ကျောက်မျက်ဥပဒေ အတည်ပြုပြီးပါက လုပ်ကွက်သစ်များ ချပေးရန် စီစဉ်မည်

ကျောက်မျက်ဥပဒေ အတည်ပြုပြီးပါက လုပ်ကွက်သစ်များ ချပေးရန် စီစဉ်မည် - Property News in Myanmar from iMyanmarHouse.com
28 Jun 2017 9:27 am တွင် တင်ခဲ့သည်
1403 ကြိမ် ကြည့်ရှု့ပြီး
လက်ရှိပြင်ဆင်ဖြည့်စွက်နေသော ကျောက်မျက်ဥပဒေကို အတည်ပြုပြီးပါက ရွှေ၊ ကျောက်စိမ်း၊ ကျောက်မျက်ရတနာ မြေများတွင် လုပ်ကွက်အသစ်များ ချထားပေးရေးအတွက် ပြန်လည် စဉ်းစားပေးမည်ဖြစ်ကြောင်း
သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းက ပြောကြားသည်။

“အခု ပြင်နေတဲ့ဥပဒေထဲမှာ တွင်းထွက် သယံဇာတတွေနဲ့ ပတ်သက်လို့
တိုင်းနဲ့ ပြည်နယ် အစိုးရတွေကို လုပ်ပိုင်ခွင့်တွေ ခွဲပေးထားတာတွေ ပါတယ်။ အဲဒီတော့ သူ့ဒေသနဲ့သူ လုပ်ကိုင်နိုင်မယ်။ လုပ်ငန်းရှင်တွေရဲ့ လုပ်နိုင်ကိုင်နိုင်တဲ့အပေါ်ကြည့်ပြီး သက်တမ်းတိုးဖို့နဲ့
လုပ်ကွက်အသစ်တွေ ချပေးဖို့ကို စဉ်းစားပေးမယ်”ဟု ၎င်းကပြောဆိုသည်။

ပြည်တွင်းတွင် ကျောက်စိမ်း၊ ကျောက်မျက်
အကြမ်းထည်များကိုသာ ရောင်းချနိုင်ပြီး အချောထည်များကို
ရောင်းချနိုင်ခြင်း မရှိသည့်အတွက် အစိုးရ အနေနှင့် Gems Trade Center များကိုဖွင့်လှစ်ရန် ဆောင်ရွက်နေကြောင်း၊ ယင်းစင်တာများကို မြို့ကြီးငါးမြို့တွင် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

လက်ရှိအနေအထားတွင် သက်တမ်း ကုန်ဆုံးသွားသည့် ကျောက်စိမ်း၊ ကျောက်မျက်လုပ်ကွက်များ သက်တမ်းတိုးမပေးမီ ပတ်ဝန်းကျင် စီမံခန့်ခွဲမှု အစီအစဉ် (Environ- mental Management Plan) ရေးဆွဲစေပြီး ကျောက်စိမ်း လုပ်ကွက်သစ်များကို လုပ်ကိုင်ခွင့်ပေးရန် အစီအစဉ် မရှိသေးကြောင်း၊ သက်တမ်း ကုန်သွားသည့် အချို့ကုမ္ပဏီများကို သက်တမ်းတိုးပေးခြင်းများ ဆောင်ရွက်နေကြောင်း သယံဇာတနှင့်
သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနထံမှ သိရသည်။

ကျောက်စိမ်း အများဆုံး ထွက်သည့် ဖားကန့်၊ လုံးခင်းဒေသတွင် ကျောက်စိမ်းလုပ်ကွက်ပေါင်း ၇၄၀ဝ ကျော်ရှိပြီး ကျောက်စိမ်း တူးဖော်သည့် ကုမ္ပဏီပေါင်း ၈၀ဝ ကျော်ရှိကာ လက်ရှိတွင် သက်တမ်း ကုန်ဆုံးသည့် ကျောက်စိမ်း၊ ကျောက်မျက် လုပ်ကွက်များမှာ
သုံးထောင်နီးပါးရှိကြောင်း ယင်းဝန်ကြီးဌာနထံမှ သိရသည်။

“သယံဇာတ ပြုန်းတီးတယ်ဆိုပြီး လုပ်ကွက်တွေကို ပိတ်ပစ်လို့မရဘူး။ တစ်ဖက်မှာလည်း နိုင်ငံစီးပွားရေးဆိုတာလည်း ရှိသေးတယ်။ ဒီတော့ ဝန်ကြီးဌာနအနေနဲ့ လုပ်ကွက်ကနေ အလွန်အကျွံ ကျောက်စိမ်းထုတ်တာတွေကို အရေးယူရမယ်”ဟု ကျောက်မျက်လုပ်ငန်းရှင် ဦးသောင်းထွန်းက ပြောကြားသည်။

Credit: The Voice

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဘရူနိုင်းဘုရင်က နယူးယောက်မြို့၏ နာမည်ကျော် Pierre ဟိုတယ်ကြီးကို ဝယ်ယူရန် ညှိနှိုင်းနေကြောင်း သတင်းများထွက်ပေါ်လာ...

လက်ပွားမင်းသားဟု လူသိများသော ဘောလိဝုဒ်ကြယ်ပွင့် ရီသစ်ရိုရှန်နှင့် ဖခင်ဖြစ်သူ ရုပ်ရှင်ဒါရိုက်တာ ရာကက်ရှ် ရိုရှန်တို့က မွမ်ဘိုင်းမှ တိုက်ခန်း ၃ ခန်းကို ရောင်းချ...

[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရောင်းချကာ သမီးအား ဒေါ်လာ ၁ သန်းပေးခဲ့ပုံ...

ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယူမွမ်းမံလျက်ရှိပုံ...

ပြင်သစ်နိုင်ငံ၊ Amboise မြို့ရှိ စားသောက်ဆိုင်တစ်ခုမှာ ကြိုတင်စာရင်းပေးထားသည့် လူဦးရေအတိုင်း မရောက်လာပါက တစ်ဦးလျှင် ၁၅ ယူရို (၁၇ ဒသမ ၂၇ ဒေါ်လာ) ဒဏ်ကြေးကောက်ခံမှု လူမှုကွန်ရက်တွင် နာမည်ကြီး...

မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး သေဆုံးပေးရ...

တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီး လူမှုကွန်ရက်သုံးစွဲသူများ များစွာသဘောကျလျက်ရှိ...

အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြောင်း လတ်တလောတွင် သတင်းကြီးနေ...

တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက မိန်းကလေးများ မိမိကို စိတ်ဝင်စားစေရန်အတွက် အိမ် ၂ လုံးပိုင်ကြောင်း လည်ပင်းတွင် ဆိုင်းဘုတ်ဆွဲကာ လူစည်ကားသည့် ပွဲတော်သို့ သွားခဲ့ပုံမှာ ပြည်မကြီးတွင် သတင်းကြီးနေ...

စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင့် နှစ်ဦးသဘောတူ လဲလှယ်ရန် စီစဉ်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ

အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး

အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ

မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု

[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ

စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင

[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ

စင်္ကာပူတွင် ချမ်းသာသော အဘိုးတစ်ဦးက အစားအသောက်များ အလဟဿ မဖြစ်စေရန်ဟုဆိုကာ စားသောက်ဆိုင်တစ်ခု၌ စားကြွင်းစားကျန်များ လိုက်

အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင

အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Myanmar's No. 1 Car Portal
Myanmar's No. 1 C2C E-commerce Portal

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service