာ ဆောက်လုပ်ထားသည့် Henderson Land သည် အဆောက်အအုံများ၏ ကြံ့ခိုင်မှုအခြေအနေကို စစ်ဆေးရန်အတွက် အင်ဂျင်နီယာအတိုင်ပင်ခံအဖွဲ့အစည်း ၂ ခုကို ငှားရမ်းထားသည်။
Gillies Avenue South ရှိ ဒုတိယထပ်နံရံနှင့် လသာဆောင်တို့ ပြိုကျခဲ့ခြင်းဖြစ်ပြီး နေထိုင်သူများမှာမူ ထွက်ပြေးလွတ်မြောက်ခဲ့ကြသည်ဟု ဆိုသည်။

အဆိုပါဖြစ်ရပ်ဖြစ်ပွားပြီးနောက် ဟောင်ကောင်အဆောက်အအုံဌာနက အမိန့်တစ်ရပ်ထုတ်ပြန်ခဲ့ပြီး အဆောက်အအုံ၏ ကြံ့ခိုင်မှု အခြေအနေကို အသေးစိတ်စုံစမ်းမှုများပြုလုပ်ရန် ညွှန်ကြားခဲ့သည်။

Henderson Land မှ ပြောရေးဆိုခွင့်ရ အမျိုးသမီးက ပြောကြားရာတွင် “ဒီအဆောက်အအုံနဲ့အတူ ခရိုင်တွင်းမှာရှိတဲ့ တခြား အဆောက်အအုံတွေရဲ့ ကြံ့ခိုင်မှုအခြေအနေတွေကို စစ်ဆေးဖို့ ကျွန်မတို့ အဖွဲ့နှစ်ဖွဲ့ ငှားရမ်းထားပါတယ်” ဟု ပြောကြားခဲ့သည်။

ဒီမိုကရက်တစ်ပါတီအမတ် ဟယ်လီနာ ဝေါင် ပစ်ခ်ဝမ်သည် Henderson Land မှ အမှုဆောင်ဒါရိုက်တာ သြဂတ်စတင်း ဝေါင် ဟိုမင်နှင့် တွေ့ဆုံကာ ခရိုင်အတွင်း Henderson Land ကဆောက်လုပ်ခဲ့သော အခြားအဆောက်အအုံဟောင်းများ၏ ကြံ့ခိုင်ရေး အခြေအနေများနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြသည်ဟု ဆိုသည်။

ဟယ်လီနာဝေါင်က ပြောကြားရာတွင် အဆိုပါဒေသတွင် Henderson Land က ဆောက်လုပ်ခဲ့သည့် အခန်းပေါင်း ၂၀၀၀ ကျော်ရှိပြီး
အကျယ်အဝန်းအားဖြင့် စတုရန်းပေ ၁၁၀၀၀၀ ခန့်ရှိသည်ဟု ဆိုသည်။
ဟယ်လီနာက Henderson Land ၏ စုံစမ်းစစ်ဆေးမည့် အစီအစဉ်ကို ကြိုဆိုခဲ့သည်။

အခြား developer များအနေဖြင့်လည်း ယခုဖြစ်ရပ်မျိုး နောက်နောင်ကြုံတွေ့ရခြင်းမှ ကာကွယ်ရန်အတွက်
နှစ်ပေါင်း ၅၀ နှင့်အထက် သက်တမ်းရှိ အဆောက်အအုံများ၏ ကြံ့ခိုင်မှုကို စစ်ဆေးသင့်ကြောင်း ဟယ်လီနာက တိုက်တွန်းခဲ့သည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
ဟောင်ကောင်တွင် လသာဆောင်ပြုတ်ကျမှုဖြစ်ပွားရာ developer က အနီးဝန်းကျင်ရှိ အဆောက်အအုံများ၏ ကြံ့ခိုင်မှုအခြေအနေ စစ်ဆေးမှုများ ပြုလုပ်သွားမည် - Property News in Myanmar from iMyanmarHouse.com
ဟောင်ကောင်တွင် လသာဆောင်ပြုတ်ကျမှုဖြစ်ပွားရာ developer က အနီးဝန်းကျင်ရှိ အဆောက်အအုံများ၏ ကြံ့ခိုင်မှုအခြေအနေ စစ်ဆေးမှုများ ပြုလုပ်သွားမည် - Property News in Myanmar from iMyanmarHouse.com
ဟောင်ကောင်တွင် လသာဆောင်ပြုတ်ကျမှုဖြစ်ပွားရာ developer က အနီးဝန်းကျင်ရှိ အဆောက်အအုံများ၏ ကြံ့ခိုင်မှုအခြေအနေ စစ်ဆေးမှုများ ပြုလုပ်သွားမည် - Property News in Myanmar from iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါး ရရှိခဲ့...

တေလာဆွစ်က ချစ်သူ ထရာဗစ် ကယ်လ်စီ ငှားရမ်းနေထိုင်သော ဖလော်ရီဒါမှ စံအိမ်ကြီးတွင် သွားရောက် နေထိုင်...

ကမ္ဘာ့အပူပြင်းဆုံး သဲကန္တာရကြီးအလယ်က အမြဲအေးနေတဲ့ ထူးဆန်းသော ပန်းရောင်ရေခဲသေတ္တာ တစ်လုံးအကြောင်း...

ဘရူနိုင်းဘုရင်က နယူးယောက်မြို့၏ နာမည်ကျော် Pierre ဟိုတယ်ကြီးကို ဝယ်ယူရန် ညှိနှိုင်းနေကြောင်း သတင်းများထွက်ပေါ်လာ...

လက်ပွားမင်းသားဟု လူသိများသော ဘောလိဝုဒ်ကြယ်ပွင့် ရီသစ်ရိုရှန်နှင့် ဖခင်ဖြစ်သူ ရုပ်ရှင်ဒါရိုက်တာ ရာကက်ရှ် ရိုရှန်တို့က မွမ်ဘိုင်းမှ တိုက်ခန်း ၃ ခန်းကို ရောင်းချ...

[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရောင်းချကာ သမီးအား ဒေါ်လာ ၁ သန်းပေးခဲ့ပုံ...

ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယူမွမ်းမံလျက်ရှိပုံ...

ပြင်သစ်နိုင်ငံ၊ Amboise မြို့ရှိ စားသောက်ဆိုင်တစ်ခုမှာ ကြိုတင်စာရင်းပေးထားသည့် လူဦးရေအတိုင်း မရောက်လာပါက တစ်ဦးလျှင် ၁၅ ယူရို (၁၇ ဒသမ ၂၇ ဒေါ်လာ) ဒဏ်ကြေးကောက်ခံမှု လူမှုကွန်ရက်တွင် နာမည်ကြီး...

မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး သေဆုံးပေးရ...

တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီး လူမှုကွန်ရက်သုံးစွဲသူများ များစွာသဘောကျလျက်ရှိ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော

မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု

[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ

ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်

လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်

ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ

တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ

စင်္ကာပူတွင် ချမ်းသာသော အဘိုးတစ်ဦးက အစားအသောက်များ အလဟဿ မဖြစ်စေရန်ဟုဆိုကာ စားသောက်ဆိုင်တစ်ခု၌ စားကြွင်းစားကျန်များ လိုက်

ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ

စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service