ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ဖြစ်စေရန် ပုဂံဒေသမှ ရွာများ၊ မြို့များ ပြောင်းရွှေ့ရမည် မဟုတ်ဘဲ လက်ရှိ ရှိပြီးဖြစ်သည့် ဟိုတယ်၊ မိုတယ်များလည်း ပြီးစီးအောင် ဆောက်လုပ်ခွင့်ပြုမည်

ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ဖြစ်စေရန် ပုဂံဒေသမှ ရွာများ၊ မြို့များ ပြောင်းရွှေ့ရမည် မဟုတ်ဘဲ လက်ရှိ ရှိပြီးဖြစ်သည့် ဟိုတယ်၊ မိုတယ်များလည်း ပြီးစီးအောင် ဆောက်လုပ်ခွင့်ပြုမည် - Property News in Myanmar from iMyanmarHouse.com
28 Jun 2017 9:46 am တွင် တင်ခဲ့သည်
1327 ကြိမ် ကြည့်ရှု့ပြီး
ကမ္ဘာ့အမွေအနှစ် စာရင်းဝင်ဖြစ်စေရန် တင်သွင်းမည့် ပုဂံဒေသမှ ရွာများ၊ မြို့များ ပြောင်းရွှေ့ရမည် မဟုတ်ဘဲ လက်ရှိ ရှိပြီးဖြစ်သည့် ဟိုတယ်၊ မိုတယ် များလည်း ပြီးစီးအောင် ဆောက်လုပ်ခွင့်ပြုမည်ဖြစ်ကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက ပြောကြား သည်။

ဇွန် ၂၇ ရက်က ပြည်သူ့လွှတ်တော်တွင် မီဒီယာများနှင့် တွေ့ဆုံစဉ် The Daily Eleven သတင်းစာ၏ မေးမြန်းမှုကို ပြန်လည် ဖြေကြားရာတွင် ပြည်ေ ထာင်စုဝန်ကြီး သူရဦးအောင်ကိုက ထိုသို့ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ် သည်။

ပုဂံဒေသကို ၂၀၁၇ ခုနှစ် စက်တင်ဘာ သို့မဟုတ် အောက်တိုဘာတွင် ကမ္ဘာ့ အမွေအနှစ်စာရင်း ၀င်စေရန် ယူနက်စကိုသို့ တင်သွင်းမည်ဖြစ်ပြီး သာသ နာရေးနှင့် ယဉ်ကျေးမှု ၀န်ကြီးဌာန၊ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် ယူနက်စကိုတို့ ညှိနှိုင်းဆွေးနွေးချက်အရ ပုဂံဒေသကို ရောနှောနေသည့် ယဉ်ကျေးမှု အမွေအနှစ်ဇုန်အဖြစ် ယူနက်စကိုက လက်ခံလိုက်ပြီ ဖြစ်သောေ ကြာင့် ထိုသို့ပြောင်းရွှေ့၊ ပယ်ဖျက်ရန် မလိုတော့ခြင်း ဖြစ်ကြောင်းနှင့် နိုင်ငံ တကာ ကျွမ်းကျင်ပညာရှင်များ ခေါ်ယူ၍ လိုအပ်သည့် ရေးဆွဲများ ပြုလုပ်ေ နပြီဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ဆိုသည်။

“ပုဂံဒေသက ရာပေါင်းများစွာသော ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ် သာ သနိက အဆောက်အအုံတွေက လွန်ခဲ့တဲ့နှစ်ပေါင်း တစ်ထောင် သမိုင်းနဲ့အ တူ စီးဆင်းလာတာပါ။ အဲဒီသမိုင်းကြောင်းနဲ့ အတူတူပဲ ပုဂံမြို့ရော၊ ညောင် ဦးမြို့ရော ဆက်နွှယ်နေတဲ့ ကျေးရွာပေါင်း ၂၉ ရွာကရော နှစ်တစ်ထောင် သ မိုင်းကြောင်းနဲ့အတူ လိုက်ပါလာတာ ဖြစ်ပါတယ်။ အသစ်တည်တဲ့ ရွာ၊ မြို့ေ တွ မဟုတ်ပါဘူး။ ဒါ့ကြောင့် ပုဂံဒေသကို ယဉ်ကျေးမှု အမွေအနှစ် ဇုန်ကြီး အဖြစ် သတ်မှတ်မယ်ဆိုရင် မူလတုန်းကတော့ ယူနက်စကိုနဲ့ ကမ္ဘာ့အဖွဲ့အ စည်းတွေက တချို့ရွာတွေ ရွှေ့ရမယ်။

