ရွှေနံ့သာတန်ဖိုးနည်းအိမ် ရာယခုလကုန်တွင်ရောင်းချရန်စီစဉ်

ရွှေနံ့သာတန်ဖိုးနည်းအိမ် ရာယခုလကုန်တွင်ရောင်းချရန်စီစဉ် - Property News in Myanmar from iMyanmarHouse.com
26 Jun 2017 10:28 am တွင် တင်ခဲ့သည်
759 ကြိမ် ကြည့်ရှု့ပြီး
အစိုးရသစ်လက်ထက် ပထမဆုံး စမ်းသပ်တည်ဆောက် ခဲ့သည့် ရွှေနံ့သာတန်ဖိုးနည်းအိမ် ရာကို ယခုလကုန်တွင် စတင် ရောင်းချမည်ဖြစ်သည်။

နေပြည်တော် ဥတ္တရသီရိ မြို့နယ်ရှိ အဆိုပါ တန်ဖိုးနည်းအိမ်ရာစီမံကိန်းကို ၂၀၁၆ မေလ က တည်ဆောက်ခဲ့ပြီး ၈၀ ရာခိုင် နှုန်း ပြီးစီးနေပြီဖြစ်၍ ရောင်းချရန် ပြင်ဆင်ခြင်းဖြစ်သည်။

အခန်းပေါင်း ၈၀၊ ရှစ်ခန်းတွဲ ငါးထပ်အဆောက်အအုံ နှစ်လုံး ပါဝင်သည့် ရွှေနံ့သာအိမ်ရာစီမံ ကိန်းကို ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်နှင့် ချိတ်ဆက် ရောင်းချမည်ဖြစ်သည်။

အဆိုပါ တန်ဖိုးနည်းအိမ်ရာ စီမံကိန်းကို ဆောက်လုပ်ရေးဝန် ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က ကျပ်သိန်း ၁၀၀ အောက်ဖြင့် ရောင်းချနိုင်ရန် စီစဉ်တည်ဆောက်ခဲ့သော်လည်း ဆောက်လုပ်မှု ကုန်ကျစရိတ် ပိုမိုကုန်ကျ၍ ကျပ်သိန်း ၁၀၀ ခန့်ဖြင့် စတင်ရောင်းချမည်ဖြစ်ကြောင်း သိရသည်။

နေပြည်တော်၏ ပထမဆုံး တန်ဖိုးနည်းအိမ်ရာ စီမံကိန်း ဖြစ်သည့် ရွှေနံ့သာ အိမ်ရာကို ဝင်ငွေနည်းပြည်သူ အစိုးရ ဝန် ထမ်းများကို ဦးစားပေး ရောင်းချ သွားရန် မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးမှုဦးစီးဌာနက ရည်ရွယ်ထားသည်။

ယခု စီမံကိန်းသည် စမ်းသပ် တည်ဆောက်ခဲ့သည့် စီမံကိန်း ဖြစ်၍ အခန်းအရေအတွက် နည်းပါးခဲ့ပြီး ရွှေနံ့သာ တန်ဖိုးနည်းအိမ်ရာ စီမံကိန်းအတွင်း အခန်းပေါင်း ၅၀၀ ကျော် ပါဝင်မည့် အပိုင်း (၂)နှင့် အပိုင်း (၃) အိမ်ရာစီမံကိန်းများကို ဆက်လက်တည်ဆောက်မည်ဟု ဆိုသည်။

ရန်ကုန်မြို့တွင် ယခင်အစိုးရလက်ထက်က တည်ဆောက်ခဲ့သည့် တန်ဖိုးနည်း အိမ်ရာစီမံကိန်းများမှ အခန်းအရေအတွက် ၂,၀၀၀ ကျော်ကပြီးခဲ့သည့်ု ဧပြီလကုန်ရောင်းချခဲ့ပြီးဖြစ်သည်။

နေးရှင်းမြန်မာ မှ iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနတွင် ကျင်းပပြုလုပ်မည်...

ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တွင် ဂယက်ရိုက်...

သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိမ်တစ်လုံး ဝယ်ယူနိုင်ခဲ့...

ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါး ရရှိခဲ့...

တေလာဆွစ်က ချစ်သူ ထရာဗစ် ကယ်လ်စီ ငှားရမ်းနေထိုင်သော ဖလော်ရီဒါမှ စံအိမ်ကြီးတွင် သွားရောက် နေထိုင်...

ကမ္ဘာ့အပူပြင်းဆုံး သဲကန္တာရကြီးအလယ်က အမြဲအေးနေတဲ့ ထူးဆန်းသော ပန်းရောင်ရေခဲသေတ္တာ တစ်လုံးအကြောင်း...

ဘရူနိုင်းဘုရင်က နယူးယောက်မြို့၏ နာမည်ကျော် Pierre ဟိုတယ်ကြီးကို ဝယ်ယူရန် ညှိနှိုင်းနေကြောင်း သတင်းများထွက်ပေါ်လာ...

လက်ပွားမင်းသားဟု လူသိများသော ဘောလိဝုဒ်ကြယ်ပွင့် ရီသစ်ရိုရှန်နှင့် ဖခင်ဖြစ်သူ ရုပ်ရှင်ဒါရိုက်တာ ရာကက်ရှ် ရိုရှန်တို့က မွမ်ဘိုင်းမှ တိုက်ခန်း ၃ ခန်းကို ရောင်းချ...

[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရောင်းချကာ သမီးအား ဒေါ်လာ ၁ သန်းပေးခဲ့ပုံ...

ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယူမွမ်းမံလျက်ရှိပုံ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ

ဥရောပသားတွေ ဘာကြောင့် ကြောင်အိမ်ထဲမှာ အိပ်ခဲ့ကြတာလဲ

တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော

ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ

အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ

စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင

အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ

[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း

လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်

အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Pan Swal Taw Condominium

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service