ပုဂံဒေသ ယဉ်ကျေးမှုဒေသ အပါအဝင် မြောက်ဦးမြို့နှင့် ရွှေတိဂုံ စေတီေ တာ် တို့ကို ကမ္ဘာ့အမွေအနှစ် စာရင်း ဝင်ရောက် နိုင်ရန် ကြိုးစားလျက်ရှိရာ ပုဂံဒေသကို ၂၀၁၇ ခုနှစ်၊ အောက်တိုဘာလတွင် ယူနက်စကိုသို့ တင်ပြေ တာ့မည် ဖြစ်ကြောင်း သတင်းရရှိသည်။
“နိုင်ငံတကာက ကျွမ်းကျင်ပညာရှင်တွေကိုလည်း ခေါ်ထားပါတယ်။ ၂၀၁၈ မှာ ရခိုင်ပြည်နယ်က မြောက်ဦးမြို့၊ ၂၀၁၉ မှာ ရွှေတိဂုံ စေ တီတော်ကြီးကို တင်ဖို့ လုပ်နေပါတယ်။ ခါကာဘိုရာဇီ သဘာဝ သစ်တောနယ်မြေ၊ အင်းလေး ကန်၊ အင်းတော်ကြီးအိုင်တို့ ပြီးရင် အင်းဝ၊ မန္တလေး၊ စစ်ကိုင်းတို့ကိုပါ ဆက် လုပ်ဖို့ ရှိနေပါတယ်”ဟု ယဉ်ကျေးမှုနှင့် သာသနာရေး ဝန်ကြီး သူရ ဦးေ အာင်ကိုက ဇွန်လ ၂၇ ရက်နေ့ က နေပြည်တော်တွင် သတင်းထောက်များ ကို ပြောသည်။
၂၀၁၆ ခုနှစ်မှစ၍ နိုင်ငံတခုလျှင် တနှစ် ယဉ်ကျေးမှု အမွေအနှစ်တခုသာ တင်သွင်းခွင့် ရှိကြောင်း သတ်မှတ် လိုက်သဖြင့် ပုဂံဒေသကိုအရင် တင်သွင်း ရန် ဆုံးဖြတ်လိုက်ရာ နောက်ပိုင်းတွင် ပုဂံ ဘုရားတိုင်းပေါ်သို့ တက် ရောက် ခွင့် ပြုတော့မည် မဟုတ်ဘဲ နေဝင်ချိန် ကြည့်ရှု့ရန်လည်း ရှု့ခင်းကြည့်ေ တာင်ကုန်းများ တည်ဆောက် နေပြီဖြစ်ကြောင်း သိရသည်။
ထို့ပြင် ယူနက်စကို၊ သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာနနှင့် မန္တလေး တိုင်း အစိုးရအဖွဲ့တို့၏ ညှိနှိုင်း ဆွေးနွေးချက်များအရ ပုဂံ ဒေသကိုေ ရာနှောနေသည့် ယဉ်ကျေးမှု အမွေအနှစ်ဇုန်အဖြစ် ယူနက်စကိုက လက်ခံ လိုက်သောကြောင့် ဒေသရှိ ခွင့်ပြုထားသော ဟိုတယ်၊ မိုတယ်များလည်း ဆက်လက်ဆောက်လုပ်ခွင့် ရှိပြီး မည်သည့်ကျေးရွာမျှ ပြောင်းရွေ့ပေးရန် လည်း မလိုတော့ကြောင်း သိရသည်။
“ယူနက်စကိုနဲ့ အကြိတ်အနယ် ငြင်းခုန်ပြီးမှ သူတို့က ရောနှောနေတဲ့ ယဉ်ေ ကျးမှု အမွေအနှစ်ဇုန်အဖြစ် လက်ခံလိုက်တာ။ ဒါကြောင့် ရွာလည်း ရွေ့ဖို့ မလိုဘူး။ မြို့လည်း ရွေ့ဖို့ မလိုဘူး။ လက်ရှိ ရှိပြီးသား ဟိုတယ်၊ မိုတယ်တွေ ကိုလည်း ဆက်ပြီး တည်ဆောက်ခွင့်ပြု မယ်”ဟု သူရဦးအောင်ကိုက ပြော သည်။
သို့သော် ပုဂံဒေသတွင် လူဦးရေ တိုးပွားသည့် အကြောင်းပြချက်ဖြင့် ထပ်မံ တိုးချဲ့မည့် မြို့သစ်များအတွက် Town Plan များ ရေးဆွဲ ပေးမည် ဖြစ်ပြီး တိုး ပွားလာမည့် စီးပွားရေး လုပ်ငန်းများအတွက်လည်း စီးပွားရေး ဇုန်များ၊ ဟို တယ်ဇုန်များ စီစဉ်ပေးသွားမည်ဟု သိရသည်။
မြောက်ဦးဒေသကို အစိုးရက ကမ္ဘာ့အမွေအနှစ် ဒေသ ဖြစ်လာမည်ကို ကြို ဆိုသော်လည်း သတ်မှတ်ထားသည့် ရှေးဟောင်း သုတေသ နဇုန်အတွင်း အစိုးရ အဆောက်အဦများ၊ လူနေအိမ်များ ရှိနေခြင်းအတွက် မည်ကဲ့သို့ေ ဆာင်ရွက်ရန် စီစဉ်ထားကြောင်း တိကျသည့် လမ်းညွှန်ချက် မရှိသေး ဟု မြောက်ဦးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဦးလှစောက ဧရာဝတီသို့ ပြောသည်။
“မြောက်ဦးသတင်းကို ရခိုင်လူထုက တဖက်က ဝမ်းသာသလို တဖက်က လည်း တမြို့လုံး ရွေ့ပေးရမှာ စိတ်ပူနေကြတယ်။ လုပ်တာကို ကြိုဆိုပေမယ့် ရှင်းလင်းပြတ်သားတဲ့ မူဝါဒ ဖြစ်ဖို့ လိုတယ်။ အဲဒီမြေပေါ်က လူတွေကို နှင် ထုတ်မှာလား၊ လျော်ကြေးပေးမှာလား ဆိုတာကို သိချင်နေကြတယ်”ဟု ဦး ဦးလှစောက ပြောသည်။
ကမ္ဘာ့အမွေအနှစ် စာရင်းဝင်ရန် ကြိုးပမ်းမည့် ရွေတိဂုံ စေတီတော် သည် လည်း အာရှတိုက်၏ အထင်ကရ နေရာများထဲတွင် တခု အပါ အဝင် ဖြစ်ပြီး ယင်းစေတီတော်၏ မြင်ကွင်းကို ကွယ်နိုင်သည်ဟုဆိုကာ ဒေါ်လာ သန်းချီ တန်သည့် စီမံကိန်းတခုကိုလည်း ယခင် အစိုးရလက်ထက်က ပယ်ဖျက်ပေး ခဲ့ရသည်။
Credit: Irrawaddy