မြို့တွေ ရွှေ့ကောင်း ရွှေ့ရနိုင်တယ်လို့ သူတို့အဆိုပြုခဲ့တာ ရှိပါတယ်။ သို့ေ သာ် နှစ် ၁၀၀၀ သမိုင်းကြောင်းနဲ့အတူ စီးဆင်းလာခဲ့တဲ့ မြို့ရွာတွေဖြစ်တဲ့ အတွက်ကြောင့်မို့ ဒါတော့ မရွှေ့ပေးနိုင်ဘူး။ ယဉ်ကျေးမှု အမွေအနှစ်ဇုန်ကို လည်း ပြန်ကြည့်ရင် အသက်ဝင်လှုပ်ရှားနေတဲ့ Active Monument ပေါ့။ အချို့စေတီ ပုထိုးတွေက ယနေ့အထိ ဒေသခံလူထုက ကိုးကွယ်နေကြတယ်။ အာနန္ဒာတို့လို၊ ရွှေစည်းခုံတို့လို သဗ္ဗေညုတို့လို၊ ထီးလိုမင်းလိုတို့လို ယနေ့အ ထိ လူတွေက ဘုရားပွဲလည်း ကျင်းပတယ်။ နေ့စဉ် ဆွမ်း၊ ပန်း၊ ရေချမ်း ကပ် လှူနေတယ်။

တချို့စေတီပုထိုးတွေကတော့ အခုထိ ကိုးကွယ်မှု မရှိတော့ဘူး။ မရှိတော့ သက်ဝင်လှုပ်ရှားမှု မရှိတဲ့ Unactive Monument ခေါ်ပါတယ်။ သက်ဝင်လှုပ် ရှားမှု မရှိတော့တဲ့ သမိုင်းဝင် စေတီပုထိုးတွေရှိတယ်။ အဲဒီအပြင် နှစ်ပေါင်း ၁၀၀၀ သမိုင်းနဲ့ စီးဆင်းလာတဲ့ မြို့၊ ရွာတွေရှိတယ်။ ပြီးတော့ ယဉ်ကျေးမှုဇုန် ကြီးသည် Mix Heristage ရောထွေးနေတဲ့ အမွေအနှစ်ဇုန် ဖြစ်ရပါမယ်။ ထို့ေ ကြာင့် ဘယ်မြို့၊ ဘယ်ရွာမှ မဖျက်နိုင်ပါဘူး။ အဲဒီလို ငြင်းခုံရင်းနဲ့ပဲ သူ့ကို ကမ္ဘာ့အမွေအနှစ်တင်ဖို့ ကြိုးစားခဲ့သော်လည်း မအောင်မြင်ခဲ့ပါဘူး။

ယနေ့ အစိုးရသစ် လက်ထက်မှာတော့ မန္တလေးတိုင်း ၀န်ကြီးချုပ်တို့၊ ကျွန်ေ တ်ာတို့ တာဝန်ရှိသူတွေက အကြောက်အကန်၊ အကြိတ်အနယ် ယူနက်စကို နဲ့ ငြင်းခုံပြီးမှတော့ သူတို့က ရောနှောနေတဲ့ ယဉ်ကျေးမှု အမွေအနှစ်ဇုန် အြ ဖစ် သူတို့လက်ခံလိုက်ပါပြီ။ ဒါ့ကြောင့် ရွာလည်း ရွှေ့ဖို့မလိုဘူး။ မြို့လည်းေ ရွှ့ဖို့မလိုဘူး။ စက်တင်ဘာ အောက်တိုဘာမှာ တင်သွင်းမယ့် ကမ္ဘာ့ယဉ်ကျေး မှု အမွေအနှစ်စာရင်း Proposal တင်တဲ့အခါမှာ လက်ရှိရှိပြီးသား ဟိုတယ်၊ မိုတယ်တွေလည်း ပြီးအောင်ဆောက်ခွင့်ပြုမယ်။ ရွာတွေ၊ မြို့တွေလည်း တည်ရှိခွင့်ပြုမယ်” ဟု သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာ န ပြည်ေ ထာင်စုဝန်ကြီး သူရဦးအောင်ကိုက ပြောကြားသည်။

သို့ရာတွင် နောက်ထပ်မြို့သစ် ရွာသစ်များနှင့် ဟိုတယ်အသစ်များ ထပ်မံတိုး ချဲ့ခွင့်ကိုမူ ခွင့်ပြုတော့မည် မဟုတ်ကြောင်းနှင့် တိုးပွားလာမည့် လူဦးရေအ တွက် မြို့သစ်များကို Town Plan ဆွဲပေးမည်ဖြစ်ကာ တိုးပွားလာမည့် ဟို တယ်နှင့် စီးပွားရေး လုပ်ငန်းများအတွက် စီးပွားရေးဇုန်များ သတ်မှတ် ပေး သွားမည် ဖြစ်ကြောင်း ၀န်ကြီးသူရဦးအောင်ကိုက ပြောကြားသည်။

၂၀၁၇ ခုနှစ် ပုဂံဒေသကို ကမ္ဘာ့ရှေးဟောင်း ယဉ်ကျေးမှုအမွေအနှစ်စာရင်း တင်ရန် ဆောင်ရွက်ပြီးနောက်၂၀၁၈ ခုနှစ် ရခိုင်ပြည်နယ် မြောက်ဦးမြို့၊ ၂၀၁၉ ခုနှစ်တွင် ရွှေတိဂုံစေတီတော်ကို ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်စာ ရင်း တင်သွင်းရန် လုပ်ဆောင်လျက်ရှိပြီး ကချင်ပြည်နယ်ရှိ ခါရာဘိုရာဇီ သ ဘာဝသစ်တော နယ်မြေနှင့် အင်းတော်ကြီးအိုင်၊ ရှမ်းပြည်နယ်ရှိ အင်းလေး ကန်တို့ကိုလည်း ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ် စာရင်းတင်သွင်းရန် စီစဉ်ေ ဆာင်ရွက်လျက်ရှိကြောင်း၊ အင်းဝ၊ မန္တလေးနှင့် စစ်ကိုင်းဒေသများကိုလည်း ဆက်လက် ဆောင်ရွက်ရန် လျာထားကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှု ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက မီဒီယာများကို ပြောကြားသည်။

Credit: Eleven Media Group

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဘရူနိုင်းဘုရင်က နယူးယောက်မြို့၏ နာမည်ကျော် Pierre ဟိုတယ်ကြီးကို ဝယ်ယူရန် ညှိနှိုင်းနေကြောင်း သတင်းများထွက်ပေါ်လာ...
ဘရူနိုင်းဘုရင်က နယူးယောက်မြို့၏ နာမည်ကျော် Pierre ဟိုတယ်ကြီးကို ဝယ်ယူရန် ညှိနှိုင်းနေကြောင်း သတင်းများထွက်ပေါ်လာ...
လက်ပွားမင်းသားဟု လူသိများသော ဘောလိဝုဒ်ကြယ်ပွင့် ရီသစ်ရိုရှန်နှင့် ဖခင်ဖြစ်သူ ရုပ်ရှင်ဒါရိုက်တာ ရာကက်ရှ် ရိုရှန်တို့က မွမ်ဘိုင်းမှ တိုက်ခန်း ၃ ခန်းကို ရောင်းချ...
လက်ပွားမင်းသားဟု လူသိများသော ဘောလိဝုဒ်ကြယ်ပွင့် ရီသစ်ရိုရှန်နှင့် ဖခင်ဖြစ်သူ ရုပ်ရှင်ဒါရိုက်တာ ရာကက်ရှ် ရိုရှန်တို့က မွမ်ဘိုင်းမှ တိုက်ခန်း ၃ ခန်းကို ရောင်းချ...
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရောင်းချကာ သမီးအား ဒေါ်လာ ၁ သန်းပေးခဲ့ပုံ...
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရောင်းချကာ သမီးအား ဒေါ်လာ ၁ သန်းပေးခဲ့ပုံ...
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယူမွမ်းမံလျက်ရှိပုံ...
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယူမွမ်းမံလျက်ရှိပုံ...
ပြင်သစ်နိုင်ငံ၊ Amboise မြို့ရှိ စားသောက်ဆိုင်တစ်ခုမှာ ကြိုတင်စာရင်းပေးထားသည့် လူဦးရေအတိုင်း မရောက်လာပါက တစ်ဦးလျှင် ၁၅ ယူရို (၁၇ ဒသမ ၂၇ ဒေါ်လာ) ဒဏ်ကြေးကောက်ခံမှု လူမှုကွန်ရက်တွင် နာမည်ကြီး...
ပြင်သစ်နိုင်ငံ၊ Amboise မြို့ရှိ စားသောက်ဆိုင်တစ်ခုမှာ ကြိုတင်စာရင်းပေးထားသည့် လူဦးရေအတိုင်း မရောက်လာပါက တစ်ဦးလျှင် ၁၅ ယူရို (၁၇ ဒသမ ၂၇ ဒေါ်လာ) ဒဏ်ကြေးကောက်ခံမှု လူမှုကွန်ရက်တွင် နာမည်ကြီး...
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး သေဆုံးပေးရ...
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး သေဆုံးပေးရ...
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီး လူမှုကွန်ရက်သုံးစွဲသူများ များစွာသဘောကျလျက်ရှိ...
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီး လူမှုကွန်ရက်သုံးစွဲသူများ များစွာသဘောကျလျက်ရှိ...
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြောင်း လတ်တလောတွင် သတင်းကြီးနေ...
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြောင်း လတ်တလောတွင် သတင်းကြီးနေ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက မိန်းကလေးများ မိမိကို စိတ်ဝင်စားစေရန်အတွက် အိမ် ၂ လုံးပိုင်ကြောင်း လည်ပင်းတွင် ဆိုင်းဘုတ်ဆွဲကာ လူစည်ကားသည့် ပွဲတော်သို့ သွားခဲ့ပုံမှာ ပြည်မကြီးတွင် သတင်းကြီးနေ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက မိန်းကလေးများ မိမိကို စိတ်ဝင်စားစေရန်အတွက် အိမ် ၂ လုံးပိုင်ကြောင်း လည်ပင်းတွင် ဆိုင်းဘုတ်ဆွဲကာ လူစည်ကားသည့် ပွဲတော်သို့ သွားခဲ့ပုံမှာ ပြည်မကြီးတွင် သတင်းကြီးနေ...
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင့် နှစ်ဦးသဘောတူ လဲလှယ်ရန် စီစဉ်...
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင့် နှစ်ဦးသဘောတူ လဲလှယ်ရန် စီစဉ်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

စင်္ကာပူတွင် ချမ်းသာသော အဘိုးတစ်ဦးက အစားအသောက်များ အလဟဿ မဖြစ်စေရန်ဟုဆိုကာ စားသောက်ဆိုင်တစ်ခု၌ စားကြွင်းစားကျန်များ လိုက်
စင်္ကာပူတွင် ချမ်းသာသော အဘိုးတစ်ဦးက အစားအသောက်များ အလဟဿ မဖြစ်စေရန်ဟုဆိုကာ စားသောက်ဆိုင်တစ်ခု၌ စားကြွင်းစားကျန်များ လိုက်
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် ၁၀ ဦးတွင် ပါဝင်သော Zara ၏ တည်ထောင်သူ အော်တေးဂါးက ဘာစီလိုနာမှ ရုံးခန်း အဆောက်အအုံကြီးကို ကန်ဒ
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် ၁၀ ဦးတွင် ပါဝင်သော Zara ၏ တည်ထောင်သူ အော်တေးဂါးက ဘာစီလိုနာမှ ရုံးခန်း အဆောက်အအုံကြီးကို ကန်ဒ
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
ဥရောပသားတွေ ဘာကြောင့် ကြောင်အိမ်ထဲမှာ အိပ်ခဲ့ကြတာလဲ
ဥရောပသားတွေ ဘာကြောင့် ကြောင်အိမ်ထဲမှာ အိပ်ခဲ့ကြတာလဲ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
စီရော်နယ်ဒိုကို ဖြတ်ကျော်ကာ သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံလိုက်ရသူ လီယိုနယ် မက်ဆီ၏ M ပုံသဏ္ဍာ
စီရော်နယ်ဒိုကို ဖြတ်ကျော်ကာ သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံလိုက်ရသူ လီယိုနယ် မက်ဆီ၏ M ပုံသဏ္ဍာ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Myanmar's No. 1 Car Portal
Myanmar's No. 1 C2C E-commerce Portal

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service